Sunday, May 20, 2012

လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေးအတွက် မန္တလေးမြို့သူ၊ မြို့သားများ စုပေါင်း၍ ဆန္ဒဖော်ထုတ်ခဲ့ကြ

Photo - Mandalay Voice

မန္တလေးမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေး သက်ဆိုင်ရာမှ အမြန်ဆုံး ဆောင်ရွက် ပေးရေးအတွက် မန္တလေးမြို့သူ၊ မြို့သားများ စုပေါင်း၍ မေလ ၂၀ ရက်နေ့ ည ၇နာရီမှ စ၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရသည်။ ထိုသို့ပြုလုပ်ရာတွင် မန္တလေး စထရင်း ဟိုတယ်ရှေ့၌ ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစုမှ ဦးဆောင်၍ လူအင်အား ၁၀၀ခန့်မှ ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသကဲ့သို့ မြန်မာ့ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း (မန္တလေးတိုင်းရှေ့)တွင်လည်း မြို့သူမြို့သားများစုပေါင်း၍ ဖယောင်းတိုင်များ ကိုင်ဆောင်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

Copy from - ElevenMediaGroup

0 comments: