Saturday, March 17, 2012

တရုတ်မြန်မာပိုက်လိုင်း စီမံကိန်းမှ တရုတ်လူမျိုးများ ညအချိန်၌ မြန်မာလူမျိုးများ၏ အိမ်ပေါ် တက်ရောက်မြှုဖစ်ပွား


မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့ပေါ် အမှတ်(၃) ရပ်ကွက်တွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း  စီမံကိန်းမှ တရုတ်လူမျိုး အမည်မသိသူအချို့က အိမ်၅အိမ်ပေါ်သို့ ညအချိန်မတော် အိမ်ကျော်နင်း ၀င်ရောက်မှု ဖြစ်ပွား နေသောကြောင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု အဆိုပါ အိမ်များကဆိုသည်။

အမည်မသိ နိုင်ငံခြားသား တရုတ်အချို့သည် အိမ်ကျော်နင်း ၀င်ရောက်မှုကို အကြိမ်ကြိမ် ချိုးဖောက်နေပြီး ဖိနပ်များပင် အိမ်ပေါ်တွင် ကျန်ခဲ့သည်။ အဆိုပါ ကိစ္စကို မြို့နယ် အုပ်ချုပ်ရေးမှုးနှင့် ရဲစခန်းသို့ တင်ပြ တိုင်ကြားသော်လည်း ယခုတိုင် တရုတ်များ အားအရေးယူခြင်း မပြုသေးဘဲ တရုတ်များ ဆက်လက် ကျူးကျော်နေသည် ဆိုသည်။ ယင်းကိစ္စကြောင့် အမှတ် ၃ ရပ်ကွက်မှ ဦးအောင်ကျော်ငွေ၊ ဦးကျော်ကျော်၊ ဦးသန်းဇော်ထွန်း နှင့် ဒေါ်မြင့်မြင့်စိန်တို့က  အိမ်ကျော်နင်း ၀င်ရောက်သည့် တရုတ်များအား လိုအပ်သလို အရေးယူပေးရန် တင်ပြထားကြသည်။

တရုတ်များ အချိန်မတော် အိမ်ကျော်နင်း ၀င်ရောက်နေမှုကို အဆိုပါရပ်ကွက်မှ အိမ်နီးချင်းများ စုပေါင်း၍ လေးဂွ၊ တုတ်၊ ခဲတို့ဖြင့် ခြောက်လှန့် ပစ်ပေါက်နေရကြောင်း အိမ်ရှင်အချို့က ပြောသည်။
 
Add caption
True News
Copy from - komoethee

0 comments: