၂၀၁၂ ခုနှစ် မေလ (၂၈)ရက်။
ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC မှ ၂၀၁၂ ခုနှစ် မေလ (၁၀)ရက် နေ့စွဲပါ ထိုးစစ်ဆင်နေမှုကို ရပ်စဲခြင်းမပြပါက မိမိတို့ UNFC အဖွဲ့ဝင်များအနေနှင့်လည်း ပဏာမ သဘောတူညီထားသော အပြစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်မည့် ကြေညာချက်အား ထောက်ခံသည့် အခမ်းအနားကို ဂျပန်ရောက် တိုင်းရင်းသား အင်အားစုများတို့မှ စုပေါင်း၍ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ တိုကျို မြန်မာသံရုံးရှေ့တွင် ကျင်းပခဲ့ကြပသည်။
တိုင်းရင်းသား အချင်းချင်းအပေါ် မျိုးဖြုတ်သတ်ဖြတ် စစ်ဆင်နေမှုအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ အပြစ်မဲ့ ကချင်လူထုအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်မှု ၊ ကချင်အမျိုသမီးများအား အဓမ္မပြုကျင့်မှုနှင် လူအခွင့်အရေး ချိုးဖေါက်မှုတွေ ချက်ခြင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တန်းတူရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် တိုက်ပွဲဝင် ကချင်တိုင်းရင်းသားများအား ၀ိုင်းရံ ထောက်ခံ အားပေးရန်ကြဖို့ ပြောဆိုသွားခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
0 comments:
Post a Comment