Monday, February 20, 2012

(၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား


၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၉)ရက်။
(၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို TOKYO Shinagawa-ku,Shinagawa Kuritsu Chu Shou Kigyo Center 3 F ခမ်းမမှာ ယနေ့ ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများမှ ဦးစီး၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်း အစီအစဉ်ကို သဘာပတိအဖွဲ့ဝင် Siama Lal Ram Chuani မှ ဆုတောင်း ပေးပြီးသည့်နောက် ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ နောက်ခံ သမိုင်းကြောင်းများနှင့် ချင်းအမျိုးသားနေ့  အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များတို့ကို တာဝန်ရှိသူများတို့မှ ရှင်းလင်း ပြောကြားသွားခဲ့ကြကြောင်း သိရှိရပါသည်။
 ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် မှာ ချင်းရိုးရာ တေးသီချင်းများ၊အကများ  ၊ခေတ်ပေါ်တေးသီချင်းများ Fashion Show အစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက် သွားခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအပါဝင် အားလုံးပါဝင်သည့် Combined traditional dance စုပေါင်း ၀ိုင်းပတ် ချင်းရိုးရာအကဖြင့် ဒုတိယပိုင်း ဖျော်ဖြေရေးကို ပြီးဆုံးခဲ့ပြီး တက်ရောက်လာသူများတို့ကို ချင်းရိုးရာ အစားအစာဖြင့် ပြန်လည်ဧည်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ PNS-Japan
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 comments: