Sunday, March 11, 2012

အုပ်ချုပ်ရေးမှာ စစ်တပ်က ၀င်ရှုပ်ခြင်း

March 11, 2012
ဦးသိန်းစိန် အရပ်သား အုပ်ချုပ်ရေးမှာ စစ်တပ်က ၀င်စွက်နေတဲ့ သက်သေ တချို့

ဘောင်းဘီဝတ် ဗိုလ်မှူးချုပ် မျိုးမြင့်သန်းက ဘောင်းဘီဝတ် ဦးမျိုးမြင့်သန်း ဖြစ်သွားတယ်၊ နိုင်ငံခြားရေး ဌာနက သူ့ကို သံအမတ်ကြီး ရာထူး ပေးလိုက်တယ် ဆိုပြီး သက်သေ အမှတ် ၁ မှာ ဖော်ပြ ထားပါတယ်။သက်သေ ၄ ခု၊ထောက်ပြချက် ၄ ခုကို ဆွေဆွေကြည်ရဲ့ Facebook  http://www.facebook.com/sweswekyi2012 ကနေ ယူပါတယ်။

သက်သေ(၁)
=========================================
posting မရှိဘဲ သံအတွေ့အကြုံ မရှိဘဲ ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်မှူးချုပ်ကို သံအမတ် တိုက်ရိုက်ခန့်)

ဗိုလ်မှူးချုပ်ကို သံအမတ်ကြီးအဖြစ် တာဝန်ပေး ခန့်ထားနိုင်ရေးအတွက် ကာကွယ်ရေးက နိုင်ငံခြားရေးကို ပေးပို့တဲ့ စာအပြည့်အစုံ ဖတ်ရှုနိုင်မယ့် လင့် http://1.bp.blogspot.com/-gSlu-qFsHzE/T1wrr_UPujI/AAAAAAAAE54/cUBsdm5Ah6U/s1600/1qwxx.jpg
သက်သေ(၂)
=========================================

တိုင်းပြည်မှာ အရေးပေါ် အခြေအနေပေါ်ပေါက်လာလို့ ကာလုံအဖွဲ့ဝင် ၁၁ ဦးလုံး အစည်းအဝေး မတက်နိုင်ရင် သမ္မတ သိန်းစိန်ဟာ ကာချုပ်မင်းအောင်လှိုင်၊ ဒုကာချုပ်စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ အစည်းအဝေးခေါ်ပြီး အရေးပေါ် အခြေအနေ ကြေညာ နိုင်တယ်လို့ အခြေခံဥပဒေ ၂၀၀၈မှာ ပြဋ္ဌာန်းထားတယ်။

ဒါကြောင့် စစ်ဗိုလ် ၀န်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ၂ ဦးဟာ ကျန်ပြည်ထောင်စု ၀န်ကြီးတွေထက် ပိုအရေးပါတဲ့ လူတန်းစားသစ် စူပါ ၀န်ကြီးတွေ ဖြစ်နေပါသတဲ့။

သက်သေ(၃)
=========================================

တိုင်းပြည်မှာ အရေးပေါ် အခြေအနေဖြစ်လာရင် ကာချုပ်မင်းအောင်လှိုင်က တကူးတက အာဏာသိမ်းရန် မလိုပါ။ နိုင်ငံတော် သမ္မတသိန်းစိန်ကသာ ကာချုပ်မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွဲအပ်ကြောင်း ကြေညာ ပေးရမည်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါ...သတဲ့။ (ပုဒ်မ ၄၁၈(က)).

အဲလို ကြေညာချိန်က စပြီး လွှတ်တော်အားလုံး ဥပဒေပြုဆိုင်ရာ လုပ်ငန်းအားလုံး ရပ်ဆိုင်းရမည်။ ယင်းလွှတ်တော်များ သက်တမ်းကုန်လျင် သက်ဆိုင်ရာ လွှတ်တော်တွေ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်ရမည်လို့ပါ ပြဋ္ဌာန်းထား ပါတယ်။

သက်သေ(၄)
=========================================

အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၂ မှာ ပြဋ္ဌာန်းထားတာက နိုင်ငံတော် သမ္မတသည် ကာလုံ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည် လို့သာ ရေးထားတယ်။ သမ္မတက တိုက်ရိုက်ခန့်ခွင့်ရှိသည်လို့ ဦးသိန်းစိန်ပြောသလို ရေးမထားပါ။ သဘောကတော့ ကာလုံရဲ့ ထောက်ခံချက် မရဘဲ ကာချုပ်ကို သမ္မတက သူ့သဘောနဲ့ တိုက်ရိုက်ခန့်ထားခွင့်မရှိ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ကာလုံအဖွဲ့ဟာ ၁၁ မဲမှာ စစ်တပ်က ၆မဲကိုင်ထားတာမို့ စစ်တပ်က ခန့်ချင်သူကိုသာ ကာချုပ်ခန့်နိုင်တယ် ဆိုတဲ့ သဘော သက်ရောက်နေတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားမယူခင် သူကြိုက်တဲ့သူ ခေါင်းခေါက် ခန့်ခဲ့တာဖြစ်တယ်။

ထူးခြားတာက သမ္မတနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို ဘယ်လိုအရေးယူ အပြစ်ပေးမလဲ ဆိုတာသာ အခြေခံ ဥပဒေမှာ ရေးထားပြီး ကာချုပ်ကို ဘယ်လိုဖြုတ်ရမယ် ဆိုတာတော့ တမင်ပြဋ္ဌာန်း မထားပါ။ ဒါကြောင့် ကာချုပ် မင်းအောင်လှိုင်ကို အခြေခံဥပဒေ ၂၀၀၈ အထက်ရောက်နေသူလို့ တင်စား ပြောကြပါတယ်။ ဒါကြောင့် အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာ အလွန်အကျွံပေးထားတယ်လို့ အန်တီစုက ပြောတာဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

0 comments: