Sunday, July 31, 2011

မြန်မာ ကလေးစစ်သားဟောင်း အမေရိကန်လွှတ်တော်မှာ ထွက်ဆိုမည်

2011-07-31,

မြန်မာအစိုးရက ကလေးစစ်သားတွေ အသုံးပြုနေတယ် ဆိုတာကို အမေရိကန် အောက်လွှတ်တော်မှာ ဝန်ခံထွက်ဆိုမယ့် ကိုဟိန်းမင်းအောင် ကို အမေရိကန်နိုင်ငံ မေရီလဲန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား မိသားစုတွေက မနေ့ကညနေပိုင်းက ကြိုဆိုပွဲတခု ကျင်းပခဲ့ကြပါတယ်။

ကိုဟိန်းမင်းအောင်ဟာ ပြည်မြို့ဇာတိ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ် အသက် ၁၄ နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့ ညဘက် လည်ပတ်ပြီး အိမ်အပြန်မှာ လူသုံးယောက်က သူတို့ကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ နောက်တနေ့မှာ တခြား အသက်မပြည့်သေးတဲ့ ကလေး ၁၃ ယောက်နဲ့အတူ ဒညင်းကုန်း စစ်သား စုဆောင်းရေး တပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကိုဟိန်းမင်းအောင်ဟာ ၂ဝဝဝ ခုနှစ်မှာ မွန်ပြည်နယ် ခလရ (၃၄၃) မှာ တာဝန်ကျပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် စစ်ဆင်ရေးကာလမှာ စစ်တပ်ကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး နယူးဇီလန်နိုင်ငံမှာ အခြေချ ရောက်ရှိနေထိုင်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ကလေးစစ်သားတွေ အသုံးပြုနေတာကို သက်သေပြတဲ့အနေနဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Eddie Johnson ကမကထပြုပြီး အောက်လွှတ်တော် ကြားနာပွဲတရပ်ကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့အခါ ကိုဟိန်းမင်းအောင်က ထွက်ဆိုသွားမှာ ဖြစ်ပါတယ်။

Copy from - rfa.org/

ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ

ဒီကေဘီအေ တပ်ဖွဲ့၏ ဂိတ်တနေရာ Photo-KIC
ဂျူလိုင်လ 30 ရက် 2011 ခုနှစ် ။

ကရင်နယ်ခြား စောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြား စောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်ရှိ စာသင် ကျောင်း ၁၄လုံးကျော် ပိတ်ပစ် လိုက်ရသည်ဟု ကရင် ကျောင်း ဆရာများ သမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန် နေ့က ဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ နေ့စဉ်ရက်ဆက် ပစ်ခတ်မှု ဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့ လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနွယ့် သာကလား(ရွာသစ်)၊ ထီးပယ် စသည့်ကျေး ရွာများမှ စာသင်ကျောင်းအားလုံး ပိတ်ပစ် လိုက်ရသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည် ရပ်တည်နေသည့် ခွဲထွက် နယ်ခြားစောင့် တပ်မှ ဆေးမှူးတဦးက KTWG ကို ပြောသည်။

ဒီကေဘီအေ ဆေးမှူး စောပေါ်ခလာက “နယ်ခြား စောင့်တပ်တွေက မြင့်တဲ့နေရာကို တက်နေပြီးတော့ သူတို့ စိတ်မချရတဲ့ နေရာဆို လက်နက်ကြီးတွေနဲ့ လိုက်လံ ပစ်ခတ်တဲ့အတွက် လူနေအိမ်တချို့ကို ထိတယ်။ရွာသူရွာ သားတွေ ကြောက်လန့် ကြတဲ့အတွက် အခြားနေရာကို ရှောင်တိမ်း သွားကုန်တော့ ကျောင်းတွေလည်း အကုန်လုံး ပိတ်ပစ် လိုက်ရတယ်။”ဟု ပြောသည်။

ထိုသို့ ခွဲထွက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ကို (၁၀၁၂)တပ်ရင်းမှူး ဗိုလ်မှူးစောဘိက ဦးစီး လျှက်ရှိပြီး တပ်အင်အား ၁,၀၀၀ ကျော် ရှိသည်။

အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

စနေ, 30 ဇူလိုင် 2011

၁၈ ရက်ကြာ မြန်မာ စစ်တပ်တွေဟာ တပ်အင်အား အလုံးအရင်းနဲ့ ၀ိုင်းပတ် ပိတ်ဆို့ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ၀မ်ဟိုင်း ဌာနချုပ် စခန်းကနေ တချို့တ၀က် ပြန်လည် ရုတ်သိမ်း သွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်က အခုလို တပ်တွေ ရုတ်သိမ်း သွားတဲ့အတွက် စစ်ဘေးကနေ တိမ်းရှောင်နေတဲ့ ရွာသားတချို့ဟာ ရွာထဲကို ပြန်လည် ၀င်ရောက်နေပြီလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေသေးတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်က အခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းမှာရှိတဲ့ ၀မ်ဟိုင်းဌာနချုပ်ကို ၀ိုင်းပတ် ပိတ်ဆို့ထားတဲ့ မြန်မာ စစ်တပ်တော်တော် များများဟာ ဇူလိုင် ၂၉ ရက်နေ့ကနေ စပြီးတော့ ပြန်လည် ရုတ်သိမ်းသွားပြီလို့ ရှမ်းပြည် တိုးတက်ရေးပါတီ ဘက်ကနေ အတည်ပြု ပြောဆို ခဲ့ပါတယ်။ အခုလို တပ်ရုတ်သိမ်း သွားတာဟာ ထူးခြားမှု ရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“အခုကျနော်တို့ ၀မ်ဟိုင်းဌာနချုပ် ၀န်းကျင်မှာ တပ်ရင်း ၆ ရင်း ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ အဲဒီအလုံးအရင်းနဲ့ လာတဲ့တပ်တွေ သူတို့ ပြန်ရုတ်သိမ်း သွားတယ်။ ၀မ့်မိန်မှာတော့ ကျန်သေးတယ်။ ဆုတ်တာ နည်းနည်း အပြင်ဘက် ကျတဲ့နေရာပေါ့။ အတွင်းပိုင်းတော့ နည်းနည်း ရှိသေးတယ်။ တခြားတပ်တွေအစားထိုးတာဆိုရင် အဲဒီတပ်တွေရောက်မှ ရုတ်မယ်လေ။ အခုဟာက အရင်ရုတ်သိမ်း သွားတယ် ဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့။”

ဝမ်ဟိုင်း ဌာနချုပ်ကို မြန်မာစစ်တပ်က တပ်ရင်း ၂၀ လောက် ၀ိုင်းပတ် ပိတ်ဆို့ထားရာကနေ အခုလို တပ်တွေ ရုတ်သိမ်း သွားခဲ့ပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေ အနေနဲ့ကတော့ အခုလို တပ်ရုတ်သိမ်း သွားတဲ့အပေါ် ထင်မြင်ချက် သဘောထားကို ဗိုလ်မှူးစိုင်းလှကနေ အခုလို ပြောဆိုပါတယ်။

“သူတို့က အပစ်ရပ်စဲချင်လို့လား။ နည်းဗျူဟာ ပြောင်းဖို့လား။ တပ်မတွေနဲ့ အစားထိုးဖို့လား။ အဲဒါ ဘယ်လို ဖြစ်လာ မလဲဆိုတာ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်။”

ဘယ်သူ့မှာ တာဝန်ရှိသလဲ....( မြန်မာ vs အိုမန်... ) အပိုင်း ၁

( ဗွီဒီယို မှတ်တမ်း)
"ပြည်သူတွေ ကြားက ပြည်သူတွေ ရဲ့ ရင်တွင်းခံစားချက်အမြင်တွေ နဲ့ ဖြစ်ရပ် အခြေအနေမှန်တွေပါ။"

-ဇော်ဇော်-
ကိုတော်တီရေ...

မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ ၀ယ်ယူဖတ်ရှုနိုင်တော့မယ့် Mutdfan.com - မြန်မာဘောလုံးချစ်သူများ ဆုံစည်းရာ Sport ဂျာနယ်လေး အတွက် ကိုတော်တီက အမေရိကန်ပြည်ထောင်စုမှာ ကစားခဲ့တဲ့ ချီကာကို ဖိုင်းယား Vs မန်ချက်စတာ ယူနိုက်တက်အသင်း ရဲ့ ပွဲသတင်းကို သွားယူပြီး ဂျာနယ်အတွက် Exclusive အနေနဲ့ တင်ပြခဲ့တာမို့ ကျွန်တော်ကလည်း အားကျမခံ ဒီနေ့ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး ကစားကွင်းမှာ ယှဉ်ပြိုင် ကစားတဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ Vs အိုမန် ပွဲကို သတင်းသွားယူတင်ပြဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပထမအဆင့်မှာ မွန်ဂိုးလီးယားကို အနိုင်ရပြီး တက်လာတဲ့ မြန်မာအသင်းဟာ ကိုယ့် အသင်းထက် အစစအရာရာ သာလွန် ကောင်းမွန်တဲ့ အိုမန်အသင်းနဲ့ အဝေးကွင်းသွား ကစားခဲ့ရာမှာတော့ လိုင်ယွန် နည်းပြဟောင်း၊ ၀ီဂန် ဂိုးသမား တို့ပါတဲ့ အသင်းကို ၂-၀ နဲ့ အရှုံး ပေးခဲ့ရပါတယ်။ ပထမအကြော့ ဒီလို ရှုံးထားသလို အခုပွဲမှာလည်း အိုမန်ကို မနိုင်လောက်ဘူး ဆိုတာ သိနိုင်တဲ့အထိ မိမိထက် အစစအရာရာ သာတဲ့အသင်းဖြစ်နေပေမယ့် ကမ္ဘာပေါ်မှာ ရှိခဲလှတဲ့ ပုံစံတစ်ခုအဖြစ် မြန်မာဘောလုံး ချစ် ပရိသတ်တွေ ကတော့ ဘောလုံးအားကစား အပေါ်ချစ်စိတ်၊ မြန်မာ့ လက်ရွေးစင် အသင်းအပေါ်ချစ်စိတ် အပြည့်အ၀နဲ့ အမျိုးသမီး အမျိုးသား မကျန်အောင် ကွင်းလုံးပြည့်လျံ သောသောညံအောင် အားပေးခဲ့တယ်လို့ ပြောရင် ကျွန်တော့် အဆိုက လွန်သွားလိ့မ်တယ်လို့ ကိုတော်တီ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုတော်တီရေ...

ကျွန်တော် ရလာတဲ့ အထောက်အထား ဗွီဒီယို ဓါတ်ပုံ မှတ်တမ်း တွေကို ကြည့်မယ် ဆိုရင်တော့ ကျွန်တော့်အဆိုဟာ မလွန်တဲ့အပြင် လိုနေပါသေးသလားလို့ ထင်မြင်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေ ဘောလုံး အားကစားကို အရမ်းကို ချစ်မြတ်နိုးကြသလောက် အဲ့ဒီစိတ်ကို တာဝန်မဲ့မှုတွေကနေ တဆင့် ပက်ပက်စက်စက် အဖိနှိပ်ခံနေရတယ်လို့ ပြောရင်လည်း ကျွန်တော့်စကား အမှားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တကယ်ကြုံခဲ့ရတာပါ။ ပွဲကြီးပွဲကောင်း ဖြစ်တာနဲ့အညီ အချိန်စောစောသွားမှ အဆင်ပြေမယ်လို့ တွေးမိတဲ့ ကျွန်တော်ဟာ သုဝဏ္ဏကွင်းဆီကို ညနေ ၂ နာရီမှာ ထွက်ခဲ့ပါတယ်။ ကားလေးမောင်းပြီး ကားတန်းကြားထဲ တိုးနေပေမယ့် တစ်မိုင်လောက် အကွာ ILBC ကျောင်း မရောက်ခင်လောက် ကတည်းက သုဝဏ္ဏကွင်းဆီ လမ်းလျှောက် လာကြတဲ့ လူငယ်လူရွယ်တွေ အများကြီး တွေ့ရတာပါဘဲ။ ပိတ်နေတဲ့ ကားတန်းကို စောင့်ရင်း သုဝဏ္ဏကွင်းထဲ မောင်းဝင်လို့ရမယ့် အပေါက်ရှာရင်း ကျွန်တော် မရောက်ဖူးတဲ့ အနောက်ဖက် ပွဲကြည့်စင်ဖက် ၀င်ပေါက်ကိုလည်း အရောက်သွားခဲ့ပါတယ်။ အဲဒီ ၀င်ပေါက်က လက်မှတ် မလိုဘဲ အခမဲ့ ပေးမယ်လို့ ကြော်ငြာထားတဲ့ ၀င်ပေါက်တွေလေ...

အပေါက်ဝမှာ ၀င်ကြေးမဲ့ ကြည့်ရှုနိုင်သည်လို့ ဆိုင်းဘုတ်ကြီး ရေးထားပေမယ့် အပေါက်ဝ သံတံခါးတွေကို သွပ်ဆူးကြိုးတွေနဲ့ကာ အပေါက်တွေလုံးဝ မဖွင့်ဘဲ ၀င်ခွင့် မရတဲ့ မြန်မာ့ဘောလုံးချစ် ပရိသတ်က တံခါးပေါက်ရှေ့ အော်ဟစ် ဆဲဆိုနေတာ မြင်ရသလို လူတန်းကြီးတွေက ကွင်းအပေါက်ဝဆီ ဆက်လက် ချီတက် လာနေတာကိုလည်း တွေ့ခဲ့ရပါတော့တယ်။ အချိန်က နေ့လည် ၂ နာရီခွဲဘဲ ရှိသေးပေမယ့် ဘာ့ကြောင့်များ ကွင်းထဲ ပေးမ၀င်သလဲလို့ စဉ်းစားလိုက်ရင်း ပရိသတ် အတွက် မှတ်တမ်း ဓါတ်ပုံတွေကို ရှုထောင့်အမျိုးမျိုးက ရိုက်ရင်း ကွင်းဝင်ပေါက် တစ်ပေါက်ပြီး တစ်ပေါက် ဖြတ်ကျော် ခဲ့ပါတယ်။ ကွင်းထဲကို ကောင်းကောင်း မွန်မွန် ၀င်ရတဲ့သူ တစ်ယောက်မှ မတွေ့ရဘဲ ၀င်ပေါက်တိုင်းမှာ လူတွေက ပြည့်နှက်စောင့်ဆိုင်း အော်ဟစ်ဆဲဆို နေတာဘဲ မြင်တွေ့ရတာပါ။ ကွင်းထဲမှာတော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ ၀ိရိယကောင်းတဲ့ မြန်မာဘောလုံး ပရိသတ်တွေ ရှိနေပါတယ်။

ကျွန်တော်လည်း အထူးတန်း ပွဲကြည့်စင် ဂိတ် ၆ ကို အရောက်လှမ်းခဲ့ပြီး မှောင်ခိုရောင်းနေတဲ့ တစ်ထောင်တန် လက်မှတ် ၃ စောင်ကို မှောင်ခို ပေါက်ဈေးအတိုင်း တစ်စောင် ၂၅၀၀ ပေး ၀ယ်လိုက်ရပြီး ရှေ့မှာ လူပေါင်း ၃ ရာလောက်ရှိတဲ့ လူတန်းကြီးထဲ ၀င်ရောက် တန်းစီလိုက်ပါတယ်။ "မြန်မာနိုင်ရမည်" ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ သူက ကျွန်တော့်ရှေ့ကနေ တန်းစီ နေတာမို့ ဓါတ်ပုံလေး တောင်းရိုက်မိသလို ချွေးသံရဲရဲနဲ့ ကောင်မလေးတွေ တန်းစီ နေတာကိုလည်း မြင်တွေ့မိလိုက်ပါတယ်။ လူတန်းက မရွေ့မရွေ့နဲ့ ဘာလို့ပါလိမ့်ဆိုပြီး အပေါက်ဝနား သွားလိုက်တော့ဗျာ... အပေါက်ကို ၀င်ခွင့် မပေးဘဲ ပိတ်ထားတာ မြင်တွေ့ရပါတယ်။ တန်းစီနေတဲ့ လူတန်းကြီးက သံပန်းကြားညှပ်နေပြီး ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရ၊ သံပန်းကြား ညပ်နေသူတွေကို မြင်ရတဲ့ အတွက် စိုးရိမ်လာမိသလို ဒေါသထွက်နေတဲ့ လက်မှတ်ကိုင် ပရိသတ်တွေက လုံခြုံရေးတာဝန်ကျ ၀န်ထမ်းတွေကို ဆဲဆို နေတာကိုလည်း မြင်တွေ့ရပါတယ်။ သံတံခါးတွေကို ဆွဲလှုပ် "ငါတို့က မြန်မာကို ချစ်လို့ လာအားပေးတာ၊ အိုမန်ကို အားပေးဖို့ လာတာမဟုတ်ဘူး။ ငါတို့ဟာ မြန်မာပြည်သူတွေ၊ လက်မှတ်ကိုလည်း မင်းတို့ ရောင်းတဲ့အတိုင်း တန်ရာ တန်ကြေး ပေးဝယ်လာတာ၊ မင်းတို့ အခုလို လုပ်တာ ကောင်းသလား။" ဆိုပြီး ယဉ်ယဉ်ကျေးကျေး အော်ဟစ် ပြောဆို သူတွေရှိသလို "ဘောလုံးအဖွဲ့ချူပ် -ီး ဘဲ" ဆိုပြီးတော့ သံပြိုင် အော်ဟစ် ဆဲဆိုနေတဲ့ လူအုပ်ကြီး ကိုလည်း မြင်တွေ့ရပါတယ်။

တင်းမာနေတဲ့ အခြေအနေ၊ လက်မှတ်တွေကိုင်ပြီး ၀င်မရတဲ့ အနေအထားတွေဟာ စီစဉ်တဲ့သူများ ညံ့ဖျင်းမှုလား၊ မြန်မာဘောလုံး ချစ်ပရိသတ်ကဘဲ အကဲပိုနေသလားတော့ မသိပါဘူးဗျာ။ လက်မှတ်တွေ ၀ယ်ထားပြီး ကွင်းထဲ ၀င်မရလို့ သံပန်းနားကပ်နေတာကို လာမောင်းထုတ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနား ကျွန်တော် တစ်ဦးတည်း ကပ်သွားပြီး လက်မှတ်တွေပြကာ ဘာဖြစ်လို့များ ၀င်မရတာ ပါလိမ့်ခင်ဗျား လို့ မေးလိုက်တယ် ဆိုရင်ဘဲ တာဝန်ရှိသူ တစ်ဦးက "ဟုတ်ပါတယ်... ဟုတ်ပါတယ်" လို့ ပြန်ပြောလာပါတယ်။ သူတို့က ဖွင့်ဆိုဖွင့် ပိတ်ဆိုပိတ် ပေးကြရတဲ့ သူတွေပဲ မဟုတ်လား... ကွင်းထဲ မ၀င်ရတဲ့ ပရိသတ်တွေထဲ မြန်မာအလံ မျက်နှာမှာ ဆေးချယ်ထားတဲ့ အမျိုးသမီး လေးတွေက ဒေါသထွက်လွန်းလို့ သံပန်းပေါ်တက် အော်ဆဲနေတာကိုပါ မြင်တွေ့လိုက်ရပါတယ်။ အားလုံးကလည်း နေပူလိုက် မိုးရွာလိုက် အနေအထားမှာ ချွဲသံ တစ်ရဲရဲနဲ့ အပေါက်ဝမှာ ၂ နာရီ လောက်အထိ ရပ်နေကြရတာမို့လား။ တစ်ချို့က သံပန်းကို ဆောင့်ကန်၊ တစ်ချို့က သံပန်းတံခါးကို ဆွဲလှုပ်၊ အမျိုးမျိုး ဆန္ဒပြ အော်ဟစ်နေတုန်း လူအုပ်ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ဂိတ်ပေါက် ၆ သံတံခါးကြီးဟာ ကျိုးထွက် သွားပါလေရောလားဗျာ... ကျွန်တော်တို့ အပါအ၀င် လူအုပ်ကြီးဟာ ပျော်ပျော်ပါးပါး သုဝဏ္ဏကွင်းထဲ ခြေချနိုင်ခဲ့ပေမယ့် ကွင်းထဲမှာတော့ လူတွေက ပြည့်လျံနေပါပြီ။

မြန်မာပွဲ ကြည့်ချင်လွန်းတဲ့ ပရိသတ်တွေ အပေါက်ဝမှာလည်း လူအုပ်က ပြည့်နှက်နေလို့ အုပ်တံတိုင်းပေါ် ဖက်တက်နေတာကို ကျွန်တော်ကိုယ်တိုင် ကူညီတွန်းတင် ပေးခဲ့ရသလို ဓါတ်ပုံ မှတ်တမ်းတွေလည်း ရိုက်ယူခဲ့ပါတယ်။ မီးမောင်းကြီးတွေပေါ် တက်ကြည့်မှ မြင်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ အမျိုးသားတွေအပြင် အမျိုးသမီး တစ်အုပ်ကပါ လုံချည်တွေနဲ့ သံစည်းရိုးပေါ် ဖက်တက် နေတာကို စိတ်မကောင်းဖွယ် မြင်တွေ့ခဲ့ရသလို သစ်ပင်ကြို သစ်ပင်ကြားထက် တက်ကြည့် နေသူတွေကိုလည်း ကျွန်တော် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

အခုလို သွားရောက် သတင်းယူခဲ့တဲ့ ကျွန်တော့် ဓါတ်ပုံတွေဟာ တစ်ချိန်မှာတော့ သမိုင်း အထောက်အထား ဖြစ်လာနိုင်တယ် မဟုတ်လားဗျာ။ အခုလိုဖြစ်ဖူးတဲ့ ဟိုးဆယ်နှစ်ကျော်ကာလက လေးပွင့်ဆိုင်ပွဲအပြီး ကွင်းထဲမှာ လူပြည့်နေလို့ ပွဲမကြည့်ခဲ့ရတဲ့ ကျွန်တော်ဟာ ကိုယ့်အလုပ်ကိုတော့ အကောင်းဆုံး လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ပရိသတ်ကို သတင်း မှတ်တမ်းတွေ ပြန်လည် တင်ပြနိုင်ဖို့လည်း ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပါတယ်။ မီဒီယာ သမားတွေအတွက် သတ်မှတ် ပေးထားတဲ့ နေရာကနေ ကျော့ကျော့လေး ၀င်၊ သာမန်ဘောလုံး သတင်းတွေ သွားယူ၊ ဘယ်အသင်းက ဘယ်လိုကြောင့် ဘယ်နှစ်ဂိုး သွင်းသည် လိုမျိုး သတင်းရေးမယ်ဆို ရကောင်း ရနိုင်ပေမယ့် အဲ့ဒါဟာ ကျွန်တော် လိုချင်တဲ့ ရှုထောင့် မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ပရိသတ်ကို တင်ပြချင်တာက သာမန်သတင်း တစ်ပုဒ် မဟုတ်ဘဲ ပြည်သူ့ကြားက ပြည့်သူတွေရဲ့ အခြေအနေ အမှန်ကို တင်ပြချင်တာပါ။

ကိုတော်တီရေ...

ပရိသတ်တွေဟာ ကွင်းအပြင်၊ ကွင်းအ၀င်မှာ လူလို အဆက်ဆံ မခံရတဲ့ အနေအထားအထိ ဆိုးရွားစွာ ခံစားနေရတာကို သတင်း မီဒီယာသမားတွေက နက်နက် နဲနဲ သတင်းတွေ ရယူပြီး လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားကို နိုင်ငံ ကောင်းကျိုး၊ ပြည်သူလူထု ကောင်းကျိုးကို တကယ်လိုလားတဲ့ သက်ဆိုင်ရာ လူကြီးမင်းတွေ မြင်တွေ့စေဖို့ အတွက် တင်ပြ ပေးသင့်တယ်လို့ ကျွန်တော် ခံစားနေမိတယ်ဗျာ။ အဲ့ဒီ ခံစားမှုနဲ့ အိမ်ပြန်လာတဲ့ ကျွန်တော့် အတွက် သတင်းဆိုး တစ်ပုဒ်က စောင့်ကြိုနေပါတယ်။ အဲ့ဒါက ကွင်းထဲကို အရာဝထ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်လို့ ပွဲပျက်သွားတယ် ဆိုတာပါဘဲ။

အဲ့ဒီ သတင်းကို ညီငယ်တစ်ယောက်က ဖုန်းဆက်ပြောလို့ သိလိုက်ရပေမယ့် ကျွန်တော် နားလည် တာကတော့ ပရိသတ်တွေရဲ့ ဒေါသမီးတွေ ပေါက်ကွဲရာ နေရာလေးဟာ ကွင်းထဲက ပြိုင်ဖက် ကစားသမား၊ ဒိုင်လူကြီးနဲ့ ကွင်း တာဝန်ရှိသူတွေ ဖြစ်သွားတာပါ။ ဒီအတွက် နိုင်ငံနဲ့ လူမျိုး သိက္ခာ ကျစရာဖြစ်မယ်လို့ တွေးပြီး စိုးရိမ်နေသူတွေကို မစိုးရိမ်ပါနဲ့ သိက္ခာက ကျပြီးသားပါလို့သာ ကျွန်တော် ပြောချင်ပါတယ်။ ကွင်းအပြင်မှာ ပရိသတ်ကို လူလို သူလို မဆက်ဆံတာကို ကျွန်တော်နဲ့အတူ ဓါတ်ပုံ လိုက်ရိုက်နေတာက နိုင်ငံခြား မီဒီယာတစ်ခုက သတင်းထောက် တစ်ယောက်ပါပဲ။ မင်းဘယ်လို မြင်သလဲ ဆိုပြီး ကျွန်တော် လှမ်းမေး လိုက်တော့ အံ့သြစရာပါဘဲ.. မင်းတို့ လူမျိုးတွေ ဘောလုံး အားကစား အပေါ် ရူးသွပ်ပုံက မယုံ နိုင်စရာကောင်းသလို..... ဆိုပြီး စီမံခန့်ခွဲတဲ့ တာဝန်ရှိသူတွေကို ဆိုးဆိုးရွားရွား အပြစ်တင် သွားလေရဲ့ဗျာ.... အခုလို မကောင်းသတင်းတွေကိုပဲ ရေးသား ပေးရတာ စိတ်မကောင်းပါဘူးဗျာ။

ပရိသတ်တွေ ကွင်းထဲ မလာတော့ မလာလို့... လာတော့လည်း လူလို သူလို အဆက်ဆံ မခံရ၊ နောက်ဆုံးတော့ သိက္ခာ ကျစရာ တွေသာ ကျန်နေအောင် လုံးချာလည် လိုက်နေတဲ့ ဘောလုံး ကိစ္စတွေအတွက် အမှန်တကယ် စီမံ ခန့်ခွဲတတ်သူတွေ လက်ထဲကို တာဝန်တွေ ခွဲဝေပေးသင့် နေပါပြီ။ လက်ရှိ တာဝန် ယူနေသူတွေကတော့ ဘယ်လိုဘဲဖြစ်နေနေ တာဝန် ယူစရာမလိုဘဲ ဒီနေရာကို သူတို့ရဲ့ ထိုင်ခုံ အဖြစ် မိန့်မိန့်ကြီးထိုင် လုပ်ချင်သလို ဆက်လုပ်နေမယ်နဲ့ တူပါတယ်။ ရသလို ဆင်ခြေ ဆင်လက်တွေလည်း အများကြီး ဆက်ပေး နေအုံးမှာပါဘဲ။

ကျွန်တော်ပြန်လာတော့ ကလေးလေး တစ်ယောက်နင်းတဲ့ ဆိုဒ်ကားကို မိသားတစ်စုလုံး တက်စီးနေတဲ့ မိသားစု တစ်စုကို မြင်တွေ့ခဲ့ရသလို၊ ဘ၀မှာ အရေးအကြီးဆုံး ကိစ္စက ဘာလဲ ဆိုတဲ့ အတွေးတွေ စီးမျောရင်း အခု စာကို ကျွန်တော်ရေးသား ပေးလိုက်ရပါတယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ... အန္တရာယ်တွေလည်း ဝေးကွာကြပါစေဗျာ...
ဇော်ဇော်
Mutdfan.com
ကွင်းပြင်ပ ပရိသတ်များ အခြေအနေ Video ကြည့်၇န်...
ဗီဒီယိုဒေါင်းရန်
Copy from- komoethee.blogspot

Saturday, July 30, 2011

အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)


၂၀၁၁ ခုနှစ် ဇူလှိုင်လ (၃၀)ရက်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး အကြပ်အတည်းများမှ လွှတ်မြောက်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် ဆန္ဒပြပွဲ အခမ်းအနားနှင့် ၂၀၀၃ ခုနှစ် မေ(၃၀) ဒီပဲယင်း လုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား ( ၉၈ လ )ပြည့် ဆုတောင်းမေတ္တာ ပို့သသည့် အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံ၌ တရားဥပဒေ စိုးမိုးမှုရှိပြီး ဒီပဲယင်းလို အဖြစ်မျိုး ထပ်မှန် မကြုံတွေ့စေရန်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ အရေးတကြီး လိုအပ်နေကြောင်း၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား အပစ်အခတ် ရပ်ဖို့နဲ့ ကြားဝင် စေ့စပ်ကမ်းလှမ်း အကောင်အထည် ဖော်နိုင်ဆောင်မည့် လုပ်ငန်းများကို ၀ိုင်းဝန်းထောက်ခံ သွားကြရန် တိုက်တွန်း ပြောဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ မိုင်ကျော်ဦး
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ


ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ Photo : kaowaw.org
ဇူလိုင်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ။

(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)

အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက် အစိုးရ အဖွဲ့တွင်း ဦးစွာ ညှိနှိုင်းမှသာလျှင် အများလိုချင်သည့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC တွင် ကရင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMS၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။


UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။

“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့ နိုင်ငံက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးတွေ ရှိဖို့။ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင် တချိန်က ၁၉၄၇ ခုမှာ စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည် ဖော်နိုင်ဖို့ပေါ့လေ။ အဲဒီ အပေါ်မှာ”

ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အိတ်ဖွင့်ပေးစာ

ASSK
ASSK2

ကေအိုင်​အေ သ​ဘောတူညီချက် မရဘဲ အပစ်ရပ်​ရေး ​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ် လွှတ်မည်ဟုဆို

July 29, 2011 ,

ကချင်ပြည်နယ်အစိုး​ရဟာ ​ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်အခတ် ရပ်စဲ​ရေး​ကို ​ကေအိုင်အို​ခေါင်း​ဆောင်​တွေဘက်က လက်မှတ်ထိုး​ပါမယ်လို့​ ကတိစကား​ မရ​သေး​တဲ့​အကြား​က လူငါး​ဆယ့်​ရှစ်ဦး​ လွှတ်ပြီး​ လက်မှတ် ထိုး​ပွဲလုပ်ဖို့​ အ​ကြောင်း​ကြား​ လာတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

အဲဒီထဲမှာ အစိုး​ရဘက်က အပစ်ရပ်​ရေး​ ဆောင်ရွက်တဲ့​ ဗိုလ်မှူး​ကြီး​ သန်း​အောင် အပါအဝင် ကချင်ပြည်နယ် အစိုး​ရ အဖွဲ့​ဝင် ​လေး​ငါး​ဦး​လည်း​ ပါတယ်လို့​ ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။

“ဟုတ်တယ် သူတို့​ အဲဒါ စာရင်း​နဲ့​တောင် ​ပေး​လာကြတယ်။ သူတို့​က​တော့​ ဒီ​နေ့​ မနက် ထင်တယ် လာမယ်။ လက်မှတ် ထိုး​ရ​အောင် သူတို့​က ​ပြောကြတယ်။ သူတို့​က သိတဲ့​အတိုင်း​ပဲ ဒီအတိုင်း​ လွယ်လွယ်နဲ့​ လက်မှတ်ထိုး​ဖို့​ စီစဉ်​နေကြတဲ့​ သ​ဘော ထင်တယ်ဗျာ။ လူအား​လုံး​က ၅၈ ဦး​ရဲ့​ နာမည် စာရင်း​ ပို့​လိုက်တယ် ဆို​တော့​ အဲဒါ သူတို့​လည်း​ အုပ်စုလိုက် လာမှာ​ပေါ့​။ အဲဒီ လက်မှတ် ထိုး​ပွဲမှာ ဆန္ဒနဲ့​ အမှန်တကယ် ဖြစ်သင့်​တာက​တော့​ တခြား​စီပါ။ အမှန်တကယ် ဖြစ်သင့်​တာက ညှိနှိုင်း​စရာ​တွေ အများ​ကြီး​ ရှိပါ​သေး​တယ်။”

ကေအိုင်အို အ​နေနဲ့​က​တော့​ အပစ်အခတ် ရပ်စဲ​ရေး​လက်မှတ် မထိုး​ခင်မှာ နှစ်ဘက် အပြန်အလှန်​ ဆွေး​နွေး​ရမယ့်​ကိစ္စ​တွေ အများ​ကြီး​ ရှိ​သေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ဥရောပရောက် မြန်မာတွေရဲ့ ညီလာခံ

လန်ဒန်မှာ ကျင်းပခဲ့တဲ့ Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ ၂၀၀၉ ခုနှစ် ညီလာခံ။
2011-07-29,

Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ဇူလိုင် (၂၉) (၃၀) နှစ်ရက် ဆက်တိုက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေရာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ပေါ်ပေါက်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့အချက်ကို အလေးထား ဆွေးနွေးနေကြကြောင်း အဲဒီညီလာခံကို တက်ရောက်နေတဲ့ ပဲရစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုထင်ကျော်က RFA ကို ပြောပါတယ်။

“ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ မြန်မာပြည်တွင်းထဲမှာ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့။ တခြားနိုင်ငံတွေ ဘယ်လို ထောက်ခံမှုအား ပိုရလာမလဲ ဆိုတာကို ဆွေးနွေးတယ်။ နောက် တခုကတော့ မြန်မာပြည်တွင်းထဲမှာ လက်ရှိ ဖြစ်နေတဲ့ စစ်နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ စစ်ရပ်စဲရေးအတွက် ဘယ်လိုပံ့ပိုးနိုင်မလဲ။ နောက်တခု ကတော့ မြန်မာနိုင်ငံ အပေါ်မှာ ဥရောပကနေ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ထားရှိနိုင်အောင် ဥရောပက နိုင်ငံတွေကို ဘယ်လို လှုပ်ရှား တောင်ဆိုမလဲ ဆိုတာပေါ့”

ပဲရစ်မြို့က FBE ညီလာခံကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဗွီဒီယိုနဲ့ သတင်းစကား ပေးပို့ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုထင်ကျော် ပြောတာကတော့-

“ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေ အဖွဲ့အစည်းတွေ အနေနဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်ပေးတာတွေကို သူ့အနေနဲ့ ကျေးဇူးတင်တယ်။ ညီညီညွတ်ညွတ်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိနေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြဖို့ အဓိကထား ပြောသွားပါတယ်”

Copy from - rfa.org/

Friday, July 29, 2011

အန်အယ်ဒီက တရားစွံမှာမို့ အာဏာ မလွှဲတာလို့ဆို

အစိုးရက အန်အယ်ဒီ ကို အာဏာလွှဲပေးရမယ့်အစား ဖိနှိပ်မှုတွေသာ ဆက်တိုက် လုပ်ခဲ့တာပါ
၂၉ ရက် ဇူလိုင်လ ၂၀၁၁။

 ၁၉၉၀ ရွေးကောက်ပွဲတုန်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲမပေးတာဟာ စစ်ခေါင်းဆောင် တွေကို တရားစွဲမယ်လို့ အန်အယ်ဒီ က ပြောခဲ့လို့ ဖြစ်တယ်ဆိုပြီး လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

၂၀၁၀ ရွေးကာက်ပွဲ ၀င်ခဲ့တဲ့ ပါတီ ၃၇ ခုကို နေပြည်တော်မှာ မနေ့က ခေါ်ယူ တွေ့ဆုံတဲ့ပွဲမှာ သူက အခုလို ဆိုပါတယ်။ အစည်းအဝေး နောက်ပိတ် မိန့်ခွန်းတွေမှာ အဲဒီလို သူထည့်သွင်း ပြောသွားကြောင်း အစည်းအဝေး တက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ခုလို ပြောလာတာဟာ စစ်အစိုးရက အာဏာကိုမလွှဲဘဲ ဆက်လက် ကိုင်စွဲ ထားခဲ့တာနဲ့ ပတ်သက်လို့ နအဖ စစ်ခေါင်းဆောင်ဟောင်း တဦးက ပထမဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်

RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် SSPP/SSA ခေါင်းဆောင်ဗိုလ်ချုပ် ပန်ဖှ
ဂျူလိုင်လ 28 ရက် 2011 ခုနှစ်။

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အားမြန်မာ စစ်တပ် တပတ်ကျော်ကြာ ဝိုင်းရံနေချိန် သျှမ်းပြည် တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်နေ ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ ဌာနချုပ်ဘက်ကို အင်အား ထပ်ဖြည့်မယ့် ဗမာတပ်တွေကို စဝ်ယွက် စစ်ခေါင်းဆောင်တဲ့ လက် အောက်ခံတပ်တွေက လမ်းမှာဖြတ်တိုက်တယ်။ မနေ့က မိုင်းနောင်ဘက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ ကျေးသီး မိုင်းနောင်လမ်းဘက်လဲ အဲလိုဘဲ”- ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျူလိုင် ၂၇ ရက် သျှမ်းပြည်တပ်မတော် SSPP/SSA မှ သီပေါမြို့နယ် မိုင်းတုံ - မိုင်းလာ ကျေးရွာအုပ်စု၌ တိုက်ပွဲ နှစ်ကြိမ်၊ မိုင်းရှူး မြို့နယ်၌ တကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် လည်း SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း ဘက်အင်းအားဖြည့်သည့်မြန်မာစစ်တပ်အား မိုင်းနောင်မြို့ နယ်ခွဲ အတွင်း ခြုံတိုက်ခိုက်သောကြောင့် မြန်မာဘက်က ဗျူဟာမှူး အဆင့်အပါအဝင် တပ်ကြပ်တယောက်၊ စစ်သည် တယောက် ဒဏ်ရာရသွားကြောင်း - ပြောပါသည်။

“ကျနော်တို့ လှုပ်ရှားနေတဲ့ နယ်မြေအတွင်းမှာဘဲ တိုက်ခိုက်တာပါ။ မြောက်ပိုင်းနယ်မြေကို မြန်မာတပ်တွေ အင်အား သွားဖြည့်မယ့် သတင်းရထားလို့ ခြုံခို တိုက်ခိုက်တာဘဲဖြစ်ပါတယ်။ ဘယ်နေရာဘဲ တိုက်တိုက် ဘုံရန် သူတယောက်ထဲကိုဘဲ တိုက်တယ် ဆိုတော့ သဘောတူညီချက်အရ ကူညီ တိုက်ခိုက်တာပါဘဲ” - ဟု RCSS ပြောရဲဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။

ရုပ်သံ - ပရိသတ် ပွဲကြမ်းလို့ ရပ်လိုက်ရတဲ့ မြန်မာ-အိုမန် ခြေစစ်ပွဲ


Copy from - irrawaddyblog.com

၈၈၈၈ လူထုလှုပ်ရှားမှု နှစ်ပတ်လည် နှိုးဆော်ချက်

၈၈၈၈ လူထုလှုပ်ရှားမှု နှစ်ပတ်လည် နှိုးဆော်ချက်

၈.၈.၈၈ လူထုလှုပ်ရှားမှု နှစ်ပတ်လည်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖြစ်ပေါ်လာရေး တောင်းဆိုရန်
မိတ်ဆွေများနှင့်လုပ်ဖော်ကိုင်ဖက်များရှင်/ခင်ဗျား
စက်တင်ဘာလ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြု ဆုံးဖြတ် နိုင်ရန်အတွက် မြန်မာပြည် အရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များအား ပြင်ဆင် ရေးသားရာတွင် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှု   ကျူးလွန်မှုများကို ဖေါ်ထုတ်ရန်အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းရေးကို ထည့်သွင်း ရေးသားရန်  ဥရောပ သမဂ္ဂအား ဝိုင်းဝန်းလှုံ့ဆော်ကြရန် ရက်ပေါင်း (၃၇) ရက်သာကျန်တော့သည်။

အချိန် နှစ်ပတ်တာမျှသာ လိုတော့သော ၈.၈.၈၈ ပြည်လုံးကျွတ် လူထု လှုပ်ရှားမှု (၂၃) နှစ်မြောက် နှစ်ပတ်လည် နေ့သည် အဓိကကျသော အစိုးရများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ် ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်း ဖိအားပေးရန် အခွင့်အခါကောင်း ဖြစ်သည်။ အောက်ပါ အစိုးရများကို လက်ရှိ အချိန်တွင် ဖိအားပေးရန် အရေးကြီးဆုံးသော အစိုးရများအဖြစ် သတ်မှတ် ထားပါသည်။
  • အာဆီယံ
ယခင်အချိန်များတွင် ကုလသမဂ္ဂသည် တိုင်းပြည်တစ်ပြည်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် (သို့) တခြားသော အရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသအတွင်းရှိ တိုင်းပြည်များ၏ ထောက်ခံမှုများဖြင့် ဆောင် ရွက်မှုများရှိခဲ့သည်။

ဥပမာ ။ ။ ၂၀၁၁ ခုနှစ်အတွင်း လစ်ဗျား (Libya) နိုင်ငံတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းရန် Arab League ၏ ထောက်ခံမှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက် အတွက် မရှိမဖြစ် အရေးပါခဲ့သည်။ ထိုနည်းတူပင် Arfican Union ၏ထောက်ခံမှု သည်လည်း Cote d’Ivoire နိုင်ငံတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်မြောက် လာချိန်အထိ ဦးဆောင်မှု ဖြစ်စေခဲ့သည်။ ထို့ကြောင့် မြန်မာပြည်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို အာဆီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် ဝိုင်းဝန်း ထောက်ခံရန်၊ မထောက်ခံလျှင်တောင် ဆန့်ကျင်မဲ မပေးရန် လိုအပ်သည်။ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးတွင် အာဆီယံ (ASEAN) ၏ထောက်ခံမှု ရရှိရန် လိုအပ်ချက်များ အပေါ် ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ We have waited and seen enough: ASEAN must support a Commission of Inquiry စာတမ်းကို ဖတ်ရှုနိုင်ပါသည်။
  • ဂျာမနီ
ဥရောပသမဂ္ဂသည် နှစ်စဉ် မြန်မာနိုင်ငံနှင့် ပက်သတ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (Resolutions) များကို ပြင်ဆင် ရေးသားပေးရန် တာဝန်ရှိသည်။ လာမည့် ရက်သတ် တပတ်များအတွင်း ဥရောပသမဂ္ဂ အနေဖြင့် ထိုဆုံးဖြတ်ချက် များထဲတွင် မြန်မာပြည် အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ်ဖွဲ့စည်းရန် အချက် ထည့်သွင်း မသွင်းကို ဆုံးဖြတ်မည် ဖြစ်သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်သော ဂျာမနီနိုင်ငံသည် မြန်မာပြည်အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ငြင်း ဆို နေဆဲဖြစ်ပြီး ဥရောပသမဂ္ဂမှ ထောက်ခံမှု ပြုလုပ်မည့် အခြေအနေ အပေါ်လည်း အတားအဆီး ပြုလုပ်လျက် ရှိသည်။ ရှက်ဖွယ်ကောင်း စွာ ဂျာမနီသည် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖြစ်မြောက်ရေးအား တားဆီးခြင်းအားဖြင့် လူ့အခွင့်အရေး ကိစ္စထက် ၎င်း၏ စီးပွားရေး အကျိုးအမြတ်ကို ဦးစားပေးနေသည်။ ဤအကြောင်းအရာအပေါ် ပိုမို သိရှိလိုပါက Burma Campaign UK ၏ ဂျာမနီ နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံဆိုင်ရာ စာတမ်းများကို ဖတ်ရှုနိုင်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာအနံ့အပြားတွင် ယခုနှစ် ၈.၈.၈၈ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပရာတွင် မြန်မာပြည် တွင် ဖြစ်နေသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များနှင့် စစ်ရာဇဝတ်မှု များကို စုံစမ်း ဖေါ်ထုတ်ရန် စုံစမ်း စစ်ဆေးရေးကော်မရှင် (Commission of Inquiry) ဖွဲ့စည်းရေးအတွက်  တားဆီးမှုများ မပြုလုပ်ရန် အာဆီယံ (သို့) ဂျာမနီ (သို့) နှစ်ရပ်လုံးအား တိုက်တွန်း တောင်းဆိုသော လှုပ်ရှားမှုများ ပြုလုပ်ကြပါရန် ကျွန်တော်/ကျွန်မတို့မှ အကြံပြု တောင်းဆို လိုက်ရပါသည်။

အောက်ပါ အဖွဲ့များ အပါအဝင် အဖွဲ့အစည်း များစွာမှလည်း ၎င်းတို့၏ လုပ်ရှားမှုများအား  အောက်ပါ အတိုင်း အစီအစဉ်ရေး ဆွဲပြီး ဖြစ်ကြောင်း သိရပါသည်။
  • လန်ဒန်မြို့ ဂျာမနီသံရုံးရှေ့စုရုံးဆန္ဒပြပွဲ
23 Belgrave Square, London SW1X 8PZ သြဂုတ်လ၊ ၈ ရက်၊ ၁၂:၀၀ နာရီ မှ ၁၃:၀၀ နာရီထိ (စီစဉ်သူ – Burma Campaign UK)
  • ဘန်ကောက်မြို့ Foreign Correspondents’ Club of Thailand တွင် ဓါတ်ပုံပြပွဲနှင့် Panel Discussion များပါဝင်သည့် အောက်မေ့ဖွယ် အခမ်းအနား
Penthouse, Maneeya Center, 518/5 Ploenchit Road သြဂုတ်လ၊ ၈ရက်၊ ၁၉:၀၀ နာရီ မှ ၂၂:၀၀ နာရီထိ (စီစဉ်သူ – Assistance Association for Political Prisoners – Burma, Forum for Democracy in Burma, NYForum, Student and Youth Congress of Burma နှင့် Burma Partnership)
  • နယူးဒေလီမြို့၊ Jantar Mantar တွင် စုရုံးဆန္ဒပြပွဲ
သြဂုတ်လ၊ ၈ ရက်၊ နံနက် ၁၁:၀၀ တွင် စတင်မည်ဖြစ်သည်။ (စီစဉ်သူ – အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ) ၎င်းတို့မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုမှုများ ပြုလုပ်ကာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ထံသို့ လိပ်မူပြီး အိတ်ဖွင့် ပေးစာကို ပေးပို့မည် ဖြစ်သည်။
  • ဂျကာတာမြို့ မြန်မာပြည်အတွက်စည်းလုံးခြင်းည အစီအစဉ် (သြဂုတ်လ၊ ၇ ရက်)၊ ASEAN Secretariat ရုံးရှေ့တွင်  အာဆီယံ ၄၄ နှစ်မြောက် နှစ်ပတ်လည်နှင့် အပြိုင် စုရုံးဆံန္ဒပြပွဲ (သြဂုတ်လ၊ ၈ ရက်၊) (စီစဉ်သူ မြန်မာ့ဒီမိုကရေးစီရေး ထောက်ခံ အားပေးသော အင်ဒိုနီးရှား လူထု အခြေပြုအဖွဲ့အစည်းများ)
မိတ်ဆွေတို့၏လုပ်ရှားမှုများ အကောင်အထည် ဖေါ်ရာတွင် အထောက်အကူအဖြစ် အောက်ပါ စာတမ်း အချက်အလက် များကို အသုံးပြုနိုင်ပါသည်။
  • အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံချင်းစီ၏ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ ပေးပို့ရန်အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ထောက်ခံရန် တောင်းဆိုမှု စာနမူနာပုံစံ။ ဤစာကိုသင့်အဖွဲ့အစည်းမှဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးမှ စာရေးသားပေးပို့မှု ကမ်ပိန်းအနေဖြင့်ဖြစ်စေ ရေးသားပို့ဆောင်နိုင်ပါသည်။
  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပေးပို့ရန် စာနမူနာပုံစံ။ (အဖွဲ့အစည်းများအတွက်သာ)
  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ လူပုဂ္ဂိုလ် တစ်ဦးတယောက် အနေဖြင့် ပေးပို့နိုင်သော စာနမူနာပုံစံ။
  • သြဂုတ်လ၊ ၈ ရက်နေ့တွင် ပြုလုပ်မည့် စုရုံးဆန္ဒပြပွဲ မတိုင်မီ ဂျာမနီ သံရုံးများသို့ ပေးပို့ရန် စာနမူနာပုံစံ
  • Media Release မူကြမ်း
အထက်ပါ စာတမ်း အချက်အလက်များ အားလုံးကိုသာမက အခြား အရေးကြီးသည့် စာတမ်းများနှင့် အစီရင်ခံစာများ ရယူနိုင်သော links များကို www.burmapartnership.org/coi-toolkit တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership)

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

Thursday, July 28, 2011,

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

       အမျိုးသား ခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေး သွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက် ပေးလိုတဲ့ စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့် ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန် လိုက်ပါတယ်။

  လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်း ပန်ကြားထားပါတယ်။ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့် ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင် လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များ ကတော့ ဆက်သွယ်ရန် လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန် ထားပါတယ်။ ရယူ လေ့လာ ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


Copy from - irrawaddyblog.com

ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြုံခိုတိုက်

SSA_sodiers
ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ။

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP ဌာနချုပ်ကို ပိတ်ဆို့ ဝန်းရံထားသည့် အစိုးရတပ်ကို စစ်ကူ ပေးရန် လာသော စစ်ယာဉ်တန်း တခုကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-Sက ဗုဒ္ဓဟူးနေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

“ စစ်ရေးအရ တဖက်နဲ့ တဘက် ကူညီတဲ့ သဘောမျိုး သက်ရောက် ပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ တိုက်ရိုက်
အကူအညီ မပေးနိုင်တာတောင်မှ ကျနော်တို့ ရှိနေတဲ့ ဒေသတဝိုက်မှာ ကျနော်တို့ ရန်သူတွေကို တိုက်ခိုက်ခြင်းအားဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်မျက်နှာပြင်တွေကို ကျနော်တို့ အကူအညီ ပေးခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တပ်မတော်-တောင်ပိုင်းက မဟာမိတ် အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟုလည်း ခေါ်တွင်သည့် ဗဟိုအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက် ခံနေရသော အဖွဲ့ကို ကူညီမှုဟု ရည်ညွှန်း ပြောဆို လိုက်ခြင်းဖြစ်သည်။

SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှကလည်း SSA-S ၏ ခြုံခို တိုက်ခိုက်မှုသည် SSPP ကို စစ်ရေးအရ တနည်း တလမ်းဖြင့် အကူအညီ ပေးခြင်း ဖြစ်ကြောင်း သဘောတူညီသည်။

SSPP ဝမ်ဟိုင်းဌာနချူပ် တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝမ်ကျိန်းကျေးရွာအုပ်စုအတွင်း ၁ဝ မိနစ်ကြာ ဖြစ်ပွားသည့် ခြုံခို တိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့ အခြေစိုက် စကခ ၂ လက်အောက်ခံ ခမရ ၅၇၇ မှ ဗိုလ်မှူးကြီး ဝင်းညွန့်နှင့် တပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

တိုင်းရင်းသားများနှင့်အစိုးရ ပဋိပက္ခ ညှိနှိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
(ဓာတ်ပုံ - ဧရာဝတီ)
28 July 2011,

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလတ်တလော တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် အိတ်ဖွင့် ပေးစာဖြင့် ကမ်းလှမ်းလိုက်သည်။

“အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုး ပမ်းပေးရန် အသင့်ရှိပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာတွင် ဖော်ပြ ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က “ဒီကနေ့ ထုတ်ပြန် လိုက်တဲ့ အိတ်ဖွင့် ပေးစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆီကိုတော့ တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီ ကိုပြောသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် (SSA) ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။

KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြားဝင်ဖို့ အဆင်သင့် ဆိုတော့ ကျနော်တို့ အတွက်တင် မကဘူး၊ တိုင်းရင်းသား အားလုံးအတွက် သိပ်ကောင်းပါတယ်။ ကျနော်တို့ကတော့ ကြိုဆိုပါတယ်” ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် လေးစားယုံကြည်ရသူ တဦးဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်တွင်းစစ် ရပ်စဲရေး အတွက် ကြားဝင်လုပ်ဆောင်ပေးရန် ကမ်းလှမ်းသည်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။

ပြည်တွင်းစစ်၏ ကျယ်ပြန့် လာမှုသည် ယခုနှစ်တွင် အလွန် သိသာ လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနှင့်လည်း KNU ကဲ့သို့ အလေးအနက် စဉ်းစား လုပ်ဆောင် သွားကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက “ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လိုချင်နေတာပဲ။ အခုလို ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် ကူညီပေးမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်” ဟု ဆိုသည်။

ငြိမ်းချမ်းရေး ရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် စေ့စပ်ဆွေးနွေးရေး အဆင်သင့် ဖြစ်နေသည်ဟု သိရသည့်အတွက် ၀မ်းသာ ကြိုဆိုကြောင်း၊ ကျေးဇူးတင်သည့်အပြင် ထောက်ခံကြောင်း SSA ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစိုင်းထူးက ဧရာဝတီကို ပြောသည်။

Thursday, July 28, 2011

ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ

27 July 2011,


ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။
ထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော (ဘယ်ဘက်မှ ဒုတိယမြောက်) ကို ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၁၁ ရက်၊ ၂၀၁၁ က တွေ့ရစဉ် (ဓာတ်ပုံ - The New Light of Myanmar)
တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။

ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။

သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့်ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ပါတယ်။

ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို တရုတ်အစိုးရ အသိုင်းအ၀န်းကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက်ရောက်ရောက် ပြောနိုင်ဆိုနိုင် ရှိတဲ့သူဖြစ်တယ်လို့ အတူလိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။

တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ် ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော် လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီ တခုတည်းကသာ တည်ဆောက်ခွင့် ရရှိခြင်းနဲ့လည်း ဆက်စပ် နေတယ်လို့ သိရပါတယ်။

တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ

သမ္မတ ဦးသိန်းစိန်နှင့် ဒု သမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး
ဂျူလိုင်လ 27 ရက် 2011 ခုနှစ်။

တပ်တွင်းမိသားစု စားနပ် ရိက္ခာ ဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်း စစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့် စစ်အုပ်စုထိပ် ပိုင်းခေါင်း ဆောင်များအတွင်း သဘောထား မတိုက်ဆိုင်မှုများ ပိုမိုကြီးထွား လာကြောင်း တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိ ပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်း ရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။

တပ်တွင်း စားနပ်ရိက္ခာ ဖြတ်တောက် ခံရမှုကြောင့် အမှတ် ၁ အထူး စစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ် အဆင့်အထိ အရာရှိပေါင်း ၂၀၀ ကျော် နှုတ်ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ် ဦးသိန်းစိန်က ရှေ့တန်း စစ်မျက်နှာဖွင့်မှု အားလုံးရပ်ဆိုင်း ရမည်ဟု ဆို၏။

သို့သော် ဒုသမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့က တိုင်းရင်းသားများအား ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်ဆိုင်း၍ မဖြစ်နိုင်ကြောင်း၊ သျှမ်းတပ် နယ်မြေ အားလုံးကို သိမ်းပိုက်နိုင်မှသာ ဝ တပ်ဖွဲ့ကို တိုက်ခိုက်ရန် လွယ်ကူမည်ဖြစ်ကြောင်း၊ တပ်တွင်းစားဝတ် နေရေး ပြဿနာ အတွက် တရုတ်ထံမှ ချေးငွေရလာ ပါက အားလုံး ပြေလည်သွားမည် ဖြစ်ကြောင်း - အချင်းချင်း အချေအတင် ငြင်းခုံ ကြသည်ဟုဆို၏။

ရှမ်းပြည်တပ်မတော်နှင့် ဖြစ်ပွါးသည့် တိုက်ပွဲအတွင်း ကြံ့ဖွံ့စစ်အစိုးရတပ် လေယာဉ်အသုံးပြု တိုက်ခိုက် (ရုပ်သံ)


Copy from - drlunswe.blogspot.com

Wednesday, July 27, 2011

မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်

မြန်မာသမ္မတ သိန်းစိန် (ဘယ်) နဲ့ ကေအိုင်အို ဥက္ကဌ ဇောင်းဟရား။
ဂျူလိုင်လ 27 ရက် 2011 ခုနှစ် ။

စစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ် ဆိုင်း ရေး စာချုပ် ချုပ်ဆိုရန် ရှိသည်ဟု နှစ်ဖက် သတင်းရပ်ကွက်က ဆိုသည်။

အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ကချင်ပြည်နယ် အစိုးရနှင့် KIO တို့ ချုပ်ဆိုရန်ဖြစ်သည်။

မြန်မာ အစိုးရဖက်မှ အဆင်သင့်ဖြစ်ပါက အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ပြီးခဲ့သည့်လက တွေ့ဆုံခဲ့သည့် မြစ်ကြီးနား- ဗန်းမော်လမ်းဘေး လဂျားယန် ကျေးရွာတွင် လက်မှတ်ရေးထိုး သွားရန်ရှိသည်ဟု လိုင်ဇာ ဌာနချုပ်မှ KIOအရာရှိ များပြောသည်။


အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးရန် ကြန့်ကြာနေရခြင်းမှာ KIO က မြန်မာ အစိုးရဘက်မှ ပါဝင်လက်မှတ်ရေးထိုးမည့် အစိုးရ ကိုယ်စားလှယ်များကို လက်မခံ နိုင်သောကြောင့် ဖြစ်သည်ဟု လိုင်ဇာ KIO အရာရှိများပြောသည်။

KIO ဖက်မှ လက်ခံနိုင်သည့် ကိုယ်စားလှယ်များ မြန်မာအစိုးရစေလွှတ်မှသာ အပစ်အခတ်လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်လာမည်ဟု ဆက်ဆိုသည်။

ပြီးခဲ့သည့်အပတ်က KIO က ၎င်းတို့ပေးပို့ထားသော အပစ်ခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ မြန်မာသမ္မတ သိန်းစိန် ထံမှ အကြောင်းပြန်ကြားစာ ရရှိခဲ့သော်လည်း လူသိရှင်ကြား ထုတ်ဖော်ခြင်းပြသခြင်း မရှိသေးဟု ဆိုသည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့မှ ကြားဝင် ပေးမှုဖြင့် ဇွန် ၉ ရက် မှ စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း နှစ်ဖက် ကြား ၃ ကြိမ် တွေ့ဆုံခဲ့သည်။

ယင်းသို့ ၃ ကြိမ်တွေ့ဆုံပြီးနောက် နှစ်ဖက် ကြား အပြန်အလှန် စာဖြင့် ရေးသား ဆက်သွယ် နေကြသည်ဟုဆို သည်။

ကချင်ပြည်နယ်အစိုးရက ဖက်စ် ဖြင့် ဇူလိုင် ၂၅၊ ယမန်နေ့က KIO ထံစာရေးသားပေးပို့လာပြီး ဇူလိုင် ၂၆၊ယနေ့ ပင် KIO ဖက်မှ အပစ်ခတ်ရပ်ဆိုင်းရေး နောက်ဆုံး ညှိနှိုင်း ဆွေးနွေးမှုကို ပြန်လည် ပေးပို့ခဲ့သည်ဟု လိုင်ဇာမှ KIO အရာရှိများပြောသည်။

ဇွန် ၁၂-၁၃ ရက်တွင် ပြုလုပ်သည့် လိုင်ဇာ လူထု အစည်းအဝေးတွင် အပစ်အခတ် ရပ်ဆိုင်းရေးကို လက်မခံကြ သည့် ကချင်လူထု ကိုယ်စားလှယ်များအား KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က နိုင်ငံရေးဆွေးနွေး အဖြေ ရှာရေးအတွက် ၆ လတာကာလအတွက်သာ အပစ်အခတ် ရပ်ဆိုင်းမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှု မရှိပါက အပစ်အခတ် ရပ်ဆိုင်းမှု ချက်ချင်း ပြတ်ပျယ်သွားမည်ဟု ပြောဆိုသွားသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်

အင်္ဂါ, 26 ဇူလိုင် 2011

ရက်သတ္တ ၂ ပတ်ကျော်ကြာ SSA/SSPP ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ မြန်မာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဟာ အခုအချိန်မှာ မြန်မာအစိုးရ တပ်ဘက်က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆို လာတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကတော့ မြန်မာတပ် အနေနဲ့ ၀မ့်ဟိုင်း ဒေသမှာ ထိုးစစ်ဆင်တာ ရပ်တန့်ဖို့၊ တပ်စွဲထားတာ ဆုတ်ပေးဖို့ လိုသလို တရားဝင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ စေလွှတ်ဖို့ လိုတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းထားတဲ့ အနေအထားမှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြန်မာစစ်တပ်ဘက်က မနေ့က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ် လာတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက်ကတော့ အခုလို သံဃာတော် ၂ ပါးကို စေလွှတ်လာတာဟာ အကျိုးသက်ရောက်မှု မရှိသလို တရားဝင် ဆွေးနွေး သင့်တယ်ဆိုပြီး ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်ကနေ ပြောဆိုခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့က သူတို့က သံဃာတော် ၂ ပါး လွှတ်ခဲ့တယ်လေ။ ၂ ပါးလွှတ်ခဲ့ပြီးတော့ ၀မ့်ဟိုင်းအဖွဲ့က ငြိမ်းချမ်းရေးကို မလိုလားဘူးလားတဲ့ အဲဒီလို လာမေးတယ်ခင်ဗျ။ ကျေးသီးက အဲဒီတပ်က လွှတ်လိုက် တယ်ပေါ့။ ငြိမ်းချမ်းရေး လိုလား မလိုလား ဆိုတာက သူတို့အပေါ် လုံးဝ မူတည်တာပေါ့။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်တော့ တကယ်တမ်း အဲဒီသံဃာ ၂ ပါးနဲ့ပဲ လွှတ်တယ်ဆိုတာ အကျုံးမ၀င် ဘူးလေ။ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူးပေါ့။ ဒါကြောင့် ကျနော်တို့လည်း ဘာမှတော့ သိပ်မပြောဘူး။

“ဆိုလိုချင်တာကတော့ဗျာ အဲဒီ ပထမဆုံးအဆင့် အနေနဲ့ သူတို့ ၀မ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်နေတဲ့ အဲဒီတပ်တွေ၊ နောက် တပ်စွဲထားတဲ့ဟာတွေ၊ ကျနော်တို့ နယ်မြေထဲက သူတို့ ဆုတ်ခွာရမယ်။ သူတို့က အကောင်အထည် ဖော်မှပဲ ဖြစ်နိုင်မှာပါ။ အဲဒါ နှစ်ဘက်ဆွေးနွေးမှု တရားဝင်ကော်မတီ ဖွဲ့ပြီးမှ ဆွေးနွေးရင် ကောင်းမယ်။ သူတို့က လွှတ်ခဲ့တယ်ဆိုတော့ ကျနော်တို့ ပြောထားတဲ့အတိုင်း သူပြန်သွားပြောမှာပဲခင်ဗျ။”

လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ စစ်ပွဲတွေရပ်ဖို့ ရှမ်းပါတီ တောင်းဆို

Map by Shan Human Rights Foundation
2011-07-26,

ဇူလိုင်လ (၁၁) ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ရှမ်းပြည်နယ်အတွင်း စစ်ပွဲနဲ့ ဆက်နွှယ်ကာ မြန်မာ အစိုးရတပ်တွေက ဒေသခံ ရွာသားတွေကို ခေါ်ယူ စစ်ဆေးပြီး သတ်ဖြတ်တာတွေ ရှိနေတယ်လို့ SSA ရှမ်းပြည် မြောက်ပိုင်းတပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံအညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ (Map by Shan Human Rights Foundation) ၀န့်ဟိုင်း တ၀ိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျောင်းဆရာ ဆရာမတွေ ဒေသကနေ ထွက်ခွါ သွားကြသလို ကျောင်းသူ ကျောင်းသားတွေလည်း ထွက်ပြေး ကြရတဲ့အတွက် ကျောင်းတွေ အလိုလို ပိတ်သွား ခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၄ ရက် နေ့မှာတော့ မြို့နယ် ပညာရေးမှူးက ကျောင်းပြန်ဖွင့်ဖို့ ပြောဆိုကြောင်း၊ ဘာမှ မဖြစ်စေရဘူးလို့ ပြောဆို မှာကြားခဲ့ပေမဲ့ ၀န့်ဟိုင်း အပစ်ရပ် ခေါင်းဆောင် တွေကတော့ ကျောင်းပြန်ဖွင့်ဖို့ အတွက် အနီးတ၀ိုက်မှာ ရှိတဲ့ တပ်တွေ မရုပ်သိမ်းသေး သမျှ တိုက်ပွဲ အချိန်မရွေး  ပြန်ဖြစ် နိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့မှာရှိတဲ့ အစိုးရ တပ်စခန်းတခုကို SSA မြောက်ပိုင်းတပ်တွေ တိုက်ခိုက် မီးရှို့ ဖျက်ဆီးပြီး နောက်ပိုင်း မြန်မာအစိုးရ တပ်တွေကလည်း မိုင်းရယ်မြို့နားက နမ့်ပုတ်ရွာကို ၀င်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ အိမ်ခြေ (၅၀) ကျော်ရှိတဲ့ အဲဒီရွာမှာ သက်ကြီး ရွယ်အိုကလွဲပြီး ကျန်ရွာသားတွေ ထွက်ပြေးခဲ့ကြ ပါတယ်။ အဲဒီနောက် အစိုးရတပ်တွေက အဲဒီရွာက အိမ်တွေကို စစ်စခန်း အဖြစ် အသုံးပြုနေကြောင်း သိရပါတယ်။

The Lady ( မှတ်တမ်းဓါတ်ပုံများ )


မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း၊ ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်ရဲ့ အမွှာညီအစ်ကို အန်ထော်နီအဲရစ်တို့အား ပြီးခဲ့တဲ့ ၂၀၁၀ အောက်တိုဘာ လကုန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Chanavorn) ၌ တွေ့ရစဉ် (အပေါ်ပုံ)














Copy from - irrawaddyblog.com

Tuesday, July 26, 2011

မဲဆောက်က ကေအင်ယူခေါင်းဆောင်တွေကို ဖယ်မယ်လို့ ထိုင်းကပြော

ထိုင်းမြန်မာ နယ်စပ် မယ်ဆောက်မြို့
25 ဇူလှိုင်လ 2011 ,

ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေ မဲဆောက်မှာ လာခိုအောင်းနေတဲ့ မြန်မာနိုင်ငံမှာ ဗုံးဖေါက်ခွဲခဲ့တဲ့ တရားခံတွေနဲ့ မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ ခေါင်းဆောင်တွေကို ဖယ်ရှားရေး ဆောင်ရွက် သွားမယ်လို့ တာခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီနေ့ မဲဆောက်မှာ သတင်းထောက်တွေ ပြောခဲ့ပါတယ်။

မြန်မာအစိုးရက ဒုက္ခသည် စခန်းတွေကို လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခိုနားရာ စခန်းလို့ မြင်ပြီး ဖယ်ရှား ပေးဖို့ ထိုင်းအစိုးရကို ပြောခဲ့သလို မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ လူကြီးတွေရဲ့ နာမည်နဲ့ လိပ်စာတွေကို မြန်မာဖက်က ပေးပြီး ဖယ်ရှားပေးဖို့ တောင်းဆို လာတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုကောင်းအောင်နဲ့ မြန်မာဖက်က ပိတ်ထားတဲ့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်ဖွင့်ပေးနိုင်ရေး အတွက် ဒီလိုဖယ်ရှားဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။

မြန်မာဖက်က ဒီလို တောင်းဆိုမှုတွေကို အရင် ထိုင်းအစိုးရ အဆက်ဆက်မှာလည်း တောင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီတုံးက အနောက်နိုင်ငံတွေက ထိုင်းနယ်စပ် ဒုက္ခသည် စခန်းတွေနဲ့ မြန်မာ အတိုက်အခံတွေအပါ် ထားတဲ့ မူဝါဒတွေကြောင့် ထိုင်းအစိုးရ အဆက်ဆက်က အနောက် နိုင်ငံတွေကို မလွန်ဆန် နိုင်တဲ့အတွက်  ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါဘူ။

အခုတကြိမ် မြန်မာဖက် တောင်းဆိုတဲ့ အချိန်မှာတော့ အနောက်နိုင်ငံတွေကလည်း ဒုက္ခသည် စခန်းတွေနဲ့ မြန်မာ အတိုက်အခံတွေအပေါ် အထောက်အပံ့တွေ လျော့လာတာနဲ့ ထိုင်းနိုင်ငံမှာ စီးပွါးရေး အကြပ်အတည်းအပေါ် အခြေခံပြီး ဖြစ်တဲ့ ရာဇ၀တ်မှု လူမှုရေးပြသနာ စတာတွေ ပိုဖြစ်လာနေတဲ့ အချိန် ဖြစ်နေပါတယ်။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေဟာ မြန်မာအစိုးရနဲ့ ပိုမို ရင်းနှီးမှုရအောင် မြန်မာအစိုးရ တောင်းဆို တာတွေကို ဆောင်ရွက် ပေးသွားနိုင်တယ်လို့  နယ်စပ်က အကဲခတ်တွေက ပြောပါတယ်။

ကေအင်ယူဖက်အပြော
ကေအင်ယူ ဒုဥက္ကဌ ဖဒို ဒေးဗစ်တာကပေါကတော့ မဲဆောက်မှာ ကေအင်ယူ ခေါင်းဆောင်တွေ နေထိုင်ခြင်းမရှိဘဲ ကိုယ်နယ်မြေမှာ ကိုယ်နေထိုင်ကြပြီး မဲဆောက်မှာ စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုတွေ  မလုပ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တည်ငြိမ်မှု မရှိတဲ့ ငြိမ်းချမ်းမှုမရှိတဲ့ ပြည်တွင်းကို ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်မောင်းထုတ်တာမျိုးကို ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်လေ့ မရှိဘူးလို့ သူကပြောဆိုပြီး ထိုင်းအစိုးရအနေနဲ့ ပြောလေ့ရှိပေမဲ့ လုပ်လေ့မရှိဘူးလို့ ဆိုပါသည်။

အတင်းအဓမ္မ ဖယ်ရှားတာမျိုး လုပ်လာရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုကို တောင်းခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ






Monday, July 25, 2011

SSPP/ SSA ဌာနချုပ် သိမ်းပိုက်ရန် အသေခံတပ်ဖြင့် နည်းဗျူဟာ ပြောင်းတိုက်ဖွယ်ရှိ

တိုက်ပွဲများဖြစ်ပွါးလေ့ရှိသော သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေ (အကြမ်းဖျင်း) ပြမြေပုံ
ဂျူလိုင်လ 25 ရက် 2011 ခုနှစ် ။

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ပါတ်ဝန်း ကျင်သို့ မြန်မာစစ်တပ်ဝိုင်းရံ နေရာယူထားသော် လည်း ဖြစ်ပွားခဲ့သော တိုက်ပွဲများက မြန်မာအစိုးရ တပ်ဘက် သေကြေဒဏ်ရာရမှုများပြား သော ကြောင့် နည်းဗျူဟာပြောင်း တိုက်ခိုက်ဖွယ်ရှိ ကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက် ကဆိုပါသည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ သေကြေဒဏ်ရာရသူ စာရင်း အတိအကျတော့မသိရသေးသော်လည်း ဒဏ်ရာရသူ အယောက် ၁၆၀ ကျော်အား ကျေးသီး ဆေးရုံ မှ တောင်ကြီးသို့ ဟတ်စကီးဖြင့် သယ် ထုတ်နေ သည်မှာ ၁၃ ရက်နေ့၌ပင် ၈ ခေါက်ထက်မနည်းကြောင်း၊ မိုင်းရယ်မှ လားရှိုးဆေးရုံသို့ အယောက် ၆၀ ကျော် သယ်သွား သည်ကိုတွေ့ရကြောင်း၊ လူနာ များ ကျေးသီးဆေးရုံ၌ အယောက် ၂၀ ကျော်၊ မိုင်းရယ်ဆေးရုံ၌ အယောက် ၂၀ ကျော်ကျန် ရှိနေသေးကြောင်း ဒေသခံ များထံမှ ကြားသိရသည်ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလက ပြောသည်။

“ သူတို့တွေ အခုလို သေကြဒဏ်ရာရတာ များတော့ တိုက်ပွဲဝင်နေတဲ့ တပ်တွေက လက်ရည် မထက်ဘူးလို့ နေပြည်တော်က ပြောတယ်တဲ့။ ဒီတော့ တိုက်ရည် ခိုက်ရည်ရှိတဲ့ တခြားတပ်တွေဆီက ၄၀၀ - ၅၀၀ ရွေးထုတ် - အထူး ကွန်မန်ဒိုဖွဲ့ပြီး ပြန်တိုက်ခိုင်းမယ်လို့ ကြားတယ်။ အခု လားရှိုးမှာလဲ ကိုးကန့် ဒေသကို သွားထိမ်းနေတဲ့ တပ်မ ၃၃ ရောက်နေတယ်ဆိုဘဲ- လားရှိုးပြည်သူ့စစ် အသိုင်းအဝိုင်းက ပြောတယ်” ဟုလည်း ၎င်းကဆက်လက် ပြောပြသည်။

၎င်းနှင့် ပတ်သက်၍ နယ်စပ်နေ သျှမ်းပြည် မျိုးချစ်ပုဂ္ဂိုလ်တဦးက“ မြန်မာစစ်တပ်က ဦးနှောက်သုံးပြီး တိုက်တာ မဟုတ်ဘူး။ လက်နက်ကြီးတွေကြောင့်သာ သူတို့အခွင့်သာနေတာ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဝမ့်ဟိုင်းဌာနချုပ် အနီးပါတ်ဝန်းကျင်တွင် မြန်မာစစ်တပ် တပ်ရင်း ၁၄ ရင်းဖြင့် ဝိုင်းရံနေပြီး၊ ဌာနချုပ် တောင်ဖက် ပါခီး လမ်းခွဲတွင်လည်း ရှိရင်းစွဲ မြန်မာစစ်တပ်တွေအပြင် ထပ်မံအင်အား  ဖြည့်တင်း ထားသည်ကိုတွေ့ရ ကြောင်း၊ သို့သော် ဝမ့်ဟိုင်းသို့ ဝင်မည့် အခြေအနေ မတွေ့ရသေးကြောင်း  ဝမ့်ဟိုင်းမှလာသော သတင်းအရ သိရသည်။

“ကျနော်တို့ ဌာနချုပ်ရဲ့ တောင်ဖက် ဖာလုံဝက်လောက် အကွာမှာ သူတို့တွေ နေရာယူထားတာ ဟိုးကတည်း ကဘဲ။ သူတို့ စခန်းနဲ့ ဌာနချုပ်ကြားမှာ ကျနော်တို့ စခန်းတခု ရှိသေးတယ်။ တကယ်လို့ ပါခီးကနေ ဌာနချုပ်ကို တက်မယ် ဆိုရင်တော့ ကြားထဲက ကျနော်တို့ စခန်းနဲ့ အရင်ချရမှာဘဲ။ ထူးခြားတာက ခုချိန်ထိ ဘာမှလှုပ်ရှားမှု မတွေ့ရ သေးဘူး” ဟု လည်း ဝမ့်ဟိုင်းမှ အဆိုပါအရာရှိက ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း နေပြည်တော်ဘက်မှ နမ့်ဇန် လေတပ်စခန်း ဌာနချုပ်သို့ တိုက်လေယာဉ် ၇ စီးရောက်ရှိ ကြောင်း၊ စစ်မြေပြင်တွင် ရာသီဥတုမကောင်းသောကြောင့် ဗုံးကျဲ တိုက်ခိုက်နိုင်ခြင်း မရှိသေး ကြောင်း၊ ထို့အတူ အထူးကွန် မန်ဒိုတပ်အား စောင့်ဆိုင်း နေခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၎င်းအခြေအနေများ ကြောင့် ဝမ့်ဟိုင်းဌာနချုပ် အနီးရှိ တပ်များ ရှေ့ဆက် လှုပ်ရှားခြင်း မပြုနိုင်သေးကြောင်း ဗိုလ်မှူး စိုင်းလက အဆိုပါနေ့၌ပင် ပြောသည်။

တဖက်ကလည်း သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က စစ်ပွဲဖြစ်သော နေရာများတွင် ယောက်ကျား တွေ့ လျှင် ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်း ကျင့်ချင်ကျင့်ဟု ဂျူလိုင်လ ၁၅ ရက် ဗျူဟာမှူး၊ စကခမှူးများနှင့် မိုင်းနောင်၌ တွေ့ဆုံစဉ် ခွင့်ပြုချက်ပေးထားသောကြောင့် ဒေသခံ ထောင်ကျော် တောတောင်အတွင်း ပုန်းအောင်း နေရကြောင်း၊ အလားတူ ဝမ့်ဟိုင်း ဌာနချုပ်အား တပတ်အတွင်း သိမ်းနိုင် ရမည်ဟုလည်း ထိုနေ့ရက်၌ ပြောကြား ခဲ့ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

ဥရုချောင်းဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း ဖားကန့်တွင် ဒုတိယအကြိမ် ရေကြီးပြီး လူနေအိမ်များ ရေနစ်မြုပ်

Monday, 25 July 2011,

ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာ တို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း-ဖားကန့် တို့တွင် ဒုတိယ အကြိမ် ရေကြီးပြီး လူနေအိမ်များ ရေနစ်မြုပ် ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်မှစ၍ လုံးခင်းကျေးရွာ ရပ်ကွက် ၄-၃ အတွင်းသို့ ရေများ စတင် ၀င်ရောက်လာခဲ့ရာ ညနေ ၄ နာရီခန့်တွင် တံတားနှင့် ရေပြင် ငါးပေ အထိ ရေများ ရောက်ရှိလာခဲ့သည်။ ညနေ ၄ နာရီခွဲတွင် လုံးခင်း ရပ်ကွက် ၃-၄ တွင် အိမ်ခြေ အားလုံးနီးပါး နစ်မြုပ် ခဲ့ကြပြီး ရွာလယ် လမ်းမကြီးရှိ စားသောက်ဆိုင်ရှေ့ထိ ရေများ အလျင်အမြန် ရောက်ရှိခဲ့ကြောင်း သိရသည်။

''ဒီနှစ်ထဲမှာ ရွာရေကြီးတာ ဇွန်လ ၃၀ ရက်နေ့က တစ်ခေါက်၊ အခုတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ကံဆီးမှာ မိုးတစ်ညလုံးရွာလို့သာ ရေကြီးတာ၊ လုံးခင်းမှာ ဒီလောက်ကြီး မရွာဘူး။ ည ၁၀ နာရီ ၁၁ နာရီအထိ ရေတက်တုန်းပဲ။ တံတားသံပေါင်နဲ့ ရေထိဖို့ သုံးပေပဲ လိုတော့တယ်။ ည ၁ နာရီ၊ ၂ နာရီလောက် အထိ ၃ ဈေးလမ်းမတွေမှာ ရေဒူးလောက် ကျန်နေသေးတယ်''ဟု လုံးခင်းရွာသား တစ်ဦးက ပြောပြခဲ့သည်။

လုံးခင်းရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ၊ ၁၂ နာရီခန့် ရွာထဲ ရေအပြည့် ဖြစ်နေချိန်၌ စက်လှေနှစ်စင်း၊ လက်လှေနှစ်စင်းဖြင့် ရွာအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် အော်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲ ကြေညာချက်ထုတ်

 
dassk-aung-kyi-july-25-11
၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး

ဓာတ်ပုံ Courtesy of United Nations

24 ဇူလိုင် 2011,

အာဆီယံအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးရေး မပေးရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့က မဆုံးဖြတ်နိုင်သေးဘူးလို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါ (Marty Natalegawa) က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူဖို့ တကယ်ပဲ အသင့်ဖြစ်နေပြီလား ဆိုတာကို လက်ခံနိုင်လောက်တဲ့ အဆင့်ရောက်ဖို့ လိုသေးတဲ့အတွက် အခုနောက်ဆုံး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက် မချတာ ဖြစ်တယ်လို့ ဝန်ကြီး နာတာလေဂါဝါက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အာဆီယံ ဒေသတွင်း လုံခြုံရေး စည်းဝေးပွဲ လာတက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဂျကာတာမြို့တော်မှာ တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောသွားတာပါ။

ဖက်ဒရယ် ပါလီမာန် ဖွဲ့စည်းရေးအတွက် MPU ဥက္ကဌ နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံ

ဂျူလိုင်လ 25 ရက် 2011 ခုနှစ် ။

ဖက်ဒရယ် ပါလီမန်ဖွဲ့စည်းရေးနှင့် ပက်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် MPU (The Members of Parliament Union) ခေါ် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံ)တို့သည် ဇူလိုင်လ(၂၃)ရက်တွင် ထိုင်းနယ်စပ် တနေရာ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲသည် MPU မှ ဥက္ကဌ ဒေါ်စန်းစန်း၊ အတွင်းရေးမှူး ဦးသိန်းဦးနှင့် ဦးကျော်သက်တို့ တက် ရောက် ဆွေးနွေးခဲ့ပြီး မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်း တို့  ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ဖက်ဒရယ် ပါလီမာန်ဖွဲ့ စည်းရေးအတွက် ဦးတည်ဆွေးနွေး ခဲ့သည်ဟု MPU အတွင်းရေးမှူး ဦးသိန်းဦးက ပြောပါသည်။

“မွန်ပြည်သစ် ပါတီကတော့ ဖက်ဒရယ်ပါလီမာန်ဖွဲ့ စည်းရေးကို လက်ခံပြီးသားပါ။ အခုလာတဲ့ကိစ္စက တော့ MPU က စုစည်းရရှိထားတဲ့ အချက်အလက်တွေကို ဖလှယ်ဖို့နဲ့  ရှေ့လုပ်ငန်းစဉ်အတွက် ဘာတွေ ဆက်လုပ် သွားမလဲဆိုတာကို လာရောက် ညှိနှိုင်းတာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖက်ဒရယ်ပါလီမာန်က ထားရှိရမဲ့ နိုင်ငံရေး စစ်ရေးကိစ္စ သဘောထားတွေပေါ့”

မွန်ပြည်သစ်ပါတီသည် ဖက်ဒရယ် ပါလီမာန်အတွက် အဖွဲ့ဝင် (၆) ဖွဲ့ရှိသည့် ကိုယ်စားလှယ်အဖွဲ့ကို စာရင်း ပေးသွင်း ထားပြီးဖြစ်ပါသည်။ ဖက်ဒရယ်ပါလီမာန်၌ အားလုံးအဖွဲ့ဝင် မည်မျှ ရရှိထားပြီး ဖြစ်သည်ကို ဦးသိန်းဦးက ထုတ်ဖေါ် မပြောဆိုခဲ့ပေ။

ဒါပေမယ့် ရှိထားတဲ့ အဖွဲ့ အစည်းနဲ့ ပါတ်သက်ပြီး ဦးသိန်းဦးပြောတာက “ တိုင်းရင်းသားတွေထဲမှာဆိုရင် လောလောဆယ် မွန်ပြည်သစ်ပါတီရယ် ကေအန်ယူရယ် ကရင်နီ တိုးတက်ရေး ပါတီရယ် လက်ခံထားပြီး ဖြစ်ပါတယ်။ အခု ရှမ်းနဲ့ ကချင်ကပါ ပါဝင်လာမယ့် အခြေအနေ ရှိနေတယ်။ ဒါမှ ဖက်ဒရယ် ပါလီမာန်မှာ ကျနော်တို့ က ပြည်ထောင်စုနဲ့ ပါတ်သက်တဲ့ စစ်ရေး ဆိုင်ရာများကအစ ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေး နိုင်တော့မယ်လေ”

ဖက်ဒရယ် ပါလီမာန်ဖွဲ့ ရေးအတွက် အစည်းအဝေးများ ကျင်းပရန် ဖက်ဒရယ်ပါလီမာန်ရုံးကို ကရင်နီ တိုးတက် ရေး ပါတီ၏ နယ်မြေ၌ အခြေခံ ထားရှိပါသည်။ ဖက်ဒရယ် ပါလီမာန်ဖွဲ့ရေး အစီစဉ်ကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးဆောင်နေပြီး ကုလသမဂ၌ စစ်အစိုးရ တည်ရှိမှုကိုလည်း ဖယ်ရှားနိုင်ဖို့(Credential Challenge) ဖြင့်လည်း တိုက်ပွဲဝင်လျက်ရှိသည်။

သတင်းရင်းမြစ် - ကေအိုင်စီ

ALD(Exile-Japan) ၏ (၆)နှစ်မြောက် ညီလာခံနှင့် တတိယအကြိမ် အလုပ်အမှုဆောင်သစ် ရွေးကောက်ပွဲ အခမ်းအနား


၂၀၁၁ ခုနှစ် ဇူလှိုင်လ (၂၄)ရက်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ (၆)နှစ်မြောက် ညီလာခံနှင့် တတိယအကြိမ် အလုပ်အမှု ဆောင်ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ Takadanobaba အရပ်ရှိ Seikatsu Center 4F မှာ ယနေ့ ဇူလှိုင်လ ၂၄ ရက် ညနေ ၆း၀၀ နာရီမှ ၈း၃၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ သစ္စာအဓိဌန် ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေားမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည် ။ ဆက်လက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဗဟို) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်မှ ညီလာခံ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီးသည့်နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ၏ ၂၀၀၉ - ၂၀၁၁ အလုပ်အမှုဆောင် အဖွဲ့ လုပ်ငန်း အစီရင်ခံစာကို အထွေထွေအတွင်းရေးမျူး ဦးကျော်သန်းလှိုင်မှ ဖတ်ကြား တင်သွင်းပါသည်။ ရေးရာကော်မတီဝင်များမှလည်း ၂ နှစ်တာ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြား တင်သွင်းသွားခဲ့ကြပြီးသည့်နောက် ၂၀၀၉ - ၂၀၁၁ အလုပ်အမှုဆောင်ဝင်များ ဖျက်သိမ်းကာ ပထမပိုင်း အခမ်းအနား အစီအစဉ် ပြီးဆုံးခဲ့ပါသည်။ ဆက်လက်ပြီး တတိယ အကြိမ်မြောက် ALD(Exile-Japan)၏ အလုပ်အမှုဆောင် ကော်မတီအသစ် ရွေးချယ်ခဲ့ရာ ၂၀၁၁ - ၂၀၁၃ခုနှစ် အတွက် နယက အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် ALD(Exile-Japan) ဥက္ကဌ အဖြစ် ဦးလှအေးမောင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် ဦးပေါ်ထွန်းအောင် ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် ဦးခင်မောင်ထွန်း အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးမောင်မောင်မျိုးလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂) ဦးစိုးနိုင်  တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ရွေးကောက်ပွဲ အခမ်းအနားတွင် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan မှ ရွေးကောက်ပွဲ ကော်မရှင် အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ (၆)နှစ်မြောက် ညီလာခံတွင် ဦးသိန်းစိန် ကြံ့ဖွတ် စစ်အစိုးရမှ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လက်ကိုင်ထားပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီလာခံ တက်ရောက်သည့် အဖွဲ့ဝင်များတို့မှ တညီတညွတ်တည်း ဆုံဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဒေါ်စုနဲ့ အစိုးရ၀န်ကြီး တွေ့ဆုံမှု ထူးခြားတဲ့ရလဒ် ရှိနိုင်ဟု NLD မျှော်လင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ်က တွေ့ဆုံဆွေးနွေးနေစဉ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ်က တွေ့ဆုံဆွေးနွေးနေစဉ်။ ဇန်န၀ါရီ ၁၁၊ ၂၀၀၈။ ဓာတ်ပုံ ASSOCIATED PRESS

တနင်္ဂနွေ, 24 ဇူလိုင် 2011,

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ဟာ မနက်ဖြန် ဇူလိုင်လ ၂၅ ရက် တနင်္လာနေ့ နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးကြပါမယ်။ ဒါဟာ အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်သလို အရင် စစ်အစိုးရ လက်ထက်ကလို အဖြေမရခဲ့တဲ့ တွေ့ဆုံမှုမျိုး မဟုတ်ဘဲ ထူးခြားတဲ့ ရလဒ်ထွက်တဲ့ တွေ့ဆုံမှုမျိုးဖြစ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်က မျှော်လင့်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနက်ဖြန် တနင်္လာနေ့ နေ့လယ်မှာ ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ဖို့ ပြည်ထဲရေး ၀န်ကြီးဌာနက ဒီကနေ့ NLD ပါတီကို လာရောက် အကြောင်းကြားခဲ့တာပါ။ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မပါဘဲ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းနဲ့ပဲ တွေ့ဆုံမယ်လို့လည်း ဖိတ်ထားပါတယ်။

အရပ်သားအစိုးရ တက်လာအပြီး ၃ လကျော်အကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦး တွေ့တာဟာ ဒါ ပထမ ဦးဆုံးအကြိမ် ဖြစ်ပေမဲ့ အရင် စစ်အစိုးရ လက်ထက် ၂၀၀၇ ခုနှစ်ကစပြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ ကြိမ်လောက် တွေ့ခဲ့ဖူးပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေအတွက် ပြေလည်ပြီး အောင်မြင်တဲ့ ဆွေးနွေးမှုတွေတော့ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် မနက်ဖြန်မှာ တွေ့ကြမယ့် ၂ ဘက် ဆွေးနွေးမှုတွေအတွင်း ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး ပြောဆိုမယ်ဆိုတာ အတိအကျ မသိရ သေးပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ ထူးခြားတဲ့ ရလဒ်ရဖို့ မျှော်လင့်ထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ  ဦးဉာဏ်ဝင်းက ပြောပါတယ်။