Friday, September 30, 2011

KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ

KIA တပ်မဟာ ၄ မှ စစ်သားတစ်ဦး။
29 September 2011,

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များ ပြောသည်။ ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။

ကျဆုံးမြန်မာ အစိုးရတပ်သားများသည် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)မှ ဖြစ်သည်ဟု ထွက်ပြေး လာသည့် ပေါ်တာများနှင့် KIA အရာရှိများ ပြောသည်။ ယခုတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များအပြင် ရှမ်းပြည်ပြင်ပမှ တပ်မ(၉၉) နှင့် ရွာထောင် တပ်မ(၃၃)နှင့် KIA တပ်ရင်း (၈) ကြား ဖြစ်ပွားခြင်း ဖြစ်သည် ဟု KIA အရာရှိများပြောသည်။

KIA တပ်သား ၅ ဦး ယခု သီတင်းပတ် အစောပိုင်းက ကျဆုံးသွားသည်ဟု KIA အရာရှိများ အတည်ပြု ပြောဆိုသည်။ ယခုအခါ လွယ်ကန် အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၅ ခု အနက် ၃ ခု (တပ်းရင်း (၂)၊ တပ်ရင်း (၉)၊ တပ်ရင်း (၂၉)) အခြေစိုက် စခန်းများအား မြန်မာ အစိုးရတပ်က ၀င်ရောက် သိမ်းပိုက်ထားသည်ဟု သိရသည်။

ထို့အပြင် ရာဂဏန်းရှိ တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈)နှင့် အခြားတပ်ကူများ ထပ်မံ ရောက်ရှိလာကာ လွယ်ကန်မှ တောင်ဘက်ရှိ KIA တပ်ရင်း (၁၇) အခြေစိုက် စခန်းအနီး နေရာ ယူထားကြသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

ယခုချိန်တွင် ထောင်ဂဏန်းရှိ စစ်ပြေး ဒုက္ခသည်များ စစ်ဖြစ်ပွားရာ ဒေသမှ ထွက်ပြေးလာကြပြီး အများစုမှာ တောတောင်ထဲ ပုန်းအောင်း နေကြကာ နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေး ပြဿနာများ ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ဒုက္ခသည်များနင့် နီးစပ်သူများက ဆိုသည်။

၆ ရက်ကြာ နှစ်ဖက် ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေစဉ် မိမိ နေရပ်ရွာ ကျေးရွားများကို စွန့်ခွာသော စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။

Copy from - kachinnews.com

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည်

Wednesday, 28 September 2011,

အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့သည် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ယခု တွေ့ဆုံမှုသည် ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ၁၂ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတအိမ်တော် ရုံးခန်း၌ တွေ့ဆုံ ထားသည်။ ထို့ပြင် သြဂုတ်လ ၂၀ ရက်နေ့က  နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်း အစီအစဉ်သို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်

၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်

Copy from - news-eleven.com

တလှမ်းပြီး တလှမ်းရှေ့တိုးလှမ်းကြရအောင်...

ညနေ အိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြား အစီအစဉ်ကို ဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်း နေကြောင်းစစ်တွေမှာလည်း ရဟန်း သံဃာတချို့ကို ထိန်းသိမ်း လိုက်တယ်လို့ ကြေညာသွားတာ တွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းက ဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမ သတင်းဌာနက သတင်း တပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့် ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက်ပွဲ ဖြစ်နေကြောင်း၊ နှစ်ဘက် အကျအဆုံး များရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေးဟာ မလွယ်တော့ဘူးလို့ မှတ်ချက်ချ ပြောဆိုတာကို ပြေးသတိရ မိပါတယ်။

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် မွေးဖွားလာတဲ့ ပြည်တွင်းစစ်ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တဆင့်ပြီး တဆင့်ကြီးထွား လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေ ရှာရေး ဂါထာကိုရွတ်၊ ဥုံဖွမန်းပြီးပျောက် စေလို့ အမိန့်ပေးရုံနဲ့ ပြဿနာ အားလုံးပြေလည်သွားမယ်လို့ ဘယ်သူကမှ မယုံကြည်ကြပါ။ သတင်းစာဆရာကြီး လူထု စိန်ဝင်းက “လမ်းလျှောက်တဲ့အခါ ခြေတလှမ်းပြီး တလှမ်း လှမ်းကြရသလို ဒီမိုကရေစီ ခရီးကိုလည်း တလှမ်းပြီး တလှမ်း ရှေ့တိုးလှမ်း ကြရမှာဖြစ်တယ်” လို့ ပြောလိုက်တာဟာ အင်မတန်မှ နာယူ လက်ခံကျင့်သုံးရမယ့် ကျင့်စဉ် တရပ်ဖြစ်ပါ တယ်။ သည်သဘောကို ခံယူ နားလည်ထားပါမှ ဒီမိုကရေစီရေး ဖြစ်စဉ်တလျောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာ ဝကို နားလည် သဘောပေါက်ပြီး စိတ်ဓာတ်ကျတာ၊ တွေဝေတာ၊ ယုံမှား သံသယရှိတာတွေ ကင်းကင်း စင်စင်နဲ့၊ ဇွဲရှိရှိနဲ့ အခက်အခဲတွေ ကျော်လွှားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို လှမ်းကိုင် နိုင်မှာ ဖြစ်ပါတယ်။

Thursday, September 29, 2011

ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်။

မကွေးတိုင်း  ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ် ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီး ထားသည်ဟု ရဲက ပြောသည်။

“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က  ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမ ရွာအနီး၌ အခင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré)
2011-09-28,

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိ ပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင် ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုး ဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော် တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန် လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
 
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

နှစ် ၈၀၀ ကျော် မှာ တစ်ကြိမ်သာ ကြုံရမဲ့ အောက်တိုဘာ လာပြီ

October-2011-calendar-20 













September 29, 2011

စနေ ငါးရက်၊ တနင်္ဂနွေ ငါးရက် ၊ တနင်္လာ ငါးရက် ရှိ သည့် အောက်တိုဘာလသည် မကြာခင်စတင် တော့မည် ဖြစ်ပြီး အဆိုပါနှစ်သည် နှစ်ပေါင်း ၈၂၃ နှစ် နေမှာ တစ်ကြိမ်ကြုံ ကြို က်ခြင်း ဖြစ်သည်။ အဆိုပါ လကျတိုင်း ကမ္ဘာတွင် ထူးခြား ဆန်းပြားမှုများ ရှိပြီး အထူးသဖြင့် စစ်ဘုရင်များ အင်ပါယာများသည် ထိုလ ကျသည့် နှစ် တစ်ဝိုက်တွင် ပျက်စီးရသည်။

ဒိန်းမတ် ဘုရင်သည် လွန်ခဲ့သော နှစ် ၈၀၀ ထိုအချိန်က အာဏာ ကန့်သတ် ခံခဲ့ရပြီး ၊ စစ်သူကြီး ဂျင်ဂစ်ခန့်နှင့် လူဝီ ၉ တို့  သေဆုံးခဲ့သည်။ ကူဗလိုင်ခန်သည် ယွမ်မင်ဆက်ကို ထူထောင် ခဲ့သော်လည်း ဂျပန်နှင့် ဖြစ်သည့် စစ်ပွဲတွင် ၀က်ဝက်ကွဲ ရှုံးခဲ့သည်။

ထိုကာလတွင် မြန်မာနိုင်ငံဉ်လည်း ပုံဂံ ခောတ် ပျက်သုဉ်းချိန် ဖြစ်သည်။ အဆိုပါ နေ့ များ ငါးရက် ထပ် သည့် လ နောက်ပိုင်း ငါးလသည် စစ်ရေးစစ်ရာများ ပျက်စီး ဆုံးရှုံးခြင်း ခေါင်းဆောင်များ သေဆုံးခြင်း အာဏာ ကန့်သတ် ခံရခြင်းများ ရှိသော်လည်း Money Bag ဟု ခေါ်သည့် ငွေဝင်သည့် ကာလ ဖြစ်သည်။

Wednesday, September 28, 2011

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ

KIA_28_9_2011
KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)

အစိုးရ တပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေး လိုက်ရကြောင်း သိရသည်။
 
အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက် နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

“အစိုးရတပ်က တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေတယ်၊ တပ်ရင်းပေါင်း ၂၀ ကျော်သွားပြီး အားလုံး ပေါင်းလိုက်ရင် အင်အား ၂၀၀၀ နီးပါးလောက် ရှိမယ်၊ ကျနော်တို့က ပြောက်ကျား စနစ်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်များကို ခုခံ တိုက်ခိုက် နေသည့် တပ်ရင်းများမှာ KIA တပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIA ဘက်မှ ရှမ်း ပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက် နေသည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ပေးလိုက်ရတဲ့ နေရာဝန်းကျင်နဲ့ တခြားနေရာတွေပါ တန်ပြန် ပြောက်ကျားစနစ်နဲ့ ပြန်တိုက် နေတယ်” ဟု ဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။

ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင် ကားလမ်းမ၏ အနောက်ဘက်ရှိ KIA တပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများက တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ စစ်ပြေးဒုက္ခသည် အများစုမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။

ငြိမ်းချမ်းရေး စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ ၃ ...

မြစ်ဆုံမှ ရေတွေစီးပါစေ ... ကျည်ဆံတွေ မစီးပါစေနှင့်

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ

 အင်္ဂါ, 27 စက်တင်ဘာ 2011
၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်နေပြီ၊ မြန်မာ အစိုးရသစ် အနေနဲ့ မေလထဲမှာ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီ ဖြစ်သလို မကြာခင် သင့်လျော်တဲ့ အချိန်အတွင်းမှာလည်း နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကတော့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့နေရာမှာ ရိုးရိုး အကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှုက ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ခြေလှမ်းအဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ အကျဉ်းသား ၂၀,၀၀၀ ကျော် လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာကို မြန်မာ အာဏာပိုင်တွေက ထောက်ပြ ပြောဆိုလေ့ ရှိပါတယ်။ အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဒါကို မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲတဲ့ ခြေလှမ်းအဖြစ်နဲ့ ရည်ညွှန်း ပြောဆိုခဲ့ပေမဲ့ မစ္စတာ ကင်တားနားကတော့ ဒါဟာ တကယ့် အပြောင်းအလဲ ခြေလှမ်းအဖြစ် မခေါ်နိုင်ဘူးလို့ ဆိုပါတယ်။

“ရိုးရိုး အကျဉ်းသားတွေအတွက် သက်သက် ရည်ရွယ် ထုတ်ပြန်တဲ့ ဒီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာမျိုးဟာ တကယ့် ပြောင်းလဲတာလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး တာမျိုးပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီ ရှိနေပေမဲ့ ဒီ လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် လွတ်လာတဲ့သူက ၄၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာကလည်း ဒါကိုပဲ လွှတ်ပေးဖို့ တောင်းဆို နေတာမို့ မြန်မာအစိုးရ အနေနဲ့ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

KIA ၏ တပ်မဟာ(၄) ဌာနချုပ် ဗျုဟာကုန်းကို အစိုးရတပ် ထိုးစစ်ဆင်

ယခု ရက်ပိုင်းအတွင်း အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ဆင်မှုကြောင့် KIA ဖက်မှ တပ်ရင်း(၂) နှင့် တပ်ရင်း(၉) အခြေစိုက်ရာ တပ်စခန်းများမှ ဆုတ်ခွာ ပေးလိုက်ပြီးနောက် KIA တပ်မဟာ(၄) ဌာနချုပ်အား ကာကွယ် ပေးထားသည့် ဂျန်ရှင်ဂျိုင်  စခန်းကုန်းအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု KIO တောင်ပိုင်းတိုင်း တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလိုပြောသည်။

“သူတို့ရဲ့ အဓိက ထိုးစစ်ကတော့ တပ်မဟာ(၄) ဌာနချုပ်နဲ့ တပ်ရင်း(၂) စပ်ကြားမှာ ကျနော်တို့ မဟာဗျူဟာ ကုန်းတခုရှိတယ်။ အဲဒီနေရာကို အဓိက ထားပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ အလုံးပေါင်း တစ်ရာကျော်သွားပြီထင်တယ်။ မနက် ၅ နာရီ ခွဲကတည်းက သူတို့ ပစ်ထည့်နေတာ။ ကျနော်တို့ဖက်က ခံစစ်ကြောင်းကတော့ ဒီတိုင်းပဲ ရှိနေပါသေးတယ်။ ဆုတ်ခွာတာတို့ ဘာတို့ ဘာမှ မရှိသေးပါဘူး။”

ယင်းစခန်းကုန်း ကျဆုံးသွားပါက KIA တပ်မဟာ(၄) ဌာနချုပ်အား အစိုးရတပ်ဖက်မှ အလွယ် တကူ သိမ်းပိုက် နိုင်သဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း ဖြစ်ပြီး KIA ဖက်ကလည်း ပြောက်ကျား နည်းကို အသုံးပြု၍ ပြန်လည် တိုက်ခိုက် နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။


အစိုးရဖက်မှ အင်အား (၁၀၀၀) ခန့်နှင့် ယခုလ ၂၃ ရက်နေ့က စတင်၍ ထိုးစစ်ဆင် လာခြင်းဖြစ်ပြီး ယခုအခါ တပ်မဟာ(၄) ဒေသ အတွင်း တပ်ရင်း(၈)နှင့် တပ်ရင်း(၁၇) တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

ယခု တပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA ဘက်မှ ၃ယောက် ကျဆုံးပြီး အစိုးရဘက်မှ ဒဏ်ရာရသူနှင့် ကျဆုံးသူ စုစုပေါင်း ၁၅၀ခန့် ရှိသည်ဟု  KIA ဖက်က ပြောဆိုသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။

တိုက်ပွဲကြောင့် တရုတ်မြန်မာ နယ်စပ်သို့ ထွက်ပြေးလာသည့် ဒေသခံများအား နှစ်ဖက် အာဏာပိုင်များက နယ်စပ် ဖြတ်ကျော်ခွင့်ကို ပိတ်ပင် ထားသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု သိရကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

တချိန်တည်းတွင် KIO ဌာနချုပ် အခြေစိုက်ရာ တပ်မဟာ(၅) ထိန်းချုပ် ဒေသအတွင်းရှိ ဧရာဝတီမြစ်နှင့် မြစ်ကြီးနား ဗန်းမော်ကားလမ်း အကြားတွင် ယမန်နေ့က စတင်၍ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရ စစ်ကြောင်းတခုအား KIA တပ်ဖွဲ့များက ၀ိုင်းရံ ပိတ်ဆို့ ထားသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော

ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ်လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် NLD ၂၃နှစ်ပြည့် အခမ်းအနားတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

Tuesday, September 27, 2011

၎ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနား ကျင်းပပြုလုပ်... (တိုကျို)

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်။

ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ၍ တိုကျို  Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။

ဆုတောင်း မေတ္တာပို့သသည့် အခမ်းအနားတွင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၌ ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများတို့ကို ဘာသာ ပေါင်းစုံဖြစ် ဆုတောင်းမေတ္တာ ပို့သခြင်း ပြုလုပ် ပြီးသည့်နောက် IBMO(Japan-Branch) တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် (၄)နှစ်မြောက် ရွှေဝါရောင် ကြေငြာချက်အား ဖတ်ကြားသွား ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပြီး ရွှေဝါရောင် တော်လှန်ရေးတွင် မတရား ဖမ်းဆီး ခံထားရသော သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ချက်ခြင်း ရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ U Than Win

Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ မကြောက်သတ္တိဖြင့် ရဲရဲရင့်ရင့် ဆန္ဒပြ


Copy from - drlunswe.blogspot.com

ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်

b9-myen

ရှမ်းပြည်မြောက်ပိုင်းမှ ပထမဆုံး ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်း တစ်ခုအား မြန်မာစစ် တပ်မှ စက်တင်ဘာ (၂၅)၊ တနင်္ဂနွေနေ့ ညနေပိုင်း တွင် သိမ်းပိုက် လိုက်သည်။
 
ကွတ်ခိုင် အနီး လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် ဗိုလ်မှူး မခေါလရိန် ဦးစီးသည့် ဒတ်နိုင်း  အခြေစိုက် KIA တပ်ရင်း (၉) အား မကွေး တပ်မ(၈၈)နှင့် မိတ္ထီလာ တပ်မ(၉၉)မှ နှစ်ရက်ကြာ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်ပြီး သိမ်းယူ လိုက်သည်ဟု တပ်မဟာ (၄) KIA အရာရှိများပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲတွင် KIA မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးတို့ အစိုးရတပ် အမြောက်ဆံထိမှန် ကျဆုံးခဲ့ ကြောင်း KIA အရာရှိများ ဆိုသည်။

အစိုးရ စစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ ကျဆုံးပြီး (၁၀၀) ခန့် ဒဏ်ရာ ရရှိကြသည်ဟု ရှေ့တန်းမှ KIAအရာရှိများ ပြောသည်။

မြန်မာ စစ်တပ်က ၁၂၀ မမ အမြောက်ကျည်များ ဆက်တိုက် ပစ်ခတ်မှုကို မခံနိုင်သောကြောင့် ဒတ်နိုင်း (KIA တပ်ရင်း (၉) အခြေစိုက် စခန်း)မှ KIA တပ်ဖွဲ့များ ဆုတ်ခွာ ပေးလိုက်ခြင်း ဖြစ်သည်ဟု KIAအရာရှိများ ပြောသည်။

ထို့အပြင် တနင်္ဂနွေနေ့ မှာပဲ နမ္မတူအနီး အခြေစိုက် KIA တပ်ရင်း (၈) နှင့် အစိုးရ စစ်ကြောင်းများ မံတုံမြို့နယ်ခွဲ နမ်ဟိုင်း အနီးတွင်လည်း ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် KIA တပ်သား ၅ ဦးကျဆုံးပြီး အစိုးရဘက်တွင် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာ ရရှိမှု ရှိသည်ဟု တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။။

စက်တင်ဘာ ၂၄၊ စနေနေ့ကစပြီး အင်အား ၁၀၀၀ ကျော် ပါဝင်သည့် မြန်မာ စစ်တပ် တပ်မနှစ်ခုနှင့် KIA ကြား KIA တပ်မဟာ (၄) ပတ်ဝန်းကျင် တပ်ရင်း၂၊ တပ်ရင်း ၈ နှင့်တပ်ရင်း ၉ နေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

KIA တပ်ရင်း (၉) ကျရှုံး သွားပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ကျယ်ပြန့် ပြင်းထန် လာမည်ဟု KIA အရာရှိများပြောသည်။

ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် တရုတ်နယ်စပ် မုန်းကို သို့ တိမ်းရှောင် လာကြသည့် ကချင်၊ ရှမ်းနှင့် အခြား စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံဘက် မ၀င်လာရန် တရုတ် စစ်သားနှင့် နယ်ခြားစောင့် တပ်များ က တားမြစ် စောင့်ကြပ် နေကြောင်း မုန်းကို ဒေသခံများပြောသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။

ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ODA နှင့်ပါတ်သည့် အကူအညီ ပေးအပ်မှုအပေါ် ပြန်လည် သုံးသပ်ပေးရန် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံးပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

ဆူးလေရောက် ဆန္ဒပြသူများ

September 26, 2011,ဒီနေ့ နေ့လယ်ပိုင်းမှာ လုံထိန်းအရာရှိတွေက ဆူးလေဘုရား ရင်ပြင်ပေါ်က ဆန္ဒပြသူတွေကို လူစုခွဲဖို့ ပြောတယ်လို့ သိရပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)


ဒီနေ့ နေ့လယ် ဆူးလေ စေတီမှာ တွေ့ရတဲ့ ဆန္ဒပြသူများ
သူတို့ရဲ့ တောင်းဆိုချက်တွေကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ထားပါတယ်









ရွှေဝါရောင် လေးနှစ်ပြည့် ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား

စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်။

ဒုတိယအကြိမ်မြောက်ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲ ဘတ်ဖဲလိုး နယူးယောက်တွင်ကျင်းပ


ထက်ရာဇာ၊ စက်တင်ဘာ
 
ဒုတိယအကြိမ်မြောက် ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲအခန်းအနားကို (စက်တင်ဘာ ၂၄) မနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ မြို့တော် ခန်းမရှေ့မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။


ပြောက်ကျား စစ်ဝတ်စုံ ၀တ်ဆင်ထားကြတဲ့ (ABSDF) ကျောင်းသား တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ဒီမိုကရေစီခွပ်ဒေါင်းအလံကို ဘတ်ဖဲလိုးမြို့ရဲ့ မြို့တော်ခန်းမရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော် သီချင်းနဲ့ လွင့်တင် ခဲ့ကြပါတယ်။
ဒီအခန်းအနားကို ပြည်နယ်အသီးသီးက ဒီမိုကရေစီ အင်အားစု စုစုပေါင်းအယောက် ၁၀၀ကျော် တက်ရောက်ခဲ့ကြပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ခန်းမအလံတိုင်မှာ အမေရိကန် အလံကို ဖြုတ်ပေးပြီး တရားဝင် ဒီမိုကရေစီ ခွပ်ဒေါင်းအလံကို လွင့်တင်နိုင်ခဲ့တာ ဒုတိယ အကြိမ်မြောက်လဲ ဖြစ်ကြောင်းပါခင်ဗျာ။
 
Copy from - moemaka.blogspot.com/

ရွေဝါရောင် သံဃာ့လှုပ်ရှားမှု (၄)နှစ်ပြည့် ဆွမ်းကျွေး ရေစက်ချ အမျှဝေအလှူ(တိုကျို)


သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊ဂျပန်ဌာနခွဲတွင် တိုကျိုရောက် မြန်မာ့ ဒီမိုကရေစီအရေး အားပေးဆောင်ရွက် နေကြသော မြန်မာများမှ ဦးဆောင်၍ရွေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် အသက်ပေးလှူ သွားကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ရည်စူးပြီးရွေဝါရောင် သံဃာ့လှုပ်ရှားမှု(၄)နှစ် ပြည့်ဆွမ်းကျွေး ရေစက်ချ အမျှဝေအလှူကို(၂၅-၉-၂၀၁၁)နေ့ တွင် ကျင်းပ ပြုလုပ်သည်။

သတင်းဓါတ်ပုံ- IBMO(Japan-Branch)

နယ်ခြားစောင့်တပ် စီးပွားရေး လုပ်ငန်းပိုင် ကားတစီး မီးရှို့ခံရ


ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ကြောင်ရှာကုန်းမှာ ကြံ့ဖွံ့စစ်အစိုးရ စစ်တပ် ခလရ ၉၇ တပ်ရင်းကို ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေဟာ ဒီကနေ့ ၁ နာရီခွဲလောက်မှာ ပြောက်ကျား တိုက်ခိုက်ခဲ့တယ်။ ကြံ့ဖွံ့အ စိုးရဘက်မှ တပ်သား တဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

တဆက်တည်းမှာပဲ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်က အောက်ဗိုလ်တဲနေရာမှာ ညနေ ၃ နာရီလောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ ဦးစီး လုပ်ကိုင်နေတဲ့ မြဝတီ ဘားအံ သယ်ယူ ပို့ဆောင်းရေး လုပ်ငန်းမှ မှန်လုံကားကြီးတစီးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက မီးရှို့ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

အောက်ဗိုလ်တဲ့မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် က ခုလို့ ရှင်းပြပါတယ်..
“ဟုတ်တယ် ဒီကနေ့ ကျနော်တို့ တပ်ဖွဲ့တွေ ကုန်းသည်ကားလမ်းပေါ်မှာပဲ လှုပ်ရှားမှု ၂ ခု လုပ်ခဲ့တယ်။ ကြောင်ရှာကုန်း မှာ တပွဲ၊ အောက်ဗိုလ်တဲ့မှာကတော့ ကြံ့ဖွံ့စစ်စိုးရနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်နေတဲ့ မှန်လုံကားကြီးတစီးကို မီးရှို့လိုက် တယ်။

ကျနော်တို့ ခေါင်းဆောင်း ဗိုလ်စောလားပွယ်က ကျနော်တို့ အားလုံးကို ညွှန်ကြား ထားပါတယ်။ ရိုးရိုး သားသား စီးပွားရှာနေတဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း၊ နယ်ခြားစောင့် တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ချေမှုန်း ပစ်ရမယ်လို့ ညွှန်ကြား ထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ပြည်သူတွေကို အသိပေးထားပြီး ဖြစ်တယ်။” လို့ ပြောပြသွားပါတယ်။ 

Copy from - naytthit.net

Sunday, September 25, 2011

စစ်တွေတွင် ရဟန်းတော်များ ညဥ့်အချိန်တွင် ဖမ်းဆီး စစ်ဆေးခံနေရ

9/25/2011,

စစ်တွေတွင် ရဟန်းတော် တချို့ကို ညဥ့်အချိန်တွင် အာဏာပိုင်များက ကျောင်းတိုက် အတွင်း ၀င်ရောက် ဖမ်းဆီးကာ အမည်မသိသော နေရာသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

စက်တင်္ဘာလ ၂၃ ရက်နေ့ ညဥ့်သန်ခေါင်ကျော် (၂) နာရီ အချိန်တွင် အာဏာပိုင်များက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ စစ်တွေ ပုသိမ်ကျောင်းတိုက်သို့ ၀င်ရောက်လာပြီး ဦးဇင်း ကေသာရနှင့် အတူ တခြား ရဟန်းတော် နှစ်ပါးအား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းများက ပြောသည်။

အဆိုပါ ရဟန်း သုံးပါးကို ဖမ်းဆီးစဉ် ရခိုင်ပြည်နယ် လုံခြံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ဒကစမှူးလည်းဖြစ် ဒုတိုင်းမှူးလည်း ဖြစ်သော ဒုဗိုလ်မှူးကြီး မျိုးမင်းဆွေ တို့ ဦးဆောင် ပါဝင်ကြောင်း သိရသည်။ အဆိုပါ သံဃာ သုံးပါးထဲမှ နှစ်ပါးကို အဆိုပါနေ့ ညနေပိုင်းတွင် ပြန်လွှတ် ပေးလိုက်ပြီး ဦးဇင်း ကေသာရကိုမူ ယခု အချိန်ထိ အမည်မသိ နေရာတွင် ချုပ်နှောင် ထားကြောင်း သတင်း ရရှိသည်။

KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်

24 September 2011,

KIA တပ်မဟာ ၄ ဌာနချုပ်၊ လွယ်ကန် မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၇၊ စနေနေ့က စတင်လိုက်သည်။

“ဇွန် ၉ ရက် နောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာ စစ်အင်အား အကြီးဆုံး ဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိ တစ်ဦးပြောသည်။ စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ ၀န်းကျင်တွင် နှစ်ဘက် တပ်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ် နယ်စပ် ကုန်သွယ်ရေး လမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။

KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။ ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူး စစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင် နေသည်ဟု KIA အရာရှိများပြောသည်။

ယခုလို မြန်မာ အစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။ ဒီမား ကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲ နေသော်လည်း သေကြေ ဒဏ်ရာ ရရှိမှု ရှိမရှိ မသိ ရသေးကြောင်း ရွာသားများပြောသည်။

ဧရာဝတီ ထာဝရရှင်သန်ရေးအတွက် နှိုးဆော်တဲ့ သီချင်းလေးပါ

လားရှိုးသိန်းအောင်( ဂျင်မီဂျက် )ရေးစပ်သီဆိုထားတဲ့ သီချင်းပါ
Copy from - 8888peopletoday.net

ဒို့အရေး........ကဗျာ

*** ဒို့အရေးတွေဟစ်ကြွေးပြီး မြစ်ဧရာကိုကယ်တင်ကြပါစို့ ***
 
တရုတ်- မြန်မာ ခေါင်းဆောင်ကြီးတွေရဲ့
အောင်သေအောင်သားစားတဲ့ ဆွေနွေးပွဲတခုမှာ
နင့်ကိုတည်ခင်း ဟင်းရွက်ကဇွန်းလို ရောင်းစားလိုက်တော့
ငါတကယ် အံ့သြမိတယ်...မြစ်ဧရာ၊
မဟုတ်ပါစေနဲ့ မဖြစ်ပါစေနဲ့
ငါအကြိမ်ကြိမ်ဆုတောင်း မိတယ်
ဖွ- ဟဲ့ ဒီသတင်းလွဲမှားပါစေ....မြစ်ဧရာ။
 
ငါ့ဆုတောင်းမပြည့်ပါဘူး
ရာဇဝင်များရဲ့ အရှင် ရာဇဝင်တို့ရဲ့သ္ခင်
အို....ဧရာဝတီ
အစဉ်အမြဲ တသွင်သွင်စီးဆင်းနေတဲ့
နင့်ရဲ့ဘဝ နင့်ရဲ့အလှကို နင်းချေဖျက်ဆီးပစ်ဖို့
အမျိုးယုတ်သူတွေဟာ လက်ဝါးချင်းရိုက်ပြီ
ဖြစ်ဆုံထက်မှာ လုပ်ငန်းတွေစတင်ဖို့ တာစူနေပြီ...ဧရာဝတီ။
 
ဝမ်ကျားပေါင်လား ကြက်ပေါင်လား ငါမသိ
တရုတ်ကွန်မြစ်ရဲ့ခေါင်းဆောင် ဟူကျင်တောင်နဲ့အပေါင်းပါ
အာဏာရှင်မှန်သမျှသူ ဖေးကူ
ကိုယ့်နိုင်ငံကထွက်တာ အကုန်သိမ်းယူ၊
ဂုတ်သွေးလည်းစုတ် ရှုပ်ထွေးနေတဲ့
တရုတ်ကွန်မြူနစ်ရဲ့ လမ်းစဉ်
ဘယ်သူတွေဘာဖြစ်ဖြစ် ဘာအရေးလဲ...ဆိုတဲ့
ခပ်- ညညစိတ်ဓါတ်
တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေဆီမှာ အပြည့်ရှိတယ်။
 
တချိန်က  တရုတ်မြန်မာ အဓိကရုဏ်း
တရုတ်ဆန်ပြုတ် တို့မတုတ်
တရုတ်ဆီးပြားတို့ မစား
တရုတ်ပစ္စည်းတွေ မဝယ်ယူဖို့ အရေး
တရုတ်ဆန့်ကျင်ရေး အသံတွေကိုလည်း
ခုချိန်ခါမှာ တို့ပြည်သူတွေ ကြွေးကျော်ရမယ်။
 
လူ့အသိစိတ်ပျောက်ပြီး
လောဘရမ္မက် ဇွတ်ဖက်နေတဲ့ အာဏာရှူးတွေဟာ
ဖြုတ်ဦးနှောက်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်
အာဏာတည်မြဲရေးအတွက်ဆို လက်ညိုးတွေထိုးထိုးပြီး
တိုင်းပြည်ကို ပေါင်နှံရောင်းစားလုပ်နေတယ်...ဧရာဝတီ။
 
ဒီအတွက်....ဧရာဝတီကိုကယ်တင်ဖို့
ငါတို့အားလုံးသွေးစည်းရမယ် ငါတို့အားလုံးညီညွှတ်ရမယ်၊
ဒါတို့တိုင်းတို့ပြည် တို့ပိုင်တဲ့မြေထဲ
တို့တတွေရဲ့ ဆန္ဒတွေမပါပဲ
အကောင်ထည်ဖော်နေတာမှန်သမျှ ရပ်တန့်ပစ်ဖို့
ဒို့- အရေးတွေ ဟစ်ကြွေးပြီး မြစ်ဧရာကို ကယ်တင်ကြပါ....စို့။
 
(အမေ့သား) ဒိန်းမတ်
အင်တာနက် စာမျက်နာမှ ကူးယူခဲ့ပါသည်.....
 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ထိုးစစ် အရာရှိတဦး ပြင်းထန်စွာ ဒဏ်ရာရ

September 24, 2011,

ကမ္ဘာ့ငြိမ်းချမ်းရေး နေ့မှာပဲ ကရင်ပြည်နယ်တွင်းမှာ ကြံ့ဖွံ့ စစ်အစိုးရက ကေအန်ယူနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ လှုပ်ရှားဒေ သတွေကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) က မြဝတီမြို့ တောင်ဘက် သေ့ ဘောပိုးရွာ အနောက်ဖက် တောင်နီတောင် မင်္ဂလာကုန်းမှာ ညနေ ၃ နာရီခန့်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက် ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပါတယ်။

တောင်နီ တောင်တန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄တပ်ရင်း ကို ကေအန်ယူ ၁၀၃ တပ်ရင်း၊ ဒီကေဘီအေ ၉၀၉ တပ်ရင်း၊ ကျောင်းသား တပ်မတော် တပ်ဖွဲ့ဝင်များ၊ ရခိုင်ကျောင်းသား လူငယ်တပ်ဖွဲ့ ပူးပေါင်း အင်းအားတွေနဲ့ မင်္ဂလာကုန်း ကနေ ဆီကြို တိုက်ခိုက် ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် ဘက်မှ တပ်သား အလောင်းတလောင် ကျန်ရစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်။ ဒဏ်ရာရသူတွေထဲမှာ ခမရ ၂၀၄ စစ်ကြောင်း (၂)မှူး၊ ဗိုလ်မှူးလစာစား ဗိုလ်ကြီး ဇော်ထက်ဦး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီကေဘီအေ  ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး သရီးတူး အတည်ပြု ပြောပြချက်အရ သိရှိရပါတယ်။

Copy from - naytthit.net

Saturday, September 24, 2011

ပြည်တော်ပြန်မယ်နော် ... ဒါလေးတော့ လက်မှတ်ထိုး

အညာနွေ တမာမြေ ဘလော့ဂ်ကနေ ယူပြီး တင်ပါတယ်။ ပြန်မယ့်သူတွေအတွက် ခံဝန်ချက်တဲ့။
Copy from - irrawaddyblog.com

အစိုးရတပ် စစ်ကြောင်းမှူး ဒဏ်ရာ ရရှိကြောင်း SSA ပြောဆို

2011-09-23,

စက်တင်ဘာလ ၂၂ ရက်နေ့က SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် မြန်မာ အစိုးရတပ်က တစ်ဦး ကျဆုံးပြီး စစ်ကြောင်းမှူး အပါအ၀င် ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ် နားနိုင်း ကျေးရွာအနီးမှာ SSA မြောက်ပိုင်း တပ်ရင်းအမှတ် ၇၂၆ နဲ့ မြန်မာ အစိုးရတပ် တပ်ရင်း ၅၀၆ တို့ ၁၅ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။
အစိုးရတပ်က သူတို့ကို တောနင်းရှာဖွေ တိုက်ခိုက် နေတဲ့အတွက် စစ်တပ်လာနိုင်မယ့် လမ်းမှာ စောင့်ပြီး တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ပွဲမှာ အစိုးရတပ်က တဦးသေဆုံးပြီး စစ်ကြောင်းမှူး ဗိုလ်မှူး ဇော်ဝင်းနိုင်နဲ့ ဗိုလ်အဆင့် အရာရှိ အပါအ၀င် ရ ဦးလောက် ဒဏ်ရာ ရရှိသွားကြောင်း၊ SSA မြောက်ပိုင်းတပ်က ထိခိုက်မှု မရှိကြောင်း SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။

အသုံးမ၀င်တဲ့ မှတ်ပုံတင်နဲ့ ခရီးသွားတွေရဲ့ ဒုက္ခ

September 23, 2011 ,

ကျနော်က ရန်ကုန်ကနေ ကော့သောင်းကို အရေးကြီးကိစ္စနဲ့ ခရီးသွားရပါတယ်။  ရန်ကုန်ကနေ မော်လမြိုင်အထိ ဘာမှ ပြဿနာ မရှိပေမယ့် မော်လမြိုင်လွန်တာနဲ့ လ၀ကနဲ့ လူကုန်ကူး တားဆီးရေး ဆိုတဲ့အဖွဲ့တွေ တောက်လျှောက် လာစစ်တယ်။ မှတ်ပုံတင် တစောင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ပေးဆောင်ပြီး ခရီးသွားရတယ်။

ပိုဆိုးလာတဲ့နေရာက ထားဝယ်အ၀င်မှာပါ။ မှတ်ပုံတင်နယ်ခြားကို ၅၀၀၀ ကောင်းကောင်း မတောင်းဘူး။ ဟိန်းဟောက် ခြောက်လှန့်ပြီး တောင်းတယ်။ ပေးတဲ့လူတွေ ပေးတယ်။ ကျနော်ကတော့ မပေးဘူး။ စကားတော်တော်များ လိုက်တယ်။ မှတ်ပုံတင် ထားခဲ့လိုက်တယ်။ တိုင်းရဲစခန်းကို သွားအမှု ဖွင့်တယ်။ မှတ်တမ်း ရေးပေးပါ့မယ်ဆိုပြီး ရေးပေးတယ်။ ထားဝယ်မှာ သုံးရက်ကြာတယ်။

တိုင်းရုံးက ထောက်ခံစာ ရေးပေး လိုက်တယ်။ ကော့သောင်း ရောက်တော့ လူကုန်ကူး တားဆီးရေးအဖွဲ့ ရဲတွေက ကျနော့် ထောက်ခံစာကို လုံးခြေ လွှတ်ပစ်လိုက်ပြီး မင်း ရန်ကုန်ပြန်ရမယ်၊ ကော့သောင်း မ၀င်ရဘူးဆိုပြီး သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ထားတယ်။ မင်းတို့ ထွက်ချင်ရင် မှတ်ပုံတင်တစောင်ကို ၇ သောင်း ဆိုပြီး လာပြောတယ်။ ကောင်မလေးတွေကိုတော့ မှတ်ပုံတင် တစောင် ငါးသောင်းနဲ့ တည့်ပြီး လာထုတ်သွားတယ်။ ခဏနေတော့မှ ကျနော့်သူငယ်ချင်း ရောက်လာလို့ ကျနော် ထွက်ရတယ်။

ခရီးသွားတွေ စိတ်ချမ်းသာမလား။ မှတ်ပုံတင်က မြန်မာပြည်မှာ သုံးမရဘူးလား။ တဖက်နိုင်ငံ ခိုးထွက်မဲ့သူတွေ ဘယ်နေရာကနေ တားသင့်သလဲ။ အသုံးမ၀င်တဲ့ ဒီမှတ်ပုံတင် ဘာလို့ ထုတ်ပေးနေမလဲ။ အခုလို လာဘ်စားပြီး ရိုင်းပြတဲ့ ၀န်ထမ်းတွေကို ဘယ်လို အရေးယူမလဲ။ သမ္မတကြီးနဲ့ တိုင်းမှူးကြီး သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ဒီဗွီဘီ ပေးစာ  

ခရီးသည်တဦး

မြစ်ဆုံ စီမံကိန်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေး


ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း အစသည် ၂၀၀၅ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော Asian-African Summit 2005: Commemoration of Golden Jubilee of Asia-Africa Conference တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံ ဆွေးနွေးမှုမှ ပေါ်ပေါက်လာသော စီမံကိန်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ပြီး ထွက်လာသော လျှပ်စစ် ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဟူကျင်းတောင်နှင့် သဘောတူညီခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် (နအဖ ကောင်စီ အတွင်းရေးမှူး ၁ ဟောင်း)၊ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း (နိုင်ငံခြားရေး ဝန်ကြီးဟောင်း)၊ ပြည်သူ့လွှတ်တော် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ (အမျိုးသား စီမံကိန်းဝန်ကြီးဟောင်း) တို့ပါဝင်သည်။

အဆိုပါ သဘောတူညီချက်အရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ ဧရာဝတီ မြစ်၏အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်ရေး လေ့လာ တိုင်းတာမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ လေ့လာ တိုင်းတာမှုများအရ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာနိုင်ငံ၏ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ကြောင်း ထိုစဉ်က တာဝန်ရှိသူများ သိရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိ ပြည်သူအတွင်း ပေါက်ကြား နေခဲ့သော လေ့လာတိုင်းတာမှုများ အစီရင်ခံစာ အတိုင်းပင် ဖြစ်ပါသည်။

ထိုစဉ်က နအဖ ထိပ်ပိုင်း ခေါင်းဆောင်အတွင်း ဧရာဝတီမြစ်၏အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မှုကို မနှစ်မြို့ ကြသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြန်မပြောရဲ၍ တိုးတိုး တိတ်တိတ်သာ ဝေဖန်ဝံ့ကြသည်ဟု သိရပါသည်။ အခြေအနေမှန်ကို သိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လည်း အဆိုပါ စီမံကိန်း ဆက်လုပ်ရေး မလုပ်ရေး ချီတုံချတုံ ဖြစ်ခဲ့သည်ဟု နီးစပ်သော အသိုင်းအဝိုင်းမှ ကြားသိရသည်။ ဤကဲ့သို့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း နှောင့်နှေး နေမှုကြောင့် တရုတ်အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံတိုင်း အမြန်ဆုံး အကောင်ထည် ဖော်ရန် တိုက်တွန်းခဲ့သည်။

၂၀၀၉ ခုနှစ် ကိုးကန့် အရေးအခင်း အပြီးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ထိုးခွင့် ပြုလိုက်ရပါသည်။ အကြောင်းမှာ ကိုးကန့် ငြိမ်းချမ်ရေး အဖွဲ့အား နယ်ခြားစောင့်တပ် အတင်းအကြပ် ပြုလုပ်ခိုင်းရာမှ မြန်မာစစ်တပ်၏ လက်လွန် ခြေလွန် ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ ကိုးကန့်နယ်မြေ အတွင်းမှ တရုတ်လူမျိုး သောင်းနှင့်ချီ၍ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်။ တရုတ်လူမျိုးတို့၏ ပိုင်ဆိုင်မှု အများအပြားလည်း ပျက်စီး ဆုံးရှုံးခဲ့သည်။ တရုတ်အစိုးရက မြန်မာအစိုးရအား တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များကိစ္စနှင့် ပတ်သက်၍ စစ်ရေးနည်းဖြင့် မဖြေရှင်းရန် မကြာခဏ မေတ္တာရပ်ခံသည့်ကြားမှ မြန်မာစစ်တပ်က ဖုန်ကြားရှင်၏ ကိုးကန့် ငြိမ်းချမ်းရေး အဖွဲ့ကို တိုက်ခိုက် မှုကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့သည်။

ကိုးကန့် ကိစ္စကြောင့် မြန်မာအစိုးရအား တရုတ်အစိုးရက နိုင်ငံတကာတွင် ထောက်ခံပေးနေမှုကို ပြန်လည်စဉ်းစားကောင်း စဉ်စားလာရလိမ့်မည်ဟု တရားမဝင် အသံပြုလာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က နံပတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကိုယ်တိုင် တရုတ်ခေါင်းဆောင်များအား သွားရောက်ရှင်းပြ တောင်းပန်ခဲ့ရသည်။ သို့သော် တရုတ်ခေါင်းဆောင်များက ကျေနပ်မှုမရှိဘဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းထက် အဆင့်မြင့်သော၊ အဆုံးအဖြတ်ပေးနိုင်သော နအဖ ခေါင်းဆောင်ကို စေလွှတ်ရန် ပြောလွှတ်လိုက်ကြောင်း၊ ထို့အပြင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါဝင် တခြားစီမံကိန်း ၃ ခုကို ထိုနအဖ ခေါင်းဆောင်မှ MOU လက်မှတ် ရေးထိုးပေးရန်လည်း မှာကြား လိုက်ကြောင်း သိရသည်။

Friday, September 23, 2011

ရဲတပ်ဖွဲ့ဝင် (၈)ယောက်ကို KIA က ပြန်လွှတ်

စက်တင်ဘာလ 23 ရက် 2011 ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့နယ် အတွင်းရှိ ရဲဘက် အကျဉ်းစခန်းကို ကချင်လွတ်လပ်ရေး အဖွဲ့က ၀င်ရောက် စီးနင်းပြီးနောက် ဖမ်းဆီးထိန်း သိမ်းခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၈) ဦးအား ပြန်လည် လွတ်ပေး လိုက်ပြီဟု KIO က ပြောသည်။

ယခုလ (၂၁) ရက်နေ့က KIA တပ်ရင်း(၉) မှ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို စီးနင်းခဲ့ပြီး နောက် ဖမ်းဆီးခဲ့သည့် စခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၈)ဦးကို ထိုနေ့ကပင် ပြန်လည် လွတ်ပေး လိုက် ပြီဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလိုပြောသည်။

“အဲဒီနေ့မှာပဲ အကျဉ်းသားတွေကို အရင်လွတ်လိုက်တယ်။ အဲဒီကိစ္စတွေ ပြီးသွားတဲ့ အခါမှာ အဲဒီ ရဲ (၈)ယောက်ကိုလည်း ပြန်ပြီး လွတ်လိုက်တယ်။ သူတို့ ဖမ်းဆီး ခေါ်ဆောင် သွားတာမျိုး မလုပ်ပါဘူး။” စခန်း သိမ်းယူပြီးနောက် ရဲဘက် အကျဉ်းသား (၅၀) ကျော်ကိုလည်း လွတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်

Chatham House
ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု ဖြစ်ပါသည်။
2011-09-22
ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင် အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေး အတွက် အကြမ်းမဖက် လမ်းစဉ်နဲ့ တစိုက်မတ်မတ်  ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ တာဝန်သိတဲ့ အစိုးရတွေ ပေါ်ပေါက်ဖို့ လှုပ်ရှား နေကြသူတွေ အတွက် သြဇာ ကြီးမားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ Chatham House ညွန်ကြားရေးမှုး Robin Niblett က ပြောပါတယ်။

NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဇွဲ၊ ကိုယ်ကျိုးစွန့်မှု၊ ညီညွတ်ရေး  ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေ တင်မက ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားထဲအထိ စွဲဝင် နေကြတယ် ဆိုတာ အခုလို ဆုတွေ ချီးမြှင့်နေတာက သက်သေ ပြနေတာမို့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုက္ခသည် ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ

မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)

23 September 2011,

ဂျပန်နိုင်ငံသို့ ဒုတိယ အသုတ်အဖြစ် သွားရောက် အခြေချ နေထိုင်မည့် မြန်မာဒုက္ခသည် ၁၈ ဦးသည် ယနေ့ နံနက်က ထိုင်းမြန်မာ နယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းအတွင်းမှ စတင် ထွက်ခွာသွားသည်။ မူလက ဂျပန် သွားမည့်သူပေါင်း ၂၆ ဦး ဖြစ်ပြီး မိသားစုဝင် ၄ ဦးစီ ပါရှိသည် အိပ်ထောင်စု ၂ ခုက အစီအစဉ် ပြောင်းကာ စခန်းအတွင်း နေရစ် ခဲ့ကြကြောင်း၊ တခြား နိုင်ငံများတွင် စားဝတ်နေရေး နှင့် အလုပ်ကိုင် ပိုမို အဆင်ပြေသည်ဟူသော ယူဆချက်ကြောင့် ဖြစ်ကြောင်း စခန်းကော်မတီ တွဲဘက် အတွင်းရေးမှူး ၁ စောအဲကလယ်က ဧရာဝတီကို ပြောသည်။

"မနှစ်က ဂျပန်ကို ရောက်သွားတဲ့ ကျနော့်တူ ဖုန်းဆက်တယ်၊ ဂျပန်ကနေ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ ဆွေမျိုးတွေဆီ အဆက်အသွယ် လုပ်ရတာ ခက်တယ်။ အလုပ်လည်း အချိန်ပြည့် လုပ်ရတယ်။ ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေ နိုင်ငံခြား ထွက်မယ် ဆိုရင် အခြားနိုင်ငံတွေ မရမှ ဂျပန်နိုင်ငံကို ရွေးဖို့ ပြောတယ်" ဟု ဒုက္ခသည် တဦးဖြစ်သူ စောကညောက ဆိုသည်။

စခန်းအတွင်းရှိ ဒုက္ခသည်တချို့က ထိုင်းလက်ကိုင်ဖုန်းများ အသုံးပြုပြီး တတိယနိုင်ငံတွင် ရောက်ရှိ အခြေချနေကြသော ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ဆက်သွယ် နေကြသူများဖြစ်သည်။ ဂျပန်သွားမည့် အစီအစဉ်တွင် ပါဝင်သူတဦး ဖြစ်သည့်အသက် ၂၂ နှစ်အရွယ် နော်အဘူးက "ဒီမှာက လွတ်လပ်မှု မရှိဘူး။ အနာဂတ် မရေရာဘူး။ ဒါကြောင့် ဂျပန်ကို ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်" ဟု ပြောသည်။

နော်အဘူးက ဒုက္ခသည်စခန်းတွင် မွေးဖွားသူဖြစ်ပြီး နိုင်ငံမဲ့ နေသူဖြစ်သည်။ နော်အဘူး အပါအ၀င် ဒုက္ခသည် ၁၈ ဦးသည် IOM ခေါ် ကုလသမဂ္ဂ၏ ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာအဖွဲ့၏ အစီအစဉ်ဖြင့် မဲဆောက်မြို့ ရုံးခွဲတွင် ခရီး တထောက်နားပြီး လာမည့် ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် သွားရောက်မည်ဟု သိရသည်။

မြန်မာစကားမတတ်တဲ့ တရုတ်လမ်းဘေး ဈေးသည်

  


Friday, September 23, 2011,

ထူးတေဇာက ဗီမီယိုမှာ တင်ထားတဲ့ ဗီဒီယို ဖိုင်ပါ။ သူ့ရဲ့ ဖေ့စ်ဘုတ်မှာလည်း ဒီလို ရေးထားပါသေးတယ်။

ပြည်ကြီးတရုတ်တွေ အထက်အညာဘက်တင်ရှိတာ မဟုတ်ဘူးဗျ ... ဟဲ ... ဟဲ ... ရန်ကုန်မှာလည်း ရှိတယ်။ မနေ့ကတောင် မြို့ထဲမှာ မီးဖိုချောင်သုံး အခြစ်တွေ ရောင်းနေရဲ့ ... မြန်မာစကားဘာမှ မတတ်ဘူး ... "တစ်ထောင်" ဆိုတာ တစ်လုံးပဲ တတ်တယ် ... လမ်းဘေးဈေးသည်နော် တရုတ်နော် ဘာမှတ်နေလဲ ....

Chinese Street Hawker from Yangon
Copy from - irrawaddyblog.com


ဧရာဝတီ ကို ၀ယ်ထားလိုက်မယ်

မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
ရင်နှစ်သီးခြာ သားသမီး ရတနာတွေ
ကွယ်ပျောက်သွားလိမ့်မယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
တောတောင် ရေ မြေ
ရိုးတံကိုင်းခြောက် ရွက်ပြတ်သစ်တောတွေပြုန်းလို့
စိမ်းစိုမှုလည်း ပျောက်လိမ့်မယ်။

မလာပါနဲ့ …
သင်လာခဲ့ရင် ငါ့ အမိမြေမှ
ကျောက်သံပတ္တမြား စိန်ရွှေရတနာများ
ဇယ်တောက်ကစားဖို့ ကွယ်ပျောက်မယ်လေ။

အယုတ်အလတ် အမြတ်မရွေး
လုပ်ကျွေးပြုသော တိုင်းချစ်ပြည်ချစ်
မြစ် မဟာ ဧရာ။

သမီးပျိုလေး … မိဧရာ …

မိဧရာ ရဲ့လှပလွန်တဲ့
သူ၏ ပုံသဏ္ဍန်  သူ့ ဟန်ပန်တွေအတွက်
ပြည်သူအများ ရတက်ပွားနေရပြန်ပေါ့။

သတင်းကြီးသော ရွှေမင်းသမီးလို
၇ ပိုင်း ပိုင်းပြီး  ၇ ပြည်ထောင်မှ
မင်းညီ မင်းသား  စစ်ခင်းပြိုင်သလို
တိုင်းပြည်အနှံ့  ကြေငြာမောင်းခတ်လိုက်ချင်ရဲ့ …။

မိဧရာ ခေါ်  ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။

မိဧရာ ခေါ် ဧရာဝတီကို
သူ့စရိုက် သူ့ဟန်  သင်လာခဲ့ရင် ပျောက်ပျက်မှာဆိုး … …၊

ကြည့်လိုက်စမ်းပါ … …
ချောင်းကောတိမ်ပျောက်
သိပ္ပံ  ထွန်းကား လူတို့ရွာမယ်
သဘာဝ ပျောက်   ဒုက္ခရောက်၍
လူသားသတ္တ၀ါ သေကြပျက်စီး
မြည်ဟည်း ပင်လယ်
သဘာဝ ဘေး  ကြုံနေတယ်။

ကြည့်လိုက်စမ်းပါ … …

မြစ်ဧရာ ဟာ   လျှို့ဝှက်သဏ္ဍန်
အမျိုးမျိုး ပုံဆောင်လို့
သင်လာခဲ့ရင် ပျက်စီးပျောက်ကွယ် သွားတတ်တယ်။

မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှ
မြေဆီလည်းပျောက် ရေလည်းနောက်
ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ
သူ၏ အဖော်  သယံဇာတ
ရေ မြေ တော တောင်
မြေပေါ်မြေအောက်
ရေပေါ် ရေအောက်
ဧရာဝတီ အပါ
သင့်ကြောင့် ပျောက်မှာ စိုမိတယ်။
ပျောက်မှာ စိုးမိတယ်။
ဒါကြောင့် သင်မလာပါနဲ့ …

မိဧရာ ခေါ်  ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။

ဒို့ ဘိုးဘွားမြေ
ရိုးရာမပျက်  ဓလေ့မပျောက်
ထိန်းသိမ်း ကာကွယ်ထား သင့်တယ်။

ဒို့ ဘိုး  ဒို့ ဘွား
ရေမြေ တောတောင် သယံဇာတ
တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်
ကပြားလေးတွေ ဖြစ်နေတယ်။

ဒို့ ဘိုးဘွား အမွေအနှစ်ကို ချစ်မြတ်နိုးလို့
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာကို ၀ယ်ထားမယ်။
                              
       ခင်လေးနွယ် (မိငယ်ငယ်

ဧရာဝတီ ပြပွဲ ဒေါ်အောင်ဆန်းစုကြည် နှင့် အနုပညာရှင်များ တက်ရောက်

မှ ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးတင်ဦးတို့ တက် ရောက်အားပေး ကြည့်ရှု ခဲ့ကြသည်။

The Sketch Of A River-The Ayeyarwady အမည်ရှိ ပြပွဲကို မြန်မာနိုင်ငံရှိ ဓာတ်ပုံ ပညာရှင်များ၊ ပန်းချီ ပညာရှင်များ ၊ ကာတွန်း ပညာရှင်များက စုပေါင်း တင်ဆက်ခြင်း ဖြစ်သည်။


အနုပညာရှင် ၅၄ ဦးက ဧရာဝတီမြစ်နှင့် ပတ်သက်သည့်  ပန်းချီ ၊ ကာတွန်း ၊ ကဗျာ၊ ဓာတ်ပုံ ၁၂၄ ခု ကို စုပေါင်း တင်ဆက် ကြခြင်း ဖြစ်သည်။ ဧရာဝတီ မြစ်တွင် တရုတ် အစိုးရပိုင် CPI ကုမ္ပဏီက ရေကာတာ တည်ဆောက် နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူများက အပြင်းအထန် ကန့်ကွက် နေကြရာတွင် အနုပညာ ရှင်များက ယခုကဲ့သို့  ပါဝင် နှိုးဆော်ခြင်း ဖြစ်သည်။

ပြပွဲကို ပန်းချီနှင့် ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း ၊ စာနယ်ဇင်း ဆရာစိုးသော်တာနှင့် အခြား အနုပညာရှင်များမှာ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်က အခမ်းအနားမှုး အဖြစ်တာဝန် ယူပေးသည်။ ပြပွဲသို့  အနဂ္ဂ ၊ သံသာဝင်းနှင့် အခြား အနုပညာရှင်များ ပရိသတ်များ တက်ရောက်ရာ လူကြိတ်ကြိတ်တိုး စည်ကားသည်။