January 14, 2012
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တ်ာမြို့  ပြည်ထဲရေး ၀န်ကြီးဌာနတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်ကိုကိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၆၀၄ ဦးစာရင်းကို အတည်ယူပြီး လွှတ်ပေးခြင်း ဖြစ်ကြောင့် နိုင်ငံတွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ မရှိတော့ဟု ထည့်သွင်း ပြောကြား သွားသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU)က ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် တောင်းဆိုမှုလည်း မရှိကြောင်း မန်းငြိမ်းမောင်ကို နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှု ၊ ပုံနှိပ်ထုတ်ဝေရေး ဥပဒေ စသည်တို့ဖြင့် တရားစွဲဆို ရမည်ကိုလည်း ထည့်သွင်း ပြောကြား သွားသည်။
ကျန်ရှိနေသည့် ၁၂၈ ဦးမှာ ဖောက်ခွဲမှုများ ၊ လက်နက်ကိုင်ဆောင်မှုများနှင့် ဆက်စပ်နေပြီး လွှတ်ပေး နိုင်ခြင်း မရှိသေးကြောင်း သူက ဆက်လက် ပြောကြား ခဲ့သည်။ ဆက်လက် ထိမ်းသိမ်း ထားသူများတွင် ထောင်ဒဏ် ၁၀၆ နှစ် ကျခံ နေရသည့် ဘိုမင်းယုကို ကဲ့သို့  ကျောင်းသား ခေါင်းဆောင်များ ၊ ကန္တာရ၀တီ သတင်းဂျာနယ်မှ ကိုညီညီထွန်း ကဲ့သို့  စာနယ်ဇင်း သမားများနှင့် မတရား အမှုဆင် စွဲဆိုဖမ်းဆီး ထားသူများ ပါဝင်သည်။
ယမန်နေ့က လွှတ်ပေးခဲ့သည့် အကျဉ်းသား ၆၅၁ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၀၂ ဦး ပါဝင်ပြီး ကျန်ရှိသည်များမှာ စစ်ထောက်လှမ်းရေးဟောင်းများနှင့် လာဘ်စားမှု၊ အလွဲသုံးစားမှုများဖြင့် ထောင်ကျ နေသည့် အစိုးရ ၀န်ထမ်းများ ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီနှင့် ညှိုနှိုင်းကာ လွှတ်ပေးခြင်းဟု ပြောကြား သွားသည်။ မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး တာလီဘန်နှင့် ဆက်စပ်သူ ၁၃ ဦးကို ဆက်လက် ဖမ်းဆီး ထားသည်ဟု ဆိုသည်။
Copy from - freedomnewsgroup




0 comments:
Post a Comment