သတင်းရင်းမြစ် - Freedom News Group(Burma)
Saturday, June 30, 2012
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိပါပြီ
သတင်းရင်းမြစ် - Freedom News Group(Burma)
Posted by PNSjapan at 2:10 PM 0 comments
Labels: သတင်း
လဂျားယန် တိုက်ပွဲတွင် KIA,ဘက်မှ (၃)ဦးကျ
Posted by PNSjapan at 11:21 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများ
Posted by PNSjapan at 11:11 AM 0 comments
Labels: ဓါတ်ပုံ
အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။
နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။
“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင် သွားရန် လိုင်ဇာ ဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်း လိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။
“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူ လက်တွဲပြီးကာ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက် အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။
Posted by PNSjapan at 2:55 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ခရီးစဉ် ရုပ်သံ
Posted by PNSjapan at 2:38 AM 0 comments
Labels: ဗွီဒီယို
ဂျပန် အစိုးရ၏ တရားဝင်ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ် သွားရောက်မည်။
ဂျပန် အစိုးရ၏ တရားဝင် ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ် ၄၂ ဦး ဇူလိုင်လ ၃ ရက်တွင် ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်မည် ဖြစ်သည်။
ယခုအကြိမ် ဖိတ်ကြားမှုသည် ဂျပန်အစိုးရ၏ ဒုတိယ အကြိမ်မြောက် တရားဝင်ဖိ
Posted by PNSjapan at 2:33 AM 0 comments
Labels: သတင်း
““သောက်ရေကန်အဆိပ်ခတ်မှုကြောင့် မြေပုံမြို့တွင် နှစ်ဖက် တင်းမာ””
Copy from - 7Day News Journal
Posted by PNSjapan at 1:59 AM 0 comments
Labels: သတင်း
KNPP နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Posted by PNSjapan at 1:27 AM 0 comments
Labels: သတင်း
Friday, June 29, 2012
ဒီမိုကရေစီ ဘက်တော်သားတိုင်း သတိပြုသင့်သော ဒေါ်အောင်ဆန်းစုကြည်၏ သတိပေး သံချောင်းခေါက်သံ

မြန်မာပြည်မှာ လောလောဆယ် ရှိနေတဲ့ အခွင့်အရေးမျိုး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အရင်က တခါမှ မကြုံခဲ့ရဖူးလို့ လက်ရှိအခွင့်အေရးကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဥ...ရောပခရီးစဉ်ရဲ့ နောက်ဆုံး နိုင်ငံအဖြစ် ပြင်သစ်ကို ရောက်နေစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ၊ အခုကတည်းက ကြိုးစားမှ ၂၀၁၅ ရွေးကောက်ပွဲကို ကိုယ်လိုချင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။
“အားလုံးက ၂၀၁၅၊ ၂၀၁၅ လို့ ပြောနေကြတယ်။ ဒါပေမယ့် ၂၀၁၅ မှ လှုပ်ရှားလို့ရှိရင် အင်မတန်မှ နောက်ကျသွား လိမ့်မယ်။ အခုကတည်းက စပြီးလှုပ်ရှားရမယ်။ ကျမ အမြင်မှာတော့ အခု ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ဟာ ၂၀၁၅ ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဒီနှစ်တွေဟာ ၂၀၁၅ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်လို့ အခု နှစ်တွေအတွင်းမှာ အထူးရုန်းကုန်ဖို့၊ ကြိုးစားဖို့ သတိရှိဖို့ လိုတယ်လို့ ကျမက သတိပေးချင်ပါတယ်။”
Posted by PNSjapan at 2:55 PM 0 comments
Labels: သတင်း
သူခိုး - သူခိုး - သူခိုး
Posted by PNSjapan at 1:07 AM 0 comments
Labels: ဗွီဒီယို
၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော
ဇွန်လ ၂၈ ရက် ၂၀၁၂ ခုနှစ်။
ယခု အစိုးရသည် ၂ဝ၁၅ ခုနှစ်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ ထိုမတိုင်ခင် လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား မဖြစ်မနေ လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးက ပြောသည်။
အဆိုပါ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ NGO အဖွဲ့အစည်းများ၊ လူထု လူတန်းစား အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြဖွယ် ရှိသည်ဟု ဝန်ကြီးမှ ပြောကြားခဲ့သည်။
Posted by PNSjapan at 12:32 AM 0 comments
Labels: သတင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတစ်သန်းကြိုဆိုရေး campaign လုပ်ဆောင်နိုင်ရန် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း

Posted by PNSjapan at 12:08 AM 0 comments
Labels: နှိုးဆော်ခြင်း
Thursday, June 28, 2012
ဂျပန်မှာ (၅)
Posted by Unknown at 10:25 PM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း
KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ

“အစိုးရတပ်ဘက်က ခလရ ၁၂၃ ပေါ့ ၊ စစ်ကြောင်းထိုးလာတာ KIA ဘက်ကတော့ မိုင်းတွေခွဲပြီးတိုက်ခိုက် တာပေါ့ ၊ တိုက်ပွဲ ထဲမှာတော့ ခလရ ၁၂၃ က ၂ ယောက်သေသွားတယ် ၃ ယောက်ကတော့ ဒဏ်ရာရပြီး အခု ပန်ဆိုင်းဆေးရုံရောက်မှာသေသွားတယ် ” ဟု သူက ဆိုသည်။
Posted by PNSjapan at 2:55 PM 0 comments
Labels: သတင်း
စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ
အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။
‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်မ ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူမကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက ဧရာဝတီကို ပြောသည်။
စစ်တပ်ကို စိုက်ပျိုးသည့် မြေဧက တဧကလျှင် ကျပ် ၄ သိန်း ပေးရပြီး တချို့နေရာများတွင် ပေါက်ပြား တလက်စာ အတွက် ကျပ် ၅၀၀၀ ပေး ရကြောင်း သိရသည်။
အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ ထိရောက်မှု မရှိကြောင်း၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ဘိန်း စိုက်ပျိုးမှုမှာ ယခင်ထက် နှစ်ဆခန့် ပိုမိုများပြားလျက် ရှိကြောင်း ဇွန် ၂၆ ရက်နေ့ ချင်းမိုင် တက္ကသိုလ်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ပပျောက်ရေးနေ့ အခမ်းနားတွင် ပအို့ဝ် လူငယ်အစည်းအရုံး(PYO)ကလည်း ပြောသည်။
Posted by PNSjapan at 2:49 PM 0 comments
Labels: သတင်း
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်း-မြန်မာနယ်စပ် ဆွေးနွေးပွဲခရီးစဉ် (ရုပ်/သံ)
မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဟာ ဒီရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ကရင် အမျိုးသား အစည်းအရုံး KNU အပါအဝင် ပြည်ပ အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေး ကြပါတယ်။
Posted by PNSjapan at 9:03 AM 0 comments
Labels: သတင်း
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ် သမ္မတ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်(ရုပ်/သံ)
Posted by PNSjapan at 8:58 AM 0 comments
Labels: ဗွီဒီယို
Wednesday, June 27, 2012
ဂျပန်မှာ (၄)
Posted by Unknown at 9:28 PM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း
ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ
Posted by PNSjapan at 3:24 PM 0 comments
Labels: သတင်း
ပထမဆုံး ကြိုးပေး အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား
Posted by PNSjapan at 2:44 PM 0 comments
Labels: ဗွီဒီယို
ဂျပန်နိုင်ငံ MIYAGI KEN, ISHINOMAKI စေတနာဝန်ထမ်း ခရီးစဉ်
ဂျပန်ရောက် မြန်မာနိုင်ငံသားများခင်ဗျား-
လွန်ခဲ့သော ၂၀၁၁ ခုနှစ်၊ မတ် ၁၁ ရက်နေ့၊ အရှေ့ဂျပန် ငလျင်နှင့် ဆူနာမိ
ဘေးဒဏ်သင့် ဒေသများမှ ဂျပန်ပြည်သူများအတွက် စိတ်ဓာတ်မြှင့်တင် အားပေးခြင်း
အထိမ်းအမှတ် ပွဲတော်တခုကို Miyagi ken, Ishinomaki တွင် ၂၀၁၂ ခုနှစ်၊
ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေ နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ ပွဲတော် အခမ်းအနားတွင် ယမန်နှစ်က Ishinomaki သို့
လုပ်အားပေးအလှူနှင့် အကျွေးအမွေး ခရီးသွားရောက်ခဲ့ကြသော
မြန်မာနိုင်ငံသားများ၏ မှတ်တမ်းတင်ရုပ်ရှင်ကားကို ပြသမည်ဖြစ်ပြီး အစားအစာ
ဈေးရောင်းပွဲနှင့် အနုပညာဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသားများမှလည်း ပါဝင်ဆင်နွှဲရန်
ကမ်းလှမ်းလာပါ၍ အောက်ပါ အစီအစဉ်များဖြင့် ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေငြာအပ်ပါသည်။
(၁)။ ။မြန်မာ့ရိုးရာ အစားအစာ ၃ မျိုးအား ဈေးရောင်းပွဲတွင် ထဲ့သွင်းရောင်းချမည်ဖြစ်ပါသည်။
(၂)။ ။ မြန်မာ့ရိုးရာယဉ်ကျေးမှု အက၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ပါဝင်တင်ဆက်မည်ဖြစ်ပါသည်။
(၃)။ ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ည (စနေနေ့) ၁၂ နာရီတွင်ထွက်ခွာမည်။ ၂၉ ရက်နေ့ နံနက်တွင် ishinomaki သို့ ရောက်ရှိမည်။
(၄)။ ။ ဇူလိုင်၂၉ ရက် နေ့ ညနေ ၄ နာရီအထိ ပွဲတော်တွင် ပါဝင်ဆင်နွှဲပြီး
တိုကျိုသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ တိုကျို သို့ ည ၁၀ နာရီခန့်တွင်
ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
လိုက်ပါကူညီလိုသူများ၊ လှူဒါန်းလိုသူများ ဆက်သွယ်စာရင်း ပေးကြပါရန် ပန်ကြားအပ်ပါသည်။
စိတ်ဓာတ်မြှင့်တင်ရေး စေတနာဝန်ထမ်း ခရီးစဉ်ဖြစ်ပါ၍ မိမိစားရိတ်ဖြင့်
လိုက်ပါရမည်။ ခန့်မှန်းခြေ ယန်း ၆၀၀၀ မှ ၇၀၀၀ ကျသင့် မည်ဖြစ်သည်။ အကယ်၍
အဖွဲ့အစည်းတခုခု၏ sopnsor ထောက်ပံ့မှုရှိခဲ့ပါက စားရိတ်
ကျသင့်ငွေလျော့နည်းသွားမည်ဖြစ်
ဆက်သွယ်ရန်၊ စာရင်းပေးရန်၊ စုံစမ်းရန်
ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈။
ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄။
ကိုမိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂။
ကိုမင်းအောင်ခိုင် ၀၈၀ ၆၈၁၈ ၁၀၆၂။
ကိုမြင့်ဆွေ။ ၀၈၀ ၄၁၅၅ ၆၀၉၉။
မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
Posted by Unknown at 1:12 PM 0 comments
Labels: နှိုးဆော်ခြင်း
NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်မပြု
Copy from - RFA Burmese
Posted by PNSjapan at 1:09 AM 0 comments
Labels: သတင်း
ပြည်သူ့ ခေါင်းဆောင်၊ ပြည်သူ့ ကိုယ်စားလှယ်တော် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံသို့ ရောက်ရှိ
Posted by PNSjapan at 12:45 AM 0 comments
Labels: ဗွီဒီယို
လားရှိုး-မူဆယ်လမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

June 26, 2012
Posted by PNSjapan at 12:37 AM 0 comments
Labels: သတင်း
ရခိုင် ပြည်နယ်က ဒုက္ခသည်စခန်း ကို ကူညီကြပါ
(မင်းဂံ တရွာလုံးဆိုင်ရာ ဒုက္ခသည်များ ပင်မစခန်း)
ယနေ့ စစ်တွေကို ဘူးသီးတောင် ရသေ့တောင်က ထွက်ပြေးလာတဲ့ ရခိုင်ပြည်သူတွေ ထပ်မံရောက်ရှိလာတယ်လို့ ဒီမိုဝေယံ သတင်းထောက်က ပေးပို့ပါတယ်...။ ကိုယ့်မြေ ကိုယ့်ဒေသမှာ မနေရဲကြလို့ ထွက်ပြေး တိမ်းရှောင်လာကြတာပါ။
ကိုယ်တတ်နိုင်တာလေး စိုက်ထုတ်ပြီး ဒီမိုဝေယံနဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ ၂ဦး သတင်း ဓာတ်ပုံတွေအတွက် လုပ်ဆောင်ပေးနေပါတယ်..။ တတ်နိုင်သလောက်လည်း ရခိုင်ပြည်သူတွေကို ကူညီကြဖို့ တိုက်တွန်း လိုပါတယ်..။ အောက်မှာ မြန်မာပြည်၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ လှူဒါန်းနိုင်တဲ့ နေရာတွေကို ရှာဖွေ ဖော်ပြလိုက်ပါတယ်..။
ဓာတ်ပုံမှာလည်း ဖုန်းနံပါတ်တွေ ဖတ်ရှုနိုင်ပါတယ်..။
စင်ကာပူမှာ လှူဒါန်းလိုလျှင်
ရခိုင်အသင်း(စင်္ကာပူ)
ဂျပန်မှာ လှူဒါန်းလိုလျှင်
(ကယ်ဆယ်ရေးကော်မတီ ရခိုင်ရောက် ဂျပန်တိုင်းရင်းသားများ)
ကိုဇော်မင်းခိုင် ၀၉၀-၆၀၂၅-၄၆၂၉
ကိုလှအေးမောင် ၀၉၀-၂၅၂၅-၁၉၆၆
ကိုညီညီစံ ၀၉၀-၄၁၇၃-၁၁၄၀
ကိုအလုံး ၀၈၀-၃၅၀၀-၉၃၇၅
ကိုကျော်သန်းလှိုင် ၀၉၀-၄၂၉၆-၃၄၉၀
Posted by PNSjapan at 12:24 AM 0 comments
Labels: နှိုးဆော်ခြင်း
ဂျပန်မှာ (၃)
ဂျပန်တွေ
အလုပ်လုပ်ပုံနဲ့ မြန်မာတွေ အလုပ်လုပ်ပုံ
Posted by Unknown at 12:06 AM 0 comments
Labels: ဆောင်းပါး
Monday, June 25, 2012
အိုလံပစ်နေ့ အထိမ်းအမှတ် ကာယ အလှမယ်ပြိုင်ပွဲ
Posted by PNSjapan at 9:16 PM 0 comments
Labels: သတင်း
ရခိုင်ပြည်နယ်ရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မမီးမီးနှင့် မေးမြန်းခန်း
Copy from - drlunswe
Posted by PNSjapan at 8:55 PM 0 comments
ရခိုင်ပြည်နယ်အရေး ကိုမိုးသီး အမြင်သဘောထား
Posted by PNSjapan at 1:14 AM 0 comments
Labels: သတင်း
နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်
တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။
...
အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့် ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Posted by PNSjapan at 1:03 AM 0 comments
Labels: သတင်း
Friday, June 22, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ
"အမေစုရဲ့....ဗြိတိန်ပါလီမန
လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း
ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် ...
Posted by Unknown at 4:00 PM 0 comments
Monday, June 18, 2012
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနား(ဂျပန်)
ဓါတ်ပုံ...Thar Htet (BCJP)
ဗီဒီယို...ဇေယျာ
ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)
Posted by Unknown at 12:41 AM 0 comments
Labels: သတင်း
Sunday, June 17, 2012
သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ (၆)လပတ်ညီလာခံ အခမ်းအနား
သတင်း။ ။SSND
Posted by PNSjapan at 11:25 PM 0 comments
Labels: သတင်း
Monday, June 11, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏
ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
နေပြည်တော် ဇွန် ၁၀
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှု များ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွား လာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။
မိဘပြည်သူများခင်ဗျား...... ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။
ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်ဖြည့်စွက်အသစ်ပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှုအခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်းမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။
ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။
မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ရင်းမြစ်....The Irrawaddy (Burmese Version)
Posted by Unknown at 12:00 AM 0 comments
Labels: သတင်း
Saturday, June 9, 2012
ရန်ကုန် ၊ မိတ္ထီလာ လေတပ် နှင့် စစ်တွေ ရေတပ် မောင်တော သို့  ထွက်ခွာ
Linn Yaung
မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန်
အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့ သို့  စတင် ထွက်
ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင် နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀
နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင်
ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား
ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။
ည ၁၁ နာရီ ကျော် အချိန် တွင်....
မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန်
အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့ သို့  စတင် ထွက်
ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင် နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀
နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင်
ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား
ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။
ည ၁၁ နာရီ ကျော် အချိန် တွင်....
