၂၀၁၂ခုနှစ်၊ မေလ၂၉-ရက်နေ့ မနက်ပိုင်း၈-နာရီ ၄၅ နာမိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ် ပန်ဆွေရွာနှင့် ထာတ်ကျဲတ်ရွာ အကြားတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် နမ့်လင်း အခြေစိုက် မြန်မာအစိုးရ တပ်တို့မိနစ်(၂၀)ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် အစိုးရတပ်စခန်းမှ တပ်သား ၃ဦးကျဆုံးပြီး TNLAဘက်တွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြာင်းလည်း သိရသည်။ အစိုးရတပ်နှင့်အတူ ထွန်းမြတ်လေးဦးအောင်သည့် နမ့်ဆန်ပြည်သူ့စစ် အဖွဲ့လည်း ပါဝင်ကြောင်း TNLAမှ တားဟိုဝ်ပ္လါင် ပြောပြချက်အရ သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း-၁၁၂ မှတပ်ခွဲ(၁) ဒုဗိုလ်မှူးလွယ်ဆိုင် တာဝန်ယူ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောပြခဲ့သည်။
0 comments:
Post a Comment