Saturday, March 17, 2012

ကော့မှူးမြို့နယ်မှ ဆန္ဒမဲအတွက် လိမ်လည်မှုများ ပြုလုပ်နေ

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး
ကော့မှူးမြို့နယ်က ဝါးဘလောက်သောက် ကျေးရွာမှာ လူအယောက် ၄၉၀ ခန့် မဲစာရင်းထဲ ပါမလာပါဘူး။ အဲဒီလို ဖြစ်တာဟာ ယခင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲစာရင်းကို အခြေခံပြီးတော့ မဲစာရင်း ထပ်မံ မကောက်ခံ တဲ့အတွက် အခုလိုဖြစ်တာ ဖြစ်ပါတယ်။ အခုလို ဖြစ်နေတာတွေကို ကော့မှူးမြို့နယ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် နေပြည်တော်ကို သွားရောက် တင်ပြဖို့ အစီစဉ် လုပ်ထားပါတယ်။ အဲဒီလို မဲမသမာမှုတွေအပြင် ကျေးရွာတွေမှာလဲ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးဆိုတဲ့ အမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကောင်းကြောင်း တွေကို ရေးသားဖြန့် ဝေနေတယ်လို့ သိရှိရပါတယ်။

Copy from - BurmaVJMedia

0 comments: