Saturday, March 31, 2012
ဒေါ်စု တည်းခိုမည့် ၀ါးသင်္ခအိမ်တွင် ကရင်လူငယ်များ လုံခြုံရေး တာဝန်ယူ
Posted by PNSjapan at 11:58 PM 0 comments
Labels: သတင်း
ရွာထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်
အခုတော့ နိုင်ငံတကာ သတင်းဌာနများ အာရုံကျနေကြတဲ့အတွက် ဒီရွာကို ကမ္ဘာက သိသွားပါပြီ။ ဒီရွာမှာ ရှိတဲ့ အိမ်တအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင် ဒီတည ညအိပ် နေထိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မီဒီယာသမားများလည်း ၀ါးသင်္ခကို ရောက်နေကြပါပြီ။
Posted by PNSjapan at 9:50 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခ ကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည် ဖြစ်သည်။
Posted by PNSjapan at 9:37 PM 0 comments
Labels: သတင်း
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့၏ မဲပေးပိုင်ခွင့်ကို တောင်းဆိုကြမည်
မှတ်ချက်........မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတခုခု (ဥပမာ.. မြန်မာနိုင်ငံကူးလက်မှတ် -passport, မှတ်ပုံတင်..စသည်) တို့ ယူဆောင်လာကြပါရန်။
Posted by Unknown at 9:30 PM 0 comments
Labels: နှိုးဆော်ခြင်း
တိုင်းရင်းဆေးဦးစီးဋ္ဌာနက အကျင့်ပျက်ခြစား ညွှန်ချုပ် အကြောင်း
(၁) ဦးစီးဋ္ဌာနပိုင် မြေကို အထက် ခွင့်ပြုချက်မရဘဲ လက်သိပ်ထိုး ရောင်းစားထားခြင်း။
(၂) တိုင်းရင်းဆေး မှတ်ပုံတင်နှင့် လိုင်စင် လျှောက်ထားရာတွင် အခွန်အခ၊ ဒဏ်ကြေးများ တရားဝင် မဟုတ်ဘဲ သူ့အ တွက် သိန်းရာပိုင်း၊ ထောင်ပိုင်း ရအောင် အာဏာ အလွှဲသုံးစားပြု ပြောင်ပြောင်တင်းတင်း ကောက်ခံနေခြင်း။
(၃) ရုံးအလုပ်တွင် စိတ်မ၀င်စားဘဲ ရသမျှ ဂွင်ဖန်နေခြင်း။ ရုံးသုံးစရိတ်များ အထက်မှကျလာလျှင် အရာရှိများထံမှ တဦး လျှင် သိန်းဂဏန်းဖြတ်ခုတ်ခြင်း။
(၄) ၀န်ထမ်း အချင်းချင်းကြား သပ်ရှိုသွေးခွဲ အုပ်ချုပ်ခြင်းကြောင့် ရုံးတွင်းစည်းလုံးရေး အင်အားပျက်စီး စေခြင်း။
(၅) သူ့ဂွင်ဖန် လုပ်ငန်းများ ကို ပူးပေါင်းမလုပ်ပါက ထိုသူများကို ပညာပြခြင်း၊ နှိပ်ကွပ်ခြင်း၊ နယ်ပြောင်းခြင်း စသည်ဖြင့် ရမ်းကားချင်တိုင်း ရမ်းကား အကျင့်ပျက် နေပါသည်။
ထို့ကြောင့် နိုင်ငံတော် သမတနှင့် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးများထံ အကြိမ်ကြိမ် တင်ပြ တိုင်ကြား ခဲ့ပါသည်။ သို့ ပါသော်လည်း အဘယ်ကြောင့် မသိပါ။ အရေးယူ စစ်ဆေးခြင်း မရှိသေးပါ။ ထိုတိုင်စာများနှင့် ပက်သက်ပြီး ညွှန်ချုပ် ဒေါက်တာအောင်မြင့်က "ကျန်းမာရေး ၀န်ကြီးဋ္ဌာန ၀န်ကြီးက ငါ့သူငယ်ချင်း၊ သမတရုံး ၀န်ကြီးက ငါနဲ့ တမြို့တည်းသား၊ မင်းတို့ ဘာလုပ်ချင်လဲ၊ မင်းတို့ တိုင်စာတွေ ဘာတတ် နိုင်လဲ၊ မင်းတို့ကို ကြမ်းကြမ်း ကိုင်မယ်။ ဖြုတ်ပစ်မယ်။ နယ်ရွေ့ ပစ် မယ်" လို့ ကြိမ်းဝါးပြီး ရုံးချုပ်မှာ ထင်တိုင်း ကြဲနေပါသည်။
မကြာခင်ကလည်း ရုံးချုပ်မှာ ကွန်ပြူတာများ ပျောက်ပါသည်။ သူနှင့် မတည့်သူများကို အမည်နာမ များဖြင့် စွပ်စွဲပြီး ရဲ လက်အပ်ပါသည်။ "ဆေးဆရာလို့လည်း မမြင်နဲ့၊ အရာရှိလို့လည်း မမြင်နဲ့၊ သူခိုးကို သူခိုးလို့မြင်ပြီး ရိုက်စစ်ပါ။ ရိုက်စစ် ခွင့်ပေးတယ်" ဆိုပြီး အနိုင်ကျင့် နှိပ်ကွပ်ပါသည်။ အမှုစစ်ပြီးသွားသောအခါ ရုံးစောင့် နှင့် ပြင်ပလူ များကိုမိပါသည်။ မ တရားစွပ်စွဲခံရသူ အရာရှိနှင့် ၀န်ထမ်းများ နစ်နာလှပါသည်။
ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ နိုင်ငံတော်၊ ပြည်သူလူထု နှင့် မိမိ ၀န်ထမ်းများအပေါ် အကျင့်ပျက် ကိုယ်ကျိုးရှာ အဂတိ လိုက်စား အာဏာ အလွဲသုံးစားပြုနေပုံ အချို့ကို ဖေါ်ပြပါမည်။
(၁) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ် ၆၄ ရုံးအကွက်၊ မြေကွက်အမှတ် ၁၁၂ (က) ဖြင့် ပေ ၆၀၊ ပေ ၂၀၀ အကျယ်အ၀န်းရှိ တိုင်းရင်းဆေးဦးစီးဋ္ဌာန နှင့် တိုင်းရင်း ဆေးဆရာအသင်း ပူးတွဲ အမည်ပေါက် မြေတကွက်ရှိပါ သည်။ စီးပွားရေး ကွက်ကွင်းနေရာ အလွန်ကောင်းပြီး ကျပ်သိန်း ၃၀၀၀၊ ၄၀၀၀ တန်ဘိုးရှိပါသည်။ ထိုမြေကွက်ကို ဦးခင် တိုး၊ မှတ်ပုံတင် အမှတ် ၁၂/ဒကန(နိုင်) ၀၂၂၆၃၈၊ လိပ်စာ၊ အမှတ် ၉၇၊ လှည်းတန်းလမ်း၊ ကမာရွတ်အား ကျပ်သိန်း တထောင် တည်းဖြင့် လက်သိပ်ထိုး
Posted by PNSjapan at 12:31 PM 0 comments
Labels: သတင်း
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန် အဓိကရုဏ်းဖြစ်...
Posted by PNSjapan at 10:46 AM 0 comments
Labels: ဗွီဒီယို
သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ မ ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း အရှုပ်တော်ပုံအပိုင်း (၁)
Posted by PNSjapan at 10:31 AM 0 comments
Labels: သတင်း
တိုင်ရီအလုပ်သမားများ လုံခြုံရေးရဲများ၏ အကြမ်းဖက်ခံရ

Posted by PNSjapan at 10:16 AM 0 comments
Labels: သတင်း
နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံမျာ...

Posted by PNSjapan at 9:54 AM 0 comments
Labels: သတင်း
အမှန်တရားအတွက် မှန်ရာကို ခြစ်မည့် ပြည်သူ့ တပ်မတော်သားများ...
Posted by PNSjapan at 9:31 AM 0 comments
Labels: သတင်း
ဖိုးလပြည့်နှင့် ၀တ်မှုံရွှေရည် ရန်ကုန်မြစ်တွင်း သင်္ဘောစီး
ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့်
ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ)
နေ့ဝက်ကြာ လည်ပတ်သည့် ၎င်းခရီးစဉ်တွင် မြပုဏ္ဏမီ အပျော်စီး ဇိမ်ခံသင်္ဘောဖြင့် နန်းသီတာဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ သင်္ဘောတစ်စီးဖြင့် ရဲအရာရှိများ၊ ရဲထောက်လှမ်းရေးများ လိုက်ပါ စောင့်ရှောက် ပေးခဲ့ရသည်ဟု လုံခြုံရေး တာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသူ တဦးက ပြောသည် ။
Posted by PNSjapan at 9:27 AM 0 comments
Labels: သတင်း
နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ်(ရုပ်သံ သတင်း)
နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နာမည်ကြီးအနုပညာရှင်တွေ စုပေါင်းပြီး သူတို့ရဲ့အနုပညာနဲ့ ပြင်ဦးလွင်မြို့နယ်က ပြည်သူလူထုကို ဖျော်ဖြေရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကျော်သီဟကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူတို့က တိုက်တွန်းခဲ့ကြပါတယ်။
ပရိသတ် ၂၀၀၀၀ သောင်းကျော် တက်ရောက်လာတဲ ဒီပွဲမှာ ဒါရိုက်တာဝိုင်း ၊ လူမင်း ၊ ဝေဠုကျော် ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ ရိုက်ကူးထုတ်လွှင့်ထားတဲ့ ဒီလိုလေးခြစ်တက်ရင်ရပြီ ဆိုတဲ့ ပြဇတ်ကို ခင်းကျင်းပြသခဲ့သလို ဆောင်းဦးလှိုင် ၊ မာရဇ္ဇ ၊ အာဇာနည် ၊ အနဂ္ဂ ၊ လင်းလင်း ၊ သံသာဝင်း ၊ ကဗျာဘွဲ့မှူး စတဲ့နာမည်ကြီးအဆိုတော်တွေကလည်း သူတို့ရဲ့သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေ သွားခဲ့ ကြတာပါ။
Copy from, BurmaVJMedia
Posted by PNSjapan at 2:27 AM 0 comments
Labels: သတင်း
အနုပညာရှင်တွေက NLD ကို တဖက်ဇောင်းနှင်း အားပေးနေကျလို့တဲ့ စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ
Posted by PNSjapan at 12:37 AM 0 comments
Labels: သတင်း
ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ
Posted by PNSjapan at 12:15 AM 0 comments
Labels: သတင်း
Friday, March 30, 2012
မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား
Copy from - BurmaVJ Media Network
Posted by PNSjapan at 3:36 PM 0 comments
Labels: သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ
Posted by PNSjapan at 3:00 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ခေါင်းဆောင်များ စဉ်းစားချင့်တွက်စေချင်
Posted by PNSjapan at 2:46 PM 0 comments
Labels: နှိုးဆော်ခြင်း
ကိုမိုးသီးဇွန် ဖြေရှင်းချက်
မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။
မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။
လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။
Posted by PNSjapan at 9:09 AM 0 comments
Labels: နှိုးဆော်ခြင်း
ရွေးကောက်ပွဲနီးသည့်တိုင် မဲစာရင်း မတည်ငြိမ်သေး
မြောင်းမြမြို့မှ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ မဲစာရင်းအသီးသီးတွင် ပါဝင်ခွင့်မရှိသူများပါဝင်နေခြင်း၊ ပါဝင်ခွင့် ရှိသူများကျန်ခဲ့ခြင်း၊ စာရင်းထပ်ခြင်း စသည်တို့ဖြင့် မှားယွင်းလျှက်ရှိကာ မဲစာရင်းများကို လွယ်လွယ်ကူကူ ကူးယူမရခြင်းကြောင့် ပြင်ဆင်ရန် များစွာ ခက်ခဲကြောင်းကို ဦးမြင့်လွင်က ရှင်းပြသည်။
တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က ယင်းကဲ့သို့ အမှားများရခြင်းမှာ ကွန်ပျူတာ စာစီ အမှားနှင့် လ၀က မှ တင်ပြရာတွင် မှားယွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရှင်းပြသည်ဟု ဦးမြင့်လွင်က ပြောသည် '' ဘယ်သူပဲလုပ်လုပ် မှားမှာပဲလို့ပြောတယ်။ ဒါဟာ တာဝန်မဲ့တဲ့ စကားပါ'' ဟု ၎င်းကပြောသည်။
အချို့ကျေးရွာများတွင် မတ် ၃ ရက်ခန့်တွင်မှ မဲစာရင်း ကြေငြာခဲ့ခြင်းနှင့် လက်ရေးဖြင့် ကူးယူခွင့် မပြုခဲ့ခြင်းကြောင့်လည်း နှောင့်နှေးခဲ့သည်ဟု ၎င်းက ပြောသည်။
စာရင်းများကို မတ် ၂၂ ခန့်တွင် ကူးယူခွင့်ရရှိခဲ့သော်လည်း CD မပေးဘဲ ရုံးတွင် မိတ္တူကူးစက်ဖြင့် လာရောက် ကူးယူစေခဲ့သဖြင့် ယခုအချိန်ထိ ကူး၍မပြီးသေးကြောင်း ဦးမြင့်လွင်ကပြောသည်။
''စက်ပျက်၊ မီးပျက်နဲ့ အလုပ်ကမတွင်ဘူး။ ပြီးတော့ တစ်မျက်နှာမှာ ၁၀ ယောက်ပဲပါတော့ ဒီနေ့အထိကူးလို့မပြီးသေးဘူး''ဟု မတ် ၂၇ ၎င်းက YPI သို့ပြောသည်။
မတ် ၂၆ ရက်က ခရိုင်ကော်မရှင်ရုံးတွင် ပြုလုပ်သော အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်း တာဝန်ခံ ဒေါက်တာဒေါ်မြင့်ကြည်အား ထိုကိစ္စများကို တင်ပြရာ ဒေါက်တာဒေါ်မြင့်ကြည်က မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်သည်ဟုရှင်းပြခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။ ။
Copy from - Yangon Press International
ပြည်တွင်းမှ ရေးသား ပေးပို့လိုက်သော သတင်းဖြစ်ပါသည်။ နီးစပ်ရာများ စုံစမ်းကြည့်ရာ ဟုတ်မှန်ကြောင်း သိရသည်။
Posted by PNSjapan at 9:00 AM 0 comments
Labels: သတင်း
သမ္မတအမိန့်ကို မနာခံသော တပ်မတော်မှ ကချင်ကျေးရွာများအား တိုက်ခိုက်။
သော "နန်ဆမ်ယန်" ကျေးရွာ၏ မြင်ကွင်းတစ်ခု။
Posted by PNSjapan at 12:47 AM 0 comments
Labels: သတင်း
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် မျှော်လင့်ချက်များ (လူငယ်ရေးရာ)
Posted by PNSjapan at 12:35 AM 0 comments
Labels: ဗွီဒီယို
မြန်မာစစ်တပ်မှ အပြစ်မဲ့ရွာသွားနှစ်ဦးအား ရိုက်နှပ်ချုပ်နှောင်
Mar 29 2012
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်- (+၆၆)၀၈၄၅၇၃၉၃၃၁
Posted by PNSjapan at 12:24 AM 0 comments
Labels: သတင်း
နိုင်ငံပိုင်သတင်းစာတွင်ကြော်ညာခဲ့သည့် စင်္ကင်္ာပူနိုင်ငံကဲ့သို့ခေတ်မှီမြို့ဖြစ်လာတော့မယ်ဆိုတဲ့ ရန်ကုန်မြို့တွင့် ဧပြီ(၂)ရက်မှစရ်ျ တရက်လျင်လျှပ်စစ်မီး(၆)နာရီ အလှည့်ကျပေးမည်။
Posted by PNSjapan at 12:17 AM 0 comments
Labels: သတင်း
Thursday, March 29, 2012
နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း
Posted by PNSjapan at 3:00 PM 0 comments
Labels: သတင်း
အခက်အခဲတွေကြားက ဖွဲ့စည်းလိုက်တဲ့ ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ
Posted by PNSjapan at 8:57 AM 0 comments
Labels: သတင်း
မြန်မာနိုင်ငံရဲ့ အဓိက လေဆိပ်နှစ်ခုကို တရုတ်လူမျိုးတစ်ဦး ၀ါးမြိုလိုက်ခြင်း



Posted by PNSjapan at 1:32 AM 0 comments
Labels: သတင်း
ပြည်သူစိတ်ဓါတ် တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း

Posted by PNSjapan at 1:06 AM 0 comments
Labels: သတင်း
Wednesday, March 28, 2012
သိန္နီတံတားမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
March 28, 2012
Posted by PNSjapan at 11:57 PM 0 comments
Labels: သတင်း
VOA နှင့် ဦးခွန်ထွန်းဦး တွေ့ ဆုံမေးမြန်းခန်း
တိုင်းရင်းသားတွေက ဘာကိုမြတ်နိုးလည်းဆိုတော့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပဲ ကြိုက်တယ်
ခွဲထွက်ရေးဆိုတာ လုံးဝ မစဉ်းစားပါဘူး"
Posted by PNSjapan at 12:43 AM 0 comments
Labels: ဗွီဒီယို
ကချင်ရွာသား (၅)ဦးအား တပ်မတော်မှ အရှင်လတ်လတ် မြေမြုပ် သတ်ဖြတ်။
Posted by PNSjapan at 12:28 AM 0 comments
Labels: သတင်း
လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး
လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက် ပြောသည်။
အစိုးရတို့နှင့် ကရင်နီပြည် တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက် ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။
Posted by PNSjapan at 12:20 AM 0 comments
Labels: သတင်း
အဖေတူ သမီး

March 27, 2012
မြန့်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ် ခရီးစဉ်က အပြန်ရန်ကုန် လေဆိပ်သို့ အ၀င် သူများ နည်းတူ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှု့ ခံယူနေသည့် ပုံကို facebookမှာ တွေ့ရှိရပါတယ်။
အများနည်းတူ အခွင့်အရေး မယူဘဲ သူ့ရဲ့ လုပ်ဆောင်မှု့ ကိုကြည့်ခြင်း အားဖြင့် ခေါင်းဆောင်ကောင်း ပီသကြောင်းကို ဖော်ပြနေသလို ပါဘဲ။
တခြား ခေါင်းဆောင်တွေလို့ ပြောနေသူတွေကို ဒီလိုပုံမျိုး တခါမျှ မမြင်ဘူးသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ပြည်သူနဲ့ တသားတည်း မာန်မာန မထားဘဲ နေခဲ့၊ ကျင့်ကြံခဲ့တာလဲ သမိုင်းမှာ အထင်အရှားပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်နဲ့ တူတဲ့ သမီးတဦးလို့လည်း ပြောနိုင်ပါတယ် လို့
သတင်းရင်းမြစ် - ဧရာဝတီ
facebook မှာ ပြောဆို နေကြပါတယ်။
Posted by PNSjapan at 12:09 AM 0 comments
Labels: သတင်း
Tuesday, March 27, 2012
သတိ... မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်မည်...!!!
ထိုကုမ္ပဏီမှ တရုတ်များသည် စကုမြို့ နယ်ရှိကျေးရွာ တစ်ရွာသို့ ရောက်ရှိလာပြီး ကျေးရွာ လူကြီးကို တွေ့ဖို့တောင်းဆိုကာ သူတို့  ဤ Project ကို လုပ်ကိုင် နေစဉ်အတွင်း မြန်မာ အမျိုးသမီး မိန်းမ လိုချင်ကြောင်း ကောင်းကောင်း ထောက်ပံ့ ထားပေးမည် ဖြစ်ကြောင်း ရှာဖွေပေးရန် လာရောက် တောင်းဆိုကြောင်း သိရပါသည
ကျေးရွာ လူကြီးမှ စိတ်ဆိုး၍ ဤကဲ့သို့  မိန်းမမျိုး ဒီရွာမှာ မရှိကြောင်း နောင်အခါ လာရောက် ပြောဆိုရင် ရိုက်ထုတ်မယ် ဖြစ်ကြောင်း ပြောလို
မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်ဟု နယ်စပ် လ၀က တွင်ချိပ်ဆွဲထားသော စာတန်း များသည် အလှပလား။ တရုပ်လူမျိုးများကို ယခုလို တရားဝင် လူမြိုဖို့ ကြိုးစားမှု ခွင့် ပြုထားသည်မှာ ဘယ်သူတွေပါလဲ?
Posted by PNSjapan at 3:14 PM 0 comments
Labels: သတင်း
ဆိုင်းငံ့ ရွေးကောက်ပွဲ နယ်မြေတွေမှာ တိုက်ပွဲများ မရှိ
Posted by PNSjapan at 2:45 PM 0 comments
Labels: သတင်း
သီလဝါဆိပ်ကမ်းတွင် မီးလောင်ကျွမ်းမှုမြင်ကွင်းများ
Posted by PNSjapan at 12:57 AM 0 comments
Labels: ဓါတ်ပုံ
Monday, March 26, 2012
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလ၀ါ) မီးလောင်ကျွမ်းမှု ဓာတ်ပုံများ
Posted by PNSjapan at 10:41 PM 0 comments
Labels: ဓါတ်ပုံ
ကချင်ပြည်နယ်တွင် မဲပေးနိုင်ခွင့်ရရှိရန် NLD မှ ထုတ်ပြန်ချက်ထုတ်။
Posted by PNSjapan at 10:20 PM 0 comments
Labels: သတင်း
ကချင်ပြည်နယ်တွင် မတ်လအတွင်း တိုက်ပွဲပေါင်း (၇၈)ကြိမ် ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ကို မြန်မာ့တပ်မတော်မှ မီးရှို့။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ(၃)ဒေသ မိုင်ဂျာယန် နှင့် လွယ်ဂျယ်မြို့ အကြား (၂၄.၃.၂၀၁၂)ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် နှင့် (KIA) ကချင် လွတ်လပ်ရေး တပ်မတော် တို့အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတိုက်ပွဲ တွင်မြန်မာ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူး(၁)ဦး ကျဆုံးကြောင်း သတင်း ထပ်မံ သိရှိရသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေး နေသော်လည်း မြန်မာ့ အစိုးရဘက်မှ စစ်ရေး အရှိန် နေ့စဉ် တိုးမြှင့်လာမှုကြောင့် မတ်လအတွင်း တိုက်ပွဲပေါင်း (၇၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အို တာဝန်ရှိသူမှ ပြောဆိုခဲ့သည်။ တိုက်ပွဲများကြောင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊မီးရှို့ ဖျက်ဆီးခြင်း များကြောင့် စစ်ဘေး ဒုက္ခသည်များ ပိုမိုများလာခဲ့သည်။
မတ်လ ၂၅ရက်နေ့က ကုလသမဂ္ဂမှစစ်ဘေးဒုက္ခသည်၁၀၀၀ကျော်အတွက် ရိက္ခာ အကူအညီ ပေးရန်ရောက်ရှိခဲ့သော်လည်း မြစ်ကြီးနား အနီးတဝိုက်ရှိ ဒုက္ခသည်များကိုသာ ကူညီ ပေးနိုင်သေးသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ (၁၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
Copy from - komoethee
Posted by PNSjapan at 8:08 PM 0 comments
Labels: သတင်း