Friday, January 13, 2012

ဂျပန်ရောက် ကရင်တိုင်းရင်းသားများ အနှစ်(၆၀)အတွင်း အစိုးရနဲ့ KNU အကြား အပစ်အခတ် ရပ်စဲခြင်းအပေါ် ကြေညာချက် ထုတ်ပြန်သည့် ဆန္ဒသဘောထားများကို မြန်မာသံရုံးသို့ သွားရောက်ပေးပို့

January 12, 2012

ကရင်အမျိုးသားအစည်းအရုံး-KNU ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးအတွက် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြိုဆိုသည့် သဘောထား ကြေငြာချက်များကို  ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan တို့မှ တိုကျိုမြို့ ရှီနာဂါဝါရှိ မြန်မာသံရုံးသို့ သွားရောက် ပေးပို့ခဲ့ကြပါသည်။
သဘောထားကြေညာ၌ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်ပေးရန်နှင့် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာ အဓိပ္ပါယ်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် အကောင်ထည်ဖေါ် ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ သဘောထားကြေငြာချက် သွားရောက်ပေးပို့ရာတွင် မြန်မာသံရုံး တာဝန်ရှိသူမှ လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
PNS - Japan
သတင်းဓါတ်ပုံ - Moe Min Thu

0 comments: