Wednesday, March 14, 2012

နိုင်ငံတော်သူခိုးကြီးများမှ မီဒီယာကိုတရားစွဲ

နိုင်ငံတော်သူခိုးကြီးများမှ မီဒီယာကိုတရားစွဲ

TheVoice ဂျာနယ်မှ ထုတ်ဝေသူနှင့် သတင်းရေးသူအား သတ္ထုတွင်း ဝန်ကြီးဌာနမှ တရားစွဲကြောင်းကို အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။
TheVoice ဂျာနယ်အတွဲ(၈)၊ အမှတ်(၁၃)တွင် "ဝန်ကြီးဌာနအချို့၏ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ "ဟုသော သတင်းတွင် သတ္ထုတွင်း ဝန်ကြီးဌာနရရဲ့သတင်း ရေးသားမှုတွင် မှန်ကန်မှု မရှိသောကြောင့် တရားစွဲခြင်း ဖြစ်သည်။TheVoice ဂျာနယ် တည်ထောင်သူသည် ယ္ခင် စစ်အစိုးရနှင့် နီးနီးကပ်ကပ် ရှိခဲ့သူတဦးလည်း ဖြစ်ခဲ့သောကြောင့် ယ္ခုအမှုကို ပြည်တွင်း၊ပြည်ပ မီဒီယာများမှ အထူး စိတ်ဝင်စားလျက် ရှိကြသည်။ 
မီဒီယာ လွတ်လပ်ခွင့်များ ရှိနေပါပြီဟု ကြွေးကြော် နေသောတနှစ်သား အရပ်သား အစိုးရသည် တိုက်ပွဲများ ဖြစ်ပေါ်နေသော တိုင်းရင်းသား ဒေသ၏ အခြေအနေမှန် သတင်းများ၊ တရုပ်နှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် သတ္တုတူးဖေါ်ရေး မိုင်းလုပ်ငန်းများ၊ ရေကာတာ စီမံကိန်းများ၊ သဘာဝဓါတ်ငွေ့ပိုက်လိုက် စီမံကိန်းများ အကြောင်းကို ပြည်တွင်း မီဒီယာများမှ လွတ်လပ် ရေးသား ဖေါ်ပြခွင့် မပြုသေးပေ။
Copy from - komoethee

0 comments: