Sunday, May 20, 2012

ဗိုလ်ချုပ်မှုးကြီး ရဟတ်ယာဉ် ရပ်ရန် အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများ လျော်ကြေးမရသေး


မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်စဉ် ရဟတ်ယာဉ် ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေး မရရှိသေးကြောင်း သတင်းရရှိသည်။

“ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီး လာပြီးသွားတော့လည်း မြေကို ပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့ တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက် ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင် ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ် လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက် ရှိလာတာတောင် လျော်ကြေး မရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစု ကျေးရွာတွင်ရှိသော ဆေးဝါး စက်ရုံ၊ ကြွေရည်သုတ် စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါ ကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြု ခဲ့ခြင်းဖြစ်သည်ဟု  ဒေသခံတစ်ဦးက ပြော သည်။
Copy from - 7Day News Journal

0 comments: