ဆူးလေတွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ
(၁) ဖယောင်တိုင်မီးများ ထွန်းညှိ ကိုင်ဆောင်ထားသော ဆန္ဒဖော်ထုတ်သူ ၅၀ ခန့်သည့် ယနေ့ည ၇ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေ မီးပွိုင့်အနီးရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင် ရှေ့မှ ဆူးလေ ဘုရားလမ်းအတိုင်း စတင်ထွက်ခွာ လာခဲ့ပြီး ယခုအခါ မဟာဗန္ဓုလလမ်း အတိုင်း ၂၈ လမ်းဘက်သို့ သွားနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
(၂) ဖယောင်းတိုင် မီးထွန်း ဆန္ဒပြသူများမှာ မဟာဗန္ဓုလလမ်းအတိုင်း စီတန်း သွားလာနေရာမှ ၃၂ လမ်း အရောက်တွင် ပြန်လှည့်လာကြပြီး ယခုအခါ ဆူးလေဘုရားပေါ်သို့ တက်ရောက် သွားကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
by: The Voice Weekly
လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖော်မှု ရန်ကုန်မြို့မြင်ကွင်းများ
Photo By:D-Min (တိုက်ရိုက်ပေးပို့သည်)Yangon Media Group
0 comments:
Post a Comment