ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန်(ဥက္ကဌ) ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တို့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ် ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ပြုလုပ်ခဲ့ပါသည်။
အခန်းအနားတွင် အခန်းအနားမှုးအဖြစ် ဦးကိုကိုအောင်နှင့် ဂျပန်လူမျိုးဆရာကြီး ဦးရွှေဘ( TANABE SAN)တို့က ပြုလုပ် ခဲ့ကြပါသည်။ထို့နောက် ကြယ်ဖြူအကြီး တပွင့်အား ကြယ်ငယ် ငါးပွင့်ခြံရံထားသော နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ခွပ်ဒေါင်း ကျောင်းသားအလံကို အလေးပြုခြင်းနှင့် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲကျဆုံး သွားခဲ့ကြသော ရဟန်းရှင်လူ အာဇာနည် အပေါင်းကို ဦးညွှတ်ဂုဏ်ပြုပြီး ကျဆုံးသွားသော အာဇာနည်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁မိနစ်ခန့် ငြိမ်သက်စွာ နေပေးပြီးနောက် အခန်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
အခန်းအနားတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ပြုလုပ်သော အခန်းအနားအတွက် ပေးပို့လိုက်သော နှုတ်ခွန်းဆက်စကား အသံဖိုင်ကို စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။
ကိုမင်းကိုနိုင်၏ အသံဖိုင် ဖြစ်ပါသည်။
ထို့နောက် ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း-ဂျပန် (AUN )မှ တာဝန်ရှိသူ တဦးဖြစ်သော ကိုမိုင်ကျော်ဦး၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု အဖွဲ့ ( BDA )မှ တာဝန်ရှိသူ ဦးသန်းဆွေ၊ ဂျပန်နိုင်ငံ အလင်းအိမ် မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးရဲငြိမ်း၊ ပြည်ပရောက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးလှအေးမောင်နှင့် APF သတင်းဌာနမှ တာဝန်ရှိသူလည်းဖြစ်သော၊ ကိုမိုးသီးဇွန်နှင့် ၁၉၈၉ ကတည်းက စတင် သိကျွမ်းခဲ့ပြီး ကိုမိုးသီးဇွန်၏ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းချက်များကို ကူညီပံ့ပိုး ပေးနေသော ဂျပန်လူမျိုး မစ္စတာ ယာမဂျီးစံတို့မှ တို့မှ လက်ရှိ ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး အခြေအနေများကို လည်းကောင်း၊ ၈၈မျိုးဆက် ကျောင်းသားများမှ ထုတ်ပြန်လိုက်သော ကြေငြာချက်ကို အပြည့်အဝ ထောက်ခံကြောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်မှသာ စစ်မှန်သော လူ့အခွင့်အရေးကို ရနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိနိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရ ဝိုင်းဝန်း ပံ့ပိုးပေးကြရန် စသည်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် ၈၈ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်မှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေး သွားခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ အသံဖိုင်ဖြစ်ပါသည်။
ထို့နောက် အစီအစဉ်အရ အခန်းအနားသို့ လာရောက်ကြသော ဆွေးနွေးမှုများ၊ မေးမြန်းမှုများကို ကိုမိုးသီးဇွန်မှ ပြန်လည် ဖြေကြားခြင်း၊ ဂျပန်နိုင်ငံရှိ မီဒီယာများနှင့် ကိုမိုးသီးဇွန် တွေ့ဆုံခြင်း အမေးအဖြေ ကဏ္ဍများကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ပရိသတ်နှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်းများကို ပြုလုပ်ကာ အခန်းအနားကို ညနေ ၄နာရီခွဲတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
သတင်း...Aye Nandar Aung(Japan)ဓါတ်ပုံ....Thar Htet (BCJP)/ Lian Khan Sum




0 comments:
Post a Comment