Monday, March 19, 2012
မန်းငြိမ်းလွတ်ပြီ
မန်းငြိမ်းမောင် လွတ်ပြီ။ ဒီနေ့မနက် ၇နာရီ ၃၀မိနစ်မှာ လွတ်တယ်။ သူကို နေပြည်တော်ကို သမတ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် အရ ပြည်ထဲရေးဝန်ကြီး လက်မှတ်နဲ့ လွတ်ပေးလိုက်တာလို့ သိရတယ်။ အခု သူကို နေပြည်တော်ကို ခေါ်သွားနေတယ်။ သူဟာ နေပြည်တော်သွား ကားပေါ်ကနေ သူရဲ့ အတွင်းရေးမှု နော်စီဖိုးရာစိန်ကို လွတ်မြောက်ပြီ ဖြစ်ကြောင်း သတင်းပို့ ခဲ့တယ်လို့ သိရတယ်။
သူလွတ်လာတာကြားလို့ ၀မ်းသာတယ်။ ဒါဟာ ငြိမ်းချမ်းရေး အတွက် နမိတ်ကောင်း တခုဖြစ်တယ်။ အစိုးရ အနေနဲ့  မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို မြန်မြန် လုပ်ဆောင် စေချင်တယ်။ ကျန်ရှိတဲ့ နိင်ငံရေး အကျဉ်းသားတွေ ကိုအမြန်ဆုံး ဆက်လက်လွတ်ပေးဖို့ ကိုလဲ ကျနော် တိုက်တွန်း ချင်ပါတယ်။ လို့ ပြောကြား သွားပါတယ်။ 
မန်းငြိမ်းကို ဦးသိန်းစိန်အစိုးရက မကြာသေးခင်က ထောင်ဒဏ် တသက် အပြစ်ပေး ခဲ့ပါတယ်။  ကေအင်ယူနဲ့ အစိုးရကြား ငြိမ်းချမ်းရေး စကားပြောနေတဲ့ ကာလဖြစ်တဲ့ အတွက်သူကို လွတ်ပေး တာဟာ အစိုးရက ငြိမ်းချမ်းရေး အတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှု ပြသလိုက်တာ ဖြစ်နိင်ပါတယ်။ 
နောက်ထပ် လည်း အစိုးရတပ်တွေက ကေအင်ယူ နယ်ထဲက အမြန်ဆုံး ထွက်ခွာ သွားကြတာ၊ ဒေသ ဖွင့်ဖြိုးရေးကို ကရင်တွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေး မှုတွေသာ ဖြစ်လာရင်တော့ ငြိမ်းချမ်းရေး ရောင်နီဟာ သန်းလာနိင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
Copy from - komoethee
0 comments: