(၂၃.၅.၂၀၁၂)ရက်နေ့ နံနက်(၉)နာရီမှ ည(၉)နာရီ အတွင်း KIA, တပ်မဟာ(၅)ဒေသ၊ တပ်ရင်း(၃)နယ်မြေ နန်ဇော်ရန် အနီး အင်လုံခ ဘက်သို့ ရောက်ရှိလာသော မြန်မာ စစ်တပ်(ခ.မ.ရ-၃၀၁) စစ်ကြောင်းသည် KIA တပ်ရင်း(၃)၏ နန်းဇော်ရန် Post အား လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြော င်း သတင်းရရှိ။
(၂၃.၅.၂၀၁၂)ရက်နေ့ ည(၇း၃၀) အချိန်၊ KIA တပ်မဟာ(၅)ဒေသ၊ ဂန်ဒေါင်ယန် မြန်မာ စစ်တပ်မှ အင်ပွန်း ဖဂါ တောင်ဘက်သို့ (၁၀၅မမ)လက်နက်ကြီးဖြင့် ပစ်ခတ်နေ ကြောင်း သတင်းရရှိပါသည်။
KIA, တပ်မဟာ(၅)“ဒွမ်ဘမ်ဘွမ်” ဒေသတွင်တိုက်ပွဲဖြစ်
ကချင်ပြည် ကေအိုင်အို အစိုးရ တပ်မဟာ (၅) နယ်မြေဖြစ်သော ဒွမ်ဘမ်တောင် သို့ ဗမာအစိုးရ စစ်တပ်မှ မေလ (၂၃) ရက်နေ့တွင် မြင်းအကောင်း (၃၀) ကျော်ဖြင့် စာနပ်ရိက္ခာများ သွားရောက် ပို့ဆောင်သော ဗမာစစ်တပ်ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ မနက် (၈း၀၀) နာရီတွင် တစ်ကြိမ်၊ (၁၀း၀၀) နာရီခန့်တွင် တစ်ကြိမ် (၂) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
source - jinghpawkasa
0 comments:
Post a Comment