Thursday, March 22, 2012

လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်စေရေးကို ထိခိုက်နိုင်ကြောင်း NLDမှသဘောထားထုတ်ပြန်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၁)ရက်
သတင်းထုတ်ပြန်ချက်

၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ် လာသည်နှင့်အမျှ ရွေးကောက်ပွဲ ဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမို များပြား လာပါသည်။ ယင်းပြဿနာများ အနက် အချို့ကိုအောက်ပါ အတိုင်း ဖေါ်ပြ လိုက်ပါသည်။

၁။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မဲဆန္ဒနယ်(က)။ မဲစာရင်းများကို ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးရုံး တစ်နေရာ တည်းတွင်သာ ကြေညာထားသဖြင့် အလှမ်းကွာဝေးသော ကျေးရွာများမှ မဲဆန္ဒရှင်များ အချိန်မှီ သိရှိရန်ခက်ခဲခြင်း၊
(ခ)။ မဲဆန္ဒ နယ်မြေအတွင်း အမှန်တကယ် နေထိုင်ပြီး မဆန္ဒ မပေးနိုင်သည့် အရည်အချင်း ရှိသူဖြစ်သော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း။
(ဂ)။ တစ်မိသားစုတည်း အတူနေသူများအနက် အချို့ မဲစာရင်းတွင် ပါဝင်သော်လည်း၊ အချို့မပါဝင်ခြင်း၊
(ဃ)။ ကွယ်လွန်ပြီး သူများ၏ အမည်များ မဲစာရင်းတွင် ပါဝင်နေခြင်း။

၂။ ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်မဲဆန္ဒနယ်
(က)။ ရေကြည်မြို့နယ်ကွင်းလျားကျေးရွာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ် စည်းရုံးရေး ဆင်းရာတွင် ကွင်းလျှားကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမြင့်ဝင်းမှ ကျေးရွာသို့ဆင့်ခေါ်စာ ထုတ်ခဲ့ခြင်း။
(ခ)။ ကျေးရွာအုပ်ချုပ်ရေးမှုး၏ ဖိတ်စာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ဟု မမှန်မကန် အကြောင်းပြ ဆင့်ခေါ်ခဲ့ခြင်း။

၃။ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်မဲဆန္ဒနယ်(က)။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်သိန်း၏ ဓာတ်ပုံနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဓာတ်ပုံကို ပူးတွဲ ရိုက်နှိပ်ပြီး မဲဆွယ် စည်းရုံးနေခြင်း။
(ခ)။ သက်ဆိုင်ရာအာဏာပိုင်များကလည်း ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်နေခြင်း။
၎။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်၁၂.၃.၂၀၁၂ နေ့ရက် အထိ မဲစာရင်းများ မရရှိသေးခြင်း၊ မြို့နယ်ကော်မရှင်တွင် မဲစာရင်း ကူးယူ တောင်းခံရာ၊ အဆင်သင့် မဖြစ်သေးကြောင်းနှင့် အသင့်ဖြစ်ပါက အကြောင်းကြားမည် ဟုသာ ဖြေကြား လျက်ရှိသည်။


၅။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မဲဆန္ဒနယ်မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ် မဲဆန္ဒနယ်တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် အတွက် ခွင့်ပြုမိန့် တောင်းခံ ခဲ့ပါသည်။ ယင်းကိစ္စအတွက် တိုင်းဒေသကြီး တာဝန်ရှိသူတွေ့ဆုံခဲ့ရာတွင် ဟောပြောပွဲကို မင်းတို့ကြိုက်တဲ့ သင်္ချိုင်းမှာ သွားလုပ်ဟု ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် ဟောပြောရန် ခွင့်တောင်း စီစဉ် ရာတွင်လည်း တာဝန်ရှိသူတို့က ဟောပြောပွဲ မကျင်းပနိုင်ရန် သဲသောင်ပြင်ကို တူးဆွမှုများ ပြုလုပ်ခြင်း။ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပေါ်တွင်
ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပေါ်တွင်


၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်မဲဆန္ဒနယ်
ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပုလဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တို့သည် ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ငွေပေး၍ ပြည်ခိုင်ဖြိုး ပါတီအတွက် မဲဆွယ် စည်းရုံးနေခြင်း။

၇။ ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မြေ(က)။ ပြည်ခိုင်ဖြိုး ပါတီမှ အမှတ်(၈) ရပ်ကွက်အတွင်း၊ ၁၀.၃.၂၀၁၂ ရက်နေ့၌ ငွေထုတ် ချေးရာတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျင်း၍ မမှန်မကန် ရေးသားထားသော ငါးမင်းဆွေ အမည်ဖြင့် ရိုက်နှိပ်ထားသော စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ခြင်း။
(ခ)။ မဲဆန္ဒနယ်မြေ အတွင်း မဲစာရင်း နောက်တိုးပြင်ဆင်ချက်မှာ ယနေ့အထိ ၃၆၀၀၀ ကျော် ရှိနေခြင်း။

အထက်ပါကိစ္စရပ်များသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို  ထိခိုက် စေနိုင်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 comments: