Friday, March 23, 2012

ဘိန်းခင်းများဖျက်ဆီးခြင်းမရှိပဲ ခြံပိုင်ရှင်များထံသာ ငွေတောင်း



၂၀၁၂ ခုနျစ် မတ်လ ၂၂ ရက်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်း တာမိုးညဲ၊ နမ့်ဖတ်ကာ၊ ကောင်းခါး၊ ကာလိုင်နှင့် ပန်းဆေး ပတ်ဝန်းကျင်တွင် ဘိန်းစိုက်ပျိုးမှုသိသိသာသာစိုက်ပျိုးနေသော်လည်း သက်ဆိုင်ရာရဲ၊ စရဖနှင့်နယ်ထိန်းများက ဘိန်းခြံပိုင်ရှင်များထံသာ ငွေတောင်းစားနေကြောင်း သိရှိရသည်။

“ တာမိုးညဲဒေသမှဆိုရင် ဘိန်းစိုက်ခင်း ဧက(၆၀)ကျော်၊ နမ့်ဖတ်ကာမှာ ဧက (၄၀)ကျော်၊ ကောင်းခါးဒေသမှာ ဧက (၈၀)ကျော်၊ ကာလိုင်ပတ်ဝန်းကျင်မှာ ဧက (၅၀)ကျော်၊ ကွတ်ခိုင်မြို့ ပန်ဆေးရွာမှာဆို ဧက(၂၀)ကျော် လောက်ရှိတယ်” ဟု ရဲသားတဦးမှ ရဲစခန်းစာရင်းအရ ပြောပြခဲ့သည်။
...
အာဏာပိုင်များသည် ဘိန်းစိုက်ပျိုးနေဆဲဒေသများ၊ ဘိန်းခင်းများ လိုက်လံ ဖျက်ဆီးခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘဲ ရဲဝန်ထမ်း၊ စရဖ၊ နယ်ထိန်းတွေအားလုံးက ဘိန်းခြံ ပိုင်ရှင်များထံ ငွေတောင်းခံခြင်းအလုပ်သာ လုပ်ဆောင်နေကြသည်ဟု ၄င်းရဲဝန်ထမ်းမှဆက်လက်ပြောပြခဲ့သည်။

အထက်ပါ ဘိန်းဧက စာရင်းမှာ ရဲများ လက်လှမ်းမှီသော နေရာများသာဖြစ်ပြီး အခြားနေရာများတွင်လည်း ဘိန်းစိုက်ခင်းများ ရှိနေနိုင်သေးကြောင်း ၄င်းကဆိုသည်။

ကွတ်ခိုင်မြို့သည် ဘိန်းအများဆုံး စိုက်ပျိုးသည့်ဒေသဖြစ်သည့်အပြင် ဘိန်းရောင်းဝယ် သုံးစွဲမှု အများဆုံး ဖြစ်သောမြို့ အဖြစ်လူသိများသည်။ ထို့အပြင် ကွတ်ခိုင်မြို့နယ် USDP လွတ်တော်အမတ်တွေ ကိုယ်တိုင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ် လုပ်ဆောင်နေသည်ဟု တအာင်း(ပလောင်) အမျိုးသမီးအစည်း အရုံးမှ ထုတ်ဝေသည့် “အဆိပ်သင့်နေဆဲ” အစီရင်ခံစာတွေ ဖော်ပြထားသည်။
 

0 comments: