ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းခြင်း မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ရွှေပြည်သာမြို့နယ် ပန်းခြံ (၇) စိန်စည် ဂုဏ်ရောင်လမ်းမှာ ရှိတဲ့ ကျော်ဟိန်းလက်ဖက်ရည်ဆိုင်မှာ မတ်လ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ္ဂကို Excel garment ၊ Popular နဲ့ Ever First အထည်ချုပ်စက်ရုံတွေမှ အလုပ်သမားတွေ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး သမဂ္ဂကို ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့စဉ်က စက်ရုံအာဏာပိုင်တွေဘက်က အလုပ်သမားတချို့ကို ခြိမ်းခြောက် ပြောဆိုမှုတွေ၊ အလုပ်က ထုတ်ပစ်တာတွေနဲ့ ရာထူးမှ လျော့ချခဲ့တာတွေ လုပ် ခဲ့တယ်လို့ သိရပါတယ်။
Copy from - BurmaVJMedia
0 comments:
Post a Comment