Thursday, February 23, 2012

တိုင်းပြည်ကိုချစ်မြတ်နိုးသူတိုင်း သတိထားသင့်တဲ့ မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု

ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်း ထားတယ်ဗျာ
တိုင်းပြည်ကို ချစ်ပါတယ်ဆိုတဲ့ သူတိုင်း သိသင့် သိထိုက်တဲ့ သတင်းတစ်ပုဒ်ပါ။ တစ်ချိန်ချိန်မှာ  ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရေပိုင်နက် အငြင်းပွားမှုတိုင်းကို ကျင့်ထုံး တစ်ခုအနေနဲ့ စံပြုရမယ့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ရေပိုင်နက် အငြင်းပွားမှု ဖြေရှင်းရေး ခုံရုံးက ချမှတ်တော့မှာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဘာတွေ ပြင်ဆင် ပြီးပြီလဲ။ ဘာလုပ်ဖို့ လိုလဲ၊ ဘာလုပ်ကြမှာလဲ။ တကယ်တမ်းပြောရရင် နည်းနည်း နောက်တောင် ကျနေပါပြီ။ သူများတွေ စေလိုရာစေ၊ လုပ်ခိုင်းသမျှ ငြိမ်ခံပြီး တိုင်းပြည်ရဲ့ ရေပိုင်နက်ကို အပါခံမလား။ တမျိုးသားလုံး စည်းလုံး ညီညွတ်စွာနဲ့ တောင်းဆိုကြမလား၊ ငါတို့တွေ ဘာလုပ်ကြမှာလဲ။ အစိုးရနဲ့ အတိုက်အခံ ဆိုပြီး ခွဲခြား ပြစ်တင် နေဦးမှာလား။ နည်းလမ်း ပေါင်းစုံရှာပြီး ကိုယ့်မြေ ကိုယ့်ရေကို တစ်လက်မမျှ အပါမခံရလေအောင် နည်းပေါင်းစုံနဲ့ ကာကွယ် ရတော့မယ့် အချိန်ပါ။ အစိုးရနဲ့ အတိုက်အခံ တို့ စည်းလုံး ညီညွတ်စွာနဲ့ ပြည်သူ ပြည်သားတွေကို ဦးဆောင်မှု ပြုရတော့မှာပါ။ ရှင်းရှင်း ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အရွေးမခံရတာက နောက် ၄နှစ်စောင့်ရင် အမတ် ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်ရေပိုင်နက် တစ်လက်မမျှ ပါသွားပြီဆိုရင် နောက် တစ်သက်လုံး ပြန်ရနိုင်မည် မဟုတ်ပါ။

ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်.....
ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်းထားတယ်ဗျာ.....

ငယ်ငယ်တုန်းက ပထ၀ီဝင်ထဲမှာ ပါတဲ့ ရခိုင်ပြည်နယ်ထဲက ကျွန်းတစ်ခုကိုပါ သူတို့ ပိုင်နက်ထဲ ဆွဲထည့် သေးတယ်...... လိုအပ်လို့ စစ်ဖြစ်လာရင် မြန်မာပြည်ကို ဆော်ဖို့၊ နှက်ဖို့ဆိုပီး လွန်ခဲ့တဲ့ နှစ်တွေထဲက ပါကစ္စတန်ရဲ့ စစ်ရေး ဖိုရမ်တွေမှာ မြန်မာပြည် လက်နက် ၀ယ်တာတွေ၊ စစ်ရေး အခြေအနေတွေ၊ တပ် အပြောင်းအရွှေ့တွေကို ဒီကောင်တွေ ဆွေးနွေးနေကြတယ် .... ကျွန်တော်တို့ စီမှာတော့ အချင်းချင်း လှည့်ပါတ် ဆော်ဖို့ပဲ စဉ်းစား နေကြတယ်.... မြန်မာပြည်ထဲမှာ အပ်ပျောက်၊ ဖိနပ်ပျောက် ကအစ အတိအကျ သိကြတဲ့လူတွေ ဒါမျိုးတွေမှာ အသံမထွက်ကြဘူး....

ဘင်္ဂလားက ရေပိုင်နက် နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူမယ်တဲ့.... အဲ့ဒါတော့ လုံးဝ လက်မခံဘူး... လူများစု ဆန္ဒကို လူနည်းစု လက်ခံ ရမယ်ဆိုတာ ဒီလို လူဦးရေဗုံး ပေါက်ကွဲ နေတဲ့ နိုင်ငံနဲ့ ဖြစ်တဲ့ ကိစ္စမှာ လိုက်နာစရာ မလိုဘူးလို့ ခပ်ပြတ်ပြတ်ပဲ မြင်တယ်....... သယံဇာတတွေ ထွက်လာတော့မှ လောဘ တက်နေလိုက်တာ..... သူ့နိုင်ငံနဲ့သူ ပိုင်ကြတဲ့ဟာကို ဘာမှ လူဦးရေနဲ့ အချိုးချ မပေးနိုင်ဘူး.... မကျေနပ်ရင် ကိုယ့်နိုင်ငံကိုယ် အ၀ီစိ ရောက်တဲ့အထိ တူးပေါ့ ရှင်းရှင်းလေး....

မျိုးချစ်စိတ် အပြင်းအထန် အသေအလဲ ရှိကြပါတယ်ဆိုတဲ့၊ ဒီမိုကရေစီကို အသွေးထဲ အသားထဲက မြတ်နိုးကြပါတယ် ဆိုကြသူများခင်ဗျာ... ဒါသည် ခေတ်သစ် နယ်ချဲ့ခြင်း ဖြစ်ပါတယ် ခင်ဗျား........

From Facebook:
မင်းကြီး မဟာ ဒဿဂီရိ  

0 comments: