Thursday, March 22, 2012

ဂျပန်အစိုးရမှ ODA ပြန်လည်ပေးရန် စဉ်းစားသည့်အပေါ် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေး


၂၀၁၂ ခုနှစ် မတ်လ(၂၁)ရက်။

ဂျပန်အစိုးရ မှ မြန်မာအစိုးရအားကို ODA ပြန်လည်ပေးရန် စဉ်းစားသည့်အပေါ် ဂျပန်ရှိ မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အသည်းများ၊ မြန်မာ့အရေးကို ကူညီဆောင်ရွက်ကြသည့် NGO အဖွဲ့များတို့နှင့် တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ကို တိုကျို Kasumigaseki ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၌ ယနေ့ နေလည် ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ကူညီထောက်ပံ့ရေး တာဝန်ခံများ၊ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန် ODA တာဝန်ခံများ နှင့် JICA တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ODA နှင့်ပတ်သက်သည့် အမြင်သဘောထားများတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 comments: