Friday, May 25, 2012

ပြည်သူတွေကိုတော့ လျှပ်စစ်ခြွေတာသုံးဖို့ ညွှန်ကြားနေတဲ့ သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင် စကားကို စဉ်းစားချင့်ချိန်ပြောဆိုပါ..

တောကြီးမျက်မည်းထဲက လျှပ်စစ်မီးကို ဖြန်းနေတဲ့ နီကယ်စီမံကိန်း

သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင် ဒီပုံကို ကြည့်ပြီးမှ.. စကားကို စဉ်းစားချင့်ချိန်ပြောဆိုပါ..။ (ဒုတိယ ဦးဇော်မင်း ဖြစ်ချင်တယ် ဆိုရင်တော့ မဆင်မခြင် ဆက်ပြောပါ)

ဒီမိုဝေယံ ဘလော့ဂ်မှာ မကြာမှီ ဖော်ပြပေးပါမယ်..။ လောလောဆယ် ဖေ့စ်ဘွတ် ပရိသတ်နဲ့ အများသိအောင် တင်ပေး လိုက်ပါတယ်..။ တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းရဲ့ တောကြီးမျက်မည်းထဲက ညဘက်မြင်ကွင်းပါ။ နေ့ဘက် မြင်ကွင်းတွေ ကိုတော့ ယခင်တင်ထားတာ ပြန်ယှဉ်ကြည့်နိုင် ပါတယ်..။ http://www.demowaiyan.org/2012/03/blog-post_3829.html
See more

ဒီဓာတ်ပုံကတော့ ယခုရက်ပိုင်းအတွင်း မြင်တွေ့ရတဲ့ တရုတ်နဲ့ ဖက်စပ်တူးဖော် ထုတ်လုပ်နေ...တဲ့ ဒေါ်လာ သန်း ၈၀၀တန် နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်းရဲ့ ညဘက်မြင်ကွင်းပါ..။

ပြည်သူတွေကိုတော့ လျှပ်စစ်ခြွေတာသုံးဖို့ ညွှန်ကြားနေတယ်။ သပိတ်ကျင်းခရိုင် တောကြီး မျက်မည်းထဲက စီမံကိန်း ကွန်ဗေယာလိုင်း ကိုတော့ ထိန်ညီးနေအောင် လျှပ်စစ်မီးတွေ ထွန်းထားတယ်...။

သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင်ခင်ဗျား ..... ဒီမိုဝေယံမှ မတ်လက တင်ပြထားတဲ့ အဆိုပါ စီမံကိန်းကို www.demowaiyan.org/2012/03/blog-post_3829.html မှာ ပြန်ဖတ်နိုင်ပါ။

သတင်းရင်းမြစ် - ဒီမိုဝေယံ 

0 comments: