Tuesday, May 31, 2011

ချောင့်ခက်နေရာမှာ အစိုးရစစ်တပ်မှ အရာရှိတဦး ထွက်ပြေးလွှတ်မြောက်နေ


မြဝတီမြို့တောင်ဘက် ချောင့်ခက် နေရာမှာ မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကေအန်ယူ ၂၀၁ တပ်ဖွဲ့တွေနဲ့ ကြံ့ဖွတ်အစိုးရ စစ်တပ်တို့ တိုက်ပွဲတွေပွားနေပါတယ်။ မနေ့ မနက် တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ကြံ့ဖွတ်တပ်မှ ဒုဗိုလ် အရာရှိတဦးလည်း ချောင့်ခက် အနီးဝန်းကျင်မှာ ထွက်ပြေး ပျောက်ဆုံး နေတဲ့အတွက် ကြံ့ဖွတ်တပ်တွေ အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံ ရွာသားများ ပြောပြချက်အရ သိရှိရပါတယ်။

“ကျနော်တို့ ရွာလူကြီးတွေကို စစ်တပ်က လိုက်မှာနေတယ်။ ထွက်ပြေး နေတဲ့ အရာခံဗိုလ် ရွာကိုရောက်ရင် အကြောင်းကြား ရမယ်လို့ မှာတယ်။ တောထဲက အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံဘက်ကို ရောက်သွားမှာ စိုးရိမ် နေကြပုံပဲ။ အပူတပြင်း လိုက်နေကြတာ တပ်တွေနဲ့ ဒီနေရာက နယ်စပ်နဲ့ ကပ်နေတော့ လွတ်သွားဖို့ က များတယ်လေ” ဒေသခံ ရွာသား တဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုချိန်မှာ ထိုင်းမြန်မာ နယ်စပ် ချောင့်ခက် ဒေသကို ကြာအင်းဆိပ်ကြီးမှာ တပ်အသစ်များ ထပ်မံ အင်အားဖြည့် ရောက်ရှိ လာနေကြတာဖြစ်ပြီး၊ ကြာအင်းဆိပ်ကြီးမှ တက်လာရာ လမ်းတလျောက်မှာလည်း ဒီကေဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ခဲ့တယ်လို့လဲ ကေအန်ယူ သတင်းရပ်ကွက်က ကြားသိရပါတယ်။

Copy from - naytthit.net

ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

2011-05-30,

ဗိုလ်ချုပ်စောလားဘွယ်ရဲ့ DKBA အဖွဲ့နဲ့ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးက DKBA ဌာနချုပ် နေရာကို လွန်ခဲ့တဲ့ ၂၄ ရက်နေ့ကစလို့ ပြန်ပြီး သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ သူတို့အဖွဲ့အတွက် အရေးပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် ပြန်သိမ်းပိုက်တာလို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိ ဦးသိန်းစိန်အစိုးရကို အရပ်သားအစိုးရ စစ်စစ်လို့ သတ်မှတ်နိုင်မယ့် အကြောင်းလည်း DKBA ဗိုလ်မှူးဆန်းအောင်က RFA ကို ပြောပါတယ်။

“အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီးတော့ ထောင်သားတွေကို တနှစ်လား လျှော့ပေးတာတို့၊ တချို့က လပိုင်းလေးကျန်တယ်၊ တချို့က ရက်ပိုင်းလေး ကျန်တယ်၊ အဲဒါပဲ လွှတ်ပေးတယ်နော်။ လွတ်ငြိမ်း ချမ်းသာခွင့်လို့ ကျနော်တို့ မမြင်ဘူး။ တကယ်တော့ ဒီအစိုးရဟာ ဒီပုပ်ထဲက ဒီပဲပဲ။ တကယ်လို့ အစိုးရသစ် ဆိုလို့ရှိရင် ပြီးခဲ့တာ ကန့်လန့်ကာချပြီး ဘဝသစ် တည်ဆောက်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့လည်း ဘာမှ အထူးအထွေ ကမ်းလှမ်းတာ မရှိသေးဘူး။ ဒီအစိုးရကို လက်ရှိအနေအထားအရ လုံးဝ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရောက်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းတယ်၊ တော်လှန်ရေး အင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုက်နေတယ်”

DKBA ရဲ့ အဆိုအရ အခုသိမ်းပိုက်မှုမှာ နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းမိခဲ့ပေမယ့် ပြန်ပြီး ထွက်ပြေး လွတ်မြောက်သွားပြီး ဘားအံကို ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ KNU တပ်မဟာ (၇) နဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေလည်း ပူးပေါင်း ဆင်နွှဲခဲ့တယ်လို့ DKBA တပ်မှူးတွေက ပြောပါတယ်။

Copy from - rfa.org/

ဘုရားသုံးဆူ စခန်းထိုင်တပ် တိုက်ခိုက်ခံရ

Monday, May 30, 2011

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။




၂၀၁၁ ခုနှစ် မေလ(၃၀)ရက်။

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် နေ့လည် ၃း၀၀ နာရီမှ ၄း၄၅ နာရီ အထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်) တာဝန်ခံ တဦးဖြစ်သူ ကိုမြတ်သူ မှ တာဝန်ယူ ဆောင်ရွက်ပြီး ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီးသည့်နောက် ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြသည်။ ယနေ့အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံသို့ ခေတ္တ ရောက်ရှိလာသော ABSDF အထွေထွေအတွင်းရေးမျူး ရဲဘော် ဆန်နီ တို့မှ အမှာစကား ပြောသွားခဲ့ကြပါသည်။

ဒီင်္ပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ အဖွဲ့ချုပ်ကားတန်းကြီးကို စနစ်တကျ စီစဉ်ထားသည့် လူတစုမှ တားဆီးပြီး ဒုတ်တွေ၊ ဓားတွေ ၀ါးချွန်တွေနဲ့ ရုတ်တရက် ထိုးခုတ် လုပ်ကြံခဲ့ကြပါသည်။ ကျောင်းသား လူငယ်တစုက ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာတဲ့ ကားတွေပေါ်မှာ မှောက်ပြီး ကာကွယ်ခဲ့ကြပါတယ်။ လုပ်ကြံ သူ တွေကြောင့် လူပေါင်း ရာကျော် အသက်ဆုံးခဲ့ရပါသည်။ အချို့မှာ ထိုနေရာတွင်ပင် သေကြေ ပျက်စီး ဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။

ဒီပဲယင်းလုပ်ကြံမှုကြီး၏ အသက်မသေပဲ ထွက်ပြေးလွတ်မြောက်ကာ ကိုယ်တွေ့ အတွေ့အကြုံများကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့ပြီး စစ်အုပ်စုမှ စနစ်တကျ ကျုးလွန်ခဲ့တဲ စစ်အုပ်စု၏ လက်ကိုင်တုတ် ကြံ့ဖွတ် အပေါင်းအပါ လက်နက်ကိုင် အကြမ်းဖက်တို့၏ မင်းမဲ့စရိုက်နှင့် ရာဇ၀တ်မှုကြီးများကို ပြည်သူနှင့် ကမ္ဘာကပင် သိရှိနိုင်ခြင်း ဖြစ်သည်။ လက်ရှိ စစ်အုပ်စု၏ အစိုးရသည် ဒီပဲယင်း လုပ်ကြံမှုကြီးနှင့် ပတ်သက်ပြီး ဖြေရှင်း အရေးယူရန်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် မည်သည့် လက္ခဏာမျှ မပြဘဲ နှုတ်ပိတ် လျက်ရှိသည်။

မေ(၃၀) ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန် မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက်ကို စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် စစ်အစိုးရအား ပေးပို့ခဲ့ပြီး လွမ်းသူ့ ပန်းခွေချခြင်း အစီအစဉ်ပြုလုပ်ကာ အခမ်းအနားကို ပြီးဆုံးခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အားစု ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
မှတ်တမ်းဗီဒီယို။ ။Aung Htoo Thein(BDA group)

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ရေးထိုးတောင်းဆိုလှုပ်ရှားမှု(တိုကျို)

၁၉၉၀ မေလ ၂၇ ရက် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ၂၁ နှစ်မြောက် နှစ်ပါတ်လည် အခမ်းအနားမှာ အဆိုပါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်များကို ပထမ အကြိမ် စုစည်းပြီး ပေးအပ်တဲ့ အခမ်းအနား
မြန်မာနိုင်ငံမှာ မတရားအဖမ်းဆီး ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး လက်မှတ် ရေးထိုးတောင်းဆိုမှု များကို နိုင်ငံနဲ့ အ၀ှမ်း ပြုလုပ် နေကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အစရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းများပါ ထောက်ခံ ပါဝင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတကာမှာပါ ဒီလှုပ်ရှားမှုတွေ ဖော်ဆောင်ကြဖို့နဲ့ မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများပါ ၀ိုင်းဝန်း လက်မှတ်ရေး ထိုးကြဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

သင်္ကြန်ပွဲတော် ကျင်းပတဲ့ ပန်းခြံထဲမှာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ရေးထိုးတောင်းဆိုလှုပ်ရှားမှု


ဒါကြောင့်မို့ နိုင်ငံရပ်ခြားက မြန်မာနိုင်ငံသားတွေ ကြားထဲမှာပါ မြန်မာနိုင်ငံ အတွင်းက မတရား အကျဉ်းချခံ နိုင်ငံရေး အကျဉ်းသားများ ချက်ခြင်း လွတ်မြောက်ရေး လက်မှတ် ရေးထိုး တောင်းဆိုပွဲများကို ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်လျှက် ရှိပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဂျပန်ရောက် မြန်မာ့အဖွဲ့ အစည်းတွေ စုပေါင်း ချိတ်ဆက်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB က တာဝန်ယူ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုခြင်း လှုပ်ရှားမှုကို လွန်ခဲ့တဲ့ တလ ခန့်က စတင်ခဲ့ရာမှာ ပထမအကြိမ် လက်မှတ်များ စုစည်းပေးအပ်ပွဲကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ မှ ကျင်းပပြုလုပ်တဲ့ ၁၉၉၀ မေလ ၂၇ ရက် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ၂၁ နှစ်မြောက် နှစ်ပါတ်လည် အခမ်းအနားမှာ အဆိုပါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်များကို ပထမ အကြိမ် စုစည်းပြီး ပေးအပ်တဲ့ အခမ်းအနားကို ပါ ပူးတွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
သင်္ကြန်ပွဲတော် ကျင်းပတဲ့ ပန်းခြံထဲမှာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ရေးထိုးတောင်းဆိုလှုပ်ရှားမှု

ကျနော်တို့ ဒီဂျပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဆီကကော ဂျပန်နိုင်ငံသားတွေ ကပါ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုးဖို့ စိတ်အား ထက်သန်တာကို တွေ့ရပါတယ်။ ဒီဂျပန်မှာက အားလုံးသိကြတဲ့ အတိုင်း အားလုံးအတွက် အချိန်ဆိုတာ အလုအယက် လုနေရတော့ မြန်မာနိုင်ငံသားတွေ အပမ်းဖြေ အားလပ်ရက်လဲဖြစ်ပြီး မိခင်နိုင်ငံ အလွမ်းပြေ သင်္ကြန်ပွဲတော် ကျင်းပတဲ့ ပန်းခြံထဲမှာ ဒီလှုပ်ရှားမှုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ မြန်မာတွေ အားလုံးလိုလိုက လိုလိုလားလား လာရောက် လက်မှတ် ရေးထိုးကြတာမြင်တော့ အရမ်းဝမ်းသာတယ်။ အခု လူထုဆန္ဒနဲ့ ရွေးချယ် တင်မြှောက် ခံရတယ်ဆိုပြီး ကမ္ဘာကို ကြွေးကြော်နေတဲ့ ဦးသိန်းစိန်အစိုးရကလဲ သူတို့ပြောသလို good government, clean government အဖြစ်လူထုက လက်ခံလာအောင် လူထုဆန္ဒကို အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် ချက်ခြင်း ဒီအကျဉ်းသားတွေ လွတ်လာမှာပဲလို့ ယုံကြည်ပါတယ်။ ״ဂျပန်နိုင်ငံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ရေးထိုးနိုင်ဖို့ တာဝန်ယူ လုပ်ဆောင်နေတဲ့ NDB မှ တာဝန် ရှိသူတဦးဖြစ်တဲ့ ကိုမိုင်ကျော်ဦးက ရင်ဖွင့်ပြသွားတာ ဖြစ်ပါတယ်။

လာရောက် လက်မှတ်ရေးထိုးသူ အမျိုးသမီးလူငယ်တဦးကလဲ ״ ကျမတို့က သူများနိုင်ငံမှာ လာ အလုပ်လုပ် နေရတော့ အရမ်းမျက်နှာ ငယ်တယ်။ ကိုယ်နိုင်ငံထဲမှာ ပြသနာတွေ ပြေလည်စေချင်တယ်။ အားလုံးက စိတ်ချမ်းသာပြီး စုပေါင်း အလုပ်လုပ်ကြရင် ကိုယ့်တိုင်းပြည် တိုးတက် လာရင် ကျမတို့ သူများနိုင်ငံမှာ အခုလို အောက်ကျခံ နေစရာမလိုတော့ဘူးပေါ့နော်။ အားလုံး ပြန်လည် သင့်မြတ် နိုင်အောင် မတရားခံနေရတဲ့ သူတွေ အမြန်လွှတ်ပေးပါလို့လဲ ပြောချင်ပါတယ်ရှင် ״

״ဂျပန်နိုင်ငံသားများ။ ဂျပန်နိုင်ငံ အလုပ်သမားသမဂ္ဂများမှလဲ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းလက်မှတ်ရေးထိုးကြပါတယ်။ ဂျပန်လူမျိုးတွေဆီက လက်မှတ်ပေါင်း (၇၀,၀၀၀) ခုနှစ်သေါင်းကျော် ရပါတယ်။ ဆက်ပြိးတော့လဲ စုနေတုန်းပဲ ဖြစ်ပါတယ်။ ״ မြန်မာ့ပင်လယ်ပျော်များ သမဂ္ဂ ဌာနေ ကိုယ်စားလှယ် ကို မောင် မောင်ဦးမှ ပြောသွားတာဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့အစည်းအသီးသီးမှ စုဆောင်းရရှိထားတဲ့ လက်မှတ်တွေကို စုစည်းခဲ့ ရာမှာ လက်မှတ်စုစုပေါင်း (၁၀၀၀)တစ်ထောင်ကျော် ရရှိခဲ့ပြီး ပထမ အသုတ် အနေနဲ့ မြန်မာနိုင်ငံကို ပေးပို့သွားဖို့ အတွက် တာဝန်ရှိသူတဥိးဖြစ်တဲ့ ကိုဘုန်းမြင့် ထွန်းဆီသို့ လွဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်တွေကြားထဲမှာ အဆိုပါ လက်မှတ် ရေးထိုးခြင်းကို  ဆက်လက် လုပ်ဆောင် သွားမှာဖြစ်ပြီး ရရှိတဲ့ လက်မှတ်တွေကို အခုလိုပဲ မြန်မာနိုင်ငံကို ပေးပို့သွားမှာဖြစ်ပြီး မိတ္တူတစုံကို ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက အခွန်ရုံးလို့  အမည်ပေးထားတဲ့ မြန်မာ သံရုံးမှ တဆင့် ပေးပို့သွားဖို့ မြန်မာသံရုံး သံအမတ်ထံ ဆက်သွယ်မှုတွေ စလုပ်နေပါပြီ။ အရင် နအဖ လက်ထက်တုန်း ကတော့ လူကြားထဲ မျက်နှာ မပြရဲတဲ့ ဘ၀ကနေ အခုအချိန်မှာတော့ နိုင်ငံသားတွေရဲ့ ဆန္ဒ လက်မှတ်တွေကို ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံ လက်ခံယူ ဖို့ တိုက်တွန်းမှာ ဖြစ်ကြောင်း NDB တာဝန်ရှိသူ နောက်တဦးဖြစ်တဲ့ ကို ရဲငြိမ်းမှ ရှင်းလင်း တင်ပြသွားကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။

ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)

ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
2011-05-29

‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတွေ ပြုစုရေးသားဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ပညာရှင်တွေကို တိုက်တွန်းထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ ကျင်းပဖို့ အခုလို စုဆောင်းနေတာလို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

“ဒုတိယပင်လုံအတွက် ‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်ပေးပြီးတော့ စာတမ်းတွေ ရေးခိုင်းထားတယ်၊ လူငယ်တွေ ပညာရှင်တွေနဲ့ ပြည်ပကိုပါပေါ့။ အဲဒါတွေ ရရင်တော့ စာတမ်းဖတ်ပွဲတခု လုပ်မယ်။ နိုင်ငံခြားသား ပညာရှင်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တောင်းမယ်လို့ ပြောတယ်။ ပြည်တွင်းမှာတော့ သက်ဆိုင်ရာ နီးစပ်ရာ နီးစပ်ရာ ကမ်းလှမ်းတယ်။ တိုင်းရင်းသားတွေ ကိစ္စကတော့ ရခိုင်ဆိုရင်တော့ ကျနော်က တာဝန်ယူတာပေါ့။ ချင်း ဆိုရင်တော့ ပူကျင်ရှင်းထန် ကပေါ့။ ရှမ်း ဆိုရင်တော့ စိုင်းထွန်းအောင်တို့ ဘာတို့ ဒီလိုပေါ့ဗျာ”

စာတမ်း ပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် လာမယ့် CRPP အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

နိုင်ငံခြားသား ပညာရှင်တွေဆီက စာတမ်းကို မျှမျှတတရေးမယ့် ပုဂ္ဂိုလ်မျိုးတွေကို ကမ်းလှမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးမတူ၊ ဘာသာစကား မတူ၊ ယဉ်ကျေးမှု မတူတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး တွေအတွက် ခေတ်နဲ့ ပိုပြီးလျှော်ညီမယ့် ပြည်ထောင်စုတခု တည်ဆောက်ဖို့ ဒုတိယ ပင်လုံ ညီလာခံတခု ကျင်းပနိုင်အောင် ပြင်ဆင် နေတာလို့လည်း သိရပါတယ်။

Copy from - rfa.org/

Sunday, May 29, 2011

(၁၅)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ (တိုကျိ)


၂၀၁၁ ခုနှစ် မေလ ၂၉ ရက်။

လူမှု့အဖွဲ့အစည်းနှင့် ”HIV-အိခ်ျအိုင်ဗီ” HIV-အိခ်ျအိုင်ဗီ” ကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုသည့် ပညာပေး ဟောပြောမည့် အလုပ်ရုံ ဆွေးနွေးပွဲကို တိုကျိုရှိ တိုဆုက ချိကိ စင်တာ (တာကဒနိုဘာဘာ)မြေအောက်ထပ် (B-1)၌ မြန်မာ နိုင်ငံသား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်(ဂျပန်ပြည်)မှ ဦးစီး၍ နေ့ခင်း(၁)နာရီမှ (၅)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

HIV၏ကြောင်းနုင့်ပတ်သက်ပြီး Minatomachi ဆေးရုံမှ HIV-အိခ်ျအိုင်ဗီ- အေအိုင်ဒီအက္စ် ရောဂါ အထူးကု ဆရာဝန်ကြီး Dr Sawada Takashi sensei, Dr Yamamura Junpei senseiတို့မှ HIV ရောဂါဖြစ်ပွါးပုံ ကာကွယ်ရန် ကုသရန် ဆောင်ရန် ရှောင်ရန် များကို ဓါတ်ပုံများ ဇယားမ၊ားဖြင့်အကျယ်တဝင့် ဆွေးနွေး ရှင်းပြသွားသည်။

Dr Sawada sensei သည် SHERE ဟု အမည်ရှိ NGO အဖွဲ့ဝင် တဦးဖြစ်ပြီး ထိုင်းနိုင်ငံ တွင်လည်း HIV နှင့် ပတ်သက်ပြီး ပညာပေး သင်တန်းများကို ပို့ချနေသော ပုဂ္ဂိုလ် လည်းဖြစ်သလို အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန်ကြီး ဖြစ်သည်။ မြန်မာနီုင်ငံ အတွင်းသို့ ဝင်ရောက် ကူညီ ချင်သော်လည်း နအဖဧ။် အခြေအနေကြောင့် မလွယ်ကူသော်လည်း ယ္ခုအဆက်အသွယ် လုပ်ပေးမည် ဆိုပါက မဖြူဖြူသင်းတို့အား ကူညီချင်ကြောင်း တင်ပြသဖြင့် FWUBC မှ ဆက်သွယ်ပေးမည်ဟု တင်ပြခဲ့ပါသည်။ ယနေ့ ပွဲသို့ သမဂ္ဂ၀င်များရော၊ သမဂ္ဂ၀င် မဟုတ်သူများပါ ပရိသတ် ၄၅ ဦး တက်ရောက် ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ ကိုမြင့်ဆွေ
မှတ်တမ်းဓါတ်ပုံ ။ မင်းညိုဝမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ(၂၁)နှစ်မြောက် အခမ်းအနား(တိုကျို)


၂၀၁၁ ခုနှစ် မေလ ၂၉ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ၁၉၉၀ ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ပါတီစုံ ဒီမိုကရေစီ ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ(၂၁)နှစ်မြောက် အခမ်းအနားကို တိုကျို Minami Otsuka DaiIchi Hall တွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံများ။

Lian Khan Sum

AUN – Japan ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်း။


၂၀၁၁ ခုနှစ် မေလ ၂၉ ရက်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ မူဝါဒရေးရာနှင့် စည်းမျဉ်း စည်းကမ်းများ ပြန်လည်ပြင်ဆင် ညှိနှိုင်းသည့် အစည်းဝေးကို Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေ့ နံနက် ၉း၃၀ နာရီ မှ ၁၂း၀၀နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)၊ Association of United Nationalities in Japan, AUN-Japan, သည် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့(၈)ဖွဲ့ဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ဖွဲ့စည်းစဉ်က သဘောတူညီခဲ့သော စည်းမျဉ်းစည်း ကမ်းများမှာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး AUN-Japan ဆက်လက် ရပ်တည်ရေးကို အဖွဲ့ဝင်အများစုက သဘောတူညီမှုရှိကြပြီး ပြင်ဆင်မှုကာလကို (၆) လသတ်မှတ်ခဲ့ကြကာ အောက်ဖေါ်ပြပါ နိုင်ငံရေး ဦးတည်ချက်ဖြစ် AUN-Japan ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များကို စုပေါင်းအကောင်အထည် ဖေါ်ဆောင်ရန်၊ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရှေ့လုပ် လုပ်ငန်းစဉ်များ ၊ အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးတို့မှ စေလွတ်သော ကိုယ်စားလှယ်များနှင့် AUN ဦးဆောင် ကော်မတီ ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ကြပြီး လာမည် ဇွန်လတွင် ကျင်းပပြုလုပ်မည့် ညီလာခံ၌ ဆုံဖြတ်ချက်များကို အတည်ပြုသွားရန်နှင့် အများဆန္ဒနှင့်အညီ ဦးဆောင်ကော်မတီများကိုလည်း ရွေးချယ် တင်မြောက်သွားမည် ဖြစ်ပါသည်။ ယခုအချိန်မှာ တိုင်းရင်းသားအအဖွဲ့ (၁၂)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ပါဝင်လာခြင်း မရှိသေးသည့် အဖွဲ့အစည်းများကိုလည်း ပူးပေါင်း ပါဝင်လာအောင် ဆက်လက် ဖိတ်ခေါ် သွားမည် ဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-05-28,

နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့”

Saturday, May 28, 2011

၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲသွားမည် (ဦးအေးသာအောင်နှင့် မေးမြန်းခန်း)

ရာဇသံကုန်ဆုံးပြီးနောက် KIAနှင့် မြန်မာတပ် ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား

မေလ 27 ရက် 2011 ခုနှစ် ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ပေးသော နောက်ဆုံးရက် ရာဇသံ ကုန်ဆုံးသွားပြီးနောက် ကချင်ပြည် နယ်တွင် မြန်မာစစ်တပ်နှင့် KIA ကြား ပထမဆုံးကြိမ်ပစ်ခတ်မှု စစ်ပွဲငယ် ယနေ့ နံနက် ၁၀ နာရီ ခွဲခန့် တွင် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်းတို့တပ်စခန်းများအနီး ပို့ထားသည့် မြန်မာစစ်သားများ မေ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ခွာရန် ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာတွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် မိနစ် အတော်ကြာသည်ဟု ပစ်ခတ်မှုဖြစ်ပွားရာ အနီးရောက်ရှိနေသည့် ကချင်သတင်းဌာန သတင်း ထောက်က ပြောသည်။ နေရာမှာ ဗန်းမော်ခရိုင် အရှေ့တောင်ဘက် မံဂျေ (မံစီ)မြို့နယ်၊ ရှဒန်ဂါးဂေါ့ ဒေသ၊ ၀မိကောင် တွင် ဖြစ်သည်ဟု ဆိုသည်။

မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်းပိုင်း ကိုင်ထိတ်စခန်း၌ တပ်ချနေသည့် ဆားမှော်အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၀၅ နှင့် KIA တပ်ရင်း ၂၇ ကြား တိုက်ပွဲငယ်ဖြစ်ပွားခြင်း မှန်ကန်ကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်မှ အရာရှိများ ထိုင်းအခြေစိုက် ကချင်သတင်းဌာနကို အတည်ပြုပြောသည်။

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် မေလ ၂၇ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် စစ်အုပ်စုအား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့တွင်  ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ ပြုလုပ်ပြီး ဒီမိုကရေစီ နည်းလမ်းမကျ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု အစိုးရသစ်ကို အသိအမှတ်မပြုရန်၊ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွတ်ပေးရန်၊ တိုင်းရင်းသား  ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ပြည်တွင်းစစ် ရပ်စဲရန်အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစားနားထောင်ပေးရန် ၊ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ထားသည့် NLD ပါတီရဲ့ လုပ်ဆောင်မှုတွေကို တိကျခိုင်မာတဲ့ ထောက်ခံ အားပေးမှုတွေ ပြုလုပ်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

Friday, May 27, 2011

KIA နယ်မြေအနီးမှ အစိုးရတပ်များ ဆုတ်ခွာ

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေတဲ့ KIA စစ်သားများ
26 May 2011,

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီး နယ်ကျွံလာသော မြန်မာအစိုးရ တပ်များ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။ ၎င်းတို့၏ နယ်မြေအနီးမှ တပတ်အတွင်း ဆုတ်ခွာ ပေးရန် မေလ ၁၉ ရက်နေ့က စာရေးသား တောင်းဆိုပြီး နောက်ပိုင်း ထိုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီကို ပြောသည်။

“ရှေ့တန်း အနီးကပ် လှုပ်ရှားနေတဲ့ တပ်တွေ ပြန် နောက်ဆုတ်ပေးတာ ရှိတယ်။ တင်းမာမှုတွေ လျော့သွားတဲ့ သဘော ရှိတယ်” ဟု ဦးလနန်က ရှင်းပြသည်။ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီးမှ ဆုတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တွင် စစ်သည် အင်အား တသောင်း ၀န်းကျင် ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက်ရှိသည်။ နှစ်ဘက် စစ်ရေး ပြင်ဆင်သည့် သတင်း များလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ဤအတောအတွင်း KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်း ဖော်ပြ သည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

သတင်းရင်းမြစ် - ဧရာဝတီ

ကိုရီးယားဇာတ်လမ်းတွဲသစ်မှာ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု ပါဝင်


မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter

တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ ကားတစီး ရိုက်ချက်(ဗုံးအကြောင်း ဒီမှာ ဖတ်ပါ)


YouTube မှာ မြင်ရတဲ့ အမြည်း။ ဗုံးကွဲခန်း ထည့်ထားတယ်။
Copy from - irrawaddyblog.com
ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ ဇာတ်ကားကြော်ငြာအရ ဆိုရင်တော့ အပစ်အခတ်တွေ ပါဝင်တဲ့ အချစ်ကား ဖြစ်ဖို့ များပါတယ်။

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

DKBA နဲ့ ပူတွဲတိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်
May 26, 2011,

ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံ ထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက် တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့ ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာ ရရှိမှုတွေကိုတော့ မသိရှိရသေးပါ။

မေလ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့ အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

Copy from - naytthit.net

ကရင်ပြည်သူ ၂ထောင်ကျော်အား စစ်တပ်က အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU ထုတ်ပြန်

၂၀၁၀ခုနှစ်က နအဖစစ်တပ်၏ အတင်းအဓမ္မ လုပ်အားခိုင်းစေခံရသည့် တောင်ငူဒေသခံအချို့(ပုံ-CIDKP)

မေလ 26 ရက် 2011 ခုနှစ်။

ကရင်အမျိုးသား အစည်းအရုံး(KNUထိန်းချုပ်နယ် မြေ ၅ခုအတွင်းရှိ လှုပ်ရှားနေသည့် မြန်မာ စစ်တပ် များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ထောင်ကျော်အား အကာအကွယ် အဖြစ်အသုံးပြု ကြောင်း KNU က ယနေ့ မေလ ၂၆ ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလမှစ၍ ဧပြီလကုန်အထိ အဆိုပါ ခရိုင် ၅ခုမှ မြန်မာစစ်တပ်၏ အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံနေရသူများသည် စစ်တပ်အတွက် အကာအကွယ် အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်း ပေးသူ အဖြစ်သော်လည်းကောင်း အသုံးပြုခံရကာ ထိုအထဲ၌ ရွာသားပေါင်း ၂,၀၅၁ဦး ပါဝင်ပြီး ၁,၂၂၀ဦးသည် အမျိုးသမီးများဖြစ်သည်ဟု ကြေညာချက်ထဲ တွင် ဖော်ပြထားသည်။

KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အခုအစိုးရကတော့ ဒီမိုကရေစီဘက်ကို ဦးတည်သွားမယ်လို့ ပြောပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွတ်ပေးသေးသလို တိုင်းရင်းသား ဒေသမှာလည်း ထိုးစစ်တွေ ရပ်သွားတာ မရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ ကလေးပါမကျန် တပ်ရိက္ခာ ထမ်းခိုင်းမှု၊ ခိုင်းလို့ မတတ်နိုင်ဘူးဆိုရင် အကြပ်ကိုင်ပြီး ရွာသားတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီး၊ ယာခင်းမီးရှို့ စတာတွေ လုပ်လာတဲ့အပေါ်မှာ အများက အဖြစ်မှန် တွေကို သိဖို့ဆိုပြီး ကျနော်တို့ ဒီကြေညာချက်ကို ထုတ်ရတာပါ။”ဟု ကေအိုင်စီကို ပြောသည်။ ဆက်လက်၍ သူက ယခုအချိန်၌ မြန်မာပြည် အခြေအနေသည် မြန်မာအစိုးရ ပြောသလို ကုလသမဂ္ဂ အထူးသံ တမန်ရေးက တိုးတက်မှု ရှိကြောင်း မြင်သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ပုဂ္ဂိုလ်က ၎င်းရရှိသည့် အချက်အလက်များအရ မပြောင်းလဲသေးကြောင်း ပြောသည်။

Thursday, May 26, 2011

၂၀၀၈ အခြေခံဥပဒေနဲ့အညီ ဆက်ဖြစ်ကြမယ့် ပြည်တွင်းစစ်

ဥပဒေဘောင်ထဲဝင်လာခဲ့တယ်ဆိုပေမယ့် အခြေခံဥပဒေအောက်ကိုရောက်မလာကြသေးဘူး
(၂၀၀၈ အခြေခံဥပဒေနဲ့အညီ ဆက်ဖြစ်ကြမယ့် ပြည်တွင်းစစ်)


တူမောင်ညို
မေ ၂၆၊ ၂၀၁၁

ဒီစကားက အင်အား တစ်စုံတစ်ရာရှိတဲ့ တိုင်းရင်းသား အပစ်ရပ် အင်အားစုတွေရဲ့ လောလောဆယ် အခြေအနေကို အနီးစပ်ဆုံး ဖော်ပြနိုင်တဲ့ အနေအထား ရှိပါတယ်။ အခြေအနေက ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်ကိုလည်း တိတိပပ မရောက်သေးသလို လက်နက်ကိုင် တိုက်ပွဲတွေလည်း ပီပီပြင်ပြင် ပြန်မဖြစ်သေးတဲ့ တိုးလို့တန်းလန်း (ယာယီ)အခြေအနေမျိုး ဖြစ်ပါတယ်။ မကြာခင် ဆပ်ပြာ ပူပေါင်းပမာ ပါးလွှလှတဲ့ အဲဒီ ယာယီ အခြေအနေဟာ အခြားသော အခြေအနေ တစ်ရပ်ဆီသို့ ပြောင်းလဲ သွားရတော့မှာပါ။ ဘယ်လို ပုံစံနဲ့ ဘယ်သူ့ ဘက်ကနေ စတင် ပြောင်းလဲ မှာလည်း ဆိုတာကို ကျနော်တို့ စောင့်ကြည့် ကြရမှာပါ။

တိုင်းရင်းသား အပစ်ရပ် အင်အားစုတွေ ဘက်ကပြောရရင်

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ”၊“နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အဖြစ် အသွင်ပြောင်း”
ဆိုတာမှာ ဘက်၂ ဘက်စလုံးကနေ နစ်နာ ဆုံးရှုံးရတဲ့ ဘဝဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို အလို မတူဘဲ လက်ခံ ရတဲ့အတွက် နိုင်ငံရေးအရ အရှုံးကြီး ရှုံးပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)မှာ တိုင်းရင်းသားတွေ တလျှောက်လုံး တောင်းဆို တိုက်ပွဲ ဝင်လာခဲ့တဲ့ “တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေး” အာမခံချက် လုံးဝ မပါရှိပါဘူး။ (နိုင်ငံရေး ပါတီထောင်ခွင့် ရပါစေဦး) လူမျိုးရေး နိုင်ငံရေး အဆင့်နေရာ ကင်းမဲ့ သွားရတဲ့ အရှုံးဖြစ်ပါတယ်။ ဒါက အရှုံးရဲ့ ပထမဘက် ဖြစ်ပါတယ်။

ဒုတိယဘက်က နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အဖြစ် အသွင်ပြောင်း လိုက်တဲ့ အခါမှာ စစ်ဘက်နဲ့ နယ်မြေ အုပ်ချုပ်မှုကို လုံးဝ လက်လွတ် ဆုံးရှုံးရမယ်။ ဘဏ္ဍာရေး ပင်စည် အလှဲခံရပါမယ်။ မိမိ တည်ရှိမှုနဲ့ လုံခြုံမှုဟာ အကြီးအကျယ် စိန်ခေါ်ခံရမယ့် ဘဝကို ကျရောက် သွားမယ်။ ဒါကြောင့် ဒီလမ်းကြောင်းကို ဘယ်သူက စိတ်ချလက်ချ ရွေးမှာလဲ။ ဒါက အရှုံးရဲ့ ဒုတိယဘက် ဖြစ်ပါတယ်။

“ဦးသိန်းစိန် အစိုးရ” ကလည်း ဒီအခြေအနေကို ဒီတိုင်း လက်ပိုက်ကြည့် မနေနိုင်ပါဘူး။ “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင် ” ထဲကနေ ပြောင်းလဲသွားအောင် အနှေးနဲ့ အမြန်ဆိုသလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးသိန်းစိန်တို့ အစိုးရ တစ်ဖွဲ့လုံးက ကျမ်းသစ္စာ ဆိုထားပြီးသား မဟုတ်လား။

ဒီတော့ဘက် ၂ ဘက်စလုံးကနေ နစ်နာ ဆုံးရှုံးရမယ့် လမ်းကြောင်းကို တိုင်းရင်းသား အပစ်ရပ်တွေက ကျေကျေ နပ်နပ်ကြီး လက်ခံ ပြောင်းလဲ ပါ့မလား။ လက်မခံခဲ့ရင်။ လက်ရှိ နေမြဲအတိုင်း “ဦးသိန်းစိန် အစိုးရ”က ဆက်ပြီး လက်ခံပါ့မလား။ ဘယ်လောက် အတိုင်းအတာအထိ လက်ခံမှာလဲ။ ပြည်နယ် တစ်ခု၊နှစ်ခု ဒါမှမဟုတ် ပြည်နယ် အချို့ကို အရေးပေါ် အခြေအနေ “ကွက်ကြေညာ” ကာ စစ်ရေးနည်းနဲ့ ဖြေရှင် မလာနိုင်ဘူးလား။ အခြေခံ ဥပဒေထဲမှာ စစ်တပ်က တစ်နိုင်လုံးကို သော်လည်းကောင်း နိုင်ငံတော်ရဲ့ ဒေသ အစိတ်အပိုင်း တစ်ခုခုကို သော်လည်းကောင်း ကွက်ပြီး အာဏာ သိမ်းနိုင်ခွင့်ရှိတယ်လေ။

ဒီလို ဖြေရှင်းမယ် ဆိုခဲ့ရင် (နအဖ) စစ်အစိုးရ လက်ထက်က ကြွားလုံးထုတ်ခဲ့တဲ့ “ဘယ်ခေတ် ဘယ်ကာလမှ မရရှိ ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေး” လည်း “ဦးသိန်းစိန် အစိုးရ”လက်ထက်ကျမှ သူ့ရဲ့ဆပ်ပြာပူပေါင်း ဇာတိရုပ် ပေါ်လွင် လာပါလိမ့်မယ်။

ဒီနေရာ ထည့်သွင်း စဉ်းစားနိုင်ဖို့ “နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခွင့်ပြုမယ် ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ချိန် ကနေ လွတ်တော် အစည်းအဝေးတွေ ကျင်းပ ပြီးစီးချိန် အထိ” ကာလအတွင်းမှာ သတိပြုမိတဲ့ အချက်တစ်ခုကို တင်ပြချင်ပါတယ်။

သက်ဆိုင်ရာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့စည်းတစ်ခုကိုဖြစ်စေ၊ အဲဒီ အဖွဲ့အစည်းဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းကို ဖြစ်စေ “နယ်ခြား စောင့်တပ်ဖွဲ့(BGF) အဖြစ် အသွင် မပြောင်းရင် နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့်(လုံးဝ) မပြုဘူး ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို စာနဲ့ရေးသား ထုတ်ပြန် မထားပါဘူး။ ဒါပေမယ့် အဲဒီအချက်ကို ရွေးကောက်ပွဲ ကော်မရှင်က အခြေခံမူ တစ်ရပ် အဖြစ် တိတိကျကျ ကျင့်သုံး ခဲ့ပါတယ်။

( KIO/KSPP နဲ့ ဒေါက်တာတူးဂျာ တို့ကိစ္စကို ကြည့်ပါ )

ယခင် (နအဖ)စစ်ကောင်စီဝင် ဗိုလ်တင်အေး က ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်နေ ပါတယ်။ ဒါတွေဟာ အကွက်ချ စီမံ ထားတာတွေ ဖြစ်ပါတယ်။

အပစ်ရပ်တွေ/ အပစ် မရပ်သေးတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ထပ်မံ ဖြစ်ပေါ် မလာနိုင်ဘူးလား။

သိန်းစိန် အစိုးရကို အသိအမှတ်မပြုဖို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ

May 27 Demo Strati On Invitation

အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား (၇) ဦး တိုက်ပိတ်ခံရ

၂၀၁၀ ခုနှစ် မေလ ၂၂ နေ့တွင် တောင်းဆိုချက် အကျဉ်းသား ရပိုင်ခွင့်များ ဖြစ်သော တောင်းဆိုချက် ၆ ချက် တောင်း၍ အစာငတ်ခံ ဆန္ဒပြနေသော အကျဉ်းသားများအနက် ၇ ဦးကို အင်းစိန်ထောင်ရှိ အပြင်းထန်ဆုံး ညဉ်းပန်း နှိပ်စက်ရာ စစ်ခွေးတိုက်သို့ ယမန်နေ့မှစ၍ ပြောင်းရွှေ့ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း AAPP က ထုတ်ပြန် ထားပါသည်။

၎င်းတို့မှာ -

အမည်အဖအမည်ထောင်နှစ်
အောင်ကျော်စိုး (ခ) ဖိုးခွားဦးရွှေစိုး၂၅ နှစ်
ညီညီထွန်းဦးသန်းစိုး၁၃ နှစ်
ဥာဏ်ထွန်းလင်း (ခ) ဥာဏ်ကြီး ဦးမြသိန်း၂၂ နှစ်
စိုးမိုးထွန်းဦးတင်ထွန်း၈ နှစ်
ဇော်နိုင်ထွန်းဦးဖေ၀င်း၃ နှစ်
ဝိသုဒ္ဓ (ခ) ၀ဏ္ဏဌေး ဦးဝင်းဦး၅ နှစ်
ရေ၀တ(ခ)ရဲမင်းချောင်ဦးစံထွန်း၉ နှစ်


တို့ဖြစ်သည်။
ကျန်နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မည်ဟု သိရှိရပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်.....
ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှုး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃

Copy from - irrawaddyblog.com

မြန်မာပြည်မြောက်ပိုင်းရှိ KIA တပ်အားလုံး တပ်လှန့်ထား

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေတဲ့ KIA စစ်သားများ။
မေလ 25 ရက် 2011 ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်း တပ်အားလုံးကို တပ်လှန့်ထားပြီး ရှေ့တန်းရှိ မြန်မာတပ်များ အားလုံး မေ ၂၅၊ ယနေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် KIA ၏တောင်း ဆိုချက်ကို မြန်မာအစိုးရက မည်သို့ တုန့်ပြန်မည် ကို စောင့်ကြည့် နေသည်ဟု KIA က ဆိုသည်။

မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန် အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံ ထားသည့် မြန်မာ တပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ ထူးခြားသော ယင်းသတိပေးချက်မှာ တာပိန်မြစ် ရေး အားလျှပ်စစ် စက်ရုံ နှစ်ခုအနီးရှိ ဒွမ်ဘွမ်ကရုန် အခြေစိုက် KIA တပ်ရင်း ၂၅ သို့ မြန်မာ စစ်တပ်က ၇၅ မမ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် မေလ ၁၉ ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဗဟိုမြန်မာအစိုးရက စစ်ရေးအရ တုန့်ပြန်လျှင် ပြည်တွင်းစစ် ဖြစ်လာမည်ဟု လိုင်ဇာ ဌာနချုပ်မှ KIA အရာရှိများ ပြောသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

Wednesday, May 25, 2011

သျှမ်းပြည်အမျိုးသား တော်လှန်ရေး ရုပ်သံ မှတ်တမ်း


Shan Resistance Day in Burmese from Sai Kyaw Khaing on Vimeo.
Copy from- thawthikho

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း


You Tube video - yamounnar
24 မေ 2011,

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းတရပ်ကို ခွဲခြားပစ်လိုက်တာပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအ၀ှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြားပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမိန့်ခွန်းမှာ ပြောသွားပါတယ်။

ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒါကို စစ်လက်နက်သဖွယ် အသုံးပြုပါတယ်။

ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြားပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြရပါလိမ့်မယ်။”

လုပ်အားပေး ခရီးလိုက်ပါလိုသူများ သတ်မှတ်ပုံစံတွင် ဖြည့်သွင်း စာရင်းပေးသွင်းပြီးတာဝန်ခံများထံ အမြန် ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

မိတ်ဆွေများခင်ဗျား-

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စုပေါင်း ကုသိုလ် ပြုကြဖို့အတွက် မတ်လ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒေသသို့ တတိယအကြိမ် အစားအသောက် ချက်ပြုတ် ကျွေးမွေးခြင်းနှင့် သန့်ရှင်းရေး လုပ်အားပေး ခရီးသွားရောက် ကြမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများရဲ့ စေတနာ ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်နိုင်ပါတယ်၊ သွားရောက်ဖို့ ရည်ရွယ်ထားတဲ့ ဒေသကတော့ ငလျင်နဲ့ဆူနာမိဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ဂျပန်နိုင်ငံ မြောက်ပိုင်း မီယာဂိခရိုင်၊ အိရှိနိုမခိ အရပ် (Miyagi ken, Ishinomaki ) ပဲဖြစ်ပါတယ်။

လိုက်ပါ လုပ်အားပေးလိုသူများ၊ မလိုက်ပါ နိုင်သော်လည်း ကုသိုလ် ထဲ့ဝင်လှူဒါန်း လိုသူများ ဆက်သွယ် စာရင်း ပေးကြဖို့၊ ဆက်သွယ် မေးမြန်းကြဖို့ ဖိတ်ခေါ်ပါတယ်။ လိုက်ပါ လုပ်အားပေးလိုသူများ  သတ်မှတ်ပုံစံတွင် ဖြည့်သွင်း စာရင်းပေးသွင်း ရမှာဖြစ်ပါတယ်၊ ပူးတွဲပါ attached files များမှာ ကြည့်ရှုကြပါရန် မေတ္တာရပ်ခံပါတယ်၊

ခရီးစဉ်မှာ လိုက်ပါ တာဝန်ယူဆောင်ရွက်မည့် NDB ကိုယ်စားလှယ်များ၊ တာဝန်ခံများ အမြန် ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်။

Volunteer Application Form

တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း

၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံ အညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ Map by Shan Human Rights Foundation
2011-05-24,

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်နဲ့ တခြား တိုင်းရင်းသားတွေမှာ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေတွေကို အီးယူဥရောပ ခေါင်းဆောင်တွေအနေနဲ့ လျစ်လျူရှုမနေပဲ လူသိရှင်ကြား ဆောင်ရွက်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက မေလ ၂၃ ရက် မနေ့က တိုက်တွန်း လိုက်ကြပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂ အတွင်း မြန်မာနိုင်ငံအရေး ဆောင်ရွက်ဖို့ ဖွဲ့စည်း ထားတဲ့ EPCB အီးယူ ပါလီမန် အမတ်များအဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ပြီး အခုလို တောင်းဆို လိုက်တာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥရောပသမဂ္ဂအနေနဲ့ နှုတ်ဆိတ်မနေပဲ လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့နဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုပေးဖို့ EPCB အဖွဲ့ဝင် အမတ်တွေက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အသီးသီးက သမ္မတတွေ၊ ဝန်ကြီးချုပ် တွေနဲ့တကွ အီးယူ နိုင်ငံခြားရေး ဆိုင်ရာ အကြီးအကဲ Baroness Ashton တို့ကို ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်တာ ဖြစ်တယ်လို့ Mark Farmaner က ပြောသွားပါတယ်။

မြန်မာ့အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းနှင့် တွေ့ဆုံမေးမြန်းခန်း(ရုပ်သံ)


Video by- DVBBurmese

အစိုးရ သတင်းစာ ရေးသားဖော်ပြချက် KNU ငြင်းဆို

(၆၁)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် တွေ့မြင်ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-ကေအိုင်စီ)
မေလ 24 ရက် 2011 ခုနှစ် ။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များ သည် ခရီးသည်တင် မှန်လုံယာဉ်များ ပစ်ခတ်၊ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ရေးသား ဖော်ပြမှုနှင့် ပတ် သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာဖြစ် သည်ဟု ကေအဲန်ယူက တုန့်ပြန် ပြောဆိုလိုက် သည်။

ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မ လိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ဖော်ပြသည်။

Tuesday, May 24, 2011

တောင်မြောက် မခွဲခြား SSA တခုတည်းသာရှိတော့ကြောင်း တော်လှန်ရေးနေ့၌စဝ်ယွက်စစ်ကြေငြာ

သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားပေးနေသောRCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး (ဓာတ်ပုံ -S.H.A.N.)
မေလ 23 ရက် 2011 ခုနှစ်။

မေလ ၂၁ ရက် ကျရောက်သော ၅၃ နှစ်မြောက် သမိုင်းဝင် သျှမ်းပြည် တော်လှန်ရေးနေ့၌သျှမ်းပြည် တပ်မတော် SSA တောင်/မြောက်တပ်ဖွဲ့မရှိတော့၊ SSA တခုတည်းသာ ရှိတော့သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ကြေငြာ ကြောင်း သိရှိရပါ သည်။

“ဒု ဗိုလ်မှူးကြီး ယွက်စစ်က- သတင်းကောင်း ၂ ရပ်ကြေငြာတယ်။ ၁- ယခုချိန်ကစပြီး သျှမ်းပြည် တပ်မတော်မှာ SSA-S တို့ SSA-N တို့ဆိုတာ မရှိတော့ဘူး။ ပူးပေါင်းလိုက် ကြပြီ။ SSA သျှမ်းပြည် တပ်မတော်တခုတည်း ဖြစ်သွား ပြီ။ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ SSA-S တို့ SSA-N တို့ မရေးသင့်တော့ဘူး- တဲ့။ နောက်နံပါတ် ၂ အချက်- အခုလ ၂၀ ရက်နေ့က နမ့်လန့် တုံလောဖက်မှာ သျှမ်းပြည် တပ်မတော်က ၂ နေရာ အလစ် တိုက်ခိုက်လို့ မြန်မာ စစ်တပ်ဖက် အများအပြားကျဆုံးတယ်တဲ့။ သျှမ်းပြည် တပ်မတော် SSPP/SSA ဖက် က ဗိုလ်မှူးကြီး စိုင်းထူး၊ ဒုဗိုလ်မှူးကြီး ဆိုင်ဖှါ့၊ ဒုဗိုလ်မှူးကြီးခမ်းတီ၊ ဗိုလ်မှူးကျော်လ၊ ဗိုလ်မှူးကြီးဆိုင်မိန်း၊ ဗိုလ်ကြီးဖုန်းနွံ၊ ဗိုလ်ကြီး ကမ့်မိန်း စတဲ့ ခေါင်းဆောင်တွေလဲ တက်ရောက်ကြတယ် ” ဟု ပွဲတက်ရောက်ခဲ့သူ ကေဒါဟောင်း တဦးကပြောပြသည်။

သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို မနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပရာသဘာပတိ အဖြစ် ဗိုလ်ချုပ်ကဏ်းစစ်၊ စဝ်ပိုင်းမိန်း၊ စဝ်နန္ဒဦးတို့ သဘာပတိ ဆောင်ရွက်ကြ၏။ RCSS ဒု ဥက္ကဌ ၁ ဗိုလ်ချုပ် စိုင်းယီ၊ PNLO ဒု ဉက္ကဌ ခွန်တီဆောင်နှင့် WNO မှ ဗိုလ်မှူး လှထွေး တို့က မိန့်ခွန်း ပြောကြားပြီး မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော KNPP, KNU, PSLF နှင့် Burma Campaign UK တို့ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားကြ၏။ စစ်ရေးပြ အခမ်းအနား၌ ချီတက်အလေးပြုကြသူများမှာ တပ်မဟာ ၂ ခု၏ ၅ တပ်ရင်းမှ အင်အား ၁၇၇၆ ဦးရှိစစ်သည် များဖြစ်ကြောင်းသတင်း ပေးပို့ အစီရင်ခံစာအရ ကြားသိရသည်။

အခမ်းအနား စစ်ရေးပြ SSA တပ်မတော်သားများ (ဓာတ်ပုံ - S.H.A.N.)
အခမ်းအနားအပြီး မွန်းလွဲပိုင်း၌်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ ဧရာဝတီသတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့ အသံ (ဒီဗွီဘီ) ၊ Shan Youth Power ခေါ် သျှမ်း လူငယ့်အင်အားအဖွဲ့၊ သျှမ်းသံတော်ဆင့် အပြင် ပြည်ပ ရုပ်မြင်သံကြား သတင်းဌာန များဖြစ်သော ထိုင်း NBT –TV ၊ Thai PBS ၊ ပရချားထိုင်း၊ Taiwan ၏ NEXT –TV တို့ တက်ရောက်ကြကြောင်း သိရသည်။

တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်

ဓာတ်ပုံ AP

23 မေ 2011,

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ်ဟာ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူနည်းစု တွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် ပေးဖို့အတွက် ဘာမှ လုပ်ဆောင် ပေးနေတာ မရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

မြန်မာ စစ်တပ်ဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လိုချင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆယ်စု နှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က တိုင်းပြည်ရဲ့အာဏာ အများအပြားကို ထိန်းချုပ်ထားဖို့ လိုအပ်နေတာဟာ တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အဲဒီ ပဋိပက္ခတွေကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြလေ့ ရှိပါတယ်။

မြန်မာ စစ်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒါဟာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းဖို့အတွက် နောက်ဆုံးအဆင့် ဖြစ်တယ်လို့ ပြောပါတယ်။ အများကတော့ မြန်မာစစ်အစိုးရက ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်တပ်က အာဏာကို ဆက်ထိန်း ထားနိုင်ဖို့အတွက် သက်သက် ရည်ရွယ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ဖြစ်ပေါ်လာပေမဲ့လည်း နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်ဆောင်ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“စစ်တပ်ကြီးစိုးရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်အောင် ပံ့ပိုးပေးခဲ့တာပါ။

ရှမ်း လက်နက်ကိုင်၂ ဖွဲ့ပေါင်းပြီ

23 May 2011 ,

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့က စစ်ရေးအရ ပူးပေါင်း၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း prachatai ထိုင်းသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စနေနေ့က SSA-S ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ရှမ်းပြည် တော်လှန်ရေး နေ့ အခမ်းအနားကို SSA-N ခေါင်းဆောင် တချို့ တက်ရောက်ခဲ့ပြီး မဟာဗျူဟာအရ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းရန် သဘော တူ ခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က SSA-N နှင့် စကားပြောဆိုထားပြီး နားလည်မှုရရှိ ထားကြောင်း နှင့် ယခုအချိန်၌ ရှမ်းပြည်နယ်ရှိ တခြားအဖွဲ့အစည်း များကိုလည်း လက်တွဲသွားမည် ဖြစ်ကြောင်း prachatai သတင်း၌ ရေး သားထားသည်။

SSA-N မြောက်ပိုင်းမှ ဗိုလ်မှူးကြီး စိုင်းထူးကလည်း ၁၉၈၉ ခုနှစ်ခန့်က နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရန် စစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို သဘော တူညီခဲ့ကြောင်း၊ သို့သော် အစိုးရက နိုင်ငံရေး ပြဿနာအား နိုင်ငံရေး နည်းအရ ဖြေရှင်းမှုကို လက်မခံသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက် နေကြောင်း ဆိုသည်။

“တိုက်တာကတော့ ဆက်ပြီး တိုက်ရမယ်၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိတော့ဘူး”ဟု ဗိုလ်မှူးကြီး စိုင်းထူးက ဆက်ပြော သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ် နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက် ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

Monday, May 23, 2011

ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ့် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြုကြမည် ...

၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ဆိုတာ ကမ္ဘာ့ပြက္ခဒိန် ရက်ပေါင်းများစွာထဲက  မထူး ခြားတဲ့ သာမန် နေ့ရက်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ကလေးမှာ   ဒီကမ္ဘာကြီးထဲမှာ အဖြစ် အပျက် ပေါင်းများစွာ ဖြစ်ပျက်၊ ပြီးဆုံး သွားခဲ့တြယ်။ ဒီနေ့လေးထဲမှာ လူသားတွေ မွေးဖွါးခဲ့ကြတယ်။ လူသားတွေ သေဆုံးသွားခဲ့ကြတယ်။ ဒါပေမဲ့ နောင်အချိန် ကာလတခုကို ဖြတ်သန်း လာပြီးတဲ့အချိန်မှာ ဒီနေ့လေးဟာ သမိုင်းတခု ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ တို့နိုင်ငံသားတွေရဲ့ အလင်းရောင် ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ အင်အားတွေ ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ ယုံကြည်ချက်တွေ ဖြစ်လာခဲ့ရတယ်။

ဒါကြောင့်မို့ ဒီနေ့ဟာ ဒို့နိုင်ငံတခုထဲမဟုတ်တဲ့ ဒို့ကမ္ဘာတခုလုံးအတွက် သမိုင်းတခု ဖြစ်လာပါတယ်၊ ဒီနေ့ဟာ ဇွန်လ(၁၉)ရက်နေ့ ပဲဖြစ်တယ်၊ ဒီနေ့မှာ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့က သူမကို မွေးဖွါးသန့်စင် ခဲ့ပါတယ်၊ သူမဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။


မြန်မာ့ အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး  နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
(၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်

မြန်မာနိုင်ငံသားများမှ မြန်မာ့ယဉ်ကျေးမှု  ထုံတမ်း အစဉ်အလာနဲ့အညီ ကုသိုလ်ကောင်းမှု ဒါနပြုကြမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ တတိယအကြိမ် အစားအသောက် ချက်ပြုတ် ကြွေးမွေးခြင်းနှင့် လုပ်အားပေးအလှူ ခရီးထွက်ခွာမည် ဖြစ်ပါတယ်။

(၁) လိုက်ပါလိုသူများ ဆက်သွယ် စာရင်း ပေးသွင်းကြပါရန် ဖိတ်ခေါ်ပါတယ်၊ မိမိစားရိတ်ဖြင့် လိုက်ပါ လုပ်အားပေး ရမည်ဖြစ်ပြီး ယန်း ၁၀၀၀၀ ထည့်ဝင်ရမည် ဖြစ်ပါတယ်။ လိုက်ပါလိုသုများ သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်၍ စာရင်း ပေးသွင်းရမည် ဖြစ်ပါတယ်။

(၂) အလှူ ၀ထ္တုပစ္စည်း ပါဝင်လှူဒန်းလိုသုများ ဆက်သွယ်နိုင်ပါတယ်။

အစီအစဉ် ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့(စနေနေ့) ည ၇ နာရီတွင် တိုကျိုမှ စတင်ထွက်ခွါပါမည်၊ ဇွန်လ ၁၉ ရက်(တနင်္ဂနွေနေ့) မနက်တွင် သတ်မှတ်နေရာသို့ ရောက်ရှိမည် ဖြစ်ပါသည်။ယင်းနေ့ တနေ့လုံး အစားအသောက် ချက်ပြုတ်ကြွေးမွေးခြင်းနှင့် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်မည် ဖြစ်ပါသည်။ ယင်းနေ့ ညနေတွင် ပြန်လည် ထွက်ခွါမည် ဖြစ်ပြီး တိုကျိုမြို့သို့ ယင်းနေ့ (၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ည ၁၁ နာရီခန့်တွင် ပြန်ရောက်ရှိမည် ဖြစ်ပါသည်။ လုပ်အားပေး သွားရောက်မည့် နေရာမှာ မိယာဂိခရိုင် အိရှိနိုမခိမြို့ (Miyagi ken, Ishinomaki ) ၀န်းကျင်ြဖစ်၍  အတိအကျ ထပ်မံ ကြေငြာမည် ဖြစ်ပါသည၊်

စုံစမ်းမေးမြန်းရန်နှင့် ဆက်သွယ်စာရင်းပေးရန်၊
(၁) ဦးသန်းဆွေ ( ၀၉၀ ၄၉၆၄ ၉၇၁၈)
(၂) ဦးသောင်းမြင့်ဦး(၀၉၀ ၆၀၄၀ ၈၂၈၂ )
(၃) ဦးကျော်ကျော်စိုး(၀၉၀ ၆၀၃၁ ၄၃၉၄ )
(၄) ဦးမိုင်ကျော်ဦး(၀၉၀ ၉၈၃၁ ၇၁၉၂ )
(၅) ဦးမြင့်ဆွေ  (၀၈၀ ၄၀၀၅ ၇၀၉၈ )
(၆) ဦးရဲငြိမ်း (၀၈၀ ၅၀၇၀ ၀၀၈၀ )
(၇) ပတ္တြမားစားသောက်ဆိုင် (၀၃ ၃၂၀၄ ၅၁၂၁ )

Sunday, May 22, 2011

ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျိုတွင် ကျင်းပပြုလုပ်


၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။

၂၅၄-နှစ်မြောက် ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျို WARD KOMAGOME LIBRARY (4-F)တွင် ပုညကာရီ မွန်အမျိုးသားများ အဖွဲ့(ဂျပန်) PMNS(JP)မှ ယနေ့ နေ့လည် ၁း၀၀-နာရီ မှ ညနေ ၄း၀၀-နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ် ကျင်းပပြုလုပ်ရခြင်းမှာ မွန်ဗမာ မုန်းတီးရေးအတွက် ကျင်းပရခြင်း မဟုတ်ကြောင်း ရှေးယခင်ကာလ ပဒေသရာဇ် စစ်ဘုရင်တွေ လက်နက်နိုင်ငံတော် အင်အား ပြိုင်ဆိုင် မှုတွေကြောင့် လူမျိုးတမျိုးနှင့်တမျိုး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုကို သင်းခန်းစာ ယူနိုင်ကြပြီး နောင်တွင် တမြေထဲနေ တရေထဲသောက် တိုင်းရင်းသား ညီအကိုအခြင်းခြင်း တဦးအပေါ်တဥင်္ီး  အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုမရှိစေဘဲ စည်းလုံးညီညွတ်စွာဖြင့် တန်းတူရည်တူရှိသော ဖက်ဒရယ် ပြည်ထောင်စု စနစ်တို့ အတူတကွ ချီတက် သွားနိုင်ရန်အတွက် ရည်ရွယ်၍ ယခုလို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို PMNS-Japan ဥက္ကဌ မင်းမျိုးချစ်မှ ရှင်းလင်း ပြောကြားသွားပါသည်.

ယနေ့အခမ်းအနားတွင် ဗုဓ္ဒဘာသာ မွန်လူမျိုးတို့၏ ထုံတမ်းစဉ်လာအရ ကွယ်လွန်သွားခဲ့ကြသည့် မိဘဖိုးဖွါးများကို အလှူဒါနပြုလုပ်ခြင်း ကုသိုလ်အမျှဘါဂ ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်းနှင့် တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးတို့အား ကြက်ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။  Lian Khan Sum

(၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား (တိုကျို)


၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။

ဂျပန်ရှိ သျှမ်းပြည်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျို Takadanobaba Sekatsu Center 4F ၌ ယနေ့ နံနက် ၁၀း၀၀ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းနှင့် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ စတင် ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းရင်းများကို သဘာပတိ စိုင်းဆိုင်မုဒ်မှ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးကိုယ်စားလှယ်တို့မှလည်း ဂုဏ်ပြု အမှာစကားများ ပြောကြားသွားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် အမျိုးတန်းတူရေး အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်စွန့်လှူ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို ဂုဏ်ပြုအမှာစကားကို  ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီမှ တက်ရောက် ပြောကြား သွားခဲ့ပါသည်။

ယနေ့ချိန်ထိ အခက်အခဲ့ အကြပ်အတည်း အမျိုးမျိုးကြားထဲမှ ကြံ့ကြံ့ခံပြီး အဏာရှင် ဆက်ဆက်ကို ဆက်လက်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို လေးစားဂုဏ်ယူသည့်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းကို ကျင်းပရေး တာဝန်ခံ စိုင်းဝင်းဖေမှ ရှင်းလင်း ပြောကြားသွားပါသည်။

အခမ်းအနားတွင် သျှမ်းပြည် ပြည်သူ့တော်လှန်ရေးနေ့ သမိုင်းအကျဉ်း ဂျပန်၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာပါ စာစောင်ကို အခမ်းအနား တက်ရောက်သူများအား အခမဲ ဖြန့်ဝေခဲ့ကြကြောင်း အခမ်းအနားကို ၁၁း၄၀ တွင် ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ  ။ Lian Khan Sum

Saturday, May 21, 2011

DKBA စစ်ရေး အရှိန်မြင့်

2011-05-20,

အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကိုလုပ်ဖို့ ပျက်ကွက်နေတယ်လို့ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်က စွတ်စွဲလိုက်ပြီး DKBA ရဲ့ စစ်ဆင်ရေးတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအထိ တိုးချဲ့သွားမယ်လို့ ပြောပါတယ်။

Copy from - You Tube video, RFABurmeseVideo

လွှတ်မြောက်လာသူ ၃၁ ဦးအား နယူးဒေလီ လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆို

မေလ 20 ရက် 2011 ခုနှစ်။

ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာသူ ရခိုင်နှင့် ကရင် ၃၁ ဦးအား ယမန်နေ့က နယူးဒေလီ လေဆိပ်တွင် မြန်မာနိုင်ငံသားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

" ကျွန်တော်တို့ ညဥ့် ၁၁ နာရီကျော် လောက်မှာ နယူးဒေလီကို ရောက်ပါတယ်။ မြန်မာ နိုင်ငံသားတွေ အတော်များများက ကြွေးကြော်သံ ကြွေးကြော်ပြီး ကြိုဆိုကြတာကို မြင်ရတော့ လူတိုင်း ၀မ်းနည်း ၀မ်းသာ ဖြစ်ကြရပါတယ်။ ၀မ်းသာလွန်းလို့ မျက်ရည် ကျတဲ့သူတွေလည်း ရှိပါတယ်" ဟု ကိုဓညလင်းက ပြောသည်။

သူတို့အား သယ်ဆောင်လာသော လေယျာဉ်သည် ကာလကတ္တား လေဆိပ်မှ ညနေ ၉ နာရီ ၂၀ တွင် ထွက်ခွာခဲ့ပြီး ၁၁ နာရီခွဲခန့်တွင် နယူးဒေလီ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် သူတို့ အမူအား အခမဲ့ အကျိုးဆောင်ပေးသူ ရှေ့နေမကြီး ဒေါ်နန်ဒီတာ၊ ပြည်ထောင်စု ညွန့်ပေါင်း အစိုးရ ၀န်ကြီး ဦးတင့်ဆွေ အပါအ၀င် ခေါင်းဆောင်အများအပြားလည်း လာရောက် ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

ကိုခိုင်စိုးလင်းကလည်း သူ၏ ခံစားမူကို ယခုကဲ့သို့ ပြောသည်။

" အခုလို ကျွန်တော်တို့ကို ကြိုဆိုနေတာကို မြင်ရတော့ အတိုင်းမသိ ၀မ်းမြောက် မိပါတယ်။ သူတို့က မြန်မာ ဒီမိုကရေစီ အရေးနဲ့ ပြည်သူတွေ လွှတ်မြောက်ရေး အတွက် တိုက်ပွဲနေတဲ့ တော်လှန်ရေး သမားတွေ ကျန်းမာပါ-ကျန်းမာပါစေ ဆိုပြီး နုတ်ဆက်တော့ အတိုင်းမသိ ခံစားရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ဆက်လုပ်ရအုံးမယ် ဆိုပီး စိတ်ဓါတ်တွေ တက်ကြွ မိပါတယ်" ဟု ပြောသည်။

ထောင်ကျစဉ်က အသက် ၁၈ နှစ်သာ ရှိသေးသော သူတို့အထဲမှ အငယ်ဆုံးရဲဘော် ခိုင်လှ ကလည်း သူခံစားမူကို ယခုကဲ့သို့ ပြောသည်။

" ကျွန်တော် တသက်မှာ ဒီလို ကြိုဆိုတာကို တခါမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ပြောပြ မတတ်အောင် ၀မ်းသာမိပါတယ်။ ကာလကတ္တား ထောင်ဗူးဝက ထွက်လာတဲ့ အချိန်မှာလည်း သတင်းထောက်တွေ အများကြီး က ကျွန်တော်တို့ကို ထောင်ဗူးဝမှာ လာရောက် သတင်း ယူကြတယ်။ ဓါတ်ပုံတွေ ရိုက်ကြတော့ အထူးကို ၀မ်းသာမိပါတယ်။ နယူးဒေလီ လေဆိပ် မှာလည်း မြန်မာနိုင်ငံသားတွေက ပန်းကုံးတွေ စွပ်တယ်။ကြွေးကြော် သံတွေနဲ့ ကြွေးကြော်ပြီး ကြိုဆိုကြတော့ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ခုလို အသိအမှတ် ပြုမူ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် " ဟု ပြောသည်။


သတင်းရင်းမြစ် - နိရဉ္စရာ သတင်းဌာန

အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက လူသတ်သမား နအဖအုပ်စုကို လူသတ်လက်နက်ရောင်းဖို့  မျှော်လင့်နေကြောင်း တရားဝင် ထုတ်ပြောနေတယ်။






 

 

Friday, May 20, 2011

ရဟန်းရှင်လူပြည်သူလူထုနဲ့  တိုင်းရင်းသားပြည်သူအပေါင်းကို သတ်ဖြတ်နေတဲ့ နအဖအာဏာရူး လူသတ်သမားအုပ်စုကို အင်ဒိုနီးရှားက သူ့ နိုင်ငံမှာ ထုတ်လုပ်တဲ့ SS-2 assault rifles တွေကို ရောင်းချဖို့  မျှော်လင့်နေတယ်လို့  အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဖြစ်သူ Purnomo Yusgiantoro က တရားဝင် ထုတ်ဖေါ်ပြောဆိုလိုက်တာဟာ နအဖလူသတ်အုပ်စုဘက်ကို လူသတ်လက်နက်ပေးပြီး မြန်မာပြည်သူ ပြည်သားတွေကို သတ်ဖို့  အားပေးအားမြှောက်ပြုလိုက်တာပါဘဲ။

အာဆီယံ ASEAN နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ယခုလို ပြောဆိုရည်ရွယ်တာဟာ နအဖအာဏာရူးလူသတ်သမားအုပ်စုနဲ့  အကျိုးတူ စီးပွားဘက်ဖြစ်တာကို ပြလိုက်တာထက် ကျော်လွန်ပြီး လူသတ်မှုကို ကျူးလွန်ဖို့  ကြံရာပါ ပေါင်းဘက်သူတွေဆိုတာ ပြတာပါဘဲ။

မြန်မာပြည်သူ ပြည်သားတွေအနေနဲ့  နအဖစစ်အုပ်စုကိုရော အာဆီယံ ASEAN ပုလင်းတူ ဗူးဆို့ သမား မြန်မာပြည်ကို ဂုတ်သွေးစုတ်လိုသူတွေကိုရော လက်တွေ့  ဆန့် ကျင်ရပါမယ်။
Copy from - niknayman-niknayman.blogspot.com

လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဟု ဒေါ်စုပြော

မေလ ၂၀ ရက် ၂၀၁၁ ခုနှစ်။

သမ္မတ အမိန့်ဖြင့် အကျဉ်းသားများ လွှတ်ပေးသည်ကို လွတ်ငြိမ်းချမ်းသာခွင့်ဟု မခေါ်နိုင်ဘဲ ပြစ်ဒဏ်လျှော့ပေးခြင်းဟုသာ ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းကို
နေအိမ်တွင် ၂ နာရီကျော်ကြာ လက်ခံတွေ့ဆုံအပြီး သတင်းထောက်များ၏ အမေးကို ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

"Amnesty (လွတ်ငြိမ်းချမ်းသာခွင့်) ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေတယ်။ ဒါနဲ့ ရှည်ရှည်ဝေးဝေး ပြောမနေရအောင်လို့ Dictionary (အဘိဓာန်) ထဲမှာ ကြည့်လိုက်တယ်။ Amnesty ဆိုတာ အားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ သဘောပဲ။ အဲဒီတော့ ဒါကို Amnesty လို့တော့ မပြောနိုင်ဘူး။ ဒီဟာက Sentence ကို Commute လုပ်တာပေါ့။ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတဲ့ သဘောပဲ ရှိတာပေါ့။ သေဒဏ် ပေးထားတဲ့သူကို တသက်တကျွန်း၊ ကျန်တဲ့သူတွေကို တနှစ်စီ လျှော့တယ်ဆိုတော့ ဒါ ပြစ်ဒဏ် လျှော့တဲ့ သဘောပဲလေ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမှ မဟုတ်တာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Friday, May 20, 2011

Brighton မြို့က ဒေါ်စုကို ဂုဏ်ထူးဆောင် မြို့သူအဖြစ် ချီးမြင့်

ဒေါ်အောင်ဆန်းစုကြည် ကို Brighton မြို့က ဂုဏ်ပြု
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန် နိုင်ငံ  Brighton & Hove မြို့က Freedom of the City  ဆိုတဲ့ အဲဒီ ဒေသခံ မဟုတ်တဲ့သူတွေ ရဖို့ ခက်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆု တဆုကို ချီးမြှင့်ခဲ့ပါတယ်။

ကြာသပဒေးနေ့က ကျင်းပခဲ့တဲ့ ဆုရွေးချယ်ပွဲနဲ့ ဆုချီးမြှင့်ပွဲမှာ ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုလက်ခံ ရယူခဲ့တဲ့ Burma Campaign UK ရဲ့ အမှုဆောင် ဒါရိုက်တာ Anna Roberts က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေ ခံစားရရှိနိုင်ဖို့ ရုန်းကန်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို Brighton မြို့က လေးစား ထောက်ခံတဲ့အတွက် ဒီဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ကြတာလို့ ပြောပါတယ်။

DKBA ဗိုလ်ကျော်သက် နဲ့ ရဲဘော်များ ရှေ့တန်းတနေရာ


Copy from - You Tube video - yamounnar

လျှင်မြန် ပြောင်းလဲနေသည့် ကမ္ဘာရေစီးကြောင်းနှင့်အတူ အာဏာရှင်များ ချုပ်ငြိမ်းရန် ချိန်တန်ပြီ

ယနေ့ ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစသည်ဖြင့် အဘက်ဘက်တွင် အလျှင်အမြန် ပြောင်းလဲနေသည်။ အထူးအဖြင် ယနေ့ နိုင်ငံရေး ပြောင်းလဲမှုများကို လေ့လာပါက အာဖရိကမြောက်ပိုင်း တျူနီးရှားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံ စသည်များ၊ အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သော ဆီးရီးယား၊ ယီမင်၊ ဘာရိန်း၊ ဂျော်ဒန်များနှင့် အာရှတိုက် တွင် တရုပ်နိုင်ငံများ ထိကူးစက်လာသည်ကို တွေ့ရသည်။ ကမ္ဘာရေစီးကြောင်း (Globalization Trend) ကို အဓိက တွန်းအားပေးသော စွမ်းအားတရပ်မှာ ဆက်သွယ်မှု ကဏ္ဍတွင် အလျင်အမြန် တိုးတက်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် နေ့တဓူဝ လူထု ဆက်သွယ်ရေးတွင် မရှိမဖြစ် အရေးပါလာသော လက်ကိုင် တယ်လီဖုံးများ၊ ဖေ့စ်ဘွတ်၊ တွစ်တာ အင်တာနက် ကွန်ယက်တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းများက လူတဦးနှင့်တဦးအကြား သတင်း အပေးအယူများကို ပိုမို မြန်ဆန်စေလာသည်။

ယခင်က အာဏာရှင်များ ကြီးစိုးသော နိုင်ငံများတွင် မိမိတို့ ရာသက်ပန် အုပ်ချုပ်ရေးအာဏာကို စွဲကိုင် ထားရေးအတွက် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ကြသည်။ အထူးသဖြင့် နိုင်ငံရေးကို အများနှင့် မဆိုင်သယောင် ခွဲထုတ်ကြသည်။ နိုင်ငံရေးဆိုသည်ကို မိမိတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော လုပ်ဆောင်မှုတရပ်အဖြစ် ကျဉ်မြောင်းစွာ ရှုမြင်ပြီး ပြင်းထန်စွာ နှိပ်ကွပ်လေ့ရှိသည်။ ယင်းကဲ့သို့သော နိုင်ငံများတွင် လူလားမြောက် လာသူများသည် နိုင်ငံရေးကို နေ့တဓူဝ မိမိတို့ အသက်ရှင်ရေးအတွက် လှုပ်ရှားနေသော လူမှုရေး၊ စီးပွါးရေးများနှင့် တွဲ၍ မမြင်ကြတော့၊ ငါတို့တော့ လူမှုရေးပဲလုပ်တယ်။ နိုင်ငံရေး မလုပ်ဘူးဆိုပြီး ပြောလာသည့်အထိ အာဏာရှင်များသည် နိုင်ငံရေးကို လူနည်းစုပိုင် ကဏ္ဍသဖွယ်ဖန်တီး လိုက်ကြသည်။

အထိန်းသိမ်းခံ မြန်မာ ၃၁ ဦး အိန္ဒိယအစိုးရ လွှတ်ပေးပြီ

အိန္ဒိယတွင် အဖမ်းခံထားရသည့် မြန်မာ ၃၄ ဦး၊ ယခုအခါ ၎င်းတို့ထဲမှာ ၃၁ ဦး လွတ်မြောက်လာပြီ ဖြစ်သည် (ဓာတ်ပုံ - နရိဉ္စရာ)
19 May 2011 ,

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးတို့ ယနေ့ နေ့လယ်က အမှုမှ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

လွတ်မြောက်လာသူ ၃၁ ဦးထဲတွင် အပါအဝင်ဖြစ်သော ရခိုင်အမျိုးသား ကိုဓညလင်းက “နေ့လည် ၁ နာရီ ၅၅ က လွတ်ပါတယ်။ ရခိုင် ၂၂ ယောက်၊ ကရင် ၉ ယောက် လွတ်ပါတယ်။ ကျန်တဲ့ ရခိုင် ၂ ယောက်နဲ့ ကရင် ၁ ယောက် ကတော့ ပေါ့ဘလဲကို ပြန်သွားရပါဦးမယ်။ ကျနော်တို့ အခု လေယာဉ်ကွင်းသွားတဲ့ လမ်းမှာ ရောက်နေပါပြီ။ ဒေလီကိုတော့ ည ၁၁ နာရီလောက် ရောက်မယ်ထင်ပါတယ်” ဟု ပြောပြသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည့်အတွက် အိန္ဒိယအစိုးရအပါအဝင်၊ ကူညီပေးသူများ၊ အဖွဲ့အစည်းများကို ကျေးဇူးတင်သည်ဟု ဆိုသည်။

“သူတို့ ဒီလို မကူညီပေးရင် ကျနော်တို့ လွတ်လာမှ မဟုတ်ပါဘူး။ ထောင်ထဲမှာ နေရတာကြာတော့ ပင်ပန်းလွန်းလှပါပြီ အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့ မသိတော့ဘူး။ ဒေလီရောက်မှပဲ အပြင်က အခြေအနေတွေ လေ့လာပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားမယ်” ဟု သူက ပြောသည်။

အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် သတင်းကောင်း

AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါသုံးနိုင်မည့် ဆေးသစ်တစ်မျိုးစမ်းသပ်အောင်မြင်


စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။ 
 
Copy from - komoethee.blogspot.com/

Thursday, May 19, 2011

မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ

18 May 2011 ,

မြန်မာ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)ကြား လတ်တလော စစ်ရေး တင်းမာမှု အခြေအနေများ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာ ၃ ခု တွင်ဖြစ်ပွား ခဲ့သည်ဟု KIA အရာရှိများ ပြောသည်။

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခန့်တွင် ဒေါ့ဖွမ်းယန် မြို့နယ်ခွဲ၊ မြို့သစ် အခြေစိုက် ခမရ ၃၂၀ သည် KIA တပ်မဟာ ၅ လက်အောက်ခံ ဗန်းမော်ခရိုင်၊ တာခေါ်ခမြစ် (တာပိန်မြစ်) အနောက်ဘက် ကမ်းရှိ KIA တပ်ရင်း ၂၅ ကို အမြောက်ကျည် (၇၅ မမ) ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။
အမြောက်ကျည် ၃ ကြိမ် တပ်ရင်းအနီး ကျရောက်ခဲ့ပြီး သေဆုံး ဒဏ်ရာရမှု မရှိဟု KIA တပ်ရင်း ၂၅ အရာရှိများ ကချင် သတင်းဌာနသို့ပြောသည်။

၎င်းနောက် နှစ်ဖက် တပ်လှန့်ထားပြီး KIA တပ်မဟာ ၃ လက်အောက်ခံ မံစီမြို့နယ်ရှိ KIA တပ်ရင်း ၁ အနီးသို့ မြန်မာ စစ်တပ်များ ဖြန့်ချလာကြောင်း ဒေသခံ မျက်မြင်သက်သေများက ဆိုသည်။

ထို့အတူ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ကို ယခုနှစ် မေလ ၂၅ ရက်တွင် ပြောင်းရွှေ့ရန် မြန်မာ စစ်တပ်က ဖိအား ပေးလာပြီးနောက် ကချင်ပြည်နယ် တောင်ပိုင်း နှစ်ဖက် စစ်ရေးတင်းမာမှု တိုးလာသည်။

လမ်းတည်ဆောက်နေမှုကို ဟန်ပြ၍ မြန်မာ စစ်တပ်က KIA တပ်ရင်း ၅ အနီး နေရာယူလာသည်။ KIA က တပ်ရင်း နေရာပြောင်းရွှေ့ရေးကို ငြင်းပယ် ထားသည်။

မြန်မာ စစ်တပ်က တပ်ရင်း အနီးချဉ်းကပ်ရန် ကြိုးပမ်းလာပါက စစ်ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

ထို့နောက် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန် အခြေစိုက် KIA တပ်မဟာ ၄အနီးသို့ မြန်မာ စစ်အစိုးရ၏ လမ်း တည်ဆောက်နေမှုကြောင့် မြန်မာ စစ်တပ်နှင့် KIA ကြား အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သည်ဟု ယင်း တပ်မဟာ ၄ အရာရှိ များပြောသည်။

၇ မိုင်ရှည်သည့် လမ်းခွဲသည် KIA တပ်မဟာ ၄ နှင့် ကွတ်ခိုင်-တာမိုးနဲ-မုံစီ လမ်းမကြီးနှင့် ဆက်သွယ် ပေးရန်ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအလည်မှ ဖြတ်ပြီးဖောက်မည့် လမ်းသည် ၎င်းတို့တပ်မဟာ ကို သိမ်းပိုက်ရန် ဗျူဟာ ဖြစ်သည့်အတွက် မြန်မာ အာဏာပိုင်များအား လမ်းဖောက်လုပ်ခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု တပ်မဟာ ၄ သဘာပတိ လဖိုင်ဇော်ရော် ပြောသည်။

လွတ်ငြိမ်းခွင့်ကို မယုံ၍ ဆွေးနွေးရေးကိစ္စ တိုင်းရင်းသားအဖွဲ့များ သံသယရှိ

(Photo: AFP)
2011-05-18,

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အတုအယောင်သာ ဖြစ်နေတာ တွေ့မြင်ရတဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆွေးနွေးမယ်လို့ ပြောနေတာဟာလည်း အတုအယောင်ပဲ ဖြစ်လိမ့်မယ်လို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့က ပြောဆိုနေကြပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း အဲဒီလို သံသယ ရှိနေကြောင်း UWSA က အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။

“သတင်းစာထဲမှာရော နောက် တီဗီမှာ ကျွန်တော်တို့ ကြည့်တော့ ဗိုလ်ချုပ် ဒီ သမတ သိန်းစိန်ရဲ့ မိန့်ခွန်းပေါ့နော်၊ တိုင်းရင်းသားတွေကို ပြန်လည်ပြီးတော့ သင့်မြတ်ရေးဗျာ၊ အဲဒါ ခေါ်ဖို့တော့ ရှိတယ်လို့ ပြောသံကြားတာပဲ။ ကျွန်တော် ထင်တာက အတု အယောင်ဆောင်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ အခု လွတ်ငြိမ်းချမ်းသာ ပေးတဲ့နေ့ကပဲ ခုန နိုင်ငံရေးသမားတွေ မဟုတ်ပဲနဲ့ ဒုစရိုက်သမားတွေ၊ နောက် အကျဉ်းကျနေတဲ့ လူဆိုတဲ့ ဟန်ပြပြီးတော့ ကမ္ဘာကလည်း ယုံကြည်အောင်ပေါ့ဗျာနော်၊ နောက်ပြီးတော့ တိုင်းရင်းသား လူထုကလည်း ယုံကြည်အောင် သူတို့က ဟန်ပြပြီးတော့ လုပ်တာပဲ ကျွန်တော်တို့ မြင်တယ်လေနော၊ အဲလိုပဲ မြင်တယ်။”

KIA တပ်များ အမြင့်ဆုံး တပ်လှန့်ထား

ကချင်တပ်သားသစ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - Ryan Libre)
18 May 2011 ,

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ်တွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်းများသို့ ယနေ့နံနက်တွင် အစိုးရတပ်များက လောင်ချာဖြင့် ပစ်ခတ်ခံရပြီးနောက် အမြင့်ဆုံး တပ်လှန့်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ကျဆုံးမှုစာရင်း မသိရသေးကြောင်း အမည်မဖော်လိုသည့် KIA အရာရှိကြီးတဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihou မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်းတွင် တရုတ်နယ်စပ်အခြေစိုက် KIA တပ်များနှင့် အစိုးရတပ်များကြား ပထမဆုံးအကြိမ် စစ်ရေး ပြန်လည်တင်းမာမှုဖြစ်သည်ဟု ပြည်တွင်းအခြေစိုက် စစ်ရေးသုံးသပ်သူတဦးက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

ယခင်စစ်အစိုးရက ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို KIO အဖွဲ့က ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် ငြင်းဆိုခဲ့ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းသို့ အစိုးရတပ်များ မဝင်ရန် သတိပေးထားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ် တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပြီး နောက်ပိုင်း အစိုးရပိုင် သတင်းစာများမှ တဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည် သုံးနှုံးခဲ့သည်။

Wednesday, May 18, 2011

သျှမ်းလက်နက်ကိုင်နှင့် ပတ်သက်သူများအား မွှေနှောက်ဖမ်းဆီးနေ

သျှမ်းပြည်တပ်မတော် SSPP/SSA (ဓါတ်ပုံ SSPP/SSA)

မေလ 17 ရက် 2011 ခုနှစ်။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ခရိုင်အတွင်း၌ သျှမ်း လက်နက်ကိုင် တပ်နှင့်ပတ်သက်သည်ဟု သင်္ကာမင်းခံ သူများအား အာဏာပိုင်များက ယမန် နေ့မှယနေ့ အထိ ၂ရက်ဆက်တိုက် ရှာဖွေ ဖမ်းဆီးရာ ယခင်သျှမ်း တပ်နှင့် ဆက်နွယ်ခဲ့ဖူးသူ တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခန့်က အဖမ်းခံခဲ့ရကြောင်း သိရသည်။

မူစယ်မြို့နယ် မန့်ဟောင်းလွယ်ရွာသား စိုင်းအောင်သန်း ဆိုသူအား ရဲများက ၎င်း၏နေအိမ်အထိ လာရောက် ဖမ်းဆီးခဲ့ ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူက ဓါတ်ဆီနဲ့ ကုန်စုံဆိုင် ဖွင့်ထားတယ်။ ပထမ ရဲတစ်ယောက် ဆိုင်ကယ်နဲ့သူ့အိမ် ရောက်လာတယ် ဓါတ်ဆီ ဖြည့်မယ် ဆိုပြီးပြောတော့ ဓါတ်ဆီ လာဖြည့်ပေးတုံး ချက်ခြင်းပဲ တစ်ခါတည်း လက်ထိပ်ခတ် လိုက်တယ် ရဲကား ၂ စီးထပ်ရောက် လာတယ် သူ့မိန်းမနဲ့ ကလေး ဓါတ်ပုံတွေလဲ သိမ်းသွားတယ်၊သူ့ကိုလဲခေါ်သွားတယ်၊ ဘာကြောင့် ဖမ်းလဲတော့ မသိရဘူး” ဟု နီးစပ်သူက ပြောသည်။

စိုင်းအောင်သန်းသည် ယခင် သျှမ်းပြည် အမျိုးသားတပ်မတော် SSNA အဖွဲ့ရှိစဉ်အခါက လုပ်ငန်းအချို့ကူညီ လုပ်ကိုင်ပေးခဲ့ဖူး သော်လည်း ယခု လက်နက်ကိုင်များနှင့် ပတ်သက်မှု ရှိမရှိ မသိရကြောင်း သူကဆက် ပြောသည်။

SSNA မှာ နဝတစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ၂၀၀၅ အတွင်းက စစ်အစိုး ရ၏ လက်နက်ချရန် အကြပ်ကိုင် ဖိအားပေးမှုကြောင့် SSNA တပ်အချို့ လက်နက်ချ၍ အချို့မှာ စစ်အစိုးရ နှင့် တိုက်ခိုက်နေသည့် SSA (တောင်ပိုင်း)အဖွဲ့ နှင့် ပူးပေါင်းသွားသည်။

ဘင်လာဒင် နေရာ ကို အီဂျစ် နိုင်ငံ သား ဆက်ခံ

t1larg.saif.al.adel.gi  
 May 18, 2011 ,ခေါင်းဆောင် အိုစမာ ဘင်လာဒင်ရဲ့  နေရာကို ဆက်ခံဖို့အတွက် ဆာအိဖ်အယ်(လ)အဒယ် ဆိုတဲ့ အီဂျစ်နိုင်ငံသား တစ်ဦးကို အဖွဲ့ရဲ့  ယာယီ ခေါင်းဆောင်အဖြစ် ခေတ္တ တင်မြှောက် ထားတယ်လို့  လက်ရှိ အယ်(လ)ကာယီဒါး ခေါင်းဆောင်တွေနဲ့  နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ နိမန် ဘီနုတ်မန်းရဲ့ ပြောကြား ချက်ကို ကိုးကား ပြီး CNN သတင်း ဌာနကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

မေလ ၁ ရက်နေ့က သေဆုံး သွားခဲ့တဲ့ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့

အယ်(လ)ကာယီးဒါး ခေါင်းဆောင်အဖြစ် ယာယီ တင်မြောက်ခံရတဲ့ ဆာအိဖ် အယ်(လ) အဒယ်ဟာ အယ်(လ) ကာယီဒါး အဖွဲ့ရဲ့  အထူးစစ်ဆင်ရေး အကြမ်းဖက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်က အီဂျစ် သမ္မတ အန္ဒ၀ါ ဆဒတ်ကို လုပ်ကြံတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ကာ ၁၉၈၈ ခုနှစ်မှာ အီဂျစ် နိုင်ငံက ထွက်ခွာခဲ့ပြီး ဆိုဗီယက် တပ်တွေကို တွန်းလှန်နေတဲ့ မူဂျာဟေဒင် ခေါင်းဆောင်တွေနဲ့ သွား ရောက် ပူးပေါင်း ခဲ့ပါတယ်။

အဲဒီနောက် တာလီဘန် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လက်ဘနွန်၊ ဆူဒန် ၊ ဆီးရီးယား စတဲ့ နိုင်ငံတွေမှာ စစ်သင်တန်းတွေ ပေးခဲ့ပြီး ဟစ်ဘိုလာအဖွဲ့နဲ့  အနီးကပ် ဆက်ဆံမှု ရှိခဲ့ကာ ၁၉၉၆ ခုနှစ်မှာ အိုစမာ ဘင် လာဒင်၊ အီဂျစ် နိုင်ငံသား ဒေါက်တာ အေမန် အယ်(လ) ဇ၀ါရီတို့နဲ့အတူ  ဆူဒန် နိုင်ငံမှ ပြန်လည် ထွက်ခွာပြီး အာဖဂန် နစ္စတန် နိုင်ငံမှာ အခြေချ ခဲ့ပါတယ်။

ဆာအိဖ် အယ်(လ) အဒယ်ဟာ ၂၀၀၁ ခုနှစ် ကစပြီး အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့ရဲ့ ဦးဆောင်မှု နေရာကို ရယူခဲ့ပြီး အမေရိကန်ရဲ့  တိုက်ခိုက်မှုကြောင့် ပြိုကွဲခဲ့တဲ့ အကြမ်းဖက် အဖွဲ့ကို ပြန်လည် အသက် သွင်းသူအဖြစ် လူသိများ ခဲ့ပါတယ်။ သူဟာ အီရန် နိုင်ငံအခြေစိုက် အကြမ်းဖက် ခေါင်းဆောင်  မူစတာ ဖာ အာမစ်ရဲ့  သမီးကို လက်ထပ်ခဲ့ပြီး သားသမီး ငါးဦး ထွန်းကား ခဲ့ပါတယ်။ FBI အဖွဲ့က သူ့ကိုအလိုရှိ ဆုံးသူ စာရင်းထဲမှာ ထည့်သွင်းထားပြီး သူနေထိုင်တဲ့ နေရာကို အတိအကျ ပေးနိုင်ခဲ့ရင် ဒေါ်လာ ငါးသန်း ပေးမယ်လို့  သတင်း ထုတ်ပြန် ထားပါတယ်။