Tuesday, January 31, 2012
ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုး သမီးများ ပြောဆို
Posted by PNSjapan at 3:21 PM 0 comments
Labels: သတင်း
ကေအဲန်ယူ တပ်မဟာ(၄)ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့နေ .
ကေအဲန်ယူ တပ်မဟာ(၄)မှ အမည်မဖော်လိုသူ တပ်ဘက်အရာရှိတစ်ဦးက “အခု စကခ (၂၀) ရောက်လာပြီ။ စကခ(၁၃)၊ (၈)တို့ အခုထိ ပြန်မဆင်းဘူး။ ပြောတာက တပ်ချိန်းတယ်ဆိုပေမယ့် ဒါဟာ တပ်အပြောင်းအလဲ လုပ်ဆောင်တယ်လို့ ပြောလို့ မရဘူး။ တပ်အင်အား ထပ်ဖြည့်တယ်လို့ ပြောရမှာ။”ဟု ပြောသည်။
Posted by PNSjapan at 3:06 PM 0 comments
Labels: သတင်း
ဗိုလ်မှုးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူးအကြောင်း

မောင်စည်သာ ဆိုတဲ့ တပ်မတော်အရာရှိဟောင်းတဦး စည်းလုံးခြင်းရဲ့အင်အားဘလော့ဂ်မှာ ရေးသားခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၁၂ ပုဒ် ဖြစ်ပါတယ်။
သပြေတခက် ကြွေရက်ကယ်စော - အပိုင်း (၁)
စာဖတ်ပရိသတ်များခင်ဗျား-
မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူး နားဝ ရှိခဲ့ကြပေမဲ့ သားဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့  အကြောင်းကိုတော့ သိသူရှိ သလို မသိသူလည်း အများအပြား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့ မုန်းတဲ့ ဗိုလ်ကြီးမြင့်ထူးရဲ့  ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ကို စာဖတ် ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ် စစ်ဘီလူး တွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဆောင်းပါးကို နောင်လာ နောင်သား မျိုးဆက်သစ်များ သိရှိနိုင်ရန် ဖြစ်ပါ တယ်။ တဆက်တည်းမှာ ဒီမိုကရေစီ အရေးအတွက် အသက် ပေးသွားတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင် လူ တပ်မတော်သား တွေရဲ့  ၀ိညာဉ်ကို ဦးညွှတ်ရင်း နိုင်ငံ့ အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေး အောင်မြင်သည့်အထိ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူး ကျေးဇူးတင် ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်ခင်ဗျား။
တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦး ကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက် နှင့် တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅) လုံးစီရှိကြ၏။ အိမ်တစ်လုံး နှင့် တစ်လုံး အကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ် ကြည့် ရှုမရနိုင်စေရန် လူတရပ်ကျော် မြင့်သည့် သစ်သားဝင်းထရံဖြင့် ကာရံထား၏။
အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံး နှင့် တစ်လုံး အိမ်ပြင်ကို မမြင်ရလေ အောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။
တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်း နှင့် ကိုက် (၃၀) ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင် ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေ နှင့် အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀) ခန့် ပါရှိလေသည်။
ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်း နှင့် ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင်ရှိနေ၏။
ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့် ပုဂ္ဂိုလ် များ သည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅) နာရီမှစ၍ လမ်းလျှောက်လိုသူ တိုင်း (တစ်ကြိမ်လျှင်တစ်ဦး သာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့် ရကြ၏။
ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင် အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင် အကျဉ်းကျ ခံနေရသူတို့၏ဘ၀မှာမူ အရှင်လတ်လတ် ငရဲကျနေသည် နှင့် ဘာမျှမခြားပေ။
ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများ ပါရှိသည့် အချုပ်ဆောင် (ကျနော်သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏ အပြင်ဘက်၊ ဗဟိုထောက် လှမ်းရေးကင်းရုံ နှင့် တွဲထားသည့် အချုပ်ဆောင် ဖြစ်လေသည်။
Posted by PNSjapan at 3:04 PM 0 comments
Labels: သတင်း
ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ် (ရုပ်သံ သတင်း)
Posted by PNSjapan at 9:03 AM 0 comments
Labels: ဗွီဒီယို
ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးပေးရန် လိုအပ်ဟုဆို

Posted by PNSjapan at 12:23 AM 0 comments
Labels: သတင်း
Monday, January 30, 2012
ဂျပန် သတင်းဌာနများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ် ရုပ်သံ သတင်း
Posted by PNSjapan at 11:06 AM 0 comments
Labels: ဗွီဒီယို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)
- ဟန်ထက် ပေးပို့သည်
ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။
နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ
Posted by PNSjapan at 12:10 AM 0 comments
Labels: သတင်း
Sunday, January 29, 2012
လွတ်မြောက် ကျောင်းသားများနှင့် ဒီမိုကရေစီ ဘက်တော်သားများ ကြိုဆို ဂုဏ်ပြုပွဲ
လာသော ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ် ခဲ့သည်။ အခမ်းအနားသို့ မစုစုနွေး၊ ကိုဇော်ဇော်မင်း၊ ဒီငြိမ်းလင်း၊
စည်သူမောင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်း ၃၀ ဦးနှင့် ဒေသခံ လုပ်သားပြည်သူ ၄၀၀ ခန့် တက်ရောက် ခဲ့ကြသည်။
Posted by PNSjapan at 11:51 PM 0 comments
Labels: သတင်း
တိုကျိုတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum
Posted by PNSjapan at 10:54 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ထားဝယ် နေ့ချင်းပြန် စည်းရုံးရေးဆင်း – Daw Suu visits southern Burma
Posted by PNSjapan at 3:11 PM 0 comments
Labels: သတင်း
(၆၅)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။
Posted by PNSjapan at 2:24 AM 0 comments
Labels: နှိုးဆော်ခြင်း
လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး' ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
Posted by PNSjapan at 2:15 AM 0 comments
Labels: သတင်း
ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ "ကျင်" ပွဲ အထူးစည်ကား .
"လာရောက်တဲ့ ပရိတ်သတ်တွေက ခန်းမ တခုလုံးနီးပါး ပြည့်နေပါတယ်။ မနေ့ကတော့ အစိုးရ ရုံးဖွင့်ရက် ဖြစ်တဲ့အတွက် ပထမတော့ လာရောက်သူတွေက နည်းပါတယ်။ ညနေပိုင်းကျတော့ လူနည်းနည်း တိုးလာပါတယ်။ အခုတော့ အပြည့်ပါပဲ။ တော်တော် စည်ပါတယ်။" ဟု သူကပြောသည်။
ယခု ကျင်းပပြုလုပ်နေသည့် ပွဲတော်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ စီစဉ်ပြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရား အစားအစာရောင်းချပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဇော် အေးမောင်က ယခုလို နိရဉ္စရာသို့ ပြောသည်။
Posted by PNSjapan at 1:54 AM 0 comments
Labels: သတင်း
တရားဝင် နေထိုင်ခွင့် ( ဗီဇာ မရှိသေးသူများ ) အတွက် အသစ် ပြုပြင် ပြဌာန်းထားသော ဂျပန် လ၀က ဥပဒေ
Posted by PNSjapan at 1:35 AM 0 comments
Labels: သတင်း
Saturday, January 28, 2012
၂၀၁၂ ခုနှစ် ဂျပန် လ၀က ဥပဒေ စုစည်းမျှဝေခြင်း
Posted by PNSjapan at 3:44 PM 0 comments
Labels: နှိုးဆော်ခြင်း
မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
Posted by PNSjapan at 1:05 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့
Friday, 27 January 2012 |
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံ ခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။
"ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘော ပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက် သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ် ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး" ဟု တွေ့ဆုံ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
|
Posted by PNSjapan at 12:48 PM 0 comments
Labels: သတင်း
KNU နယ်မြေရောက် အစိုးရတပ်များ လျှော့ချ/ရုပ်သိမ်းရေး
Posted by PNSjapan at 1:27 AM 0 comments
မတရားအသင်းဥပဒေ ဖျက်သိမ်းရန် တောင်းဆို


Posted by PNSjapan at 1:18 AM 0 comments
Labels: သတင်း
Friday, January 27, 2012
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၁၂ World Economic Forum
ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum)
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့
ဇန်န၀ါရီ ၂၆၊ ၂၀၁၂
Copy from - irrawaddyblog
Posted by PNSjapan at 3:58 PM 0 comments
Labels: ဗွီဒီယို
ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ
Posted by PNSjapan at 3:55 PM 0 comments
Labels: သတင်း
ရွှေဝါရောင် သံဃာများကို နိုင်ငံတော် သံဃမဟာနာယက ဆင့်ခေါ်
Posted by PNSjapan at 3:26 PM 0 comments
Labels: သတင်း
တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို
Posted by PNSjapan at 3:16 PM 0 comments
Labels: သတင်း
စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံ သည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ ပြန်လည် ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည် နေရာ ချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။
“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင် ဦးစားပေးအဖြစ် ဆွေးနွေး သွားမှာပါ။ နယ်စပ် ဒုက္ခသည် စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က နေရေးနဲ့ ရိက္ခာတွေ အထဲက လူတွေလောက် ပူစရာ
Posted by PNSjapan at 1:11 AM 0 comments
Labels: သတင်း
မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား
Posted by PNSjapan at 12:52 AM 0 comments
Labels: သတင်း
ကရင်နီရွာသားများကို အစိုးရတပ် ပစ်ခတ်
26 ဇန်န၀ါရီလ 2012
Posted by PNSjapan at 12:15 AM 0 comments
Labels: သတင်း
Thursday, January 26, 2012
မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ
Posted by PNSjapan at 11:44 PM 0 comments
Labels: သတင်း
လက်နက်ကိုင် တိုင်းရင်းသားတွေလည်း မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုပြီ
Posted by PNSjapan at 3:08 PM 0 comments
Labels: သတင်း
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေ စားဝတ်နေရေး မလုံလောက်မှုနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့နေ
Posted by PNSjapan at 8:52 AM 0 comments
Labels: ဗွီဒီယို
ညှဉ်းပမ်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်မှုအပေါ် အစိုးရအနေဖြင့် တာဝန်ယူမှုရှိရမည်ဟု PWO က သတင်းထုတ်ပြန်
ဌာနေ ပြည်သူ့စစ်အဖွဲ့က တအာင်းပြည်သူတဦးအား ညှဉ်းပမ်း နှိပ်စက်ပြီး သတ်ဖြတ် လိုက်ခြင်းအပေါ် အစိုးရ အာဏာပိုင်များ အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး (PWO) အထွေထွေ အတွင်းရေးမှူး လိုည်းနွေနှောင်းက ပြောသည်။
Posted by PNSjapan at 1:05 AM 0 comments
Labels: သတင်း
မြေယာခွဲဝေမှုမှာ လုံးဝသမာသမတ်မကျတဲ့ ကိစ္စမျိုးတွေ အများကြီးပဲ
Posted by PNSjapan at 12:22 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်
January 25, 2012
Posted by PNSjapan at 12:04 AM 0 comments
Labels: သတင်း
Wednesday, January 25, 2012
ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်
Posted by PNSjapan at 3:17 PM 0 comments
Labels: သတင်း
ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့ ပြောကြားခဲ့သည့် (ရုပ်သံ)
Posted by PNSjapan at 8:57 AM 0 comments
Labels: ဗွီဒီယို
တပ်မတော်သားများ ရာဇ၀တ်မှု ကျူးလွန်ခြင်း
Posted by PNSjapan at 12:51 AM 0 comments
Labels: သတင်း
လူထုကို လုံခြံမှု ပေးနိုင်သည့် ဥပဒေ ပြဌာန်းပေးရန် တောင်းဆို
Posted by PNSjapan at 12:21 AM 0 comments
Labels: သတင်း
Tuesday, January 24, 2012
ကချင်ဒုက္ခသည်များသို့ ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား
Posted by PNSjapan at 3:15 PM 0 comments
Labels: ဗွီဒီယို
ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ
2012-01-23
Posted by PNSjapan at 3:03 PM 0 comments
Labels: သတင်း
ဦးခင်ညွန့် အလုပ်ရပြီ
ဦးခင်ညွန့် လွတ်မြောက်တဲ့နေ့တုန်းက သူ့ဆီ အရင်ဦးဆုံး သွားရောက် တွေ့ဆုံ စကားပြောဆိုတဲ့ သူတွေထဲမှာ ဒေါက်တာဦးခင်ရွှေလည်း ရှေ့ဆုံးက ပါဝင်သူပါ။ အဲဒီကတည်းက ဖောင်ဒေးရှင်းမှာ ၀င် လုပ်ပေးဖို့ ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်း ဘာလဲ?
မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်မှာ စတင် ပေါ်ပေါက် လာတာပါ။ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရန်ကုန်ထုတ် ဂျာနယ်အတော်များများမှာ ပါဝင်ခဲ့ပါတယ်။
၂၀၁၁ နိုဝင်ဘာမှာ ဦးခင်ရွှေရဲ့ ချွေးမ သရုပ်ဆောင် နန္ဒာလှိုင်ကလည်း True News ဂျာနယ်ကို ဒီလို ပြောပါတယ်။
“မြရိပ်ညို ဖောင်ဒေးရှင်းကို အစ်မရဲ့ ယောက္ခမ ဖြစ်တဲ့ ဦးခင်ရွှေက သိန်းတစ်သောင်း မတည်ပြီး စတင် တည်ထောင် ပေးခဲ့တယ်။ အဲဒီ ဖောင်ဒေးရှင်း ထူထောင်ပြီး နောက်ပိုင်း ပခုက္ကူ မြို့မှာ ရေကြီးမှု ဖြစ်ပွား ခဲ့တယ်။ ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ ပခုက္ကူ မြို့အပြင် ပခုက္ကူ မြို့က ရွာတချို့ကို လိုအပ် တာတွေ လှူဒါန်းမှု ပြုလုပ် ခဲ့တယ်”
၂၀၁၁ နိုဝင်ဘာလမှာ ဦးခင်ရွှေရဲ့သား ဦးဇေသီဟက ပေါ်ပြူလာသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မိဘမဲ့ ကလေးတွေ နဲ့ သက်ကြီး ရွယ်အိုတွေကို ကုမ္ပဏီက ဟိုတယ်၊ စားသောက်ဆိုင်တို့၊ ဘုရား၊ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ စတဲ့ နေရာတွေမှာ တစ်နေကုန် သူတို့ ပျော်အောင်ထားပြီး ပြန်ပို့ပေးမယ့် အစီအစဉ်မျိုး လုပ်မှာပါ” လို့
ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အကူအညီတွေပေးမယ့် အဖွဲ့ပါ။
ဦးခင်ညွန့်က လူတွေကို ဖမ်းပြီးနှိပ်စက်တဲ့နေရာမှာ စပယ်ရှယ်လစ်ဖြစ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ အကြီးအကဲဟောင်း ဆိုတော့ အင်း ... ဒီဖောင်ဒေးရှင်းကိုသာ အမှန်တကယ် ဦးဆောင်ဖြစ်ခဲ့ရင် ဘာတွေ ဖြစ်လာမယ် မသိတော့ပါဘူးလေ။
Posted by PNSjapan at 2:57 PM 0 comments
Labels: သတင်း
Monday, January 23, 2012
မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူ (၅)ဦးဒဏ်ရာရ
ဖားကန့်မြို့နယ် လောင်ခန်(Lawng Hkang)နှင့် ဆိုင်းရာ(Seng Ra)ရွာသစ် ကြားတွင် ဇန်န၀ါရီလ ၁၅ ရက် နံနက် ၉ နာရီ၌် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထောင်ထားသော မိုင်းကို အစိုးရစစ်ကြောင်း စစ်သားများ နင်းမိ ပေါက်ကွဲရာ မိုင်းပေါက်ကွဲသံကြောင့် ရွာသားများ ကြောက်ရွံ့ ထွက်ပြေးကြသည်ကို အစိုးရစစ်သားများ လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူ ဗမာအမျိုးသား ၂ ဦး သေဆုံး၍ အခြား (၅) ဦး ဒဏ်ရာရရှိသည်။
ယခုလို လူမဆန် ပစ်ခတ်မှုကို ကြိုးလွန်ခဲ့သည့် တပ်မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ အမှတ် (၃၀၉) မှ စစ်သားများဖြစ်သည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန Jan 2012
Posted by PNSjapan at 10:09 PM 0 comments
Labels: သတင်း
မြန်မာပြည် မြေပေါ်က အဖိုးတန် သဘာဝ ပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း ...
မြန်မာပြည် မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။ မြန်မာပြည်ရဲ့  သဘာဝ သစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင် အကြောင်း အကျဉ်းချူပ် ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေ ခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထား လေ့ရှ်ိကြပါတယ်။ မြန်မာပြည်ရဲ့  တန်ဖိုး မဖြတ်နိုင်တဲ့ သစ်ပင်ကြီး မျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီး တပင်ရဲ့  အင်မတန် ကြီးမားလှတဲ့ ပင်စည် အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ် ရရှိခဲ့ပါတယ်။
Posted by PNSjapan at 9:41 PM 0 comments
Labels: သတင်း
အပစ်ရပ်ရေး လွယ်ပေမယ့် နိုင်ငံရေးေ ဆွးနွေးဖို့ ခက်ကြောင်း မွန်ပြည်သစ်ပြော
မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမ အကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးကို လိုလားပါ တယ်။ ဒါပေမယ့် စစ်ဘက်ကနေ လာတဲ့ လက်ရှိ အစိုးရက မဟာ လူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး” ဟု နိုင်ထောမွန်က ကိုယ်စားလှယ်များအား ပြောသည်။
နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အချို့က မွန်ပြည်သစ်ပါတီအား အပစ်အခတ် ရပ်စဲစေလို သည့် တင်ပြချက်များနှင့် ပတ်သက်ပြီး နိုင်ထောမွန်က ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။
၁၅ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ကြရန်လည်း ကိုယ်စားလှယ်များအား သတိပေး ပြောဆိုခဲ့သည်။
Posted by PNSjapan at 8:01 PM 0 comments
Labels: သတင်း
ပိတ်ဆို့မှုရုပ်သိမ်းရေး လာမည်၊ သို့သော် ကြာမည်
"ဒီ sanction တွေ (စီးပွားရေးပိတ်ဆို့မှုတွေ) အစကတည်းက လုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလိုက်ရင် ဒီ sanction တွေကို ရုတ်သိမ်းပေးမယ် ဆိုတာ ပြောထားပြီးသားပါ။ အဲဒီတော့ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ ဒီ … santion တွေ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး"
Posted by PNSjapan at 1:58 AM 0 comments
Labels: သတင်း
လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေမှာ အားလုံး ပါဝင် လုပ်ကိုင်မှ တိုင်းပြည် ဆင်းရဲတွင်းကနေ အမြန်ဆုံး လွတ်မြောက်နိုင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Posted by PNSjapan at 1:54 AM 0 comments
Labels: ဗွီဒီယို
(၆၅)နှစ်မြောက် ပြည်တောင်စုနေ့ အခမ်းအနား စုပေါင်းကျင်းပပြုလုပ်ရန် ညှိနှိုင်းစည်းဝေး
Posted by PNSjapan at 1:39 AM 0 comments
Labels: သတင်း
မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ
တနင်္ဂနွေ, 22 ဇန်နဝါရီ 2012
Posted by PNSjapan at 12:05 AM 0 comments
Labels: သတင်း