Wednesday, February 8, 2012

ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ်က လယ်မြေကို သိမ်းယူ

ဇေကမ္ဘာ ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာ အုပ်စှမှာရှိတဲ့ လယ်မြေတွေကို သိမ်းယူနေပြီး မြေတူး စက်ကြီးတွေနဲ့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး နေပါတယ်။လယ်ယာမြေ (၈၁၅) ဧက ကို စက်မှုဇုန်အပိုင်း (၄)အကောင်အထည် ဖော်ဖို့ဆိုပြီး အခုလို့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး တူးဖော်နေတာပါ၊

ဇေကမ္ဘာကုမ္ပဏီက ဆယ်မြောင်းကြီး(ဂ)ခုနဲ့ မြောင်း ငယ်တွေကိုလည်း ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေထဲကို ရေမေ၇ာက်တော့ပဲ လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ လာမယ့်(မတ်လ)မှာ ပိတ်ထားတဲ့ ဆယ်မြောင်းတွေကို ဖွင့်မပေးရင် မိုးစပါး စိုက်ပျိုးဖို့ အခက် တွေ့နိုင်မှာဖြစ်ပြီး ချောင်းကို ပိတ်ထားတဲ့အတွက် နွေရာသီမှာ ရေမရရှိပဲ မိုးတွင်းမှာဆိုရင် ရေထွက်ပေါက် မရှိလို့ ရွာတွေ ရေမြုပ် ကုန်တယ်လို့ သိရပါတယ်။ လယ်သမားတွေက အခုလို လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး နေတာကို ရပ်တန့် စေချင်ပြီး အရင်ကလိုပဲ မိမိတို့ လယ်မြေတွေကို ဆက်လက် လုပ်ကိုင် ချင်တယ်လို့ ပြောဆိုနေကြောင်း သိရှိရပါတယ်။
Copy from - Burma VJ Media Network

0 comments: