Saturday, February 18, 2012

လွတ်လပ်စွာ စည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

18 February 2012
ဒေါ်အောင်ဆန်းစုကြည်သည် လစ်လပ် သွားသည့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ခရီးထွက်ရာမှာ ယမာန်နေ့က ဖျာပုံမြို့ ကို လျှပ်ပြေး ရေယာဉ်ဖြင့် ခရီးထွက်ခဲ့ပါသည်။ နေ့လည် တနာရီခွဲတွင် ဖျာပုံမြို့ ရှိ အမျိုးသား ဒီမိုကရေစီ ရုံးရှေ့တွင် မိန့်ခွန်း ပြောပါသည်။ အဆိုပါ မိန့်ခွန်းတွင် -
 “လွတ်လွတ် လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက် ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်း ကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသွား ပါသည်။ 
Phapon_0ဖျာပုံ အန်အယ်ဒီ ရုံးရှေ့မြင်ကွင်း (ဓါတ်ပုံ - အင်တာနက်)

တကယ်တော့ ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်း တွင် ပြင်ဆင်ထား သော်လည်း သက်ဆိုင်ရာမှ တားမြစ် လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့ စီစဉ်လိုက်ရကြောင်း NLD ဖျာပုံ ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားခဲ့ပါသည်။

ယခုကျင်းပခဲ့ရသည့် လူထု တရားပွဲနေရာသည်၊ မြို့နှင့် တနာရီခန့်အကွာ သဲသောင်ပြင် တနေရာ၌ ကျင်းပ ခဲ့ရပါသည်။ ဤကဲ့သို့ အခြေအနေကြောင့် ကျင်းပခဲ့ရသော်လည်း တက်ရောက်သည့် လူထုများသည်၊ တခြားမြို့များမှ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်များလို စည်ကားလှပါသည်။ 

လူထုအစည်းအဝေးမြင်ကွင်း
လမ်းခရီးတလျှောက်မြင်ကွင်းများလည်း ကြိုဆိုကြပါသည်။ ရန်ကုန်တိုင်း တွံတေးမြို့မှ လူငယ်များကလည်း ကြိုဆိုခဲ့ကြပါသည်။ 
အလားတူ လမ်းခရီး၌ ကြိုကြိုက်သည့် စက်လှေသမားများကလည်း -
Phapon_06ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို အကဲဖြတ်ရမည်ဆိုပါက ဤနေရာဤဒေသ၌ အန်အယ်ဒီသာ မဲရုံးနိမ့်ပါက လုပ်ကြံချက်ဟုသာ ထင်ရှားပေလိမ့်မည်။ လှည်းနေလှေအောင်း ပါမကျန် ထောက်ခံ နေမှုသည်၊ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲဖြစ်ပါက ဤတရားပွဲက သက်သေ ထူနေခဲ့ပါသည်။
Copy from - phophtaw.org

0 comments: