Friday, May 25, 2012

ဘေးသင်.နေသော မြန်မာနိုင်ငံ နှင်. ထိပ်တန်း ခြစား မှုတွေ

Burma at Risk and High-Profile Corruption Cases

ဦးသူရရွှေမန်းရဲ့ မကြာသေးခင်က ဖေဖေါ်ဝါရီ ၇ ရက် ၂၀၁၂ လွှတ်တော် မိန်.ခွန်းမှာ အကျင့်ပျက် ချစားမှုတွေ နေရာတိုင်းမှာ ရှိနေတယ်လို့ သွယ်ဝိုက် ပြောဆို ဝန်ခံခဲ့တယ်။ ဒါကို သူ့မိန့်ခွန်း ခေါင်းစဉ်က "သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရဖြစ်ရေး" ဆိုတဲ့ အထူးပြု ပြောဆိုမှုက သက်သေ ပြခဲ့ပါတယ်။ သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရ တရပ်ရှိပြီးသားဆို ဒီလိုမိန့်ခွန်းမျိုးက လုံးဝကို မလိုအပ်တာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရဲ့ နာတာရှည် ပြဿနာဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို သွယ်ဝိုက်ပြီး ဝန်ခံ လိုက်တာဟာ နားထောင်လို့ ကောင်းတဲ့ မိန့်ခွန်းတခုပါ။ ဒီ့အပြင် နေရာတိုင်းမှာ ဆင်းရဲမွဲတေမှု၊ ချစားမှုတွေ ဖြစ်နေတာကို ဦးရွှေမန်းက တိုက်ရိုက် မပြောသော်လည်း ဝန်ကြီးဌာနတွေ အသီးသီးမှာ စွမ်းဆောင်ရည် နည်းပါးညံ့ဖျင်း နေတာတွေကို ပြောခြင်းဖြင့်၊ ဝန်ထမ်းတွေကို လစာတိုးပေးပေးမယ်လို့ ပြောခြင်းဖြင့်၊ လူ့စွမ်းဆောင်ရည်မြင့် လုပ်ငန်းတွေ ဖွင့်ပေးတော့မယ်လို့ ပြောခြင်းဖြင့် စေတနာ ကောင်းလေးတွေ တစိုးတစ စီပေါ်လာပြီဆိုပြီး အကောင်းမြင်တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ စိတ်လှုပ်ရှားလွယ်သူ အချို့က အဲဒီ Speech ကို ဂန္ဓဝင်တွင်မဲ့ မိန်.ခွန်းလို့တောင် ရေးကြပြောကြ၊ ကုန်ဈေးနှုံးတွေ တက်သွားမှာ စိုးရိမ်လို့ ထင်ပါ ရဲ.။
ဘာပဲဖြစ်ဖြစ် သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ နိုင်ငံ ပုံမှန် ပြန်တည်ဆောက်ရေး တွေကို ဦးရွှေမန်း ဒီလိုစိတ်ပါလက်ပါ ပြောကြား လိုက်တာဟာ တကယ်စေတနာမှန် တယ်ဆိုရင် အရေးပါတဲ့ သမိုင်းအချက်တခု ဖြစ်လာပါ လိမ့်မယ်။ ။ဒါပေမဲ့ ဒီအကျင့်ပျက် ခြစားမှုတွေကို ထိန်းသိမ်းဖို့ လက်တွေ့အရ ဆောင်ရွက် ရမယ်ဆိုရင် လွှတ်တော်မှာ ဒီမိန့်ခွန်းကို တရားဝင်ပြောခဲ့တဲ့ ဦးရွှေမန်း အတွက် conflict of interest ကိုယ့်အကျိုးနဲ့ သူ့အကျိုး ဘယ်ဟာ ရွေးရမလဲ ဆိုတဲ့ ပဋိပက္ခ ဖြစ်လာ နိုင်လိမ့်မယ်။
သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ ထူးထူးကဲကဲ Htoo Group ကိုဆက်စပ်ကြည့် ကြရအောင်...အဲဒီထူးထူး ကဲကဲ ထူးထရိတ်ဒင်းရဲ့ လက်တံခြေတံတွေ ဘယ်ကထွက်လာ တယ်ဆိုတာ နဲနဲပါးပါး ပဲသိထားရင် ဒီလက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်သူ လူတစုရဲ. စီးပွားရှာနည်းတွေ ကမ္ဘာပျက်မှ ပျောက်ပြယ်မှာလားလို. တွေးမိပြီး နင်းပြားပြည်သူ တွေသာမက တိုးတက်သော အတွေးအခေါ်ရှိသူများပါ မျှော်လင့်ချက်မဲ့၊ စိတ်ငယ်တတ် ကြတာ သဘာဝကျပါတယ်။ Htoo Group ကသူတို့အကြောင်း ကိုတော. နိုင်ငံက တိုးတက်သော လူငယ်တွေရော၊ မတိုးတက်သောသူတွေရော အားလုံးသိကြမှာပါ... ဒါပေမဲ. ကြီးပွားတိုးတက်လိုသော သူအပေါင်း နဲနဲပါးပါး အတုခိုးလို့ ရလိုရငြား ဆိုပြီး ဒီ posting လေးမှာ Htoo Tradingရဲ. တနင်္သာံရီက မြေပိုင်ဆိုင် မှုတွေကို တချက်အတူတူကြည့်ကြ ရအောင်။

တေဇ နဲ. ဦးရွှေမန်း မိသားစုပိုင် ထူး ထရိတ်ဒင်းရဲ. တနင်္သာရီ လုပ်ကွက်တည် နေရာ သိန်းခွန်း၊ စုစုပေါင်း ၃၉၃၁၀၀ ဧက၊ စုစုပေါင်း ၆၁၄ စကွဲယားမိုင်)
Htoo Trading ( 393,100 acres Thein Khon 614 square miles)

တိုင်ပြည်ရဲ. စိမ်းစိမ်းစိုစို တောရိုင်းတောအုပ် မှန်သမျှ သူတို့ပိုင်တယ် ။ ဒါပကတိ အရှိတရား။ လိုသော သူတွေက သူတို့စီးပွားရေး သူတို့လုပ်နေတာလို့ ဆိုကြတယ်။ အမြတ်ထုတ်ပြီးရင်း ထုတ်နေတဲ့ လူဆိုးကြီး တွေကို တိုင်းပြည်မှာ မရှိမဖြစ် ဒေါက်တိုင်တွေအလား မရှက်မကြောက် ပြောနေကြတယ်။ ရုပ် ဝတ္ထု အမြင်တခုထဲ သက်သက်နဲ့ ကြည့်ရင် ဟုတ်မှာပေါ့ ။ ကမ္ဘာပေါ်မှာ စီးပွားရေးသမား အကြီးစားတွေကပဲ ချယ်လှယ်နေတာမို့လား..

ဒါပေမဲ့ အနောက်နိုင်ငံတွေမှာ အဆင်းရဲဆုံး လူတန်းစားကို သူဌေးတွေက သူတို့လို ချမ်းသာလာခွင့် မပေးပေမဲ့ Welfare လို့ခေါ်တဲ့ အခြေခံ လူမှုလိုအပ်ချက် နေစရာစားစရာ အိပ်စရာတွေ ဆောင်ရွက်ပေးတဲ့ ထုံးစံရှိနေတော့ တော်လှန်ရေးတို့ ၊ အုံကြွ လှုပ်ရှားမှုတို့ မအောင်မြင်လဲ ကိစ္စမရှိဘူး။ မခံချင်ကြတဲ.သူအများစုက intellectuals ဆိုတဲ့ ခေါင်းသမား၊ အသိဥာဏ်နဲ့ စဉ်းစားနိုင်သူတွေပဲ။ သူတို့မှာလည်း စားစရာနေစရာ ပျော်ပါးဖျော်ဖြေစရာ ၊ စိတ်အရသာခံနိုင်စရာ ဝါသနာတွေ လိုက်စားဖို့အတွက် ငွေပို ၊ အချိန်ပို၊ အရင်းအမြစ် အပိုတွေရှိတယ်။ ဒီတော့ ပြည်သူတွေကို တိုက်ရိုက် ထိပါးနေတဲ.အရေး တခုခု မြုပ် ချီ ပေါ်ချီ ဖြစ်တာ အရးမကြီးဘူး။ လူတွေမှာ ထောက်တည်စရာရှိတယ် ။ မြန်မာပြည်လို နေ ရာမျိုးမှာတော့ အားလုံး ရှားပါးဆင်းရဲတယ်။ အားလုံးဒုက္ခရောက် နေကြတယ်။ သနားစရာ အကောင်းဆုံးက ကျေးလက်တောရွာ တောပိုင်း နယ်ပိုင်းက ဘာမှမသိရှာတဲ. အောက်ခြေ လူတန်းစားတွေပါပဲ။ မြို. ပေါ်က လူတွေလည်း ဒုက္ခပေါင်း စုံကမလွတ်ပါဘုး။ လူလက်တဆုပ်စာ လူနည်းစုရဲ. ဖန်တီးချယ်လှယ် မှု၊တကိုယ်ကောင်းဆန်မှု၊ တရားလက်လွတ် နဲ.ဝိသမလောဘသမား အာဏာရှင်တွေအချင်းချင်း ပူးပေါင်း ကာကွယ် ထောက်ခံမှု၊ ဒါတွေကြောင့်သာ ပြည်သူတွေဒီလို ခံစားနေ ရတာဖြစ်တယ်။

အောက်က စာရင်းလေးက သူတို့ကို အထူး status ပေးနေပါတယ်။ ၂ ဒါဇင် မျှ ခရိုနီတွေကြားမှာ ထူး အုပ်စုကိုမြင်ရင် ကျန်တဲ့ သူတွေကိုပါ မြင်ပါလိမ့်မယ်။ ဥပမာဆိုတာ ပြောတဲ့ အကြောင်းအရာတိုင်းမှာ အကောင်းဆုံး အထင်ရှားဆုံး ဥပမာကို ပြနိုင်ပါမှ မဟုတ်လား။

ထူး ထရိတ် ဒင်း ဆိုတဲ့အတိုင်း ထူးခြားမှုတွေ အများ ကြီးရှိပါတယ်။

ထူး အုပ်စုရဲ.ပိုင်ဆိုင်မှုတွေ
၁.....အာရိယန်နန်းတော် ဟိုတယ် များ
၂.....ပုဂံ လေကြောင်း
၃.....ဧရာရွှေဝါ ကုမ္ပဏီ
၎.....ထူး ထရိတ်ဒင်း
၅.....ထူးသစ်တော သစ်ထွက်ပစ္စည်း ကုမ္ပဏီ
၆.....မြန်မာလေကြောင်း export ကုမ္ပဏီ (ရုရှား စစ်သုံးပစ္စည်း အရောင်း ကိုယ်စားလှယ်)
၇.....မြန်မာ ရတနာ အပန်းဖြေ ဟိုတယ်များ
၈.....ပါဗိုလေကြောင်း လေယဉ်ငှား ၇မ်း ကုမ္ပဏီ
၉....ပါဗို ထရိတ်ဒင်း

Htoo Group Subsidiaries
Aureum Palace Hotels & Resorts
Air Bagan Holdings Company Ltd.
Ayer Shwe Wah Company Ltd.: involved in construction, palm oil production,
import and export of chemical fertilizers and agricultural products.[6]
Htoo Trading Company
Htoo Wood Products Company Ltd.
Myanmar
Avia Export Company Ltd.: exclusive representative in Burma for
Russia’s Export Military Industrial Group (MAPO), and the Russian
helicopter company Rostvertol; supplies the Burmese military with spare
parts for its aircraft.[6]
Myanmar Treasure Resorts
Pavo Aircraft Leasing Company Ltd.
Pavo Trading Company Ltd.

Conflict of interest တွေ အကြီးအကျယ် ကို ထိပ်တိုက်ဖြစ်နေပြီ။
ဦးရွှေမန်းရဲ. သမိုင်းဝင် ဖေဖေါ်ဝါရီ. ၇ ရက် ၂၀၁၂ မိန့်ခွန်းက ဤ အချက်တွေကို တချက် ပြန်ကြည့်ပါ။

၁...လူတွေမိမိတို့ ဂုဏ်သိက္ခာနှင့်အညီ နေထိုင် စားသောက်နိုင်ရန် ၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်လာရန် ၊ ဝန်ထမ်းတွေ လခတိုးပေးရန် ၊ ပြည်သူ့အကျိုး ဖြစ်ထွန်းမည့် စီမံကိန်းများ ကိုသာ ဥပဒေပြုပေးရန်၊ ထိုသို့ မဖြစ်သည့် စီမံကိန်းများကို ငြင်းပယ်ရန်၊ လူသား အရင်းအမြစ် များဖွံ.ဖြိုးရေး အတွက် စီမံကိန်းတွေနှင့် ရင်းနှီးမြှပ်နှံမှုကို တင်ပြဆောင်ရွက်ရန် ၊ နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ယုတ်လျော့စေသော ပြည်တွင်းပြည်ပမှ မည်သည့် အဖွဲ့အစည်းကိုမဆို ဆန့်ကျင် သွားရန်

၂....တည်ဆဲ ဥပဒေများကို တတိုင်းပြည်လုံးက ရိုသေလေးစား လိုက်နာ ကြရန်.......

ရှေ.နောက်တွေတော.
လွဲနေ သလားပဲ။ ကောင်းတာတွေ အများကြီး အကုန်လုပ်ပေးဖို့ နိုင်ငံတော် အရှုံးပေါ် နေတယ်ဆိုတဲ.အချက်တွေကို ဝန်ခံသွားတဲ့ မိန့်ခွန်း ပြောကြားသူ ဦးရွှေမန်းက တဖက်ကလည်း တည်ဆဲ ဥပဒေတွေကို လေးစားရမယ်ဆိုပဲ။ ထားပါတော…ရှေ.က အမှားတွေ ပြင်ဆင်ဖို. လွဲနေတာတွေ အားလုံးကို ဒီမိုကရေစီ နည်းကျကျ လုပ်တော့မယ်၊ လုပ်ချင်ပြီဆိုရင်၊ ဦးရွှေမန်းက ဘယ်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်မှာလဲ။

သူများတွေ နိုင်ငံအသီးသီးမှာ cell phone ၊ land phone နှစ်မျိုးစလုံး (သို.) cell ဖုန်းလေး တွေဘယ်မှာ ဝယ်ဝယ် ပေါပေါ လောလော ၊ အလွယ်တကူ ရတဲ့ ကာလကြီးမှာ Red Link Communication ကို ပိုင်ရုံ သာမက၊ တေဇ ပိုင်ထူးဂရု Htoo Group ရဲ. ထိပ်သီး
ဘုတ်အဖွဲ.ဝင် ပိုင်ရှင် များ စာရင်းဝင်တွေ က အစိုးရ ထိပ်ဆုံးပိုင်းက
သူတဦးရဲ.သားတွေ၊ ဆွေမျိုးတွေပဲ မဟုတ်လား။

အာဖရိကလို
corruption တွေနဲ. အတော် နံမည် ကြီးတဲ. တိုက်ကြီး တခု လုံး မှာတောင်
အကျင်.ပျက်မှုတိုက်ဖျက်ရေး တွေကို လွတ်လပ်သော ကျွမ်းကျင်
ပညာရှင်အဖွဲ.အစည်းတွေနဲ. အစိုး ရ အချို. ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်။
နေ.ခြင်းညခြင်းတော. ဒီပြဿနာတွေ လွင်.ပြယ်သွားမှာ မဖြစ်နိုင်သော် လည်း
အရေး အကြီးဆုံး က စပထမဦးဆုံးအကျင်.ပျက်အဂတိမှုဆန်.ကျင် မှုကို
သမိုင်းတွင်စေရ မဲ. ဗွေဆော် ဦး case တခုတော. မြန်မာပြည်မှာ
ဖြစ်ဖို.ကောင်းနေပြီ။ ဖြစ်လည်းဖြစ်သင်.ပြီ။ နိုင်ငံတခုလုံးအတွက် ရေတို
ရေရှည် မှာ တော်တော်. ကို အကျိုးများ မဲ. ၊စာရိတ္တ ဆိုင်ရာ၊ လူမှုစီးပွား
ဆိုင်ရာ ၊ နိုင်ငံရေး လိုအပ်ချက်ကြီး ပဲဖြစ်တယ်။


ကမ္ဘာ ပေါ်က အတုယူရမဲ. စံနမူနာကောင်းများ နှင်. အကျင်.ပျက်ခြစားမှု တိုက် ဖျက်ရေးသမိုင်းကြောင်း

အရှင် မင်းမြတ် အမှု ကျွန်တော်မျိုးရဲ. အမှု ပေပဲပေါ.။
"He who sues in this matter for the king sues for himself as well"

Qui
Tam ဆို အမည် ရ တဲ. လူကစ၊ လူကပြု ၊လူ က ဦးဆောင် ခွင်.ရတဲ. အကျင်.ပျက်
ဝါဒတိုက်ဖျက် ဆန်.ကျင်ရေး ဆိုင်ရာ ဥပဒေတရပ် အေဒီ ၁၃ ရာစု ကအင်္ဂလန်
မှာပေါ်ခဲ.တယ်။ "He who sues in this matter for the king sues for himself
as well" ဆို တဲ. တရားမဥပဒေဆိုင်ရာ ပုဒ် တခု ကို အဆင်ပြေအောင်
ပြန်ဆိုရမယ်ဆို ရင် လူတယောက်သည် သူ.နိုင်ငံတော် ၏အကျိုးဆောင်ခြင်းဖြင်.
မိမိအကျိုးကိုပါ ဆောင်ပြီးသားဖြစ်သည် လို. ပဲပြောရမယ်။

အမေရိကမှာပြည်တွင်းစစ်ဖြစ်တော.
(၁၈၆၁--၁၈၆၅ ) အဲဒီ.ကာလမှာ စစ်သုံးပစ္စည်းတွေသွင်းတဲ. အမြတ် ကြီးစား ၊
လူလိမ် ကန်ထရိုက် တာတွေ ကို တန်ပြန်အရေး ယူနိုင်ဖို. သမ္မတ လင် ကွန်း က ဒီ
Qui Tamဆိုတဲ.အင်္ဂလန်က ရှေးဟောင်း ဥပဒေ ကို မှီးပြီးယနေ.ခေတ် အချိန် ထိ
အလွန် အကျိုးများတဲ. False Claim Act ကို ၁၈၆၃ ခုနှစ်မှာ ပြဌန်း ခဲ.ပါတယ်။
အဲဒီ.အချိန်က စစ်သုံးပစ္စည်း ကန်ထရိုက်တာတွေကလဲ တော်တော် ဆိုး သား။ ပိုက်ဆံ
တော.ယူထားပြီး စစ်တပ် ကို ပစ္စည်းသွင်းတဲ.အခါ တခါဝတ်လိုက် တာနဲ. လက် မောင်း
ရင်း က ပြဲသွား တဲ. စစ်ယူနီဖေါင်းတွေ၊ ကျီမထွက်တဲ. သေနတ်တွေ
အမြှောက်တွေ၊ပေးရတဲ.bill ထက်အများကြီး လျော.နည်းတဲ.နည်းနဲ.ပစ္စည်း သွင်း၊
အရေအတွက်အရ လိမ်ညာပြီး ခိုး၊အရည်အသွေးအရ လဲညံ.တာတွေပဲပေး။ ထိုကာလက စစ်
အတွင်းမှာဆို တော. မှားယွင်းခဲ.သမျှ ပေါ်လာသမျှ စီးပွားရေးအရဖြစ်တဲ.
Economic crimeတွေကို တခုစီ စေ.စေ. ငုံငုံ အရေး မယူနိုင်ခဲ.ပေမဲ.၊
ဘယ်ဒေါင်. က ကြည်.ကြည်. (နောင် တချိန် ရာစုနှစ်တွေအထိ) တကယ် ခြေလှမ်းကြဲ
ခဲ.၊ တကယ် နှစ် ခြိုက် စရာကောင်း တဲ. ဥပဒေပြု မှု ၁၈၆၃ မှာ ဖြစ် ခဲ.တယ်..
ခေတ်မီ အမေရိကန်နိုင်ငံတော်မှာ လပ်စား၊ခြစား၊ အကျင်.ပျက် ဝန်ထမ်းတွေ ကို
ခိုင်လုံတဲ.အချက် အလက် နဲ.တကွ အမှုဖေါ်နိုင်ဖို.၊ နိုင်ငံတော်က
ဆုံးရှုံးသွားတဲ. ဘဏ္ဏာတွေ ပြန်သိမ်းနိုင် ဖို. အခြေခံ ကောင်းတွေကို
ချပေးခဲ.တဲ. ၊ အလွန်ထူးခြားတဲ. ဥပဒေ ပါ။

ဒီနိုင် ငံမှာ ခု
အလိမ်ဆုံး သူခိုးအကြီးစားကြီးများဟာ များသောအားဖြင်. စစ်သုံးပစ္စည်း
သွင်းတဲ. ကန်ထရိုက်တာတွေ၊ ကျနးမာရေးဝန်ထမ်း ဆရာဝန်ဆေးခန်းနဲ.ဆေးရုံတွေ၊
လယ်မြေ ခြံမြေ နဲ. အဆောက်အဦ ငှားရောင်း property
စီမံခန်.ခွဲအုပချုပ်သူ၊ပိုင်ဆိုင်သူတွေ နဲ.၊ Bond တွေ ချေးငွေ နဲ. Funds
တွေ ကို ကိုင်တွယ် စီမံနေတဲ.financial groups တွေမှာ ချည်း တွေ.နေရပါတယ်။
ဒါပေမဲ. Corruption နဲ. စာ၇င်း လိမ် တောင်း မှု တွေ လိမ်ညာမှုတွေ ကို ပြန်
ထိန်းသိမ်း တဲ. False Claim Act ကြောင်. မြန်မာပြည် လို ချိန်ခွင် ညှာ
တဖက်စောင်း နင်း တွေ လုံးဝမရိုပါဘူး။ ဒီ.အပြင် သဘာဝရမြေတောတောင် များကို
အမြတ်အစွန်းရဖို.ဖျက်ဆီးနေ တဲ.အချက်သက်သက်နဲ. .တင် တေ ဇ နဲ. ဦးရွှေမန်း၊
ဦးသန်းရွှေတို. တဖွဲ.ကြီး environmental law တွေနဲ. ညိ ပြီး ထောင်ထဲကကို
ထွက်ရမှာမဟုတ်ပါဘူး။ ဒီက False Claim Act မှာ အတွင်းစည်း ထဲက နေ ပြီး
စွန်.ပြီး ဖေါ်ကောင် လုပ်ပေးတဲ.သူတွေကို ဆုငွေပေးတယ်၊အကာအကွယ်ပေးတယ်။
အကျိုးအား ဖြင်. Corruption case များစွာ ကို Qui Tam lawနဲ. စနစ်တကျ
ရှင်းတော. ဒီနိုင် ငံမှာ ၁၉၈၆ က စပြီး ပြန် သိမ်း လို. ရ တဲ. ငွေသား ပမာဏ က
၂၅ ဘီလီယံ ဖြစ်ပါတယ်။

Road to Perdition တွင်းမဲကြီးထဲ သို. သွား ရာ လမ်း

အကျင်.ပျက်ခြစားမှုတွေကို
ကမ္ဘာ. နိုင် ငံတိုင်းမှာ အတိုင်းအတာတခုအထိ တိုက်ဖျက် ကြတယ်။ ကမ္ဘာ မှာ
အဆိုးဝါးဆုံး အယုတ်မာ ဆုံး အကျင်.ပျက် မှုတွေ၊ နိုင်ငံ ပစ္စည်း တွေ ကို
လုပ်ချင်ရာလုပ် ၊သဘာဝရေမြေတောတောင်က အစ အကုန် ဖျ က်စီးနေတဲ. သူတွေ က
ကျမတို. မြန်မာနိုင် ငံမှာ ကမ္ဘာ. စံချိန် ကျိုး အောင် ခပ်မိန်.မိန်.ကြီး
တွေ ရှိနေဆဲ။။ သူတို.သာလျင် မယုတ်မလျော. ခိုင်မာနေ ဆဲ ၊
အာဏာလက်ကိုင်ထားဆဲပါ။ ဒါဘာကြောင်.လဲဆိုတော. သူတို.ကို အကာအကွယ်ပြုထားတဲ.
ဥပဒေတွေနဲ.၊သူတို.အတွက်ပြည်သူတွေကို ဗိုလ်ကျကျ အမြဲထိန်းချုပ် နေ တဲ.
ယန္တရား တွေပဲ မြန်မာပြည်မှာ အားကောင်းနေ ဆဲ မို.မဟုတ်ပါလား။ ဒါလူတိုင်း
သိပြီးသားပါ။

သို.သော် ဒီလို ဆိုးဆိုးဝါးဝါး
အကျင်.ပျက်မှုတွေကို ကျန်တဲ.တိုင်းပြည်တွေမှာ ဆိုကောင်းကောင်း အရေးယူလို.
ရပါတယ်။ နိုင်ငံတိုင်း မှာ အကျင်.ပျက် ခြစားမှုတွေကို တားမြစ် နိုင်တဲ.
ပြဌန်းချက်တွေ ၊ high profile corruption တွေ ဖြစ်လာရင်လည်း ပြင်းထန်စွာ
အေ၇းယူနိုင်တဲ.ဥပဒေတွေ နဲ. အတူ အကျင်.ပျက်မှု ကိစ္စ တွေ မှန်သမျှကို
တိုက်ဖျက် ဖို. ထိရောက် ခိုင်မာ တဲ. Corruption enforcement agencies တွေ
ရှိနေကြပါတယ်။ ဥပမာတခုပေးရ မယ် ဆို ရင် မြန်မာပြည် က ပြည်သူပိုင်
ေ၇မြေတောတောင် မြေပေါ်မြေအောက် ၇တနာ အ၇င်းအမြစ်တွေ ကို အဓမ္မ ပြု
သိမ်းပိုက်ပြီး ချမ်းသာနေတဲ. ဗိုလ်ချုပ်ကြီးတွေနဲ. သူတို. ရဲ.
ခရိုနီတွေပိုက်ဆံ အပ်နှံထားတဲ. စင်ကာပူမှာ high profile corruption တွေကို
ဘယ်လိုဖြေရှင်းသလဲ။ စင်ကာပူ မိုဒယ်လ် နဲ. ဟောင် ကောင် မိုဒယ်လ် ကို နိုင်
ငံတော်တော် များများ က သူတို. နိုင်ငံအသီးသီး ရဲ.
ထူးခြားတဲ.လိုအပ်ချက်တွေနဲ. အညီ အတုခိုးကြတယ်။ လေ.လာကြတယ်။

အစိုးရက
ကမကထ ပြု ပြီး သူ. ရင်ခွင်ပိုက် သားကလေးကို ချစ်ခင် သကဲ.သို.ကာကွယ်
စောင်.ရှောက် ထားသော ဖေါက်ပြန်မှု၊ အကျင်.ပျက် ခြစားမှု ကို ပြည်သူလူထု အနေ
ဖြင်. ဆက်လက် သည်းခံ နေ ဖို. အကြောင်း လုံးလုံး မရှိ တော.ပြီ။

အကျင်ပျက်မှုတွေ
ပြတ်ပြတ်သားသားရင်ဆိုင် ဖို.၊လူထုကြီးနိုး ကြားနေဖို.၊ အစိုးရမဟုတ် သည်.
ပုဂ္ဂလိက မျိုးချစ်ကျွမ်းကျင် ပညာရှင် အဖွဲ. တခုခု ဦးဆောင် ပြီးက
ပထမခြေလှမ်း စ ရ မည်. အချိန်ရောက် နေ ပြီ.. မဆန်.ကျင် လျှင်
နိုင်ငံတခုလုံးကို ပျက်ဆီး နေစေသော အကျင်.များ အစဉ်အလာများ က လူတန်းစား
အသီးသီး ကြား မှာ လက်ခံလို. ရ သည်. ယဉ်ကျေးမှု တရပ် လိုဖြစ် သွားလိမ်.မည်။
ဤသို. ဖြစ်သွားလျှင် ကမ္ဘာပျက် ၍မြန်မာ လူမျိုး တခုလုံး အစပျောက် သွား
မဲ.အဖြစ် က ပို နှစ်သက်စရာ ကောင်း လိမ်.မည်။ ပွဲကြီး၊ အချီကြီး ၊ ထိပ်သီး
အကျင်.ပျက်မှု တို.ကမြန်မာ လူ.ဘောင် ၏အလယ်အလတ် နှင်. အောက်ခြေ တန်းတို. က
ပါမကောင်းတာမှန်သမျှကို ပျော်ပျော် ရွှင်ရွှင်ကြီး လိုက်လုပ်နေ ကြခြင်းဖြင်.
ငါတို.ဗမာ ဘာကို လူမျိုး တခုအနေ နဲ. ဂုဏ်ယူစရာ ကြွားစရာ ရှိသနည်း။

လူမျိုးတခုလုံး
စီးပွားရေး ဖွံ. ဖြိုး တိုးတက်မှု၊ စာရိတ္တ ဖွံ.ဖြိုးတိုးတက်မှု ကို
သေသေချာချာ စောင်.ရှောက်နိုင်သော စနစ်တခုမရှိသရွေ. ထိပ်သီး တို.၏
high-profile corruptionသည် မဟာအန္တရယ် ဖြစ် သည်..

အစိုးရက
ကမကထ ပြု ပြီး သူ. ရင်ခွင်ပိုက် သားကလေးကို ချစ်ခင် သကဲ.သို.ကာကွယ်
စောင်.ရှောက် ထားသော ဖေါက်ပြန်မှု၊ အကျင်.ပျက် ခြစားမှု ကို
အတိုင်းအတာတခုအထိ ဖြေရှင်းရန် Independent Commission Against Corruption
တခု အမြန် ဆုံးပေါ်ပေါက် စေပြီး လောကပါလတရား ရေးအတွက် အားလုံး
ထကြွတောင်းဆို၇မည်ဖြစ်သည်။ အစိုးရ နှင်. ထိပ်တန်းအတိုက်အခံခေါင်းဆောင်များ ၊
လွတ်လပ်သော ပညာရှင်များ နှင်. ဥပဒေပညာရှင်များပါ ပူးပေါင်းပါဝင်သည်.
Independent Commission Against Corruption တခု ကို ဘေးသင်.နေသော နိုင်ငံ
၏လိုအပ်ချက် အရ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို. အချိန်သာဖြစ် သည်။
သို.မဟုတ်ပါက သူတို. ရွေးထားသော လမ်း သည် ဒီမိုကရေစီ မဟုတ်။ It is just an
open road to perdition. ခေတ်သစ် ဂုတ်သွေးစုပ် ဝါဒ ဖြင်. corruption ကို
စနစ်တကျ မဖြေရှင်းချင် ပဲ၊ ဖြေရှင်းဖို.မကြိုးစားပဲ ၊ စနစ်တကျ ကာကွယ်တယ်ဆို
တာ လူမျိုး ဘာသာ သာသနာေ၇မြေတောတောင် ပြုတ်ပြုတ် ပြုန်းစေတဲ. လူမှု ငရဲ
သို. သွားရာလမ်း သာဖြစ် သည် ။ ဒီလမ်းက မြန်မာပြည်မှာ အရမ်း ထွန်းကား
စည်ပင်တယ် ဆိုတာ သိပ်ကြောက် ဖို.ကောင်း သည်။ ဒုက္ခတွင်းမဲကြီးစီ အရောက်
အားလုံးကို ပို.နေတဲ. လမ်းဆိုးကြီးပဲဖြစ်သည်။ အစိုးရက ကမကထပြု တဲ. လမ်း
ဆိုပေမဲ.ဒီလမ်းဖေါက်ထားသူတွေလဲ အနှေးနဲ.အမြန်ဆို ဒီလမ်း
ဆုံးပဲရောက်သွား လိမ်.မည်။ သံသရာကို စောင်.ဖို. ကမှ နဲနဲ ကြာ ပါဦးမည်။

