Sunday, May 20, 2012

နေ့စဉ်အင်အား ပြုန်းတီးနေသော မြန်မာ့တပ်မတော်



May 19, 2012
ကချင်ဒေသတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ မေလ(၁၈)ရက်မနက် (၀၆၃၀) အချိန်တွင် မိုးမောက်မြို့နယ်၊ စိန်လုံကကျီနှင့် လွယ်ယိန်းကျေးရွာအကြား လှုပ်ရှားနေသော တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၁၈) အင်အား (၅၀)ခန့်ကို KIA တပ်ဖွဲ့က မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် (၃၀)ခန့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်း မန်တုန်မြို့နယ် သိန္နီနှင့် ပုန်ထုန်းကျေးရွာအကြားတွင် အစိုးရ လှုပ်ရှားစစ်ကြောင်း (တပ်ရင်းစုံစမ်းဆဲ)နှင့် KIA တပ်ဖွဲ့ဝင်များ မေ(၁၈)ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်ကြောင်းမှ (၄)ဦးကျဆုံးပြီး (၃) ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။
မေ(၁၇)ရက်နေ့တွင်လည်း KIA တပ်ရင်း (၅) တပ်ဖွဲ့သည် ခလရ (၂၇၄) လှုပ်ရှား စစ်ဆင်ရေး စစ်ကြောင်းကို ပန်ခေါန်ယာန်ကျေးရွာအနီး၊ နမ်ဖိုင်ခချောင်း တစ်ဝိုက် မိုင်းဖြင့် တိုက်ခိုက်ရာ ခလရ(၂၇၄)မှ တပ်ဖွဲ့ဝင် (၅)ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
KIA နှင့်ဖြစ်ပွားသော တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသည် နေ့စဉ်နှင့်အမျှ ပျမ်းမျှအားဖြင့် တပ်ဖွဲ့ဝင် (၃၀)ခန့် သေကြေ၊ ထိခိုက်ဒဏ်ရာ ရသဖြင့် အင်အား ပြုန်းတီးနေကြောင်း  သိရှိရသည်။

မေလ (၁၈)ရက်နေ့တွင် ကချင်ဒေသတွင် တိုက်ပွဲ အနည်းဆုံး(၈)ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်။

Copy from - myitkyina

0 comments: