Thursday, 22 March 2012
မတ်လ(၂၂)ရက် ယနေ့ မနက်ပိုင်း ( ရး၃၀)နာရီ မှ (၉း၃၀)နာရီ အတောအတွင်း ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ကောက်ဂျန် ကျေးရွာ( ရှမ်းရွာ) ဘက်မှ ဘန်ဒေါင်-ဧဒင် ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ချီတက်လာသော မြန်မာ အစိုးရတပ် ခလရ (၃ရ)(၄၀)၊ ခမရ(၃၈၈) ပူးပေါင်း တပ်ဖွဲ့ များနှင့် ကေအိုင်...အေ တပ်မဟာ(၅) လက်အောက်ခံ မျိုးချစ် တပ်ဖွဲ့ ဝင်တို့ နန်ဆန်ခ နှင့် ဧဒင် ကျေးရွာ ပါတ်ဝန်းကျင်တို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ တိုက်ပွဲတွင်း နှစ်ဖက် ထိခိုက်မှုများအား မသိရသေးပါ။
အလားတူ မတ်လ(၂၁-၂၂)ရက်အတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီး အနီးရှိ အင်ပေါင်ကျေးရွာ နှင့် ကန်တော်ယန် ကျေးရွာ အကြားတွင် ရောက်ရှိနေသော မြန်မာအစိုးရတပ် ခလရ(၂၆၀), ခမရ(၃၈၉)(၃၉၀) ပူးပေါင်း တပ်ဖွဲ့များ အင်ပေါင် ကျေးရွာဘက်သို့ စစ်ကြောင်းထိုး တက်လာရာ ကေအိုင်အေ တပ်ရင်း(၂၅၅)မှ မျိုးချစ်တပ်ဖွဲ့ဝင်များမှ အဆိုပါ စစ်ကြောင်းအား ဟန့်တား တိုက်ခိုက်ကာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယခု ရက်ပိုင်း အတောအတွင်း နှစ်ဖက်တပ်ဖွဲ့ များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၅ ရက်မျှ ကြာမြင့် နေပြီဖြစ်ပြီး မြန်မာစစ်တပ်ဘက်မှ ဓါတုလက်နက်များ သုံးစွဲကာ ကေအိုင်အေ တပ်ဖွဲ့ဝင်များ ရှိရာသို့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေကြောင်း ထပ်မံသိရှိရသည်။
အလားတူ မတ်လ(၂၁-၂၂)ရက်အတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီး အနီးရှိ အင်ပေါင်ကျေးရွာ နှင့် ကန်တော်ယန် ကျေးရွာ အကြားတွင် ရောက်ရှိနေသော မြန်မာအစိုးရတပ် ခလရ(၂၆၀), ခမရ(၃၈၉)(၃၉၀) ပူးပေါင်း တပ်ဖွဲ့များ အင်ပေါင် ကျေးရွာဘက်သို့ စစ်ကြောင်းထိုး တက်လာရာ ကေအိုင်အေ တပ်ရင်း(၂၅၅)မှ မျိုးချစ်တပ်ဖွဲ့ဝင်များမှ အဆိုပါ စစ်ကြောင်းအား ဟန့်တား တိုက်ခိုက်ကာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့
ယခု ရက်ပိုင်း အတောအတွင်း နှစ်ဖက်တပ်ဖွဲ့ များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသ
0 comments:
Post a Comment