Posted by Unknown at 2:08 PM 0 comments
Labels: သတင်း
ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြပွဲ
ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထု တရပ်လုံးမှ အစဉ်တစိုက် တောင်းဆိုနေသည့် ကြားထဲမှ။ နိုင်ငံဥသျှောင် အကြီးဆုံး အချုပ်အချာ အာဏာပိုင် သမတကြီးမှ ချက်ခြင်း ရပ်တန့်ရန် အမိန့်ပေးထားသည့်ကြားထဲမှ ကချင်ပြည်နယ်အတွင်း စစ်မီးများ တောက်လောင်နေရာ ဇွန်လ ၉ ရက်ဆိုလျှင် ၁ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ကချင်လူမျိုးပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရ လိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။ နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေး လာခဲ့ရတဲ့ သူတို့အားလုံးဟာ တိုက်ပွဲများ လုံးဝအဆုံးသတ်သွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါတယ်။ ကချင်ပြည်နယ်ဟာ ကျနော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတွေဟာ ကျနော်တို့ရဲ့ သွေးချင်းတွေ ကျနော်တို့ရဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ၀ိုင်းဝန်း တောင်းဆိုခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
Posted by Unknown at 1:58 PM 0 comments
Labels: သတင်း
Friday, June 8, 2012
martial law ဝင်ပြီ
လေးဝတီ(၅)မိနစ်အရေးကြီး သတင်းပီးပို့ချက်
မောင်တောဆီးရုံက ဆရာဝန်လင်မယား ဒေါက်တာ ဦးခင်မောင်လတ်နန့် အိမ်ရှင်မ အပြင်းအထန်ဓါးဒါဏ်ရာနန့် အိမ်ရှင်မ သီဆုံးလားရေလို့ သိရပါရေ။
မောင်တောမြို့ ပြင်က အောင်ဗလရွာမှာ နစက ကတပ်ဖွဲဝင်များ ကာကွယ်လို့ သနပ်အချက်ပေါင်း(၄၀)ကျော် ကာပစ်ပစ်နိန်ကေလေး ထိန်းမနိုင်ကုလားလူအုပ်စု များလာရေအတွက် ထပ်လို့ နစကတိ အင်အားဖြည့် ရောက်ဟိနိန်ကြောင်း ကြားသိရပါရေ။
ဒေသတင်းရီးနိန်ချိန်မှာ ဘူးသီးတောင်အခြီစိုက် စစ်တပ်က ချက်ချင်းလိုက်လာနိန်ပြီ
ကုလားရခိုင် အတိအကျ အသီအပျောက်စရင်းတိတိကျကျ မသိရပါ။ မြန်မာနိုင်ငံ ဆက်သွယ်ရီး CDMA လက်ကိုင်ဖုန်းလိုင်းတိကို ဖြတ်တောက်ထားကြောင်းလည်း သိဟိရပါသည်။
လေးဝတီ – လွတ်လပ်တေ ရခိုင်သတင်းဌါန
Posted by Unknown at 10:13 PM 0 comments
Labels: သတင်း
လက်ရှိ မောင်းတော အခြေအနေ
မောင်တောက ဒေါက်တာခင်မောင်လတ် ဇနီးမောင်နံကို သတ်လိုက်တယ်တဲ့
ဆေးရုံအုပ်ကြီးမိန်းမကိုလည်း သတ်လိုက်ပြီလို့ကြားပါတယ်
ရခိုင်ပြည်နယ်မောင်တောဒေသတွင်ဖြ စ်ပေါ်နေသောအခြအနေအသေးစိတ်ကိုနိုင်ငံပိုင်မီဒီယာများမှတဆင့် မကြာမီကြေငြာပေးသွားမည်ဖြစ်ပြီး
မီးရှို့ခံရသော ရခိုင်ရွာ (၁၄) ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့်
အမြန်ဆုံး ကာကွယ်မှု ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှသတင်းရရှိသည်။
မောင်တောမြို့ ရွာသစ်ရပ်ကွက်တွင် ရခိုင်လူမျိုးတစ်ဦး ဓါးနှင့်ခုတ်ခံရသဖြင့်သေဆုံးကြောင်း၊
ဒဏ်ရာရတဲ့သူများပြားကြောင်းသိရှိရသည်။ယခုအခါ မောင်တောမြို့ပေါ်တွင် ဘဂီါလီလူမျိုးဦးရေသည် ရခိုင်လူမျိုးဦးရေထက်များစွာရောက်ရှိနေကြောင်းသိရသည် ....
ထပ်မံသိရှိရသော သတင်းများအရ....
Posted by Unknown at 8:35 PM 0 comments
Labels: သတင်း
Wednesday, June 6, 2012
အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသွား ခရီးစဉ် (ရုပ်သံ)
Copy from - drlunswe
Posted by PNSjapan at 4:38 PM 0 comments
Labels: သတင်း
တပ်ပြေးများကို ပစ်ခတ်သတ်ဖြတ်

Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
Tuesday, June 5, 2012
ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေး တဦး သေဆုံး
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်း လိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေ ထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက် ဖွင့်ထားသည်ဟု ဆိုသည်။
နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေးသဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက် ကြည့်ရှုရာ လေးဦးစလုံး သတိလစ်ေ နသည်ကို တွေ့ရသည်ဟု ဆိုသည်။
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ် သားငယ် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
တရုတ်ပြည်ဘက်မှ တင်သွင်းလာသော ကျင်းထုံ အမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင်တို့က တားမြစ် ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရသည်။
သတင်းရင်းမြစ် - ဧရာဝတီ
Posted by PNSjapan at 11:21 PM 0 comments
Labels: သတင်း
"ဗမာစာပါ ပျောက်မှာစိုး"

ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှု ပပျောက်ရင် လူမျိုးပါ ပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာ ကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။
(လူထုစိန်ဝင်း)
Posted by PNSjapan at 3:20 PM 0 comments
Labels: သတင်း
ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီး တစ်သံနှင့် ငလျှင် လှုပ်ရှားမှုတစ်ခုဖြစ်ပွား......
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည် ၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီး တစ်ခုဖြစ်ပွားပြီ
၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး ကော့သောင်းမြို့နယ်ဘုရင့်နောင်ရ
ကော့သောင်းမြို့နေ လူလတ်ပိုင်းတစ်ဦးကလည်း ကျွန်တော် ကော့သောင်းမှာ နေတာအနှစ် (၂၀) ရှိပြီ ဒီလိုဖြစ်တာ ဒီတစ်ခါပဲကြုံဖူးတယ် ကျွန်တော်တို့ဒီမှာက သဲစုပ်သင်္ဘောကြီးတွေက ကော့သောင်းနဲ့အနီးကပ် သဲစုပ်ယူမှုတွေက ရှိတော့ တစ်ချို့ကျေးရွာတွေလည်း မြေပြိုမှု တွေနဲ့ရင်ဆိုင်နေရပြီ အခုလည်း
Posted by PNSjapan at 3:11 PM 0 comments
Labels: သတင်း
ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် တောင်းဆို ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
အချိန်။ ။ ညနေ ၃ နာရီမှ ၄ နာရီအထိ။
နေရာ ။ တိုကျို ကြံဖွတ် အခွန်ရုံးရှေ့ ။
NDB ပြန်ကြားရေး။
Posted by PNSjapan at 1:03 AM 0 comments
Labels: နှိုးဆော်ခြင်း
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်စု ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံ

အဆိုပါ မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမက မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း
Monday, June 4, 2012
တပ်မတော်စစ်ကြောင်းမှ ရွာသားများအား အတင်းအကြပ် လမ်းပြခေါ်ဆောင်
June 3, 2012

Posted by PNSjapan at 4:44 PM 0 comments
Labels: သတင်း
" ပင်လုံကို ချစ်ပါ "
Love PanglongCopy from - drlunswe
Posted by PNSjapan at 3:21 PM 0 comments
Labels: ဆောင်းပါး
မိုးထိမိုးမိ ဆန္ဒပြ
Posted by PNSjapan at 3:14 PM 0 comments
Labels: သတင်း
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဂျပန်အစိုးရပေးအပ်
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်းခရီးစဉ် ထိုင်းအစိုးရ ကန့်သတ်
2012-06-02
Posted by PNSjapan at 12:00 AM 0 comments
Labels: သတင်း
Sunday, June 3, 2012
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခြင်း(ဂျပန်)
ကျင်းပမည့် အချိန်........ 17:45 to 20:00
ကျင်းပမည့် နေရာ........ 4-1-1 Nakano-Ku, Nakano, Tokyo
NAKANO SUN PLAZA (13) Floor, COSMO ROOM
လက်မှတ်တစ်စောင်...... ယန်း 5000.
မှတ်ချက်......ပါတီပွဲ အခမ်းအနားဖြစ်ပါ၍ အနောက်တိုင်းဝတ်စုံ(suit) သို့မဟုတ် မြန်မာ့ရိုးရာဝတ်စုံ(သို့) တိုင်းရင်းသားရိုးရာ ဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်လာပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
090 4964 9718
090 6031 4394
090 9831 7192
070 6651 9525
Posted by PNSjapan at 11:29 PM 0 comments
Labels: နှိုးဆော်ခြင်း