၂၀၀၈ ခုနှစ်က အီရတ်တွင် တွေ့ရသော David Petraeus (ထိုစဉ်က ဗိုလ်ချုပ်) နှင့် အိုဘားမား (ထိုစဉ်က လွှတ်တော်အမတ်)မိုးမခအထောက်တော် အမှတ် ဝဝ၂
ပထမ အမေရိကန်က နိုင်ငံခြားရေးဌာန အရာရှိများကို မြန်မာပြည်သို့ အဆက်မပြတ် စေလွှတ် ခဲ့သည်။ ထို့နောက် လွှတ်တော် အမတ်များ နှင့် ဟီလာရီကလင်တန်တို့ နေပြည်တော်သို့ သီးခြားစီ သွားရောက် ကြသည်။
ယခု အမေရိကန်အစိုးရက စေလွှတ်မည့်သူမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ၏ ညွှန်ကြားရေးမှူး ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်။

ယခုနှစ်အတွင်း စီအိုင်အေညွှန်မှူး မြန်မာပြည်သို့ သွားရောက် နိုင်ချေရှိသည်ဟု ယိုးဒယား အရာရှိများကို ကိုးကားပြီး New York Times သတင်းစာ အွန်လိုင်းတွင် ယနေ့ ရေးထားသည်။
ဤသတင်းမှာ ဒဏ်ခတ်သူ အမေရိကန် နှင့် ဒဏ်ခတ်ခံရသူ စစ်ခေါင်းဆောင်များ ကြီးစိုးသည့် မြန်မာအစိုးရတို့ ဆက်ဆံရေး နွေးထွေး လာခြင်း၏ နောက်ဆုံး ဖြစ်ထွန်းမှု ဖြစ်သည်။ စီအိုင်အေညွှန်မှူး David Petraeus သည် တနင်္လာနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံပြီး သူ၏ မြန်မာပြည် ခရီးစဉ်အကြောင်း ပြောဆို ခဲ့သည်ဟု ဆိုသည်။

ယခုနှစ်ကုန်ပိုင်း မြန်မာပြည်သို့ သွားရန် ဟီလာရီကလင်တန်က ညွှန်ကြားခဲ့သည်ဟု David Petraeus က ဘန်ကောက်တွင် ပြောဆိုကြောင်း New York Times က ရေးထားသည်။ စီအိုင်အေသည် အမေရိကန်ဟ ၁၉၄၇ အမျိုးသားလုံခြုံရေး အက်ဥပဒေအရ ပေါ်ပေါက်လာသည့် ထောက်လှမ်းရေး အဖွဲ့ဖြစ်ပြီး ကမ္ဘာတလွှားတွင် လှုပ်ရှားခဲ့သည်။
အမေရိကန် အစိုးရသည် သတင်း အချက်အလက်အတွက် စီအိုင်အေ တခုတည်းကို အားကိုးနေခြင်း မဟုတ်ပေ။
ရန်ကုန်မြို့ အမေရိကန်သံရုံး အပါအ၀င် နိုင်ငံတကာရှိ အမေရိကန်သံရုံးများထံမှလည်း ထောက်လှမ်းရေး သတင်းများ ရရှိနေသည်။ ယခင်က မြန်မာနှင့် အမေရိကန်တို့ ထောက်လှမ်းရေးဆိုင်ရာ လက်တွဲမှုများ ရှိခဲ့သည်။
မြန်မာထောက်လှမ်းရေး အများအပြားကို အမေရိကန်က လေ့ကျင့်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုသို့သော ပူးပေါင်း ဆောင်ရွက်မှုများ မရှိတော့ကြောင်း သိရသည်။ ၁၉၈၈ အာဏာသိမ်းမှုကာလမှ အစပြုပြီး မြန်မာပြည်အတွင်း ပေါ်ပေါက်လာသော အစိုးရ၏ ဖိနှိပ်မှု ရက်စက် မှုများကြောင့် အမေရိကန်က မြန်မာပြည်ကို သံအဆက်အသွယ် အဆင့်နိမ့် ဆက်ဆံခြင်း၊ ဒဏ်ခတ် ပိတ်ဆို့ခြင်းများဖြင့် တုံ့ပြန်ခဲ့သည်။
မြန်မာဗိုလ်ချုပ်များကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို စီအိုင်အေလက်ကိုင်တုတ်များဟု တံဆိပ်ကပ်ခဲ့သည်။
မြန်မာ့နိုင်ငံရေးသမားများမှာ စီအိုင်အေနှင့် အဆက်အသွယ် ရှိသည်ဟူသော အထောက်အထား မရှိသော်လည်း ထိုစဉ်က စစ်အစိုးရက ထိုသို့ တံဆိပ်ကပ်ခဲ့သည်။
မြန်မာ့နိုင်ငံရေးသမားများသည် ကွန်မြူနစ်များဖြစ်သည်ဟုလည်း စစ်အစိုးရက စွပ်စွဲခဲ့ဖူးသည်။
သတင်းရင်းမြစ် - မိုးမခ

0 comments:
Post a Comment