တိုင်းပြည်ချစ် တဲ. သူမှန်သမျှ ကိုယ်.အလုပ် ကိုယ် လုပ် ကြရမယ်။

လူတွေ၊
သန်းပေါင်းများစွာသော မြန်မာ နိုင် ငံသားတွေ မှာ ဘဝတန်ဖိုး မရှိ။
လွတ်လပ်မှုမရှိ။ ပိုင်ဆိုင်မှုမရှိ။သူတို.ကို ထိခိုက်
ဆင်းရဲစေသောအကြောင်းရင်းများ နင်. ဤ အကြောင်း တရားတို. ကို အမြဲလက်ခံနေရ
မည်. ဥပဒေ(သို.)neo-military လူမှုယဉ်ကျေးမှု တရပ် ကို စနစ်တကျ ထိန်းချုပ်
ထားချင်သော လက်တဆုပ်စာ လူတစု ၏ သွေးထိုးခြယ်လှယ် ခြင်း တို.ကို ဘယ်သူကမှ
အားပေး အား မြှောက် မလုပ်သင်.တော.ပြီ။ ပါလီမန် ရှိရင် ဒေါ်စုလည်း ရှိနေပြီ ၊
အလိုလို အဖြည်းဖြည်း နဲ. အကျင်.ပျက်မှု တိုက်ဖျက်ရေး ဥပဒေတွေ ပေါ်လာမှာ
ပဲလို. မျှော်ပြီးရင်းမျှော်ဆဲ ဆို လျှင် ကိုယ်. ကြမ္မာ ကိုယ် ဖန်တီးရ
မည်. အနေအထားတွင် ၊ တကယ်ရင်ဆိုင်နေရသော နိုင်ငံ. စီးပွား လူမှုပြဿနာ ကြီး
ကို အန္တရယ် ကြီးစွာ လျှော.၍ ဖေါ.၍ တွေးခေါ်မေ.လျော. လိုက်ခြင်း မဟုတ်ပါလား။
အလွန်.အလွန်အရေးပါ သော၊ အန္တရယ် ကြီးမားသော ၊ သူ.ကို မရှင်း လျင်
ရှိသမျှကျန်တဲ.အရာအား လုံး တစစီ ပျက်စီး သွားစေ မည်. တကယ်.အရင်းခံပြဿနာ
ဆိုးကြီးသာ မဟုတ်ပါလား။

ကြောင်တကောင် ပင်လျင် ဘုရင်မကြီးဆိုတာကို စိုက်ကြည်.လို. ရ တယ်ဆိုတဲ.English စကားပုံလေးရှိပါတယ်။
A
cat may look at a Queen တဲ.။ မြန်မာပြည်က ဘုရင် မဟုတ်သော သူများ ကို
ကမ်းနားသစ်ပင် လို.သာ သဘောထား ကြမယ်။ တိုင်းပြည်ချစ် တဲ. သူမှန်သမျှအတူတူ
ငြိမ်းချမ်းစွာ ဒီပြဿနာ ကို ဖြေ ရှင်းကြမယ်။ သူတို.ကို အားလုံး တဖန်ပြန်
စိုက်ကြည်.ကြမယ်။ နိုင်ငံသားတွေ ရဲ. အသေး၊အလတ်၊အကြီး ရဲဝင်.မှု
အသီးသီးကို ခြွင်း ချက်မရှိ ဖိနှိပ် နိုင် ခဲ.တဲ. ဘုရင် ဆို တာ ဘယ်. ကမ္ဘာ.
သမိုင်းမှာ မှ တခါ မှ မရှိ ခဲ.တာ သာအမှန်တရား။

by Aye Aye Soe Win

0 comments: