Tuesday, February 21, 2012

မဖြူဖြူသင်းရဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းဟာ သူဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် မင်္ဂလာတောင်ညွှန့်မြို့နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်က သွားရောက် ခဲ့ပါတယ်။
မနက်ပိုင်း ဖို့မြေ ရပ်ကွက်နဲ့ လွတ်လက်ရေး ရပ်ကွက်တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲတွေကို ဖွင့်လှစ်ပေးခဲ့ပြီး ညနေ ၃ နာရီ နောက်ပိုင်းမှာ အဖွဲ့ချုပ်ရုံးခွဲ ဖွင့်လှစ်ခွင့် မရတဲ့ စံပြဖဆပလ ရပ်ကွက်ကို သွားရောက်ပြီး မဲဆွယ် စည်းရုံးရေး ဆင်းခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ရာနဲ့ချီတဲ့ ဒေသခံတွေက အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းကို ကြိုဆိုခဲ့ကြပါတယ်။
Copy from - burmavjmedia

0 comments: