Monday, May 21, 2012

အင်တာနက်ကြောင့် ဘ၀ပျက်ရတဲ့ မုံရွှာမြို့က မိန်းကလေး


 ( ဒီသတင်းကို မဖတ်ဖြစ်သေးသော သူငယ်ချင်းများအတွက်ပါရှင်... )
အင်တာနက်မှ အသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ် တစ်ဦး သားမယားအဖြစ် လိမ်လည် ပေါင်းသင်းခံရကာ လက်ဝတ်လက်စားများ လိမ် လည် ယူဆောင် ခံခဲ့ရကြောင်း သတင်း ရရှိသည်။

မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက် လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ ၈ယ/---- လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန် လွန်သည်အထိ ပြန်လည် ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက်လံ ရှာဖွေသော်လည်း မတွေ့ရှိ ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ် မှာကြားခဲ့သည်။

နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုး တော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်း တစ်ခု၌ တွေ့ရှိ၍ နေအိမ်သို့ ပြန်လည် ခေါ်ယူထားခဲ့သည်။

မ-- ၏ ပြောပြချက်အရ လွန်ခဲ့သော သုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅ ကြိမ်ခန့် ဆက်သွယ် ပြောဆို သိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို -- သည် နိုဝင်ဘာ ၆ ရက်က မုံရွာမြို့သို့ ရောက်ရှိလာ ပြီး မ--အား
ရန်ကုန်မြို့သို့ သွေးဆောင် ဖြားယောင်းခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ တည်းခိုခန်း တစ်ခု၌ သား မယားအဖြစ် ပေါင်းသင်း နေထိုင်ပြီး ၊ ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည် ရယူသွားခဲ့သဖြင့် ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ မုံရွာမြို့ ၊ အမှတ် ၁ ရဲစခန်းမှ ကို --အား (ပ) အမှတ် ၆၃၇/၂၀၁၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၆၆/ ၄၂၀ အရ အမှုဖွင့် စုံစမ်း ဖော်ထုတ် လျက်ရှိသည်။

မိန်းကလေးငယ်ထံမှ လိမ်လည်ရ ယူသွားသော လက်ဝတ်လက်စားနှင့် ဆိုင်ကယ်မှာ စုစုပေါင်း တန်ဖိုး ကျပ် (၁၇) သိန်းခန့် ရှိသည်ဟု ဆိုသည်။

“ဒီနေ့ အသက်အရွယ် ငယ်တဲ့ကလေးငယ်တွေလည်း အင်တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေ အနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့် သင့်တယ်လို့ ထင်တယ်။ ကလေးက အင်တာနက် အသုံးပြု တတ်တာ တိုးတက်တဲ့ လက္ခဏာ ဆိုပေမယ့် အခုလို အဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက် အသုံးပြုချိန်မှာ စောင့်ကြည့်သင့်တယ်”ဟု မုံရွာမြို့ ဒေသခံ မိဘအုပ်ထိန်းသူ တစ်ဦး ကပြောသည်။

မျိုးမင်းဦး---မုံရွာ


Aungaung Thein , facebook မှကူးယူခဲ့ပါသည်။

0 comments: