ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ် စည်းရုံးရေးခရီးစဉ်အဖြစ် ယနေ့(၁၇.၃.၂၀၁၂) မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် လေယာဉ်ဖြင့် ရောက်ရှိလာပြီး လားရှိုးတက္ကသိုလ်ရှေ့ရှိ ဦးသန်းဌေး၏ အိမ်ဝင်းအတွင်း ခေတ္တ အနားယူခဲ့သည်။ ထို့နောက် ရန်တိုင်းအောင် ဘုရားကြီးရှေ့ရှိ ကွင်းပြင်သို့ သွားရောက်ကာ ရှစ်သောင်းခန့်ရှိသည့် လူထုအား မိန့်ခွန်း ပြောကြားခဲ့သည်။ ယခင် ဟောပြောပွဲများထက် အချိန်ကြာမြင့်စွာ ဟောပြောခဲ့ သည့် ခရီးစဉ်တစ်ခုဖြစ်သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
Copy from - 7Day News Journal
0 comments:
Post a Comment