Thursday, May 24, 2012

ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကုမ္ပဏီတစ်ခု၏ နိုင်ငံတော် ငွေကြေးအလွဲသုံးမှု

ပို့ဆောင်ရေး ၀န်ကြီးဌာန လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ လေကြောင်း ဆက်သွယ် လမ်းညွှန် ကွပ်ကဲ​ရေးဌာနခွဲသည် ပြည်တွင်း လေယာဉ်များနှင့် မြန်မာနိုင်ငံ လေကြောင်း ပိုင်နက်​အတွင်း ဖြတ်ကျော် ပျံသန်းလျှက်ရှိသော လေယာဉ်များ ဘေးကင်း လုံခြုံစွာ ပျံသန်း သက်ဆင်းနိုင်ရေးအတွက် လိုအပ်သော ဆက်သွယ်ရေး စက်များ၊ လေကြောင်း လမ်းညွှန်စက်များနှင့် လေကြောင်းသုံး ရေဒါများအား အစဉ်ကောင်းမွန်မှု ရှိနေစေရေး တာဝန်ယူ ဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ ၎င်းဌာနခွဲဟ၏ စက်ပစ္စည်းများ ပြုပြင် ထိန်းသိန်းခြင်း လုပ်ငန်း​အား ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONAL ကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သော  TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင် ထိန်းသိမ်းစားရိတ် အမေရိကန်ဒေါ်လာ (၁. ၅) သန်းဖြင့် ရယူ လုပ်ဆောင်လျှက် ရှိနေပါသည်။

သို့ရာတွင် အမှန်တကယ် တာဝန်ယူနေရသော လေကြောင်းဆက် သွယ်လမ်းညွှန် ကွပ်ကဲရေးဌာနခွဲရှိ
ဝန်ထမ်း အများစုမှာ မည်သည့် အကျိုးကျေးဇူးမှ မခံစားရဘဲ လုပ်ပိုင်ခွင့် Company နှင့် အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူး ရရှိ ခံစားနေကြပါသည်။

၎င်းတို့ တာဝန်ယူလုပ်ပိုင်ခွင့် ရရှိ​သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ယနေ့အချိန်အထိ (၆) လခန့်ကာအတွင်း ၎င်းကုမ္ပဏီမှ သုံးစွဲခဲ့ သော ခန့်မှန်းငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၀၀၀ (သုံးသောင်း) ခန့်သာ သုံးစွဲထားကြောင်း တွေ့ရှိရပါသည်။

၎င်းခန့်မှန်း ကုန်ကျငွေမှာ နယ်လေဆိပ် (၆) ခုခန့်ရှိ လေကြောင်း ဆက်သွယ်ရေးစက်များ ချို့​ယွင်းပျက်စီးမှု ဖြစ်ပေါ်ပါက ဌာနမှ ၀န်ထမ်းတဦး သို့မဟုတ် နှစ်ဦးမှ သွားရောက် ပြုပြင်ရာတွင် တဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀ ရရှိသည့်အတွက် ကုန်ကျစားရိတ် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းဝန်ထမ်း မှာလည်း ၀န်ထမ်း အများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး နယ်လေဆိပ်သို့ စက်ပြင် သွားမှသာ ရရှိခြင်းဖြစ်ပါ​သည်။ ၎င်းကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁. ၃ သန်းခန့်အမြတ် ရရှိမည်မှာ သေချာပါသည်။ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ဌာနဆိုင်ရာ လူကြီးများနှင့် ပူးပေါင်း ဂွင်ရိုက်ပြီး လုပ်ပိုင်ခွင့် သက်သက်ရယူသွားခြင်း ဖြစ်သည်။

အမှန်တကယ် စက်များ ပြုပြင်ရသည်မှာ အစိုးရ၀န်ထမ်းများသာ ဖြစ်သည်။ ထို့ကြောင့် ယနေ့ပြည်ထောင်စု သမတမြန်မာနိုင်ငံ​တော်မှ ချီတက်နေသော Clean Government, Good Govrnance ဖြစ်လာစေရေးအတွက် ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးနေခြင်းများအား စတုထ္ထမဏ္ဍိုင်ကို အားကိုးစွာဖြင့် မီဒီယာမှတဆင့် ပြန်လည် ဖော်ပြပေးပါရန် သတင်း ပေးရန် တိုင်ကြားအပ်ပါသည်။
မိုးမခပေးစာ
Posted by Aung Htet

0 comments: