Wednesday, November 30, 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် တရုတ်ကို သတိပေးချက်ဖြစ်

2011-11-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကမ္ဘာ့အကြီးဆုံး စူပါ ပါဝါ အင်အားကြီး နိုင်ငံတစ်ခု မြန်မာနိုင်ငံကို ဝင်လာပြီဆိုတာ တရုတ်အစိုးရကို သိသိသာသာ အချက်ပြ လိုက်တာလို့ နယူးယောက် အခြေစိုက် Asia Society က မနေ့က သတင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအပေါ် ၁၀ စုနှစ် အတန်ကြာ လွှမ်းမိုးထားတဲ့ တရုတ်အစိုးရ အနေနဲ့ အမေရိကန်အစိုးရ အခုလို ဝင်ရောက် လာတာကို လိုလားမှာ မဟုတ်ဘူးလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အလေးထား ပါဝင်ဆောင်ရွက် လာတော့မယ်ဆိုတာ တရုတ်အစိုးရကို အသိပေးလိုက်တာပါ၊ သဘာဝ သယံဇာတ အရင်းအမြစ် ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံကို အမေရိကန် အစိုးရက အထီးကျန်ဖြစ်အောင် စီးပွားရေး ပိတ်ဆို့ရေး မူဝါဒချထားခဲ့တဲ့ ကာလအတွင်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အကျိုးအမြတ်တွေ အလုံးအရင်းနဲ့ ချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်လာတဲ့အပြင် အဓိက လက်နက်ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ အခုတော့ မြန်မာအစိုးရဟာ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်လိုက်မှု အပါအဝင် တရုတ်အစိုးရရဲ့ အကျိုးစီးပွား ကိစ္စတွေနဲ့ ပတ်သက်လို့ ခေါင်းခါဖို့ အဆင့်သင့် ဖြစ်နေပြီလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ဆိုပါတယ်။

ဗမာပြည်မြောက်ပိုင်း ရာဇ၀တ်မှုများ

ကချင်ဒေသမှာ ဖြစ်ပေါ်နေတဲ့  ဗမာ့တပ်မတော်ရဲ့ လူမဆန် မှုတွေအကြောင်း ဓါတ်ပုံနဲ့ တကွ တွေ့ရပါမည်။ ယခုအစီရင်ခံစာ ဖိုင်တွဲကို အောက်အထိ ဆွဲကြည့်လိုက်ပါ။ အသေးစိတ်တွေ့ ရပါမည်။ Crimes_In_Northern_Burma

KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်

29 Nov 2011

ကချင်ပြည်နယ် အရှေ့တောင်ဘက် ဘလောင်ဒိန်ဆာ (Balawng Dingsa)တွင် အခြေစိုက်ထားသော KIA တပ်ရင်း (၂၇)အား မြန်မာအစိုးရတပ်မှ နိုဝင်ဘာ၂၈၊ တနင်္လာနေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အစိုးရတပ်၏ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ယော်ထုံ ဦးဆောင်သော ၎င်းတပ်ရင်း အခြေစိုက် စခန်းအား KIA စစ်သားများ ဆုတ်ခွာ ပေးလိုက်ခြင်း ဖြစ်သည်ဟု KIA အရာရှိများ အတည်ပြုပါသည်။

ဘလောင်ဒိန်ဆာ တပ်ရင်း ဌာနချုပ်သည် ဗန်းမော်ခရိုင် မံဝင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် ရှိပြီး KIA တပ်မဟာ ၃ အောက် တပ်ရင်းများအနက် ယင်းစခန်းသည် ပထမဆုံး အစိုးရတပ် လက်အောက်သို့ ကျသွားခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ လဆန်းပိုင်းမှ သမ္မတ ဦးသိန်းစိန် အစိုးရက မိတ္ထီလာ အခြေစိုက် တပ်မ အမှတ် ၉၉၊ ပဲခူး အခြေစိုက် တပ်မ အမှတ် ၇၇ နှင့် ကျောက်မဲအခြေစိုက် စကခ-၁ အောက် တပ်ရင်းများမှ စစ်အင်အား ရာပေါင်းများစွာကို ကချင်-ရှမ်းနယ်စပ် နမ့်ခမ်းနှင့် မံဝင်းမြို့များသို့ ပို့ထားသည်။

ထို့ကြောင့် အင်အား အလုံးအရင်းဖြင့် စစ်ကူရောက်လာ မြန်မာစစ်သားများနှင့် နယ်မြေခံ KIA တပ်ရင်း ၁ နှင့် တပ်ရင်း၂၇ တပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်လာသည်။

မြန်မာအစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို အဓိက ဆက်သွယ်ပေးသည့် မူဆယ်-နမ့်ခမ်း-ဗန်းမော် လမ်းကြောင်းမှ KIA တပ်များကို ရှင်းရန်အတွက် ယခုလို အင်အား အလုံးအရင်းဖြင့် စစ်ဆင်နေခြင်း ဖြစ်သည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ အလွတ်သ​ဘော​ဆွေး​နွေး

November 29, 2011

ကေအိုင်အို (ကချင်လွတ်​မြောက်​ရေး​အဖွဲ့​) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံ ​ရွှေလီမှာ ဒီ​နေ့​ မွန်း​လွဲပိုင်း​ ၃ နာရီ​လောက်က အလွတ်သ​ဘော ​တွေ့​ဆုံ​ ဆွေး​နွေး​ ခဲ့​ပါတယ်။

ကချင်ကိုယ်စား​လှယ် အဖွဲ့​မှာ ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာနဲ့​ ဒုဗိုလ်မှူး​ကြီး​ ဂျီး​နောင်တို့​ အပါအဝင် အဖွဲ့​ဝင် ၆ဦး​လောက် ပါသွား​ပြီး​ အစိုး​ရဘက်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ဖော်​ဆောင်​ရေး​ အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်မင်း​နဲ့​ ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန်တို့​ပါဝင်တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာကို​တော့​ မသိရ​သေး​ဘူး​လို့​ ​ကေအိုင်အိုအဖွဲ့​ ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က ​ပြောပါတယ်။
“အ​ခြေအ​နေက ဘာမှမသိ​သေး​ဘူး​။ ​ရွှေလီမှာပဲ ​တွေ့​ကြတယ်။ တခြား​ အချက်အလက်က ဘာမှမရ​သေး​ဘူး​။ စ​တွေ့​ပြီလို့​တော့​ သတင်း​ရတယ်။ ဘယ်လိုဘာ​တွေ​ ပြောတာ​တော့​ သတင်း​ မရ​သေး​ဘူး​။ မနက်ဖြန်ကျမှ သူတို့​အဖွဲ့​တွေ ပြန်လာတဲ့​အခါကျ​တော့​မှ သိရမယ် ထင်တယ်။ ​တွေ့​နေကြတယ် ဆိုတာ​တော့​ သတင်း​တော့​ရပြီ။”

ကေအိုင်အို ကိုယ်စား​လှယ် အဖွဲ့​ဟာ ဒီက​နေ့​မနက်က ​ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာက​နေ ထွက်ခွာ သွား​တာဖြစ်ပြီး​ တရုတ်အာဏာပိုင်​တွေက နယ်စပ်မှာ ​စောင့်​ဆိုင်း​ပြီး​ လာ​ခေါ်သွား​တယ်လို့​ သိရပါတယ်။
ကေအိုင်အိုနဲ့​မြန်မာ အစိုး​ရကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံမှာ ခုတကြိမ် ​ဆွေး​နွေး ​နေချိန်ဟာ တရုတ်နိုင်ငံ အစိုး​ရက မြန်မာကာကွယ်​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် တရုတ်နိုင်ငံ ​ရောက်ရှိ​ နေချိန်နဲ့​လည်း​ တိုက်ဆိုင်​နေပါတယ်။

Tuesday, November 29, 2011

ဆွံ့အ အမျိုးသမီးငယ်အား မြန်မာစစ်တပ် အုပ်စုလိုက် မုဒိန်းကျင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မိုင်းနန်း အုပ် စု၌ ဆွံ့အ အမျိုးသမီးငယ်အားမြန်မာ စစ်တပ် က အုပ်စုလိုက် မုဒိန်း ကျင့်သည့် အမှုဖြစ်ပွါး ခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်းမှ လာသော သတင်းအရသိရ သည်။
ယခုလ ၂၇ ရက်က (တုံလော အခြေစိုက်)  မိုင်းနန်းစခန်းချ ခလရ ၁၃၁ မှ မြန်မာစစ်သား ၃ ယောက် ဝမ့်နားရွာသို့ သွားရောက် လည်ပတ်ရာမှ ရွာသူတယောက်အား အုပ်စုလိုက် မုဒိန်းကျင့်သည့် အမှုဖြစ်ပွါး ခဲ့ခြင်း ဖြစ်သည်။
“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက်  ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီး ပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီးကို တွေ့တော့ တက်သွားပြီး ဝိုင်းမုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက် ဒေသခံတဦးက ပြောသည်။

ရွှေလီ ရှေ့ရေး

ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်း အမှတ်(၂)နှင့်(၃)ကြောင့် ရွာပေါင်း ၂၅ ရွာ၊ လူဦးရေ ၁၅၀၀၀ ဝန်းကျင် ရေလွှမ်းမိုးမှု အပါအ၀င် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ် ရှိကြောင်း တိုင်းရင်းသား အဖွဲ့ တခုက ပြောလိုက်သည်။

ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း အဓမ္မ ပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
ရုပ်သံတွင် ကြည့်ရှုနိုင်ပါပြီ။
Copy from - irrawaddyblog

အမေရိကန် အဖွဲ့အစည်း ၁၂ ခု တိုက်တွန်း

မြန်မာအစိုးရတပ်၏ လိုက်လံတိုက်ခိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အဓမ္မပေါ်တာဆွဲ ခိုင်းစေခြင်း၊ ဖမ်းဆီးမုဒိမ်းကျင့်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက် ရက်စက်မှုများကြောင့် တောတောင်များတွင် ထွက်ပြေး ပုန်းရှောင်နေကြသည့် ကရင်ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
2011-11-28
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်တဲ့အခါ မြန်မာ စစ်တပ်က Crime Against Humanity လူသားတွေကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲ တောင်းဆို လိုက်ပါတယ်။

လာမယ့် နိုဝင်ဘာ ၃၀ မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါ အမေရိကန် အစိုးရနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အချက်တွေကို ပြည့်မီတဲ့ အထိ သမ္မတ ဦးသိန်းစိန် အစိုးရက အကောင်အထည် ဖေါ်ဖို့ တိုက်တွန်း ပေးပါလို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံတစ်ဝန်း အပစ်အခတ် ရပ်ဖို့၊ အစိုးရနဲ့ ဒေါ်အောင်စုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့၊ စစ်ဘေး ဒုက္ခသည်တွေဆီကို နိုင်ငံတကာက လူသားချင်း စာနာမှု အကူအညီတွေ ရောက်နိုင်ဖို့ ဆိုတဲ့အချက်တွေ ပြောပေးဖို့ တိုက်တွန်းထားကြောင်း ပါဝင် လက်မှတ် ရေးထိုးခဲ့တဲ့ US Campaign for Burma အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပြပါတယ်။
 
သမ္မတ ဦးသိန်းစိန် အနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြုမူ လုပ်ဆောင်မှုတွေကို ပြောင်းလဲလာအောင် အခုထိ မလုပ်ဆောင် သေးဘူးလို့ ဒီအဖွဲ့တွေက ပေးပို့တဲ့စာမှာ ရေးထားပါတယ်။
 
တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာ စစ်တပ်က လူ့အခွင့်အရေးတွေ ဆက်လက် ချိုးဖောက်နေကြောင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ ရွာဖျက်မှု စတဲ့ အမှုတွေကို စစ်တပ်က ဆက်လက် ကျူးလွန်နေပြီး ပြည်တွင်း ဒုက္ခသည်တွေ အပါအ၀င် စစ်ပြေး ဒုက္ခသည်တွေလည်း တိုးလာနေဆဲပဲလို့ ရေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ဗွီဒီယိုခွေ ကြည့်ရှုပြသသူတွေကို လိုက်လံထောက်လှမ်း ခေါ်ယူစစ်ဆေးနေဆဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ဗွီဒီယိုခွေ ကြည့်ရှုပြသသူတွေကို လိုက်လံထောက်လှမ်း ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
copy from - drlunswe.blogspot

မြန်မာပြည်က အကြောက်တရား ကင်းမဲ့သူများ

မြန်မာပြည်က အကြောက်တရား ကင်းမဲ့သူများ  
မြန်မာပြည်က အကြောက်တရား ကင်းမဲ့မှု Burma’s Fearlessness လို့ အမည်ပေးထားတဲ့ စာအုပ်ထုတ်
ဝေပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပ ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဗီဒီယို မှတ်တမ်း အပြည့်အစုံကို ကြည့်ရှုနိုင်ပါပြီ။
မြန်မာပြည်က အကြောက်တရား ကင်းမဲ့သူများ မြန်မာပြည်က အကြောက်တရား ကင်းမဲ့မှု Burma’s Fearlessness လို့ အမည်ပေးထားတဲ့ စာအုပ် ထုတ်ဝေပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဗီဒီယိုမှတ်တမ်း အပြည့်အစုံကို ကြည့်ရှုနိုင်ပါပြီ။
copy from - burma.irrawaddy.org

Monday, November 28, 2011

ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ

ဆရာစံ

မြန်မာ့သမိုင်းတွင် မော်ကွန်း တင်ခဲ့သည့် တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံနှင့်အတူ  အင်္ဂလိပ် အစိုးရ၏ ကြိုးမိန့်ပေး ခံခဲ့ရ သည့် တော်လှန်ရေး သမားများအား အမှတ်ရစေရန်  နှစ်(၈၀)ပြည့် အခမ်း အနား တရပ်ကို ယနေ့နံနက်က ကျင်းပခဲ့သည်။

ပဲခူးတိုင်း သာယာဝတီမြို့ ကံကြီးပိုင်း ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်တွင် မြို့ပေါ် လူငယ် အဖွဲ့အစည်းများ စုပေါင်း၍ ဆွမ်းကျွေးပွဲ အခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီ အချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  မြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။

“ကျနော်တို့ အဓိက ရည်ရွယ်တာက ဆရာစံ တော်လှန်ရေးသည် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တခုပဲဗျ။ အဲဒီတော်လှန်ရေးမှာ အင်္ဂလိပ်နယ်ချဲ့က ဆရာစံနဲ့ တောင်သူလယ်သမား တော်လှန်ရေး သမားတွေကို သူတို့က သူခိုးဓမြသာသာပဲ သမိုင်းမှာ မှတ်တမ်း တင်ခဲ့တာလေ။ အဲဒီတော့ နောက်က ဘယ်အစိုးရ တက်လာလာ တက်လာတဲ့ အစိုးရတွေက အဲဒီလို အမှတ်တရ ပွဲတွေ လုပ်မပေး ခဲ့ဘူးဗျ။ ကျနော်တို့ တသက်ပေါ့။ ဒါ ကျနော်တို့က အရင်ဆုံး ရရှိတဲ့ အခြေအနေ တခုပေါ်မှာ မူတည်ပြီးတော့ အခမ်းအနား ကျင်းပလိုက်တာဗျ။”

တရုတ်မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့မည် – China, Burma to enhance military ties

Xinhua သတင်းဌာန
နိုဝင်ဘာ ၂၈၊ ၂၀၁၁
ပီကင်းတွင် ယနေ့ တွေ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တရုတ်ဒုသမ္မတ (ဓာတ်ပုံ – Xinhua/Li Tao)


မြန်မာနိုင်ငံနှင့် စစ်ရေး ဆက်နွယ် ပူးပေါင်းမှု တိုးမြှင့်ဖွယ် ရှိသည်ဟု တရုတ် ထိပ်တန်း စစ်အရာရှိ တဦးက ယနေ့ ပြောလိုက်သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ အပြီးတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် တိုးတက်လာသည်ဟု စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ပြောသည်။

တပ်မတော် ၂ ခုသည် ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ လည်ပတ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း၊ နယ်စပ် လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း ပြောသည်။

ဂျပန်နိုင်ငံတွင် ကျင်းပသည့် သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ခမ်းအနား သတင်းဓါတ်ပုံ ။



၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်။

ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားမိသားစုများတို့မှ သက္ကရာဇ်၂၁ဝ၆ နှစ်ပြည့် သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၂၇)ရက်နေ့တွင် တိုကျို Itabashi - ku Oyama Green Hall ၌ ညနေ ၁၈း၀၀ မှ ၂၁း၀၀ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဖျော်ဖြေရေး အစီအစဉ်မှာ သျှမ်းရိုးရာ အိုးစည်ဗုံမောင်းအက သီချင်းများအပြင် အထူးဧည်တော် သျှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဟန်ထွန်းလဲ တက်ရောက် ဖျော်ဖြေခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် သျှမ်းနှစ်သစ်ကူးပွဲတော်တွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအပြင် ဂျပန်လူမျိုးများပါ ပါဝင်ဆင်နွဲခဲ့ကြပြီး သျှမ်းရိုးရာ အစားအစာများနှင့် ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ

 တနင်္ဂနွေ, 27 နိုဝင်ဘာ 2011
 
မြန်မာနိုင်ငံမှာ တိုးတက်မှု ဖြစ်စဉ်ရဲ့ လမ်းစလို့ ပြောနိုင်တဲ့ ပြောင်းလဲမှုတွေဟာ တိုင်းရင်းသား ပြည်သူတွေ အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မဟုတ်ဘူး ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ သတိထားမိအောင် အိတ်ဖွင့်ပေးစာ တစ်စောင် ပို့ပေးဖို့ တိုင်းရင်းသား အဖွဲ့တချို့က စီစဉ်နေကြပါတယ်။ မစ္စ် ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလဆန်းရက်ထဲ မြန်မာနိုင်ငံကို လာဖို့စီစဉ်ထားပြီး အမေရိကန်တို့ အနေနဲ့ မြန်မာ့အရေးကို အလျင်စလို မဆုံးဖြတ်စေချင်တဲ့အတွက် အခုလို အိတ်ဖွင့်ပေးစာ ပေးပို့မှာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတချို့ဟာ တိုးတက်မှုတစ်ခုအဖြစ် မြင်နိုင်ပေမဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် လုံလောက်ပြီး လက်ခံလောက်တဲ့ အခြေအနေတစ်ခုအထိ မရောက်သေးဘူး ဆိုတာကို ပိုပြီးသတိထားမိစေဖို့ ရည်ရွယ်တဲ့ အနေနဲ့ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးဖို့ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က စီစဉ်နေတာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပြင် ကရင်၊ ဇိုမီး၊ ချင်းနဲ့ မွန် နိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ UNA အဖွဲ့က တာဝန်ရှိသူတွေ မနေ့က တွေ့ဆုံပြီး မစ္စ် ကလင်တန် မြန်မာပြည်ကို လာတဲ့အခါမှာ ဒီအခြေအနေတွေအကြောင်း ရေးထားတဲ့ စာကိုပေးဖို့ ကြိုတင် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“ကမ္ဘာက ပြောနေကြတဲ့ ပြောင်းလဲမှုတွေ စတင်နေပြီ၊ ပြောင်းလဲမှု ခြေလှမ်းတွေ စနေပြီ ဆိုတာဟာ အမှန်တကယ် လက်တွေ့ တိုင်းရင်းသားတွေ ခံစားနေရတာ၊ ပြည်သူတွေ ခံစားနေတာနဲ့ တထပ်တည်း မကျဘူး။ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ စစ်မတ်တွေ ဖြစ်ပွားနေဆဲဖြစ်တယ်။ ဒီနေ့အထိ ဗုံးတွေကွဲနေတယ်၊ သေနတ်တွေ ပစ်နေတယ်၊ လူ့အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေ အများကြီး ရှိတယ်။ ဒီဥစ္စာကို ဟီလာရီကလင်တန် အနေနဲ့ သတိရှိရှိနဲ့ မြင်သွားစေချင်တယ်။ သိသွားစေချင်တယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထဲမှာပဲ ရှိနေကြသေးတယ်။ အများကြီးပဲ။

ကွာလာလမ်ပူမှာလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲ

စနေနေ့က မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲ ဖြစ်ပါတယ်။


COBEM Media က ရိုက်ကူးထားတဲ့၊ မိနစ် ၂၀ ကျော် ကြာတဲ့ ဒီအစီအစဉ်ဟာ ပြည်ပရောက် မြန်မာပြည်သားတွေရဲ့ လက်ရာတွေထဲမှာ အင်မတန် သပ်ယပ် ကောင်းမွန်တဲ့လက်ရာ တခုဖြစ်ကြောင်း ရုပ်သံမှာ တွ့ရပါလိမ့်မယ်။
Copy from - irrawaddyblog.com

(၅)ကြိမ်မြောက် ရခိုင်မိသားစု မိတ်ဆုံစားပွဲ တိုကျိုတွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။


ဂျပန်နိုင်ငံရောက် ရခိုင်မိသားစုများ၏ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ(၂ရ)ရက်နေ့ ညနေ ၆း၃၀ နာရီမှ ၁၀း၃၀ နာရီအထိ တိုကျို Shinjuku မြို့မှာ ကျင်းပပြုလုပ်ခဲ့ကြသည့် သတင်းဓါတ်ပုံ။

Sunday, November 27, 2011

ရွှေဂတ်စ် သဘာဝဓါတ်ငွေ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ရေးအတွက် ဆန္ဒပြ တောင်းဆို (တိုကျို)


နိုဝင်ဘာလ ၂၇ ရက် 2011 ခုနှစ်။

ရခိုင်ပြည်နယ် ကျောက်ဖြူကနေတဆင့် ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်း ရပ်တန့်ရန်အတွက် တောင်းဆိုသည့် ဆန္ဒပြပွဲ အစီအစဉ်ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်ဌာနခွဲ)နှင့် မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan တို့မှ ပူးပေါင်း၍ တိုကျို ရှီနာဂါဝါအရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပိုက်လုံးများ သွယ်တန်း ရောင်းချရာတွင် ပိုက်လိုင်း ၂ခု ဖြစ်ကြောင်း တခုမှာ ရေနံပိုက်လိုင်းဖြစ်ပြီး နောက်တခုမှာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြစ်ကြောင်း ပိုက်လိုင်းများ သွယ်တန်းရာ လမ်းကြောင်း တလျှောက်မှာ လယ်ယာခြံမြေများ အသိမ်းခံရခြင်း၊ နေအိမ်များအတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ မတရား လုပ်အားပေး စေခိုင်းခံရသည့်အပြင် လူ့အခွင့်အရေး ချိုးဖေါက်မူများကို ဒေသခံများတို့မှ ကြုံတွေ့ခံစား နေကြရကြောင်းကို ALD(Exile-Japan) ဥက္ကဌ ဦးလှအေးမောင်မှ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ပေးဖို့ ပြည်တွင်း၌ အသုံးပြုရန် သဘာဝဓါတ်ငွေ့ စွမ်းအင် လိုအပ်သော်လည်း ပြည်ပသို့ ရောင်းချသည့်အပေါ် ကန့်ကွက်ကြောင်း ကန့်ကွက် တောင်းဆိုသည့် ထုတ်ပြန်ချက် တစောင်ကို သံရုံးကနေတဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA
2011-11-27
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂန်ဘ (Koichiro Genba) က မြန်မာနိုင်ငံကို ဒီဇင်ဘာ လကုန်ပိုင်းလောက် မှာ သွားရောက် လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ စဉ်းစား နေတယ်လို့ သိရပါတယ်။
 
တကယ်လို့ မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အခုထက်ပိုပြီး ကြိုးပမ်း အားထုတ်ဖို့ သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုဖို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တကယ်လို့သာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒါဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်လာမှာပါ။ ဒီအတောအတွင်း ဂျပန်အစိုးရက မြန်မာကို ဖွံ့ဖြိုးမှု အကူအညီတွေ ပြန်လည် ပေးသွားမယ်လို့ ထုတ်ဖော် ပြောဆို ထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ၂ဝဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချလိုက်ချိန်ကစပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

Copy from - rfa.org/

Saturday, November 26, 2011

ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်


ကချယ်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြီး မြို့တွေထဲထိ ဗုံးထောင်မှုတွေရှိ
26 နိုဝင်ဘာလ 2011,

ကချင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာ ပိုစိတ်လာတယ်လို့ သတင်းတွေ ရရှိပါတယ်။

အထူးသဖြင့် မိုးမောက်နဲ့ ၀ိုင်းမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး ခုနောက်ဆုံး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်နေတဲ့ ဒေသတွေကိုပါ ကူးစက်လာပြီး တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေပါတယ်။

အစိုးရဘက်က ရဟတ်ယဉ်တွေပါ အသုံးပြု ထိုးစစ်ဆင်နေပါတယ်။

သောကြာနေ့က တရုတ်မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နားက အစိုးရ တပ်စခန်းကို စစ်သားတွေကို စစ်ရဟတ်ယဉ် သုံးစီးနဲ့ လေးကြိမ်လောက် ပို့ဆောင် ပေးခဲ့တယ်လို့ သတင်းရပါတယ်။

တရက်ထဲမှာ နမ်းခမ်းကနေ ဆယ့်နှစ်မိုင်လောက် ဝေးတဲ့ မန်စီနားမှာ ကေအိုင်အေကနေ အစိုးရ စစ်ကြောင်းကို နေရာ နှစ်နေရာမှာ တိုက်ခိုက်ခဲ့ပြီး ကေအိုင်အေ ရှေ့တန်း သတင်းရပ်ကွက် အဆိုအရ လုဆယ့်ရောက် လောက်ထိ ကျဆုံးမှု ရှိတယ်လို့ သိရပြီး ဒေသခံတွေကလည်း အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။

၂၄ နာရီ လျှပ်မီးရရှိရေး ဆန္ဒပြမည့် အစီအစဉ် ဖြိုခွင်းခံရပြီးနောက် ရခိုင်လူငယ်များကို စစ်ဆေးမှုပိုများလာ


11/26/2011

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် စနေနေ့က ရခိုင်မှ ထွက်သည့် ရွှေသဘာဝ ဓါတ်ငွေ့ဖြင့် ရခိုင် တပြည်နယ်လုံး မီး ၂၄ နာရီရရှိရေး တောင်းဆို ဆန္ဒပြမည့် အစီအစဉ်ကို အာဏာပိုင်များမှ ဖြိုခွင်းပြီးနောက် ရခိုင်လူငယ်များကို စစ်ဆေးမှု ပိုများလာနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ဆေးမှုများလာကြောင်းကို လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ယခုအခါ တိမ်းရှောင်နေသူ တဦးက ယခုကဲ့သို့ပြာသည်။
" သူတို့က အဓိက ခေါင်းဆောင်ခဲ့တဲ့ မာမာကို လိုက်ရှာနေတယ်။ ဟိုတနေ့ ကလည်း မာမာယောင်္ကျားကို မင်း ပြားမှာ စစ်ဆေးတယ်လို့ သိရတယ်။ သူမရဲ့သား ကံထွန်းကြည်ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ သိရပါတယ်။"
ကိုကံထွန်းကြည်အား ခေါ်ယူ စစ်ဆေးခံရပုံကို သူက ယခုလို ပြောသည်။

"မနေ့က စစ်တွေမှာ ကိုကံထွန်းကို ခေါ်ယူ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မင်းအမေနဲ့ အဆက် အသွယ်ရှိလား။ မင်းအမေအရုပ်က ဘယ်ပုံစံလည်း ဆိုပြီးမေးတယ်။ ကံထွန်းကြည် ပြောတာက အမေနဲ့ အ ဆက်အသွယ် မရှိဘူး။ အမေကို မမြင်ဖူးရင် ကျွန်တော် အရုပ်ကိုကြည့် ဆိုပြီး ပြောခဲ့တယ်လို့ ပြောတယ်။ နောက်ပြီး မိသားစု နောက်ကြောင်းတွေကို မေးတယ်လို့ပြောတယ်။ ပြီးတော့ ကံထွန်းကြည်ကလည်း ပြန်မေးခဲ့ တယ်လို့ပြောတယ်။ ကျွန်တော့်အမေမှာ ဘာအဖြစ်ရှိလို့ဒီလောက် လိုက်ရှာ နေရတာလဲ။ ကျွန်တော့် အမေ က မဟုတ်မခံဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အဆက်အသွယ် မရှိတဲ့ အတွက် မသိဘူးဆိုပြီး ပြန်ပြောခဲ့တယ်လို့ သိရတယ်" ဟု ပြောသည်။

KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန)
2011-11-26
KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
 
အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KNU အဖွဲ့က ကိုယ်စားလှယ် ၃ ဦး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တွေ့ဆုံခဲ့တာဟာ ပဏာမအဆင့်ပဲ ဖြစ်ပြီး နှစ်ဘက်လုံးမှာ လုပ်ပိုင်ခွင့် အပြည့်အစုံ မရှိဘူးလို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက ပြောပါတယ်။

ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်က ကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့ သဘော တူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ ဖြစ်မယ်လို့လည်း ပြောပါတယ်။

မွန် နှစ်ပါတီ ပေါင်းစည်းတော့မည်

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့ရုံး ဆိုင်းဘုတ်တင်ပွဲ(ဓာတ်ပုံ - ဧရာဝတီ)

အစိုးရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF)ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) နှစ်ပါတီ ပူးပေါင်း၍ တပါတီအဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်း သိရသည်။

MNDF သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၅ ခုတွင် အနိုင်ရခဲ့သော ပါတီဖြစ်ပြီး AMRDP က၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ လွှတ်တော် သုံးရပ်၌ ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင် ရထားသော ပါတီ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ပါတီပူးပေါင်းရေးအတွက် မူအရလက်ခံ သဘောတူထားကြောင်း AMRDP ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ဧရာဝတီသို့ ပြောသည်။ “ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ မွန်က တဖွဲ့ပဲ ဖြစ်ရမယ်”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ပူးပေါင်းရခြင်းသည် ရှေ့လာမည့် ရွေကောက်ပွဲ အတွက် ရည်ရွယ်ကြောင်း၊ မွန်ပြည်သူ လူထုနှင့် မွန်သံဃာတော်များ လည်း ထောက်ခံအားပေးကြကြောင်း ဦးနိုင်ငွေသိန်းက ဆက်ပြောသည်။AMRDPပါတီမှ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းကလည်း“မဲပေးတဲ့ အချိန်မှာ မွန်လူမျိုးတွေကို မရောထွေးစေချင်ဘူး၊ ဒါ ကြောင့် ကျနော်တို့မှာ ပါတီတခုပဲ ရှိစေချင်တယ်၊ ပါတီ၂ ခုကို တခုအဖြစ် ပေါင်းလိုက်ရင် ပိုအားကောင်းမယ်ဆိုတာတော့ ပြောဖို့ မလိုဘူးထင်တယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ မှတ်ပုံတင်ရေးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံဖြတ်ခဲ့ သောကြောင့် နောက်လာမည့် ရွေးကောက်ပွဲတွင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု မွန်ခေါင်းဆောင်များက ယုံကြည်နေကြသည်။

သမ္မတ ဦးသိန်းစိန် စည်းရုံးသည့်ဘက်သို့ ပါသွားသော ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်၍ မရတော့သဖြင့် ၎င်းတို့ အနေနှင့် စည်းလုံးသင့်ကြောင်း AMRDPမှ ဦးနိုင်ငွေသိန်းက ရှင်းပြသည်။

“တိုင်းရင်းသားတွေက ဟိုတုန်းကတည်းက သူ့ကို ယုံတယ်။ အခုတော့ သူက တိုင်းရင်းသားတွေကို သစ္စာဖောက်သလို ဖြစ်သွား တယ်၊ အခုချိန်က ကျနော်တို့ ညီညွတ်ရမယ့် အချိန်ပဲ၊ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဆွေးနွေးကြမှာပါ” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အင်အား၊ တိုင်းရင်းသားများ၏ အင်အား ပူးပေါင်းနိုင် ပါက အစိုးရကို ဆွေးနွေးရေး စားပွဲဝိုင်းသို့ ဆွဲခေါ် ရာတွင် ပိုမို လွယ်ကူစေမည်ဟု ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း အပေါ်မှာပဲ တိုင်းရင်းသားတွေ အားကိုးမနေသင့်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ ကိုယ်တိုင် လုပ်မှပဲ ဖြစ်တော့မယ်”ဟု ၎င်းက ဆိုသည်။

သတင်းရင်းမြစ် - ဧရာဝတီ

စစ်ပွဲတွေရပ်ပစ်! – stop the civil war!

စစ်ပွဲတွေရပ်ပစ်! – stop the civil war!

ကျော်သူ
နိုဝင်ဘာ ၂၆၊ ၂၀၁၁


ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေးအတွက် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတို့၏ အသက် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် လည်းကောင်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းအား ကန့်ကွက်မှုကို


ယခု ဒုတိယ အကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေး ရှောင်ရှား နေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများတို့အား လူသားချင်း စာနာ ထောက်ထားမှုဖြင့် နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ကူညီ ဖေးမ ပေးရန်အတွက် သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။

ထို့ကြောင့် လူသားချင်း စာနာသောအားဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကို မောင်နှမများအား ပထမ အကြိမ်မြောက် မတည် လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ် တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတော့သည်။

ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင်ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာခရစ်စမတ်(စ်) ပွဲတော်တွင် သီဆို မေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်း မေတ္တာ ပို့လိုက်ပါသည်။

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။လက်နက်ကိုင်အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှု ရကြပါစေ။
စစ်ပွဲတွေရပ်ပစ်!

ငြိမ်းချမ်းမှုကို လိုလားသူ – ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အင်တိုက် အားတိုက် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

HIV ဝေဒနာရှင်များအတွက် လှူဒါန်းနိုင်ပါသည်

HIV ဝေဒနာရှင်များအား အဟာ၇ဒါန သွားရောက် ကျွေးမွေး လှုဒါန်းခြင်း
by Thuya Zaw on Saturday, November 26, 2011 at 1:09pm

RAVEN BLOOD DONAR CLUB မှ ဦးဆောင်၍ (11.12.2011)နေ့တွင် တောင်ဒဂုံမြို့နယ်အတွင်းရှိ HIV ဂေဟာတွင် HIV ရောဂါဝေဒနာ ခံစားနေရသော လူနာ အယောက်(၁၂၀) အား အဟာရဒါန အဖြစ် အစားအစာ နှင့် ဆေးဝါးများ သွားရောက် ကျွေးမွေး လှုဒါန်းမည် ဖြစ်ပါသည်။HIV ဝေဒနာရှင်များအတွက် လှုဒါန်းချင်သော စေတနာရှင် ပြည်သူများ ဆက်သွယ်နိုင်ရန်.........

ကိုဥာဏ်မင်းအောင် (singapore)            julydream0707@gmail.com
ကိုသူရဇော်      (ရန်ကုန်) 0973046263  thuyazaw.2008@gmail.com
ကိုရဲဟိန်း         (ရန်ကုန်)  095043302    yehein501@gmail.com
hero sudden   (singapore)                    herosudden@gmail.com
မစုထက်နန္ဒာ     (ရန်ကုန်)  0943085870  suhtetnandar@gmail.com သို့ ဆက်သွယ်လှုဒါန်းနိုင်ပါသည် ခင်ဗျာ။

တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးဖို့ KNPP အစီအစဉ် မရှိသေး

KNPP
အပစ်အခတ် ရပ်စဲရေးအတွက် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအနေနဲ့ တစ်ဖွဲ့ချင်း လက်မှတ် ရေးထိုးဖို့ လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ကေအင်ပီပီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့ဟာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ KNPP အနေနဲ့ ဖြစ်နိုင်မယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်အခတ် ရပ်စဲရေး လိုချင်ကြောင်း ခူးဦးရယ်က ဆိုပါတယ်။
ကေအင်ပီပီဟာ လက်နက်ကိုင် တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်တပ်ပေါင်းစု UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။ မြန်မာအစိုးရက UNFC အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးနဲ့ နောက်ဆုံး တိုင်းရင်းသား ညီလာခံလိုမျိုး ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ တွေ့ဆုံ ဆွေးနွေးစဉ်က ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြန်မာအစိုးရကို အသိအမှတ်မပြုသင့်

Washington Post သတင်းစာ
အယ်ဒီတာအဖွဲ့အာဘော်
November 26, 2011

ကမ္ဘာ့ အဖိနှိပ်ဆုံး အာဏာရှင်အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရဟာ မကြာသေးမီက နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရနေပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ ၂၀၁၄ ဥက္ကဋ္ဌ နေရာအတွက် သဘောတူခဲ့သလို အိုဘားမားကလည်း နိုင်ငံခြားရေး ၀န်ကြီးကို မြန်မာပြည် တရားဝင် စေလွှတ်တော့မှာပါ။ အိုဘားမားရဲ့ သက်တမ်း အတွင်း စေလွှတ်ခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေထဲမှာ အဆင့်အမြင့်ဆုံးပါပဲ။


ဘာကြောင့်များ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေက ဒီလောက်တောင် အသိအမှတ် ပြုခံနေရတာလဲ။ သူတို့ ဒီမိုကရေစီ ဖော်ဆောင်ပေးသေးတာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။


ကုလ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ရှင်းနေတာပဲ - မြန်မာ့ တပ်မတော်က တိုင်းရင်းသား လူနည်းစုတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေ၊ အရပ်သားတွေကို ပစ်မှတ်ထား နေတုန်းပဲ၊ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ မတရားကျင့်နေတယ်၊ ကလေး စစ်သားတွေ သုံးတယ်၊ လူတွေ ကိုယ့်နေရပ်မှာ နေလို့မရအောင် စနစ်တကျ လုပ်နေတယ်။


ဒီအတောအတွင်းမှာ တရားလက်လွတ်ဖမ်းဆီးတယ်၊ လူတွေ ပျောက်သွားတယ်၊ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ လူမဆန်တဲ့ ဖိနှိပ်မှု အပြစ်ပေးမှုတွေ စသဖြင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ စနစ်တကျချိုးဖောက်တာတွေ ဆက်ဖြစ်နေတယ်။


ဒါတွေအားလုံး လက်ရှိ ဖြစ်ပျက်နေတယ်ဆိုတာကိုတော့ ကျေးဇူးပြုပြီး မှတ်ထားပေးကြပါ။


နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ဆက်ထိန်းထားတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ဦးဂမ္ဘီရတို့ ပါပါတယ်။ ဦးဂမ္ဘီရဟာ ရက်ရက်စက်စက်၊ အစီအစဉ်ရှိရှိ နှိပ်စက်ခံရတာကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ယိုယွင်း နေတယ်လို့ မိသားစုနဲ့ တခြားအကျဉ်းသားတွေက ဆိုတယ်။

ထာဝရ ငြိမ်းချမ်းရေးကို ရရှိဘို့ဆိုယင် ခင်ဗျားတို့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ဘို့လိုတယ်...

Copy from - mongloi.org

အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ်

လွေးနွေ နှောင်း (ဓာတ်ပုံ ကေအိုင်စီ)
November 25, 2011

မြန်မာနိုင်ငံမှာ အစိုး​ရသစ် တက်လာ​ပေမယ့်​ အရင် စစ်အစိုး​ရ လက်ထက်ကလိုပဲ တိုင်း​ရင်း​သူ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​ပြီး​ စစ်လက်နက်သဖွယ် အသုံး​ပြု​ နေဆဲပဲလို့​ အမျိုး​သမီး​များ​ အဖွဲ့​ချုပ် မြန်မာနိုင်ငံက ​ပြောဆို လိုက်ပါတယ်။

ဒီ​နေ့​ ကျ​ရောက်တဲ့​ ၅၄ နှစ်​မြောက် နိုင်ငံတကာ အမျိုး​သမီး​များ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​နေ့​ အထိမ်း​အမှတ် ​ကြေညာချက် ထုတ်ပြန် ​ပြောဆို လိုက်တာပါ။

ဘယ်လို အ​ထောက်အထား​တွေနဲ့​ ခုလို​ပြောဆိုတာလဲ ဆိုတာကို အမျိုး​သမီး​များ​ အဖွဲ့​ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)ရဲ့​ သဘာပတိ အဖွဲ့​ဝင် ​လွေး​နွေ​နှောင်း​ကို ​မေး​မြန်း​ထား​ပါတယ်။

ဒီ​နေ့​ ဒဗလျူအယ်လ်ဘီ က​နေပြီး​တော့​ ​ကြေညာချက်တခု ထုတ်ထား​တယ်။ အရင်တုန်း​ကလည်း​ မြန်မာနိုင်ငံ အတွင်း​မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ရှိ​နေတယ်လို့​လည်း​ အမြဲတမ်း​လည်း​ ​ကြေညာချက် ထုတ်ထား​တာ ရှိတယ်​လေ။ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန် လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေက​တော့​ ရှိ​နေတုန်း​ဘဲလား​။
“သမ္မတဦး​သိန်း​စိန် လက်ထက်မှာ အကြမ်း​ဖက်မှု​တွေက ရှိ​နေတုန်း​ပဲလို့​ ​ပြောလို့​ ရပါတယ်။ အဓိကက​တော့​ ၈ လတာ ကာလ၊​ ဒီ ၂၀၁၁ မှာ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ဒေသမှာဖြစ်ဖြစ် ဒီ နှစ်ခု​ပေါင်း​ ဒီအမျိုး​သမီး​ ၈၁ ဦး​လောက်ကို နအဖတပ်က မုဒိမ်း​ကျင့်​ခဲ့​တာမျိုး​တွေ ရှိတယ်။ ၃၆ ဦး​ သတ်ဖြတ် ခံရတယ်။ ဒီဟာဆိုရင်​တော့​ အရမ်း​ကို ဆိုး​ဆိုး​ရွား​ရွား​ဖြစ်​နေတဲ့​ အ​ခြေအ​နေမျိုး​တွေမှာ ရှိတယ်။ မုဒိမ်း​မှုတင် မကဘူး​ မြန်မာနိုင်ငံမှာ အခြား​ အိမ်တွင်း​ အကြမ်း​ဖက်မှုတို့​၊​ စိတ်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​ တွေလည်း​ အများ​ကြီး​။ ဥပမာ အမျိုး​သမီး​ တ​ယောက်ကို ခြိမ်း​ခြောက်တဲ့​ ဟာမျိုး​တွေလည်း​ ကျမတို့​ဆီမှာ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ တက်လာတဲ့​ သမ္မတ ဦး​သိန်း​စိန်လက်ထက်ဆိုရင် သူတို့​က​တော့​ ဒီမိုက​ရေစီ နိုင်ငံလို့​ ​ပြော​နေ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ပြုပြင်​ ပြောင်း​လဲမှု​တွေက တိုင်း​ရင်း​ဒေသမှာ မရှိ​သေး​ဘူး​ ဆိုတဲ့​ဟာမျိုး​တွေ ကျမတို့​က အဓိက ဒီဟာကို ​ထောက်ပြချင်တယ်။”

အစိုး​ရသစ်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ပိုများ​လာလား​ နည်း​သွား​သလား​။
“ပိုပြီး​တော့​ များ​လာတာကို ​တွေ့​ရှိရတယ်။”

ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ ကျော် ကျ

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းမ ၃ နေရာတွင် နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်း၌ ကချင်လွတ် မြောက်ရေး တပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ပွား ရာ မြန်မာအစိုးရ စစ်သား ၃၀ ကျော် ကျဆုံးသည် ဟု ဒေသခံများပြောသည်။

နမ့်ခမ်းမှ မံဝင်းဘက်သို့ ချီတက်လာသည့် မြန်မာအစိုးရ တပ်သားတင် စစ်ကား ၅ စီးကို KIA တပ်ရင်း ၁ က မြေမြှုပ်မှိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ မြန်မာအစိုးရ စစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးသည်ဟု နမ့်ခမ်း ဒေသခံများပြောသည်။

ထိုနေ့နံနက် ၁ နာရီခန့်တွင်လည်း ကိုင်ထိပ်ရှိ မြန်မာအစိုးရ တပ်စခန်းမှ လှည့်ကင်း စစ်ကြောင်းတစ်ခုအား KIA တပ်ရင်း ၁ က ခြုံခိုတိုက်ခိုက်ရာ မြန်မာအစိုးရ စစ်သား ၂၀ ကျော် သေဆုံးသည်ဟု KIA တပ်ရင်း ၁ မှ အရာရှိများ ပြောသည်။

ထို့အပြင် ရွှေလီမြစ်ကူးတံတား၊ နမ့်ခမ်းနှင့် မံဝင်းမြို့တွင်း၌လည်း နှစ်ဖက် တိုက်ပွဲငယ်များ အဆက်မပြတ် ဆက်လက် ဖြစ်ပွားနေသည်ဟု ထိုမြို့များရှိ ဒေသခံများ ပြောသည်။

ပြည်ပရောက် အတိုက်အခံများ စုဖွဲ့မှု ပုံစံပြောင်းမည်

Friday, November 25, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး

ကြာသပတေး, 24 နိုဝင်ဘာ 2011
ဖိနှိပ်တဲ့စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ကာလတာရှည် နာမည်ပျက်နေခဲ့တဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့အမြင်တွေ ပြန်ကောင်းလာစေဖို့ မြန်မာအစိုးရသစ်က ကြိုးပမ်းနေတဲ့အချိန်မှာ စစ်အစိုးရကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှာနေ နေခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မနေ့က ကြာသာပတေးနေ့မှာတော့ မြန်မာအစိုးရပိုင် သတင်းစာ တွေထဲမှာ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း ပထဆုံးအချိန်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည်ရဲ့နောက်မှာ အငြိမ်းစားလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထူးခြားမှုတွေ ရှိခဲ့သလဲဆိုတာကို ဝါရှင်တန်ကနေ သတင်းထောက် William Ide က သတင်း ပေးပို့ထားတာကိုတော့ ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

သမ္မတအစိုးရသစ် ဦးသိန်းစိန် မတက်လာမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာအစိုးရပိုင် သတင်း မီဒီယာတွေမှာ ထိပ်တန်းက အမြဲပါဝင်နေပြီး နိုင်ငံရေးစနစ်မှာ သူ့ရဲ့ အာဏာလွှမ်းမိုးမှုကို မလွတ်တမ်း မီးမောင်း ထိုးပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရသစ် တက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နာမည်ဟာ သတင်း မီဒီယာတွေမှာ ပျောက်ခြင်းမလှ ပျောက်ခဲ့ပြီး ကြာသာပတေးနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သတင်းကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

အရှေ့ မျက်နှာဖုံးမှာ မဟုတ်ဘဲ အတွင်းပိုင်းမှာ ဖော်ပြထားတဲ့ သတင်းကတော့ ကမ္ဘာအေး ပါသဏ လှိုင်ဂူမှာ ပင့်ဆောင် ပူဇော်ထားတဲ့ တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်မြတ် အတွက် အလှူငွေ ပေးအပ်သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုရဲ့ နာမည်တွေကို ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နာမည်နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ (ငြိမ်း) ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ရာထူးကနေ တရားဝင် အနားယူသွားပြီဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက် နာမည်တွေနောက်မှာ အဲဒီလိုဖော်ပြလေ့ ရှိတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူရဲ့ရာထူးကနေ တရားဝင် အငြိမ်းစား ယူသွားပြီ ဆိုတဲ့သဘော သက်ရောက်တာ ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးဟောင်း အရာရှိလည်းဖြစ်၊ မြန်မာသံအရာရှိဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဒီလို ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူတဲ့ သတင်း ဖော်ပြမှုဟာ အမေရိကန်ပြည်ထောင်စုကို တနည်းတဖုံ အရိပ် လက္ခဏာပြသရာ ရောက်တယ်လို့ ဆိုပါတယ်။

“ဘာဖြစ်လို့ အခုမှ အငြိမ်းစားဆိုပြီး ဖော်ပြလဲလို့ ပြောရရင်တော့ ကျနော်တို့ မီဒီယာတွေ အပါအဝင်ပေါ့လေ-ကျနော်တို့ အားလုံးပေါ့။ ပြည်ပမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက်ပြီးတော့မှ အာဏာကို ချုပ်ကိုင်ထားဆဲ ဆိုတာကို ပြောလာတာတွေ များတဲ့အတွက်ကြောင့်မို့လို့ အခုလို တရားဝင် မဟုတ်ပါဘူး၊ ဒီလို အငြိမ်းစား ယူသွားပါပြီ ဆိုတဲ့ဟာကို ကြေညာတယ်လို့ပဲ ကျနော်တို့ မြင်မိပါတယ်ခင်ဗျ။ အခု ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိစ္စက အမေရိကန် အစိုးရအတွက် မယုံသင်္ကာစရာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ ကျနော်တို့ မြောက်ကိုရီးယားနဲ့ဆက်ဆံတဲ့ကိစ္စတွေ၊ အဏုမြူကိစ္စတွေ၊ လှိုက်ခေါင်းတူးတဲ့ ကိစ္စတွေ၊ ပေါ်လာခဲ့ပါတယ်။ ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဗမာ့နိုင်ငံရေးက လုံးဝ မရှိဘူးဆိုတဲ့ ဥစ္စာက သတင်းစာက ဒါ မသိမသာ high light လုပ်လိုက်တဲ့ အနေအထားဖြစ်ပါတယ်”

မြန်မာနိုင်ငံကို နှစ် ၂၀ နီးပါးကြာ  အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးအတွက် အနားယူတယ် ဆိုတာ ဘယ်လို အဓိပ္ပာယ်မျိုးပါလဲ၊ “Than Shwe: Unmasking Burma's Tyrant,” ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ရေး အထုပ္ပတ္တိကို ရေးသားခဲ့သူ ဘဲန်းနက်ဒစ် ရော်ဂျာစ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဂေါက်သီးပဲရိုက်ပြီး အချိန်ဖြုန်းနေတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ အခုလို ရှုမြင်ပါတယ်။

မင်းက မင်း၊ ငါက ငါ (You are you, I am me) ။


Copy from - youtube video ,KoNiknayman

KIA ထိန်းချုပ်ဒေသ အစိုးရ တပ်အင်အား တိုးချဲ့

ကချင်ပြည်နယ်တနေရာမှ KIA တပ်ဖွဲ့ဝင်များ။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း KIAက မြစ်ကြီးနား - ဗန်းမော် ကားလမ်း အရှေ့ဘက် နမ့်ဆန်ယန်ရွာအနီး လှုပ်ရှားနေသော အစိုးရ ခြေမြန်တပ်ရင်း အမှတ် ၄၃၈၊ ခြေလျင်တပ်ရင်း အမှတ် ၃၇ တို့ကို တိုက်ခိုက်ခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသ တချို့တွင် အစိုးရက ယခုရက်ပိုင်းအတွင်း စစ်တပ်အင်အား တိုးချဲ့ ထားကြောင်း KIA က ပြောသည်။
 
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှတဆင့် KIA တပ်မဟာ ၃ ဒေသသို့ စစ်ကားအစီး ၄၀ ကျော် ရောက်ရှိနေပြီး ဗန်းမော် မြို့နယ်တွင် စစ်သင်္ဘော ၃စီးခန့် ရောက်ရှိနေကြောင်း ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန် က ဧရာဝတီသို့ ပြောပြသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ထိန်းချုပ်ဒေသဖြစ်သည့် မိုးညှင်းမြို့နယ် တို့တွင် တိုးချဲ့ ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ တိုးချဲ့ထားသည့် တပ်ရင်းအမည် အတိအကျကို မသိရှိရသော်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း အများစု ပါဝင်ကြောင်း သိရသည်။

ဦးလနန်က“စစ်အင်အား တိုးချဲ့နေတာကို ကြည့်ခြင်းအားဖြင့် အဓိက တပ်မဟာ ၃ရယ် နောက်ပြီးတော့ ဒီတပ်မဟာ ၅ ခွင် တ၀ိုက်ကို အစိုးရ က ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားတယ်”ဟု ဆက်ပြောသည်။ အစိုးရတပ်က ယခုလကုန်ပိုင်းအတွင်း ထိုးစစ်ဆင်လာနိုင်ကြောင်းနှင့် KIA ဘက်ကလည်း စစ်ရေး ပြင်ဆင် ထားကြောင်း ၎င်းက ဆို သည်။ ထိုသို့ အစိုးရက တပ်အင်အား တိုးချဲ့နေခြင်းသည် KIA တပ်ဖွဲ့ဝင်များကို လက်နက် ဖျက်သိမ်းရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဦးလနန်က ပြောသည်။ သို့သော် ယခု တပ်အင်အား တိုးချဲ့နေမှုသည် လတ်တလော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အစိုးရက ငြိမ်းချမ်းရေး အတွက် လိုက်လံ တွေ့ဆုံဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်-မြန်မာနယ်စပ် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကလည်း အစိုးရက တဖက်တွင် KIA ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး တဖက်တွင်စစ်ရေးပြင်ဆင်သည့် အနေနှင့် စစ်အင်အား ထပ်မံတိုးချဲ့နေကြောင်း ပြောသည်။

အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ

November 24, 2011

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) ကို ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​ အစိုး​ရစစ်​ကြောင်း​တွေဟာ ​ပေါ်တာအထမ်း​သမား​တွေကို အဓမ္မခိုင်း​စေ​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​ လာတဲ့​ ​ပေါ်တာ​တွေက ​ပြောပါတယ်။

ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် နန့်​ဆန်ယန်​ ဒေသအတွင်း​ လှုပ်ရှား​နေတဲ့​ ခလရ ၁၂၁၊​ ခမရ ၃၈၄၊​ ၃၈၈ ပူး​ပေါင်း​စစ်​ကြောင်း​တခုမှာ ​ပေါ်တာအထမ်း​သမား​ ၃ဝ ​ကျော်ကို အသုံး​ပြု​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​လာတဲ့​ ​ပေါ်တာတဦး​ဖြစ်သူ ကိုခင်​မောင်ဇင်က ​ပြောပါတယ်။

“မနက် ၄၊​ ၅ နာရီက​နေ ည​နေ ၅ နာရီခွဲအထိ အနည်း​ဆုံး​လျှောက်ရတယ်။ တခါတ​လေ မိုး​ချုပ်မှ အိပ်တယ်။ ကတုတ်ကျင်း​တွေလည်း​ တူး​ပေး​ရတယ်။ ​နေရာရှင်း​ပြီး​မှ အိပ်ရတယ်၊​ ​တောထဲမှာ။ သစ်ပင်​တွေလှဲ အဲလိုမျိုး​။ ကျ​နော်တို့​ ရိက္ခာ​တွေ ပစ္စည်း​တွေ အကုန်ထမ်း​ရတယ်။ လူနာ​တွေ၊​ ပစ္စည်း​တွေက အချိန် ပိဿာ ၂ဝ၊​ ၃ဝ ​လောက်ရှိမယ်။ မထမ်း​နိုင်တဲ့​ခါ သူတို့​ပစ်သတ်တာ များ​တယ်။ ကျ​နော် အ​တွေ့​အကြုံအရ ​ပေါ်တာ ပစ်သတ်တာ ၂ ​ယောက်​လောက် ​တွေ့​တယ်။ ကျ​နော်​ရှေ့​မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။ကိုခင်​မောင်ဇင်ဟာ နန့်​ဆန်ယန်​ ရွှေ​မှော်အတွင်း​ လုပ်ကိုင်​နေစဉ် ​အောက်တိုဘာ ၁၉ ရက်က ​ရွှေ​မော်ထဲကို ဝင်​ရောက်လာတဲ့​ အစိုး​ရတပ် စစ်​ကြောင်း​ရဲ့​ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရသူပါ။

Thursday, November 24, 2011

KNLA တိုက်ခိုက်မှုကြောင့် အစိုးရစစ်သည် ၆ ဦး ထိခိုက်သေဆုံး

KNLA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယမန်နေ့ကတပ်အကြို အပို့ လုပ်နေသည့် အစိုးရစစ် တပ်အား ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) မှ အလစ်ဝင်ရောက် ပစ်ခတ်မှုကြောင့် စုစုပေါင်း ၆ ဦး ထိခိုက်ကျ ဆုံးခဲ့သည်။

နောက်တန်းသို့ စစ်သင်တန်း ပြန်တက်မည့် စစ်သည်များကို ပြန်ပို့သည့် ဘုရားသုံးဆူမြို့အခြေစိုက် အစိုးရတပ် ခမရ (၅၄၃) တပ်ရင်းအား KNLA တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တချို့က ယမန်နေ့ နံနက် ၁၀နာရီ ကျော်၌ တာဒေ့နှင့် မြိုင်သာယာ ကျေးရွာကြား တွင် ၇မိနစ်ခန့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “နေပြည်တော်မှာ သင်တန်း ပြန်တက်ရမယ့် တပ် သားတွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်တော့ ၂ယောက် သေတယ်။ ၄ယောက်ဒဏ်ရာရ သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအစိုးရက ဓါတုလက်နက် စနစ် နှစ်မျိုးဖြင့် KIA အား တိုက်

မြန်မာပြည် မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ တွင် မြန်မာ အစိုးရတပ်က ဓါတုလက်နက် စနစ် နှစ်မျိုး ကို အသုံးပြုနေသည်ဟု မျက်မြင် များပြောသည်။

လူကို အဆိပ်သင့်စေသော ဓါတ်ငွေ့များ ပါဝင်သည့် လက်နက်စနစ် နှစ်မျိုးကို မြန်မာ အစိုးရက မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ်၊ ဖကောန် (Hpakawn) ဒေသမှ တိုက်ပွဲများတွင် KIA ကိုတိုက်ခိုက်ရာ၌ အသုံးပြု နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ပွဲအတွင် မြန်မာစစ်တပ်မှ သိမ်းယူထားသော ဓာတုလက်နက်ကို ကေအိုင်အေ လက်နက်ကျွမ်းကျင်သူ တစ်ဦးက စစ်ဆေးနေပုံ။

အမျိုးအမည် မသိသေးသည့် ထိုဓါတု လက်နက်များကို နိုဝင်ဘာလ ဒုတိယ အပတ်တွင် ဖကောန် ကျေးရွာသို့ ထိုးစစ်ဆင်ရာ၌ မြန်မာ အစိုးရက အသုံးပြု နေခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ဓါတု လက်နက်ပါဝင်သည့် လက်နက်ကြီး ကျည်သည် သာမန် လက်နက်ကြီး ကျည်ထက် ပေါက်ကွဲသံ ပိုကျယ်လောင်ကာ ပထမ အမျိုးအစားသည် လေထု အတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ အမျိုးအစားသည် မြေကြီးပေါ် ကျမှသာ ပေါက်ကွဲသည်ဟု ဆိုသည်။
ပေါက်ကွဲ ပြီးနောက် အမည်းရောင်နှင့် မီးခိုးရောင် နှစ်မျိုး ထွက်ပေါ် လာသည်ဟု မျက်မြင်များ ပြောသည်။ 
ထိုမီးခိုးငွေ့များကို ရှူရှိုက်မိသူများ အဆိပ်သင့်ကာ သတိလစ်ခြင်း၊ အမြင်အာရုံေ၀၀ါးသွားခြင်း၊ အော့အန်ခြင်းနှင့် နုံးချိချိနဲ့ သွားခြင်းများ ဖြစ်ပေါ် စေသည်ဟု ဒေသခံများ ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင် နေသည်ဟု နိုင်ငံတကာကို ပြောဆိုနေချိန် KIA အား တပ်ရင်း ၁၀၀ ကျော်မှ စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေပါသည်။

ပြည်တွင်းစစ် ရပ်ဖို့ မန္တလေးမြို့မှ တောင်းဆို

November 24, 2011


မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးကျောင်းမှ တိုင်းရင်းသူ တိုင်ရင်းသား ကျောင်းသားကျောင်းသူလေးများရဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ။

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ငလျင် ပညာရှင်များမှ ထုတ်ပြန်ကြေငြာ။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်။

ရက် ၃၀ အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သဌာန ငလျင် ပညာရှင်များမှ ၁၈ ရက်မှာ တရားဝင် ထုတ်ပြန် ကြေငြာသွားပါတယ်။

ပညာရှင်များ၏ ငလျင်တိုင်းထွာချက်အရ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရကအထိ ရက်ပေါင်း ၃၀  အတွင်းမှာ အင်အား M 7.0 ထက် ကြီးမားတဲ ငလျင်လှုပ်နိုင်တယ် လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်သွားသော Miyagi ခရိုင် ပင်လယ်ပြင်ကနေ ဗဟိုပြုပြီး လှုပ်ခတ်နိုင်ကြောင်း ငလျင်ဖြစ်ပေါ်ရန် 15.1% ဟု ထုတ်ဖေါ် ပြောကြား သွားပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိသည့်အတွက် နေ့စဉ်လိုလို ငလျင်ငယ် ကြိမ်ဖန်များစွာ လှုပ်ခတ်နေပြီး ထုတ်ပြန်ကြေငြာထားတဲ ရက်အတွင်းမှာ သတိဝိရိယ နှင့်သာ သွားလာသင့်ကြောင်း အကြံပြုလိုပါတယ်။

PNS-Japan

Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို

သနပ်ခါးရောင်မိုးကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း KIO ပိတ်

မိုင်ဂျာယန်မြို့
နိုဝင်ဘာလ 23 ရက် 2011 ခုနှစ်

ကချင်ပြည်နယ်အရှေ့တောင်ပိုင်း တရုတ်နယ်စပ် KIO မိုင်ဂျာယန်မြို့တွင် ၄ ရက်မြောက် နေရာ ကွက်ကျား ရွာချနေသည့် သနပ်ခါးရောင်မိုး ကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း မပြုတော့ ကြောင်း  ဒေသခံ များ ပြောသည်။

“ဟင်းသီးဟင်းရွက်ပေါ်လည်း ကျတော့ သက်ဆိုင်ရာက(KIO)ဟင်းသီးဟင်းရွက် မစားခိုင်းဘူး။  ခု ဟင်းသီး ဟင်းရွက်က စားလို့မရတော့ အစာခြောက်လို့ပြောရမယ့် ကုန်ခြောက်တွေ ကြက်ဥ၊ ပဲ၊ ငါးခြောက်၊ အသားခြောက်၊ ဆီတော်ဖူး၊ ပဲပုတ်ခြောက်၊ စွန်ထန် စတာတွေစားနေတယ်။” ဟု ဒေသခံတစ်ဦးပြော သည်။

ထို့အပြင် မိုင်ဂျာယန်မြို့မှ ၅ မိုင်အကွာရှိ ရေသွယ်ယူသည့် ချောင်း၏ အရင်းပိုင်းတွင်လည်း ထို မိုးရွာချသဖြင့် ရေသွယ်ပေါက်အား ယမန်နေ့ညက ပိတ်လိုက်ပြီး ယခုအခါ လှောင်ကန်ထဲ ရှိနေသည့်ရေကို မြို့အတွက် အသုံးပြုနေရသည်ဟု ဆိုသည်။

“နှစ်ခု(ရေလှောင်ကန်)ရှိတဲ့ထဲ ပိုသုံးတဲ့ ရေလှောင်ကန်ငယ်ကိုလည်း ပိတ်လိုက်ပြီ။ သူ့ထဲသွယ်ယူတဲ့ ချောင်းရဲ့ အရင်းပိုင်းလည်း (သနပ်ခါးရောင်မိုး)ကျတဲ့အတွက် ပိတ်လိုက်ပြီ။ အကြီးလည်း ပိတ်လိုက်ပြီ။ နှစ်ခုလုံး။ ခု မိုင်ဂျာယန်တစ်ခုလုံး ရေလှောင်ကန်ကြီးထဲ ရှိနေတဲ့ရေကို သုံးနေရတယ်။ အဲဒါကုန်သွားလို့ရှိရင်တော့ ရေ အခက်အခဲဖြစ်ပြီ။”

မြေမြှုပ်မိုင်း​ အသုံး​ပြုမှုအဆိုး​ဆုံး​ နိုင်ငံများ​တွင် မြန်မာပါဝင်

မစ္စတာ ရက်စ်ရွှာ မိုဆာ ဖူအန်ဆူဝန်
November 23, 2011

မြန်မာ၊​ လစ်ဗျား​နဲ့​ အစ္စ​ရေး​နိုင်ငံ ၃ နိုင်ငံက အစိုး​ရ​တွေဟာ လူ​တွေကို အသက်အန္တရာယ် ​ပေး​နိုင်တဲ့​ ​မြေမြှုပ်မိုင်း​တွေ ဆက်လက် အသုံး​ပြုနေတယ်လို့​ အိုင်စီဘီအယ်လ် ​ခေါ် ​မြေမြုပ်မိုင်း​ တား​ဆီး​ရေး​ နိုင်ငံတကာ လှုပ်ရှား​မှုအဖွဲ့က စွပ်စွဲလိုက်ပါတယ်။

ထိုင်း​နိုင်ငံ၊​ ဘန်​ကောက်မြို့က နိုင်ငံခြား​ သတင်း​ထောက်များ​အသင်း​မှာ ဒီက​နေ့​ ထုတ်ပြန်လိုက်တဲ့​ ၂၀၁၁ ခုနှစ်အတွက် ​မြေမြှုပ်မိုင်း​ စောင့်​ကြည့်​ရေး​ အစီရင်ခံစာသစ်မှာ ခုလို စွပ်စွဲလိုက်တာပါ။

မြန်မာ၊​ အစ္စ​ရေး​နဲ့​ လစ်ဗျား​အစိုး​ရ​တွေ ​မြေမြှုပ်မိုင်း​တွေပိုမို အသုံး​ပြု​နေပြီး​ မြန်မာ၊​ အာဖဂန်နစ္စတန်၊​ ပါကစ္စတန်နဲ့​ ကိုလံဘီယာ နိုင်ငံ​တွေက အစိုး​ရမဟုတ်တဲ့​ လက်နက်ကိုင် အဖွဲ့​တွေလည်း​ ​မြေမြှုပ်မိုင်း​တွေ အသုံး​ပြုနေတယ်လို့​ အိုင်စီဘီအယ်လ်က ဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ ​မြေမြှုပ်မိုင်း​ကြောင့်​ ကမ္ဘာတဝန်း​လုံး​မှာ ​သေ​ကျေ ဒဏ်ရာရသူ​ပေါင်း​ ၄၁၉၁ ဦး​ရှိပြီး​ မြန်မာနိုင်ငံမှာ​တော့​ ​သေ​ကျေဒဏ်ရာရသူ ​ပေါင်း​ ၂၇၄ ဦး​ရှိတယ်လို့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။ အဲဒီအထဲက စစ်တပ်က ၂၁ ဦး​ ပါဝင်ပြီး​ ကျန်သူ အများ​စုက​တော့​ အရပ်သား​တွေဖြစ်ပါတယ်။

Wednesday, November 23, 2011

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော စာရေးဆရာများနှင့် တွေ့ဆုံပွဲ


၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ၊၂၃ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော စာရေးဆရာများဖြစ်ကြသည့် ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)နှင့် ဆရာမ နုနုရည်(အင်းဝ)တို့နှင့် စာဖတ်ပရိသတ်များ တွေ့ဆုံပွဲကို အလင်းအိမ်မဂ္ဂဇင်း စာပေမိသားစုမှ တာဝန်ယူ စီစဉ်ပေးခဲ့ပြီး ယနေ့ နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ Zoushigaya Chiikibunka Souzoukan မှာ ကျင်းပပြုလုပ်သွားသည့် သတင်းဓါတ်ပုံဖြစ်ပါတယ်။

မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

UNFC ဆက်စပ်အဖွဲ့များကို အစိုးရက ဆွေးနွေးရန် ကမ်းလှမ်းမှု မရှိ

တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ ဦးတည်သော ဖွံ့ဖြိုးမှု စီမံကိန်းနှင့် ခြံမြေများ အဓမ္မ သိမ်းပိုက်ခံရခြင်း


တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ ဦးတည်သော ဖွံ့ဖြိုးမှု စီမံကိန်းနှင့် ခြံမြေများ အဓမ္မသိမ်းပိုက် ခံရခြင်းကြောင့်  ဒေသခံမိသားစု (၆၃) ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှူံးနေခြင်း တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး- TSYO မှ ထုတ်ဝေလိုက်သည့် အစီရင်ခံစာတွင် မြန်မာ စစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံ လုပ်ငန်းရှင်များ အတင်းအဓမ္မ သိမ်းပိုက်မှုကြောင့် တောင်သူ မိသားစုပေါင်း ၆၃ ရာခိုင်နှုန်းခန့်၏ လယ်ယာခြံမြေများ ဆုံးရှူံး ခဲ့ကြရသည်ဟု ခန့်မှန်း တွက်ချက် တင်ပြထားပါသည်။ 

မြန်မာနိုင်ငံတွင် ῝နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု” အတွက် လူသိရှင်ကြား အသံကောင်း ဟစ်နေသော်ငြားလည်း၊ အာဏာပိုင်များ၏ လယ်ယာမြေ အဓမ္မ သိမ်းဆည်းမှုများမှာ ရပ်တန့်ခြင်း မရှိသေးပဲ ဒေသခံ မိသားစုများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေး ဖူလုံမှုကို ပိုမို ခြိမ်းခြောက် နေလျှက်ရှိပါသည်။

“ခြံမြေများ အဓမ္မ သိမ်းပိုက်ခံရခြင်း- တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ ဦးတည်နေသော ဖွံ့ဖြိုးရေး စီမံကိန်းများ” အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသရှိ လယ်ယာ ခြံမြေများ အဓမ္မသိမ်းပိုက် ခံရခြင်း၏ ထိတ်လန့်တုန် လှုပ်ဖွယ်ရာ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ၀ိရောဓိ ဖြစ်နေသော မြန်မာ့ လယ်ယာမြေ ဥပဒေများဖြင့် စစ်တပ် ဦးဆောင် အစိုးရက ပြည်သူလူထုကို ဖိနှိပ်ပြီး လယ်ယာခြံမြေများကို ဆန္ဒရှိသည့် အတိုင်း မည်ကဲ့သို့ သိမ်းယူနေသည်ကို ဖော်ပြထားပါသည်။ မြန်မာအစိုးရသည် နိုင်ငံတကာ ဥပဒေဘောင် ကန့်သတ်ချက်ပါ မြန်မာ့ အိုးအိမ်၊ ခြံမြေနှင့် ပစ္စည်းပိုင်ခွင့် ဥပဒေ ကိုလည်း လိုက်နာရန် ပျက်ကွက်ခဲ့သည်၊၊

TSYO ၏အစီရင်ခံစာကို ပူးတွဲ တာဝန်ခံရေးသားသူ မိုင်းပါင်လ က “ လာဘ်စားတဲ့ ဒေသခံ

ကချင်ဒေသအတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆို(တိုကျို)။


၂၀၁၁ခုနှစ် နိုဝင်ဘာလ(၂၂)ရက်။

ဦးသိန်းစိန်အစိုးရမှ   ကချင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ချက်ခြင်း ရပ်စဲ ပေးရန်အတွက် ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်းပေးရန်   တောင်းဆို ဆန္ဒပြပွဲကို တိုကျို မြို့ UN အဆောက်အဦးရှေ့၌ ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း၍ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ဓာတုလက်နက် များကို အသုံးပြုခြင်း အပြစ်မဲ ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း အတင်းအဓမ္မ ပေါ်တာဆွဲခြင်း ကချင်တိုင်းရင်းသူများကို အဓမ္မပြုကျင့်ခြင်း ရှေ့တန်းတွင် လူသားဒိုင်လွှာအဖြစ် အသုံးပြုခံရခြင်းတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂမှ ၀င်ရောက် စုံစမ်းဖေါ်ထုတ် ပေးရန် တိုက်တွန်းတောင်းဆိုသည့် စာတစောင် ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို ရပ်ဆိုင်းပြီး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖေါ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Zaw Zaw Aung

ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို

ကချင်ပြည်သူများပေါ် မြန်မာအစိုးရမှ အကြမ်းဖက် တိုက်ခိုက်နေမှု ရပ်တံ့ရေး တွန်းအားပေးရန် လာမည့် ဒီဇင်ဘာလတွင်မြန်မာနိုင်ငံသို့လည်ပတ် မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို CSW က တောင်းဆိုလိုက်သည်။

တစ်ဆက်တည်းတွင် ပြည်သူများအား အဓမ္မပြုကျင့်မှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ နှိပ်စက်မှု၊ ဘာသာရေး ဖိနှိပ်မှု၊ သတ်ဖြတ်မှုများ ရပ်တံ့ရန်၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်ပေးရန်၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင် သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံတကာကနေ မြန်မာအစိုးရကို တိုက်တွန်း သွားရန် လန်ဒန်အခြေစိုက် ကမ္ဘာ့ခရစ်ယာန်ဝံဿနု အသင်း (Christian Solidarity Worldwide) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆော်သြလိုက်သည်။

CSW ၏အဆိုအရ ရှမ်းပြည်မြောက်ပိုင်း နမ်ဂျန်(Nam Jang) ရောက်ရှိနေသည့် နောင်ဇန်ကုန်(Nawng Zang Kung)ကျေးရွာမှ ဒုက္ခသည် ၉ ဦးအား နိုဝင်ဘာ (၁၇) ရက် ညတွင် မြန်မာအစိုးရတပ်က ဖမ်းဆီးသွားကာ နတ်စင်ကုန်း စစ်စခန်းသို့ ခေါ်ဆောင်သွားသည်။  နောက်ရက်တွင် မြန်မာစစ်တပ်က ၄ ဦးကို လွတ်ပေးသော် လည်း ကျန် ၅ ဦးကို ဆက်လက် ထိန်းသိမ်းထားသည်။

ထို့အပြင် ချုပ်နှောင် ခံထားရဆဲ ဇခုန်ယော်ဇုံးနင့် ယော်ဆောတို့၏ မိခင် အသက် (၆၀) ရွယ် ဒေါ့ရှီရွယ်ဂျီးအား မြန်မာစစ်တပ်က ထိုစခန်းသို့ ခေါ်ယူကာ ဆိုးရွားစွာ နှိပ်စက်ပြီးနောက် နောက်တစ်ရက် ပြန်လွတ်သည်။ သို့သော် လွတ်သည့်နေ့ ညနေပိုင်းတွင်ပင် ထိုမိခင်အား မြန်မာအစိုးရတပ် နယ်ခံအရာရှိ စိုင်းအိုက်နိုင် (Sai Aik Nyein)က နတ်စင်ကုန်း စခန်းသို့ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားသည်။

သူမနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် စိုးရိမ် ပူပန်စရာဖြစ်နေသည့်အပြင်အခြား ဒေသခံပြည်သူများ မှာ လည်း မြန်မာအစိုးရက အတင်းအဓမ္မ လုပ်အားခိုင်းစေ၊ ဖမ်းဆီးနှိပ်စက်မည့် အန္တာရယ်မှ လွတ်မြောက်ရန် တရုတ်နိုင်ငံဘက် ထွက်ပြေးနေကြသည်ဟု ဆိုသည်။

တစ်ရက်တည်းတွင် ညနေ (၃) နာရီ၌ မန်ဝင်းကျေးရွာ ဈေးဆိုင်တစ်ခုတွင် ဖုန်းပြောနေသော ဘန်ဂေါ် နှစ်ခြင်းခရစ်ယာန်သင်းအုပ် သိက္ခာတော်ရ ဆရာဂမ်အောင် အား မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။

ဖမ်းဆီးရသည့် အကြောင်းပြချက်ကို မသိရသည့်အပင် မည်သည့်နေရာတွင် ထိန်းသိမ်း ထားသည်ကိုလည်း မသိရဟု ဒေသခံများ ပြောသည်ဟု ဆိုသည်။

ဆက်လက်၍ အောက်တိုဘာလ (၂၈) ရက်တွင် မြန်မာအစိုးရက ဖမ်းဆီးသွားသည့် (၁၄) လသားအရွယ် ကလေး၏ အမေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်လွတ်ရွယ်ဂျီး အား မြန်မာအစိုးရတပ်က ပေါ်တာအဖြစ် ဖမ်းဆီး သွားသည်။ သူမအား မြန်မာအစိုးရ တပ်စခန်းထဲ ထိန်းသိမ်းထားကာ အုပ်စုလိုက် မုဒိမ်းကျင့် ခံရနိုင် သည် ဟု ယုံကြည် နေကြသည်။  ဒေသတွင်းမြန်မာအစိုးရတပ် အရာရှိက နိုဝင်ဘာ (၂) ရက်နေ့တွင်ဒေါ်ဆွမ် လွတ်ရွယ်ဂျီးကို လွတ်ပေးမည်ဟု ကတိ ပေးထားသော်လည်း မိသားစုထံသို့  ရောက်မလာခဲ့ပါဟု ဆိုသည်။

နိုဝင်ဘာ ၆ ရက် ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာတွင် မြန်မာအစိုးရတပ်က အေဂျီခရစ်ယာန်ဘုရား ကျောင်း ၀င်းထဲ ၀င်ရောက် ရှာဖွေ ဖျက်ဆီး လုယက်ကာ သင်းအုပ် သိက္ခာတော်ရဆရာ ယေဂျေုာင်လွမ်း ခေါင်၊ လက်ထောက် သိက္ခာတော်ရ ဆရာ ရှယူလွမ်းခေါင်၊ သင်းထောက်နှင့် လူငယ်ဂီတခေါင်းဆောင် ဖလောင်လွမ်းခေါင်နှင့် လဟောင်ခေါင်ဟောင်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

တိုက်ပွဲအတွင်း ကချင်ရွာတစ်ရွာကို အစိုးရစစ်တပ် မီးရှို့ဖျက်ဆီး


ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပရန်ကုတုံကျေးရွာ အုပ်စု ဖကွန်ရွာအနီးတွင် ယမန်နေ့က KIA နှင့်အစိုးရ စစ်တပ်တို့ နှစ် ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် တပ်မ ၈၈လက်အောက် ခံ ခလရ ၈၃ က ဖကွန် ကျေးရွာကို မီးရို့ ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း အပါအဝင် နေအိမ် ၅ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း ရှေ့တန်းရောက် KIA စစ် ဘက် အသိုင်းအဝိုင်းကို ကိုးကား၍ လိုင်ဇာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တိုက်ပွဲတွေက အဲဒီနေရာမှာ မနေ့က အပြင်းအထန်ဖြစ်နေတာ ။ခလရ ၈၃ နဲ့ဖြစ်တာ။ ညနေပိုင်းမှာ အဲဒီတပ်က ဖကွန်ရွာ ကို မီးရှို့လိုက်တယ်။ ဘုရားကျောင်း တစ်ကျောင်းနဲ့ အိမ် ၅ လုံးလောက် မီးလောင် သွားတယ် ” ဟု သူက ဆိုသည်။

နှစ်ဘက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း အစိုးရ စစ်တပ်ဘက်မှ ဓါတုလက် နက် များ အသုံးပြုခဲ့ကြောင်း သူက ဆက်ပြောသည်။

Monday, November 21, 2011

ဒီအ​ရွေ့​တခုတည်း​နဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​မှုကြီး​ ရပ်မသွား​ပါဘူး​ (ရဲ​ဘော်သံခဲနှင့်​ ​မေး​မြန်း​ချက်)

အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ကိုသံခဲ
November 20, 2011

စစ်အစိုး​ရ ​ရေး​ဆွဲခဲ့​တဲ့​ ၂၀၀၈ ဖွဲ့စည်း​ပုံကို လက်မခံ တဲ့​အတွက် မနှစ်က ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်က ​နောက်ပြန် နိုင်ငံ​ရေး​ခြေလှမ်း​အဖြစ် ​နောင်လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့ နိုဝင်ဘာလ ၁၈ ရက်​နေ့မှာ ဆုံး​ဖြတ် လိုက်ပါတယ်။

ဒီမိုက​ရေစီ လှုပ်ရှား​မှုရဲ့ အဓိက ပါတီရဲ့​ အဆုံး​အဖြတ်​ကြောင့်​ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုမှာ ဘယ်လို သက်​ရောက်မှု​တွေ ရှိနိုင်မလဲ ဆိုတာကို ​ကျောင်း​သား​ တပ်မ​တော် (မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ် တပ်ဦး​) ရဲ့​ ဥက္ကဋ္ဌ ရဲ​ဘော်သံခဲကို ​မေး​မြန်း​ထား​ပါတယ်။

ဒီဆုံး​ဖြတ်ချက်အ​ပေါ် ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ ဘယ်လိုများ​ မှတ်ချက်​ပေး​ချင်တာ ရှိပါသလဲ။

“ဒီမိုက​ရေစီ အဖွဲ့အစည်း​ကြီး​ တခုဖြစ်တဲ့​ ၁၉၉၀ အနိုင်ရပါတီကြီး​ တခုက အခုလိုမျိုး​ ပါတီ မှတ်ပုံတင်မယ်။ ​နောက်တခုက ​ရွေး​ကောက်ပွဲ ထပ်ဝင်မယ်ဆိုတာ ကျ​နော်တို့ အား​လုံး​အတွက် ထည့်​သွင်း​ စဉ်း​စား​ရမယ့်​ အချက်​တွေထဲက တချက်ဖြစ်တယ်။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့ချုပ်ရဲ့​ ပြည်သူလူထု အကျိုး​အတွက် ကြိုးပမ်း​ဆောင်ရွက်မှုထဲက ဖြစ်စဉ်တခုလို့​ပဲ ယူဆတယ်။ ဒါ​ပေမယ့်​ ဒီဖြစ်စဉ်က အား​လုံး​လိုလား​တဲ့​ အတိုင်း​အတာ ဘယ်​လောက် ထိ​ရောက်မလဲဆိုတာ ကျ​နော်တို့​အ​နေနဲ့​ အထူး​ စိုး​ရိမ်ဖွယ်ရာ ရှိပါတယ်။”

စိုး​ရိမ်တယ်ဆိုတာ ဘယ်အချက်​တွေကို ​ထောက်ပြီး​ စိုး​ရိမ်တယ်လို့​ ​ပြောတာလဲ။

“နံပါတ်တစ်က​တော့​ ဒီ​နေ့​အ​ခြေအ​နေအရပ်ရပ်မှာ အာဏာရယူထား​တဲ့​ အစိုး​ရဘက်မှာ အ​ခြေခံ အခက်အခဲ ၂ ခုရှိတယ်လို့​ ကျ​နော်တို့ မြင်ပါတယ်။ တခုက​တော့​ တရား​ဝင်မှု ဆိုင်ရာ ပြဿနာနဲ့​ ​နောက်တခုက​တော့​ တည်ငြိမ်မှု ဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ တရား​ဝင်မှုဆိုင်ရာ ပြဿနာကို ​ဖြေရှင်း​ဖို့​အတွက်ဆိုရင် နိုင်ငံတကာက ​ထောက်ပြပြီး​တော့​မှ ​ဝေဖန်ခဲ့​ကြတဲ့​ ၂၀၀၈ ဖွဲ့စည်း​ပုံ ပြဋ္ဌာန်း​ချက်​တွေ ရှိတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ အင်အား​သုံး​ပြီး​တော့​ စစ်တပ်​နောက်ခံ ကြံ့​ဖွံ့​ပါတီအ​နေနဲ့​က အနိုင်ရယူခဲ့​တာ​တွေရှိတယ်။ ဒီအ​ခြေခံကာလမှာ တရား​ဝင်မှုဆိုင်ရာ ပြဿနာအ​နေနဲ့​ ​ကျော်လွှား​နိုင်ဖို့​ဆိုရင် ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ ပူး​ပေါင်း​ပါဝင်မှုက အင်မတန်မှ အ​ရေး​ကြီး​တယ်။ အဲ့​လို အ​ခြေခံကာလမှာ ​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဆုံး​ဖြတ်လိုက်တာဟာ တနည်း​တဖုံအား​ဖြင့်​ ၂ဝဝဂဖွဲ့စည်း​ပုံ အ​ခြေခံ​အောက်ကိုလည်း​ ​ရောက်သွား​ နိုင်သလို ၂၀၁၀ ​ရွေး​ကောက်ပွဲ​တွေ အ​ပေါ်မှာလည်း​ တဖက်က​နေ အသိအမှတ်ပြုသွား​နိုင်တဲ့​ သ​ဘော ရှိပါတယ်။ ဒါ​ကြောင့်​မို့​ ဒီတရား​ဝင်မှု ဆိုင်ရာကို ကိုယ့်​ဘက်က​နေ ​ပေး​လိုက်ရတဲ့​ အ​နေအထား​မျိုး​ကို စိုး​ရိမ်တယ်။ ဒုတိယတချက်က​တော့​ တည်ငြိမ်မှုဆိုင်ရာပြဿနာမှာလည်း​ ကျ​နော်တို့​တိုင်း​ပြည်ရဲ့​ မတည်ငြိမ်နိုင်တဲ့​ အ​ခြေအ​နေကို ၂၀၀၈ အ​ခြေခံဥပ​ဒေ​ဘောင်ထဲက​နေ တခုတည်း​သွား​ပြီး​တော့​မှ ​ဖြေရှင်း​မယ်ဆိုရင် ကျ​နော်တို့​ အ​ဖြေထွက်ဖို့​နည်း​လမ်း​တွေက ​ဝေး​ဦး​မယ်လို့​ ယူဆပါတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ စိုး​ရိမ်တယ်ဆိုတဲ့​ အ​ကြောင်း​ကို ကျ​နော်တို့​ ထည့်​သွင်း​ဖော်ပြရခြင်း​ ဖြစ်ပါတယ်။”