Wednesday, February 29, 2012

ဂျပန်နိုင်ငံသားက ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှုရုံးချိန်း


 ဂျပန်နိုင်ငံသား အိုကာဟာရှီ
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂။
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲ ခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင် စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့ စစ်ဆေးခြင်း မရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆို လိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
Copy from - Yangon Press International

0 comments: