Monday, February 6, 2012

*****ဓါးအိမ်မှ ဓါးဆွဲထုတ်ရန်အချိန်ရောက်လာပြီးလား? ***** (ရေးသားတင်ပြသူ MKA)

ယခင် ဒီပဲယင်းတရားခံ ယခုငြိမ်းချမ်းရေးကော်မတီမှာ ခြေလှမ်းသွက်နေတဲ့ ဦးအောင်သောင်း

*****ဓါးအိမ်မှ ဓါးဆွဲထုတ်ရန်အချိန်ရောက်လာပြီးလား? *****
(ရေးသားတင်ပြသူ MKA)
ဦးသိန်းစိန် သမ္မတ ဖြစ်ချိန်ကစပြီး လုပ်ပိုင်ခွင့် ပျောက်နေတဲ့ လူတစ်ယောက် ဘယ်နေရာက ထွက်လာမလဲလို့ ဆိုပြီး သူငယ်ချင်းတွေကိုတော့ ပြောဖြစ်တယ် မြန်မာနိုင်ငံ လမ်းကြောင်း မှန်မှန် ရှေ့ဆက်သွားဖို့ ဒီလူကို ဒီတိုင်း မေ့ထားပြစ်ထားလို့ မရတဲ့သူ အမြဲသတိထား နေရမယ့်သူ ရှိတယ်လို့ သူကတော့ တစ်နည်းနည်းနဲ့ လုပ်ပိုင်ခွင့် ရအောင်ယူပြီး ရှေ့ထွက် လူမိုက် လုပ်လာလိမ့်မယ်လို့  ကျွန်တော် ဆိုလိုတဲ့ သူကတော ကောက်ကျစ်ပြီး ယုတ်မာတဲ့ ......

သတိ.... သတိ..... သတိ..... ဒီမိုလိုလားသူ အားလုံး...သတိ...... သတိ...... သတိ.... အမေစုအား ကာကွယ်ထား ...

လက်နက်ကိုင် တိုင်းရင်သား တပ်တွေကို ပျားရည်စမ်းထားသော မုသားစကားများဖြင့် ဦးအောင်သောင်း ဦးဆောင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေတာ အောင်မြင်နေပါတယ်။ ဦးအောင်သောင်းဟာ ဦးသန်းရွှေကို သတင်းမှား သတင်းမှန်တွေ ရောပို့ပြီး ကိုယ်ကျိုးအတွက် အကာအကွယ် ယူထားသူပါ၊ လုပ်ပိုင်ခွင့် ရအောင် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် နေရာကိုတောင်းယူပြီး ဦးသန်းရွှေ၏ ယုံကြည်မှု ပြန်ယူထားပါတယ်၊

ရည်ရွယ်ချက်က ပြည်တွင်း ဒီမိုအဖွဲ့က အရမ်းအားကောင်း လာတာကြောင့်ပါ၊ တိုင်းရင်းသားတွေက ထိုင်ခုံ၊ အာဏာ၊ လုပ်ပိုင်ခွင့်ကို မလှုပ်ရှား၊ မပိတ်ပင်နိုင်ပါဘူး၊ ပြည်တွင်း အဖွဲ့အစည်းတွေကသာ ပြုလုပ်နိုင်လို့ပါ၊ ပြည်တွင်း ဒီမိုအဖွဲ့အား ထိမ်းချုပ်ရန် ကြိုးစားနေချိန်မှာ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ ကသူတို့အား မတိုက်နိုင်အောင် ငြိမ်းချမ်းရေး အရင်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို စစ်စတင်ပြုရခြင်း အကြောင်းတွေက စစ်တပ်အတွင်း  အောက်ခြေ အရာရှိတပ်သားများ စားသောက်နေထိုင်မူ မလုံလောက်၍ အခွင့်ထူးခံ အပေါ်ပိုင်း ဗိုလ်ချုပ် တစ်စုအား မကျေမနပ် ဖြစ်လာခြင်း၊ တပ်တွင်းပုန်ကန်မူ ကြီးထွားလာခြင်း၊ ဒီမိုအဖွဲ့သားများနှင့် ပူးပေါင်းသွားမှာကို ကြောက်ရွံ လာခြင်းကြောင့် အာရုံပြောင်းကာ ရှေ.တန်းပို့၍ တိုက်ပွဲ့ဖေါ်ဆောင်ခြင်း၊ အပေါ်ပိုင်း ဗိုလ်ချုပ်တစ်စု  နောက်ခံ စီပွားရေးသမားကြီးတွေက တိုင်ရင်းသားနယ်မြေ (ကချင်၊ ရှမ်း၊ ထားဝယ်) ဒေသတွေမှာ လုပ်ပိုင်ခွင့် ပိုမိုလိုချင်လာခြင်းနှင့် ကိုယ်ကိုကိုယ် အထင်ကြီးကာ (တရုတ်အားကိုးဖြင့်) တိုင်းရင်းသား လက်နက်ကိုင်များအား အလွယ်တကူ ချေမှုန်းနိုင်မယ်ထင်ကာ ခိုင်လုံသော အကြောင်းပြချက် မရှိပဲ စစ်ပွဲစတင်ခဲ့ပါတယ်..။

ရှမ်းတပ်နှင့် ကချင်တပ်တို့အား ထိုးစစ်ဆင် တိုက်ခိုက်မူတွင် စစ်တပ်မှ အကျအဆုံး များပြားကာ အောက်ခြေအရာရှိ တပ်သားများ မကျေနပ်မူ ပိုမိုကြီးထွားလာကာ အာဏာသိမ်းဖို့အထိ ကြံရွယ် လာခြင်းကြောင့် ဦးအောင်သောင်း ဦးဆောင်ပြီး လိုက်လျှောမူတွေပေးကာ အမြန်ဆုံး ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။ (ဘဘရွှေညွှန်ကြားချက်တွေပါ)၊ ငြိမ်းချမ်းရေး ရတာ အလွန် ကောင်းပါတယ်၊ နှစ်ဖက်စစ်သည်တွေ အကျအရှုံးမရှိ ပြည်သူတွေ မထိခိုက် ဒုက္ခ မရောက်တော့ဘူးပေါ့ (စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလေ ပိုကောင်းလေပါပဲ)၊ ငြိမ်းချမ်းရေးရတဲ့ အတွက်ကြောင့် အောက်ခြေ အရာရှိတပ်သားများ မကျေနပ်မူ အထိုက်အလျှောက် ပြေလျှောလာပါတယ်၊ ဦးအောင်သောင်း မျက်နှာရလာတယ် ကစားတာခြေသွက်လာပြီ ပြည်တွင်း ဒီမိုအင်အားစုတွေကို ပြန်လည်ခြိမ်းခြောက် လာနေပါတယ်၊ ကိုမင်းကိုနိုင်ပြောသလို ဓါးအိမ်ပြလို့မှ နောက်မဆုတ်သွားသူကို ဓါးဆွဲထုတ်ကာခုတ်ဖို့ သတ္တိပြရန် အချိန်ရောက်လာပြီးဖြစ်ကြောင်း...... ဒီမိုလိုလားသူ တပ်မတော်သားများ ခင်ဗျာ အာဏာရူး နေသူတွေကို တိုက်ထုတ်ရန် ညီအကိုတို့မှာလည်း တာဝန်ရှိပါကြောင်း..... နိုးဆော်လိုက်ပါတယ်...။ 

MKA
Copy from - demowaiyan

0 comments: