ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်း နမ်ဆန်ယန်ရွာ အနီး ဘန်ဒေါင်ယန်ရွာမှ ရွာသား (၅) ဦးကို ဗမာစစ်တပ်က မတ်လ (၂၆) ရက်နေ့တွင်အရှင်လတ်လတ် မြေမြုပ် သတ်ပစ် လိုက်ကြောင်း သတင်း ရရှိပါသည်။
အရှင်လတ်လတ် မြေမြုပ် သတ်ဖြတ် ခံလိုက်ရသူများမှာ ဘန်ဒေါင်ယန်ရွာမှ ဖြစ်ပြီး ကျား (၂)ဦး၊ မ (၃)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ် များသည် ရွာသားများကို သတ်ဖြတ်ယုံ သာမက ရွာသူရွာသားများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။
(Jinghpaw Kasa) ဒုက္ခသည် အရေအတွက်မှ နေ့စဉ် တိုးပွားနေပြီး ရေအခက်အခဲ အစားအစာ အခက်အခဲ မျိုးစုံကြုံတွေ့နေရပြီး ကျမ္မာရေး အခြေအနေမှာ စိုးရိမ်ဖွယ် ကောင်းနေသည်ဟု ဒေသခံNGO ဝန်ထမ်း တဦးက ပြောပြသည်။
Copy from - komoethee
0 comments:
Post a Comment