Tuesday, February 7, 2012

ဒေါ်​အောင်ဆန်း​စုကြည်ကို ပုဂ္ဂိုလ်​ရေး​အရ ထိခိုက်​စေသည့်​ စာအုပ်ဖြန့်​ချိ

February 6, 2012


ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲ ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေချိန်မှာပဲ သူ့ကို ပုဂ္ဂိုလ်​ရေး​အရ ​ဝေဖန် ထား​တယ်ဆိုတဲ့​ စာအုပ်တအုပ်ကို ​ဖေ​ဖော်ဝါရီ လဆန်း​မှာ ဖြန့်​ချိလိုက်ပါတယ်။

စာ​ရေး​သူ ​အောင်မြတ်ဦး​က ​အောင်ဆန်း​စုကြည် သို့​မဟုတ် ဒီမိုက​ရေစီ လင်း​လက်ကြယ်စင် အမည်​ပေး​ထား​တဲ့​ စာအုပ်မှာ မျက်နှာဖုံး​ မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံ​တွေကို အသား​ပေး ​ဖော်ပြထား​ပေမယ့်​ အတွင်း​ပိုင်း​ စာသား​ တွေမှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ပါတယ်လို့​ အဲဒီစာအုပ်ကို ဖတ်ခဲ့​ရသူ​တွေက ​ပြောပါတယ်။

အောင်မြတ်ဦး​ရေး​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် စာအုပ်ဟာ အရင် အစိုး​ရပိုင် သတင်း​စာ​ တွေမှာပါတဲ့​ ​ဆောင်း​ပါး​ တွေပုံစံ ​ရေး​ထား​တာလို့​ စာအုပ်ဖတ်ရှုခဲ့​တဲ့​ မန္တ​လေး​မြို့​နေ သတင်း​ထောက်တဦး​က ​ပြောပါတယ်။
“အထဲမှာဆို စုကြည်တို့​ ဘာတို့​ လုပ်ထား​တယ်။ ​နောက်ဆုံး​ သူမဟာ နိုင်ငံ​ရေး​ ဘာမှ မသိဘူး​ဆိုတာမျိုး​၊​ မိုက်ကယ်အဲရစ်နဲ့​ ရတာတို့​၊​ သူမက​တော့​ ​ပြောတာ​ပေါ့​။ ကံကြမ္မာရဲ့​ ​စေစား​ရာ၊​ နိုင်ငံခြား​သား​နဲ့​ ရတာတို့​၊​ အဲလိုမျိုး​ အတည်​ပေါက်​တွေ လုပ်ထား​ပြီး​ အခုကျ​တော့​မှ ​နောက်ဆုံး​ခန်း​ ကျ​တော့​ အ​ကောင်း​ပုံစံနဲ့​ ပြန်ဖြန့်​ရေး​သွား​တယ်။ ​နောက်ဆုံး​မှာ ​ဒေါ်စုရဲ့​ ​ကောက်နှုတ်ချက်​လေး​တွေကို ​ဖော်ပြထား​တယ်။ ​နောက်ဆုံး​စာမျက်နှာ သုံး​လေး​ရွက်​လောက် လှန်ကြည့်​ရင်​တော့​ အ​ကောင်း​လို့​ ယူဆစရာ ရှိတယ်။ အလယ်နား​နဲ့​ ​ရှေ့​ပိုင်း​တွေမှာ ​သေချာကြည့်​တော့​မှ သတင်း​စာ​တွေမှာ ပါး​ပါး​လေး​နဲ့​ ဆော်တဲ့​ ​ပေါ်လစီ ​ဆောင်း​ပါး​ရှင်​တွေ အတိုင်း​ပဲ။ ​တော်​တော် ဆိုး​ဆိုး​ဝါး​ဝါး​ လုပ်တယ်။ ဘယ်​လောက်ထိ​အောင် လုပ်လဲဆိုရင် သူမကို ​ဒေါ်လာ​ငွေ
၂ သန်း​ ​ပေး​ဖို့​အတွက် ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆု​ပေး​လိုက်တယ်တို့​၊​ သူမက ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုနဲ့​ ထိုက်တန် မတန် မသိဘူး​။ သူမ​တော့​ နိုဘယ်လ်ဆု ရရှိသွား​ပြီတို့​၊​ သူမကို ပထမဆုံး​ နိုင်ငံ​ရေး​ စင်မြင့်​ပေါ်တင်​ပေး​တာ ဗကပ ထွန်း​ဝေကြီး​တို့​၊​ ဗကပ တင်လို့​ ​ရောက်လာတယ်တို့​၊​ အဲဒါမျိုး​တွေ​ပေါ့​။”
စာ​ရေး​သူ ​အောင်မြတ်ဦး​ဟာ တိုက်ရိုက် မဟုတ်ဘဲ တခြား​ သတင်း​ဌာန​တွေကို ကိုး​ကား​ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ​ရေး​ခဲ့​တယ် လို့​လည်း​ ဆိုပါတယ်။

“သူမကို နိုင်ငံ​ရေး​ ဝါရင့်​သတင်း​သမား​ တဦး​က သုံး​သပ်တာမျိုး​၊​ ဘယ်သူလို့​လည်း​ မ​ပြောဘဲ အတည်​ပေါက်​ ရေး​ထား​တယ်။ ​နောက်တခါ နိုင်ငံခြား​ သတင်း​ထောက် တဦး​ပြောတာက​တော့​ ဆိုတာမျိုး​၊​ သူ​ပြောသလိုမျိုး​ မဟုတ်ဘဲနဲ့​ တခြား​သူ တ​ယောက်က ​ပြောသလိုမျိုး​၊​ အဲဒါ​တွေကို ဖြန့်​ရေး​ ချထား​တာ။ အကြမ်း​ဖျင်း​ လိုရင်း​ကို ​ပြောရရင် သူဟာ ​တောက်​လျှောက် ထိပ်တိုက်ရင်ဆိုင်မှု​တွေ လုပ်တယ်။ သူမကို ရင်း​နှီး​သူများ​က စုကြည်လို့​ ခေါ်တယ်။ ​နောက်တခါ အမျိုး​သား​ဒီမိုက​ရေစီ ပါတီတဲ့​။ အမျိုး​သား​ဒီမိုက​ရေစီ ပါတီဆိုတာက ​ဒေါက်တာစိန်ဝင်း​တို့​ ပါတီ၊​ သူ(စာ​ရေး​သူ)မသိဘူး​။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်နဲ့​ ပါတီနဲ့​ကို သူမကွဲဘူး​။”

ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ပါတဲ့​ ဒီမိုက​ရေစီ သို့​မဟုတ် လင်း​လက်ကြယ်စင် စာအုပ်ဟာ ဆန်း​လှစာ​ပေက ထုတ်​ဝေ ဖြန့်​ချိတာဖြစ်ပြီး​တော့​ ​ရောင်း​ဈေး​က​တော့​ ၃၅၀ ကျပ်ပါ။ ဒါဟာ တခြား​ စာအုပ်​ဈေး​နှုန်း​တွေနဲ့​ နှိုင်း​ယှဉ်ရင် စီး​ပွား​ရေး​အရ အရှုံး​ခံပြီး​ ထုတ်ခဲ့​တာလို့​လည်း​ ​ပြောကြပါတယ်။

အဲဒီစာအုပ်ကို ဖတ်ခဲ့​သူ တဦး​ကလည်း​ “သူက တချို့​ ဟာ​တွေကျ​တော့​ ဗိုလ်ချုပ်ရဲ့​သမီး​၊​ ​ဒေါ်ခင်ကြည်ရဲ့​သမီး​၊​ ​နောက် ဗိုလ်လ​ရောင်ရဲ့​ မြစ်​ပေါ့​။ ဒါ​တွေက အလွန် အစဉ်အလာရှိခဲ့​တဲ့​ ​သွေး​က​နေ စီး​ဆင်း​လာ​ပေမယ့်​ သူမကို​တော့​ သာမန်သ​ဘော သက်​ရောက်​အောင် ​ရေး​ထား​တယ်” လို့​ ​ပြောပါတယ်။

အရင် နဝတ၊​ နအဖ ​ခေတ်မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို အစိုး​ရပိုင် မီဒီယာ​တွေကသာ စာအုပ်ထုတ်​ဝေတာ ရှိခဲ့​ပေမယ် အခု ပထမ ဦး​ဆုံး​အ​နေနဲ့​ ပုဂ္ဂလိကပိုင် စာ​ပေ တိုက်က​နေ ဖြန့်​ချိ တာလည်း​ ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဒီဗွီဘီ

0 comments: