Friday, May 18, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်


နိုဘယ်လ်စင်တာ
လာမဲ့ဂျွန်လ(၁၇)ရက်။

နော်ဝေးနိုင်ငံမှာ ကျင်းပမဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်မဲ့ အခမ်းအနားကို တက်ရောက်နိုင်ဘို့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ၁၅ရက်မှာ နော်ဝေးနိုင်ငံရောက်ရှိ မှာဖြစ်ကြောင်း နော်ဝေးသံတမန် သတင်း ရပ်ကွက်ကတဆင့် စုံစမ်းသိရှိရပါတယ်။

အနှစ်(၂၀)ကျော်အတွင်း ပထမဆုံး အကြိမ်ပြည်ပ ခရီးစဉ်အဖြစ် ဇွန်လ(၁၄)ရက်နေ့ မြန်မာနိုင်ငံမှ စတင် ထွက်ခွါလာမှာ ဖြစ်ပြီးနော်ဝေးနိုင်ငံမှာ ၄ရက်ကြာ နေထိုင်ပြီးနောက် အိုင်ယာလန်၊ အင်္ဂလန်ကို ခရီး ထပ်ဆက်မယ်လို့ သိရပါတယ်။

“အော်စလိုကို၊ ဇွန်လ၁၅ရက်နေ့ ရောက်မယ်၊ သူနဲ့လိုက်ပါလာတဲ့ NLD အဖွဲ့ဝင်တချို့နဲ့ အတူနော်ဝေး ပါလီမန်ကိုလည်း လေ့လာမယ်၊ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့မယ်၊ ၁၇ရက်နေ့ နိုဘယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်မဲ့ အခမ်းအနား ကျင်းပပြီး၊ ဆုလက်ခံမဲ့မြို့တော်ခ မ်းမရှေ့မှာ နော်ဝေးပြည်သူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခု ထပ်လုပ်မဲ့ အစီအစဉ်လည်း ရှိပါတယ်” လို့အမည်မဖော်လိုတဲ့ နော်ဝေးသံတမန် တယောက်က ပြောပါတယ်။

မကြာသေးခင် သီတင်းပတ်ကဘဲ၊ နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိပြီဖြစ်တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၈)ရက်နေ့အိုင်ယာလန်ကိုခရီး ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက်မွေးနေ့ကိုအင်္ဂလန်နိုင်ငံမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။


လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ့အထိ နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန် အပါအပါအ၀င် ၀န်ကြီးတချို့နဲ့ တနာရီကြာတွေ့ဆုံဆွေး နွေးခဲ့သလိုဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး နော်ဝေးနိုင်ငံ ခရီးစဉ်ကိစ္စု အပြီးသပ်ဆွေးနွေး ခဲ့တယ်လို့လည်း သိရပါတယ်။ မစ္စတာဘိုန်ဒယ်ဗစ်ရဲ့ ရန်ကုန်ခရီးစဉ်အတွင်း၊ NLDအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့၊ ၈လေးလုံးမျိုးဆက် ကျောင်းသားတွေ၊ အပါအ၀င်နိုင်ငံရေးပါတီ၊တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့၊ လူမှုရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့နဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့၊နော်ဝေးနိုင်ငံခရီးစဉ်၊
အသေးစိတ်ကိုဆွေးနွေးတိုင်ပင်နိုင်ဘို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်သာမြင့်ဟာ
အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ့ကြိုတင်ရောက်ရှိမယ်လို့လည်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက်ကြာနော်ဝေးနိုင်ငံခရီးစဉ်အတွင်းသူ့ကိ၊ုတိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆုချီးမြှင့်ခဲ့တဲ့နော်ဝေးနိုင်ငံရဲ့ဒုတိယမြို့တော် ဘာဂင် မြို့ကိုသွားရောက်ပြီ်းရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိတဲ့အပြင်၊
စတာဘန်ဂါမြို့ကိုလည်းသွားရောက်ပြီးစတာဘန်ဂါတက္ကသိုလ်ကချီးမြှင့်မဲ့ဂုဏ်ထူးဆောင်
ဆုရယူဘို့လည်းရှိတယ်လို့သိရပါတယ်။

နော်ဝေးနိုင်ငံဟာမြန်မာနိုင်ငံနဲ့၊ ထဲထဲဝင်ဝင် ဆက်ဆံနေသလို လွန်ခဲ့တဲ့လက စီးပွားရေး ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးပြီး နောက်၊မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ လွှတ်တော်
ကိုယ်စားလှယ်များ တသုတ်ပြီးတသုတ် လေ့လာရေး ခရီးအလည် အပတ်ရောက်လာကြ
တာကိုတွေ့ရပါတယ်။

ယခ္ခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌသူရရွှေမန်းနဲ့အဖွဲ့၊ တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော် ကိုယ်စားလှယ်တချို့ နော်ဝေး ပါလီမန်ကို လာရောက် လေ့လာနေသလို၊ လာမဲ့ဇွန်လ(၁၈)ရက်နေ့မှာ ပြည်ပစီးပွားရင်း နှီးမြှပ်နှံမှု ဥက္ကဌ၊စက်မှု ၀န်ကြီး ဗိုလ်ချုပ်စိုးသိန်းနဲ့ ၀န်ကြီး(၉)ဦးပါအဖွဲ့လည်း နော်ဝေးနိုင်ငံကို လာရောက် လည်ပတ်မဲ့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်ကို ဥရောပရောက် မြန်မာများကလည်း စိတ်ဝင်စားနေပြီး၊ နော်ဝေးနိုင်ငံတ၀ှမ်းက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အပါအ၀င်၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွီဒင်၊ ဒိန်းမတ်၊ နိုင်ငံတွေက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများလည်း ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း နော်ဝေးနိုင်ငံကို လာရောက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ကိုညို (နော်ဝေး)



နော်ဝေးဘုရင့်နန်းတော်


ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာမည့်နော်ဝေးပါလီမန်


ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ်မိန့်ခွန်းပြောမဲ့အော်စလိုမြို့တော်ခမ်းမ


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအော်စလိုမှာဆန္ဒပြခဲ့စဉ်။
နောက်ဘက်မှာဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့်Grandဟော်တယ်
Copy from - thespiritfruit

0 comments: