Saturday, April 30, 2011

ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး

မိုင်းလားတပ်ဖွဲ့ ထိးန်ချုပ်နယ်မြေနှင့် ဆုတ်ပေးလိုက်ရသည့် တပ်များမြေပုံ
29 ဧပြီ 2011,

မြန်မာအစိုးရက သတ်မှတ် နယ်မြေပြင်ပမှာ တပ်စွဲထားတဲ့ ၀နဲ့ မိုင်းလား တပ်ဖွဲ့တွေကို ဒီလကုန်မှာ နောက်ဆုံး ထားပြီး ရုပ်သိမ်းဖို့နဲ့ တကယ်လို့ မရုပ်သိမ်းရင် စစ်ရေးနည်းအရ ဖြေရှင်းသွားမယ်လို့ ဒီရက်ပိုင်းအတွင်းမှာ အကြောင်းကြား လိုက်ပါတယ်။ မိုင်းလားတပ်ဖွဲ့ ဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နေရာအချို့ကို ရုပ်သိမ်းခဲ့ပြီး ၀တပ်ဖွဲ့ဘက်ကတော့ ဒီလို ရုပ်သိမ်းဖို့ ကိစ္စကို သူတို့တပ်ဖွဲ့တွင်းမှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ၀နဲ့ မိုင်းလားတပ်တွေနဲ့ မြန်မာ အစိုးရသစ်အကြား ဆက်ဆံရေး နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲစဉ်က သဘောတူ သတ်မှတ်ထားတဲ့ နှယ်မြေရဲ့ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့တွေကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။

တောင်းဆိုတဲ့အတိုင်း မရုပ်သိမ်းဘူးဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ မြန်မာ စစ်တပ်ဘက်က ပြောဆိုကြောင်း ၀နဲ့ မိုင်းလား တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“အစိုးရက ၂၈ ရက်နေ့၊ မနေ့ကပေါ့ မွန်းလွဲပိုင်းမှာတဲ့ UWSA နဲ့ မိုင်းလားအဖွဲ့တွေကို သူတို့ ထိန်းချုပ်နယ်မြေ ပြင်ပ အနီးအနား တ၀ိုက်မှာ လှုပ်ရှားတပ် ဆိုက်နေတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဒီဧပြီလကုန် ၃၀ ရက် နောက်ဆုံးထားပြီး ကိုယ့် နယ်မြေထဲကို အပြီးအပိုင် အကုန်လုံး နေရာတိုင်း တပ်ရုပ်ရမယ် ဆုတ်ထားရမယ်တဲ့။ ဒါမှမဟုတ်ရင် စစ်ရေးနည်း အသုံးပြုရလိမ့်မယ်တဲ့။ UWSA အဖွဲ့ဆိုရင် သူတို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျူးလျက် ခေါ် ဦးအောင်မြင့်ကို ဖုန်းဆက်ပြောတယ်တဲ့။ နောက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ မိုင်းလားကိုယ်စားလှယ် ရုံးတာဝန်ခံကို တြိဂံစစ်တိုင်းရုံးက ခေါ်ပြောတယ်ပေါ့။”

မြန်မာအစိုးရဘက်က ရုပ်သိမ်းခိုင်းတဲ့ နယ်မြေတွေကတော့ ဟိုပန်၊ ပန်လုံ၊ မက်မန်း၊ မိုင်းပေါက်နဲ့ မိုင်းဖျန်နယ်တွေမှာ ဖြစ်နိုင်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ NDAA ခေါ် မိုင်းလားတပ်ဘက်ကတော့ တပ်စခန်း ၂ ခုကို အရင်ရက်တွေတည်းက ရုပ်သိမ်းခဲ့ကြောင်း သူက ပြောပါတယ်။

အခုလို သတ်မှတ်နယ်မြေ ပြင်ပရောက်နေတဲ့တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ မြန်မာအစိုးရဘက်က တောင်းဆိုတာကို UWSA ခေါ် ၀တပ်ဖွဲ့ကတော့ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ လောလောဆယ်မှာ ရုပ်သင့်၊ မရုပ်သင့် အကြောင်းပြန်ဖို့အတွက် သူတို့ပါတီအတွင်းမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ၀တပ်မှူးတယောက်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ကတော့ တပ်တွေ ရုပ်သိမ်းခိုင်းတဲ့အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုဟာကတော့ မြန်မာစစ်တပ်အနေနဲ့ ဖြတ်လေးဖြတ် ပုံစံနဲ့ ပိတ်ချင်တဲ့သဘော ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ နောက်တခုကတော့ တခြား ညီနောင်တပ်ဖွဲ့တွေ၊ ငြိမ်းချမ်းရေး ယူမထားသေးတဲ့ တပ်ဖွဲ့မျိုးတွေ၊ အခြား အဖွဲ့တွေနဲ့ ဆက်စပ်ပြီးတော့ သူတို့ဒေသထဲမှာ၊ သူတို့အစိုးရဒေသထဲမှာ လာပြီးတော့ လူထုကို စည်းရုံးတဲ့ဟာမျိုး ဖြစ်လာမှာစိုးရိမ်ပုံရတယ်။ အဲဒါကြောင့်လဲ ဒါမျိုးတွေ ဖြစ်လာတာပေါ့ဗျာ။”

အခုအခါမှာ မိုးရာသီဝင်လာပြီဖြစ်တာကြောင့် မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မယ့် အနေအထား မရှိသေးကြောင်း နဲ့ ဒီလိုတပ်ဆုတ်ဖို့ တောင်းဆိုထားတဲ့ နယ်မြေတွေဟာ အပစ်အခတ် ရပ်စဲစဉ်ကာလက စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်က တပ်စွဲခွင့်ပေးထားခဲ့တဲ့ နယ်မြေတွေ ပါဝင်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ၀နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့ရေး တောင်းဆိုချက်ကြောင့် အစိုးရနဲ့ တင်းမာမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ ၀တပ်ဖွဲ့ဘက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အသစ်တက်လာမယ့် အစိုးရနဲ့ မပြေလည်တဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကနေ့အထိတော့ တစုံတရာ တုံ့ပြန်တယ်ဆိုတာ မကြားသိရသေးပါဘူး။

တချိန်တည်းမှာတော့ ပြည်သူ့စစ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တပ်မဟာ (၁) ကို မြန်မာအစိုးရတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လကတည်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ တိုက်ပွဲဖြစ်တာတွေ ငြိမ်သက်နေပေမဲ့ ဒေသခံပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Copy from - voanwes.com/

စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
(Photo: Ad Hoc Commission on Depayin Massacre- Burma)
2011-04-29,

၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီ အရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီ ကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘော တူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး အကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီပဲယင်း အဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက် နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေး ပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘော တူညီမှုယူခဲ့တဲ့ အချက်တွေက
“၁။ ဒီပဲယင်း အဖြစ်အပျက် ကို စုံစမ်းစစ်ဆေးရန်၊
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်၊
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်၊
၎။ ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန် ဆိုတာတွေ ဖြစ်ပါတယ်။”

ဒီပဲယင်း အရေးအခင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားချက်တွေကို မကြားရသေး တဲ့အတွက် ပြောဆို ဝေဖန်မှုတချို့ ပေါ်ပေါက်နေစဉ် အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဗြီတိသျှ တော်ဝင်မင်္ဂလာပွဲ မြန်မာများလည်း စိတ်ဝင်စား


ယနေ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့သည့် ဗြီတိသျှ တော်ဝင် ဇနီးမောင်နှံ
မင်းသား ၀ီလျံ နှင့် ကိတ် မစ်ဒယ်လ်တန် (Photo - AP)





Friday, 29 April 2011,

တကမ္ဘာလုံးမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ဗြိတိန်ထီးနန်း၏ ဒုတိယမြောက် တော်ဝင် မင်းသား ဝီလျံ နှင့် ကိတ် မစ်ဒယ်လ်တန် တို့၏ မင်္ဂလာပွဲကို ၀က်စ်မင်စတာ ဘုရားကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာများလည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

“လောလောဆယ် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ဆုံးမှာရောက်နေတယ်။ ဒီနေ့ အစ်မနဲ့ အတူ အောက်စ်ဖို့ တက္ကသိုလ်၊ လန်ဒန် တက္ကသိုလ်နဲ့ တခြား တက္ကသိုလ်တွေက မြန်မာ သူငယ်ချင်း ၄၀ လောက် ပွဲလာကြည့်ကြတယ်။ နေရာတွေကတော့ တယောက်နဲ့ တယောက် မတူဘူးပေါ့”ဟု လန်ဒန်မြို့တွင် နေထိုင်သည့် မသင်းမာ က ဧရာဝတီကို ပြောပြသည်။

အောက်စ်ဖို့် တက္ကသိုလ်တွင် Nursing Management ဘာသာရပ်သင်ကြားနေသည့် မသင်းမာက“တော်ဝင် ဘုရင်မကြီးရဲ့ မြေး မင်္ဂလာဆောင်ဖြစ်သလို ၊ ဘုရင်စနစ်ကိုလေးစားတဲ့ သူတွေက စိတ်ဝင်တစား စောင့်ကြည့်တဲ့ပွဲပေါ့။ သတင်းပေါင်းစုံကို နေ့တိုင်းကြည့်နေရတော့ အခု အရှေ့အလယ်ပိုင်းမှာဆိုရင်လည်း အာဏာလုပွဲတွေ အမျိုးမျိုးဖြစ်နေတယ်။ စိတ်ညစ်စရာ သတင်းတွေရှိရင်လည်း စိတ်ညစ်ရပြီးတော့ တခါတလေ အခုလိုပျော်စရာ မင်္ဂလာသတင်းကို ကြားချင်တယ်ပေါ့”ဟု ပြောသည်။

အကြီးကျယ်ဆုံးသော မင်္ဂလာပွဲ ဖြစ်သောကြောင့် လန်ဒန်ရှိ လူပေါင်း အားလုံးနီးပါး တက်ရောက် ခဲ့ကြကြောင်း၊ အိုင်ယာလန် ကဲ့သို့ အနီးအနား နိုင်ငံများမှလည်း မင်္ဂလာပွဲသို့ လာရောက် ကြည့်ရှုသူများ တွေ့ရကြောင်းလည်း သူက ပြောဆိုသည်။

“မင်းသား ၂ ယောက်လုံးကို ကလေးဘ၀ကတည်းက ချစ်တယ်။ ဒါ့အပြင် အင်္ဂလန်ရဲ့ဘုရင်စနစ်ကို လေးစားတာရယ်၊ သူတို့ရဲ့ အစဉ်အလာကြီးမားလွန်းတာတွေကြောင့် ဒီပွဲကို လာကြည့်တာ။ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ ဒီမိုကရေစီ ဘုရင်စနစ်ကို ပြောင်းတဲ့နေရာမှာလည်း လူတွေသတ်တာ ဖြတ်တာမရှိဘဲ ညင်ညင်သာသာကူးပြောင်းခဲ့တာတွေကြောင့် လေးစားတယ်”ဟု မသင်းမာက ဆိုသည်။

အဆိုပါ တော်ဝင်မင်္ဂလာပွဲသို့ တက်ရောက်သည့် မြန်မာ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ ကြားတွင် ရှိနိုင်သည်ဟု လန်ဒန် အနောက် ဘက်တွင် နေထိုင်သည့် မဖြူ ကလည်း ဧရာဝတီကို ပြောသည်။

“နှစ်ပေါင်း ၃၀ အတွင်းမှာ တော်ဝင်မင်္ဂလာပွဲကို ပထမဆုံး ကိုယ်တိုင် မြင်ရတော့မယ်ဆိုတော့ အရမ်းပျော်မိတယ်။ ဒီနေ့ ပိတ် ရက်ဖြစ်တော့ တချို့ကလည်း နန်းတော် ရှေ့မှာ၊ တချို့ကြတော့လည်း ဘုရားကျောင်းရှေ့မှာ တော်တော်များများကိုယ့် အစီ အစဉ်နဲ့ လာကြည့်ကြမယ်လို့ထင်တယ်”ဟု သူက ပြောပြသည်။

မနက် ၇ နာရီကတည်းက ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ကို ရောက်ရှိနေသည့်အတွက် ရှေ့ဆုံးနေရာရရှိနေသော်လည်း များပြားလွန်းသည့် လူအုပ်ကြောင့် မတ်တတ်ရပ်ရုံမှ လွဲ၍ လှုပ်ရှားမရဟု သူက ဆက် ပြောသည်။

“၀ီလျံက ဘုရင်ဖြစ်မယ့်သူဆိုတော့ အားလုံးက နဂိုကတည်းက စိတ်ဝင်စားနေတာ၊ သူ့ မင်္ဂလာပွဲဆိုတော့ ပိုစိတ်ဝင်စားကြ တာပေါ့။ ကျမ ဘေးနားက လူတွေဆိုရင် အိုင်ယာလန်ကနေ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ပွဲလာကြည့်ဖို့ ရောက် နေ တာ။ ကိုယ်တွေက နိုင်ငံခြားသား အနေနဲ့ စိတ်ဝင်စားပြီး ဗဟုသုတ ရအောင် လာကြည့်တာ”ဟု မဖြူက ဆိုသည်။

မင်္ဂလာပွဲ ကျင်းပမည့် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့တွင် နေရာကောင်းရရှိရန် ယမန်နေ့ကတည်းက ညအိပ်စောင့် ယာ ယီတဲများဖြင့် အုပ်စုလိုက် စောင့်အိပ်နေကြသည်ကို တွေ့ရသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign - UK )မှ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဇိုရာ ဖန်းက“လူအရမ်းများတော့ ကိုယ်တိုင်သွားမကြည့်ဖြစ်တော့ဘူး။ အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး တီဗီကနေ စောင့်ကြည့် မယ်။ လန်ဒန်မှာကတော့ ဟိုးရက်တွေကတည်းက လန်ဒန်တမြို့လုံးမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာတွေကို တွေ့နေရ တယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး မြန်မာ လူငယ်တွေလည်း တော်တော်စိတ်ဝင်စားနေကြတယ်”ဟု ပြောသည်။

“ကျမသူငယ်ချင်းတွေကတော့ ဒီမင်္ဂလာဆောင်ပွဲကို ကိုယ်တိုင်သွားကြည့်မယ်လို့ ပြောတယ်။သူတို့ကတော့ ပြီးခဲ့တဲ့ ဒိုင်ယာ နာမင်းသမီးနဲ့ ချား မင်းသား မင်္ဂလာပွဲကို ကြားပဲ ကြားခဲ့ဖူးတယ်။ ကိုယ်တိုင်မမြင်ဘူးတော့ လက်ရှိသူတို့လည်း ဒီမှာရောက် နေ တော့ မင်္ဂလာဆောင်ကို သွားကြည့်ပြီး ခံစားမယ်လို့ ပြောကြတယ်”ဟု သူကဆက်လက် ပြောဆိုသည်။

မြန်မာပြည်တွင်း၌လည်း တော်ဝင်မင်္ဂလာသတင်းနှင့် ပတ်သက်၍ ဂျာနယ်အများအပြားတွင် ဖော်ပြကြသကဲ့သို့ အဆိုပါ သတင်း အား ပြည်တွင်းစာဖတ်ပရိသတ်များလည်း စိတ်ဝင်စားနေသည်ဟု သိရသည်။

“တခြား နိုင်ငံရေးအရ အကြီးကျယ်ဆုံး လက်ထပ်ပွဲ ဖြစ်လာမှာမို့ စိတ်ဝင်စားတာထက် စာရင် မြန်မာမှာ အများစုက မင်းသမီး ဒိုင်ယာနာကို ပိုသိကြတာလေ။ သူ့သား ရဲ့ မင်္ဂလာဆောင်ပွဲဆိုတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်”ဟု ရန်ကုန်မြို့ရှိ ခရီးသွား ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ တဦးက ပြောပြသည်။

သူက ဆက်၍“ပြည်တွင်းမှာ တိုက်ရိုက် အင်တာနက်ကနေ လွှင့်တာကို ကြည့်ဖို့ လိုင်းက အရမ်းနှေးတယ်လေ။ စလောင်း လွှင့် တဲ့ ဆိုင်ကို သွားရမှာဆိုတော့ အရင်နေ့က ပြည်ပ သူငယ်ချင်း ဒေါင်းလော့လုပ်ပြီး ပို့ပေးတဲ့ သူတို့ ၂ ယောက် အကြောင်း ဖိုင် ကို ကြည့်နေတယ်”ဟု သူက ဆက်ပြောသည်။

ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်(Queen Elizabeth II)၏ မြေးအကြီးဆုံး ဖြစ်သကဲ့သို့ အိမ်ရှေ့ စံ မင်းသားကြီး ချားစ်နှင့် မင်းသမီး ဒိုင်ယာနာ တို့၏ သားနှစ်ယောက်အနက် အကြီးဆုံးသားဖြစ်သည့် ဒုတိယမြောက် တော်ဝင်မင်းသား ၀ီလျံ (၂၈ နှစ်)သည် တွဲဖက် လေယာဉ်မှူး (Co-Pilot) အဖြစ် တော်ဝင်လေတပ်၏ ရှာဖွေ ကယ်ဆယ်ရေး ရဟတ်ယာဉ် အုပ်စုတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ကိတ် မစ်ဒယ်လ်တန် (၂၈ နှစ်) သည် အွန်လိုင်းပေါ်မှာ ပါတီပွဲအတွက် ပြင်ဆင်သည့် ပစ္စည်းများ ရောင်းချသူ ဖခင် နှင့် လေ ယာဉ်မယ် မိခင်တို့မှ မွေးဖွားလာသည့် သာမန် မိသားစုဝင်တဦး ဖြစ်ပြီး မွေးချင်းညီအစ်မ သုံးယောက်ထဲတွင် သမီး အကြီးဆုံး ဖြစ်သည်။ ယခင်က ကိတ် သည် Jigsaw အဝတ်အစား ကုမ္ပဏီတွင် အဝယ်တော်လုပ်ပြီး ယခု ကျွမ်းကျင်သည့် ဓာတ်ပုံဆရာဖြစ် ရန် ကြိုးစားနေသူ ဖြစ်သည်။

မင်္ဂလာပွဲ ကျင်းပပြီးပါက မင်းသား ၀ီလျံသည် Cambridge မြို့စားနေရာကို ရရှိမည်ဖြစ်ပြီး ကိတ် မစ်ဒယ်လ်တန်သည် Camb ridge မြို့စားကတော် နေရာရရှိမည်ဖြစ်သည်ဟု ဂါးဒီယန်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

တော်ဝင်မင်းသားကို လက်ထပ်ပြီးပါက ကိတ်သည် မင်းသမီး နေရာရလာမည်ဟု ထင်ခဲ့ကြသော်လည်း ယခုလောလောဆယ် တွင် မြို့စားကတော် နေရာနှင့်သာ ကျေနပ်လိုက်ရမည်ဖြစ်ကြောင်း ယင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ မင်္ဂလာပွဲကို အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုလည်း ဖိတ်ကြားကြောင်း သိရသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign - UK )မှ Mark Farmaner က “တော်ဝင်မိသားစု မင်္ဂလာပွဲကို မြန်မာပြည်လို တိုင်းရင်းသား အမျိုးသမီးတွေကို အဓမ္မ ကျင့်တဲ့ ၊ အတိုက်အခံတွေကို ညှဉ်းပန်း နှိပ်စက်တဲ့ ဒီလို နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ အစိုးရ တရပ်ကို ဖိတ်တာ ရှက်စရာ ကောင်းတယ်”ဟု ပြောသည်။

Copy from - irrawaddy.org

Friday, April 29, 2011

၈၂-ကြိမ်မြောက် မေဒေးေ​န့ကို ဂျပန်နိုင်ငံ Yoy​ogi ပန်းခြံတွင် ကျင်းပပြု​လုပ်သော မှတ်တမ်း ဓါတ်ပုံ​များ။


 မှတ်တမ်းဓါတ်ပုံ​ ( ဦးသန်းဝင်း )

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

28 April 2011 ,

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာ အတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့် နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ် ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သော အဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲ မှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မြ၀တီမှာ ထိုင်းနဲ့ မြန်မာရဲတွေ အထူးစည်းဝေးပွဲ လုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံ အဖွဲ့တွေကို ထိုင်းဘက်က အရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံ အထောက်အထားတွေထဲမှာ မြန်မာ အတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက် အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိက ဆွေးနွေးသည့် အချက်တွင် မြ၀တီခရိုင်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲ တိုက်ခိုက် မှုများသည် ထိုင်းဘက်တွင် အခြေစိုက်သည့် မြန်မာအတိုက်အခံ အဖွဲ့များက ပြုလုပ် နေခြင်း ဖြစ်သည့်အတွက် ထိုင်းဘက်မှ အမြန်ဆုံး အရေးယူမှုများ ပြုလုပ်ပေးရန် ပါရှိသည်ဟု သိရသည်။

တိုနေတိုး လေဆင်နှာမောင်း - အမေရိကန်ပြည်နယ် ၆ ခုကို ဖျက်ဆီး

Photo by _ AP Associated Press




မနေ့က အမေရိကန်ပြည်ထောင်စု အဲလ်ဘာတာ ပြည်နယ် အပါအ၀င်ပြည်နယ် ၆ ခုမှာ တိုနေတိုး လေဆင်နှာမောင်း ကြီးတွေ ကျရောက်မှုကြောင့် လူ၂၀၀ ကျော်သေဆုံး ပြီ အိမ်ထောင်ပေါင်း များစွာ ပျက်ဆီး သွားပါတယ်။ လျပ်စစ်မီးများလဲ ပြတ်တောက် သွားပါတယ်။ လေဆင်နှာမောင်များ ကျရောက်ခဲ့တဲ့ ပြည်နယ်များ ကတော့ အဲလ်ဘာမား၊ မစ်စစ်စပီ၊ တင်နင်စီ၊ ဂျောဂျီယာ၊ ကင်တာကီနဲ့ ဗာဂျီးနီးယား ပြည်နယ်တို့ ဖြစ်တယ်။

Copy from - komoethee.blogspot.com

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-04-28

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိတ်ဆက်စကား ပေးပို့ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Feminist Majority Foundation က Miss Susie Gilligan က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိတ်ဆက်စကားကြောင့် ဆုပေးပွဲအခန်းထဲမှာ ရှိနေသူအားလုံးဟာ အထူးပဲ စိတ်အား တက်ကြွခဲ့ကြရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အယ်လီနာ ရုစဗဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း၊ ကျမတို့ အားလုံးဆောင်ရွက်နေကြတဲ့ အမျိုးသမီး အခွင့်အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အင်မတန် အရေးကြီးကြောင်း၊ တကမ္ဘာလုံး လိုက်ပါဆောင်ရွက်လာတဲ့အထိ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း တိုက်တွန်းအားပေး ပြောဆိုခဲ့တယ်လို့ Miss Galligan ပြောသွားတာပါ။

အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားတဲ့ ၃၂ ယောက်မြောက် အမေရိကန်သမတ ဖရန်ကလင် ဒီ ရုစဗဲ့ကတော် အယ်လီနာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာ အယ်လီနာရုစဗဲ့ဆုကို နှစ်စဉ်ချီးမြှင့်လာခဲ့တာ အခု ၇ ကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရှင်တွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့် ခံခဲ့ရသူတွေကတော့ ဟေတီနိုင်ငံက အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ယော်လတ်ယန်တီ (Yolette Jeanty) ၊ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေ အကြောင်း ပြောင်မြောက်စွာ ဖော်ထုတ် ရေးသားတင်ပြခဲ့သူ NPR သတင်းထောက် ရာနီးမွန်တိန်း (Ranee Montagne) နဲ့ အာဖဂန် အမျိုးသမီးများအတွက် အမျိုးသမီးများ အဖွဲ့တည်ထောင်သူ စူနီတာ ဗစ်စ်ဝါနက် (Sunita Viswanath) တို့ ဖြစ်ပါတယ်။

Copy from _ rfa.org/

Thursday, April 28, 2011

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

Indian-navy

4/27/2011

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။
ထွက်ခွာ သွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘော နှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေ စောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက် များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော နှစ်စီးမှာ အိန္ဒိယနိုင်ငံ Orisa ပြည်နယ်မှ ထွက်ခွာလာသော ကမ်းခြေစောင့် စစ်သင်္ဘောများ ဖြစ်ပြီး မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ပြီးနောက် အန်ဒမန် ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာပြီး ပုံမှန် ကင်းတာဝန်ကို ဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေး လေ့ကျင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာဘက်မှ ယခုအချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

သတင်းရင်းမြစ် _ narinjara.com

အစိုးရတပ်က နေရာရွှေ့ခိုင်းခြင်းကို ကချင်တပ်ဖွဲ့များ လက်မခံ

2011-04-27

ရှမ်းပြည်မြောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း ဖောက်လုပ်မဲ့ နေရာမှာ တပ်စွဲထားတဲ့ ကချင်တပ်မတော် KIA တပ်မဟာ(၄) လက်အောက်ခံ တပ်များကို အစိုးရတပ်တွေက ဧပြီလ ၂၅ ရက်နေ့က တပ်စွဲထားတဲ့ နေရာတွေက ပြောင်းရွှေ့ခိုင်းတာမှာ တပ်မဟာ ၄ က ငြင်းဆိုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုလို KIA တပ်တွေကို ရွှေ့ခိုင်းတာဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ကို ဖောက်လုပ်မဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမဲ့ နေရာကို အစိုးရတပ်တွေက ရှင်းလင်းရေး အစီအစဉ်အရ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အစိုးရဖက်က ပြောဆိုလာတာနဲ့ ပတ်သက်ပြီး KIA တပ်မဟာ ၄ ဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ရော်က အစိုးရဖက်က တရားဝင် ပြောဆိုလာတာ ခုတကြိမ်ဟာ ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီ တပ်ခွဲကို လာရွှေ့ခိုင်းတယ်ဆိုတာ မနေ့တနေ့ကပဲ ကျွန်တော့ကို တင်ပြလာတယ်။ အဲဒါကျတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ အဲဒါ အရင်က ရှိပြီးသား တပ်စခန်းတွေ ဘာတွေ ရွှေ့ဖို့ အစီအစဉ်တော့ မရှိဘူး။ သူတို့ ဒီ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ဆိုပြီးမှ အဲဒါ အစီအစဉ် ရှိကြတယ်ထင်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် ပြောဆိုလာတာကတော့ ဒီတကြိမ်ပေါ့နော်၊ တပ်စခန်းကို အဲလို ရွှေ့ခိုင်းတယ်ဆိုတာကတော့ တပ်မှူးတွေက ကျွန်တော့ဆီ တင်ပြလာတာပေါ့။”

အလားတူ ဧပြီလ ၂၀ ပတ်ဝန်းကျင်ကလည်း တပ်မဟာ ၄ဒေသ လွိုင်ကန်ဖက်ကို အစိုးရတပ်များ SSA-မြောက်ပိုင်းတပ်များကို တိုက်ခိုက်ရင်း နယ်ကျွံလာတာ ရှိသလို တပ်မဟာလေးရဲ့ တခြားနယ်မြေ တွေမှာလည်း တပ်တွေ တိုးချဲ့လာတာ ရှိတယ်လို့ သိရပါတယ်။ တပ်မဟာ ၄ နယ်မြေမှာ အစိုးရဖက်က တိုးချဲ့လာတဲ့ တပ်တွေဟာ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ တပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။


Copy from - rfa.org/

Wednesday, April 27, 2011

အပစ်ရပ်ဆွေးနွေးပွဲ မျှော်လင့်စရာရှိ

တနေ့က ဘန်ကောက်၊ ဆနမ်ပေါက်မှာရှိတဲ့ တပ်မ ၀င်းထဲမှာ အမှတ် ၂ သံချပ်ကာ တပ်မက စစ်သားတွေ တိုက်ခိုက်ဖို့ အရန်အသင့်ဖြစ်နေတာကို ပြသနေပုံ
 
April 27, 2011

တရုတ်၊ ဗီယက်နမ်နိုင်ငံတို့က  ကမ္ဗောဒီးယားကို ဖိအားပေးတောင်းဆို အနည်းဆုံး စစ်သား ၁၃ ယောက် သေဆုံးတဲ့ ၅ရက် ကြာပစ်ခတ်မှုတွေအပြီး ထိုင်းနဲ့ ကမ္ဗောဒီးယား နိုင်ငံဟာ မကြာမီ အပစ်ရပ် ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ပါတယ်။

“ကျနော်တို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖရာဝစ်ဝေါင်ဆုဝမ် ဟာ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီးနဲ့ မကြာမီ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး ပြန်ရဖို့ ကောင်းတဲ့ လက္ခဏာပါ” လို့ ၀န်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝ က ပြောပါတယ်။ တနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောတာကတော့ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေးဆွေးနွေးဖို့ ဖနွမ်းပင်မှာ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီးနဲ့ ထိုင်းကာကွယ်ရေး ၀န် ကြီးတို့ သဘောတူထားတယ်။ လို့ဆိုပါတယ်။ မနက်ဖန်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ကဆစ်ဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး ဒီကိစ္စကို တင်ပြမှာဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု အပါအ ၀င် အဆင့် အသီးသီးမှာရှိတဲ့ ကမ္ဗောဒီးယားနဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ ကဆစ်ပီရွမ်ရဲ့အဆိုပြုချက်ကို ကက် ဘိနက်က တနေ့က သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ သံတမန် ဆက်ဆံရေး လျှော့ချဖို့ကိုတော့ မဆွေးနွေးပါဘူး။

တရုတ်၊ လစ်ဗျား နဲ့ မြန်မာ့အရေး

လစ်ဗျားပြည်သူ ပြည်သားတွေကို ဂဒါဖီ () တပ်တွေရဲ့  ဘေးရန်က ကာကွယ်ဖို့အတွက် စစ်အင်အား အသုံးပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကေင်စီက မတ်လက ဆုံးဖြတ်တဲ့အခါ ကန့်ကွက်သူ မရှိလို့ မဲခွဲစရာတောင် မလိုတာ တွေ့ရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျာမဏီ နဲ့ ဘရာဇီး တို့က မဲမပေးဘဲ ရှောင်နေလို့ လစ်ဗျားအစိုးရကို မြန်မြန်ဆန်ဆန် အရေးယူနိုင်တာ ဖြစ်ပါတယ်။ အရပ်သားတွေကို မင်းဆိုမင်းညစ်ရန်က ကာကွယ်ဖို့ တာဝန် ရှိတယ်ဆိုတဲ့ မူဝါဒ Responsibility to Protect ကို ကျင့်သုံးတဲ့ လုပ်ရပ်အဖြစ် ထောက်ခံကြပါတယ်။


တိုင်းသူပြည်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ မျိုးပြုတ်အောင် တိုက်ခိုက်မှု၊ လူသားအားလုံး အပေါ် ရာဇဝတ်မှု ကျူးလွန်မှုစတဲ့ အမှုတွေမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။ လုံခြုံရေး ကောင်စီက စုပေါင်းအရေးယူရမည်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းဆိုးမင်းညစ်တိုင်းကို အရေးယူမှာတော့ မဟုတ်ပါဘူး။ တိုင်းသူပြည်သားကို ရန်ငြိုးထားပြီး မျိုးပြုတ်အောင် သတ်ဖြတ်နေတဲ့ မင်းဆိုမင်းညစ်လို့ လုံခြုံရေးကောင်စီက သတ်မှတ်မှသာ အရေးယူနိုင်ပါလိမ့်မယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့ကိစ္စမှာ ဒီလို ဆုံးဖြတ်ချက်မျိုး မချမှတ်ဘဲ ဖြစ်နေပါတယ်။

ဗမာအစိုးရကို ၂၀၀၇ ခုနှစ်မှာ ဒဧ်ခတ်အရေးယူဖို့ နဲ့ ဇင်ဘာဘွေအစိုးရကို ၂၀၀၈ ခုနှစ်မှာ ဒဏ်ခတ် အရေးယူ ဖို့ လုံခြုံရေးကောင်စီက ကြိုးပမ်းတုန်းက တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဗမာနဲ့ ဇင်ဘာဘွေကို ဒဏ်ခတ်တာကို အာဆီယံနဲ့ အာဖရိကယူနီယံတို့လို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက မထောက်ခံခဲ့ပါဘူး။ လစ်ဗျားကိစ္စမှာတော့ အာဖရိကနဲ့ အာရပ်အဖွဲ့အစည်းတွေကပါ ထောက်ခံတာမို့ ဗီတို အာဏာသုံးရင် တရုတ်ဟာ အထီးကျန်ဖြစ်သွားနိုင်ပါတယ်။ လစ်ဗျားကို ထောက်ခံဖို့ အကြောင်းမရှိတာကို တရုတ်အမျိုးသမီးသုတေသီ ယွန်ဆွန်းက ထောက်ပြထားပါတယ်။ ၂၀၀၆ မှာ ထိုင်ဝမ်သမ္မတကို လစ်ဗျားက ဖိတ်ကြားတဲ့ကိစ္စနဲ့ ဘေဂျင်းမှာ ကျင်းပတဲ့ အာဖရိကထိပ်သီးညီလာခံကို ကဒါဖီ မတက်တာဟာ တရုတ်ကို စိတ်ခုသွားစေတယ်လို့ ဆိုပါတယ်။ ပိုဆိုးသွားတာကတော့ ၂၀၀၉ တရုတ်-အာဖရိက ဆွေးနွေးပွဲမှာ အာဖရိကမှာ တရုတ်ခေါင်းပုံဖြတ်ပုံတွေကို လစ်ဗျားကိုယ်စားလှယ်က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်

ကွာလာလမ်ပူ ရဲဋ္ဌာနချူပ်ရုံး (photo – mycen)

ဧပြီ ၂၇ ရက်၊ ၂၀၁၁ ခုနှစ်။
မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကွာလာလမ်ပူ အထူးရဲတပ်ဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးမှုကို IPK ရဲဋ္ဌာနချူပ်ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တင်ပြချက် ဖြစ်တဲ့ Community Card ကိုင်ဆောင်သူတွေနဲ့ ပတ်သက်ပြီးတော့ ကွာလာလမ်ပူ ရဲချူပ်က ခုလို ပြောကြားခဲ့ပါတယ်။ “Community Card ကိုင်ဆောင်
သူတွေက ယူအန်ကဒ် ကိုင်ဆောင်သူတွေထက် ပိုများနေတာ ကြောင့် ကိုင်တွယ်ရတာ ခက်ခဲနေပါတယ်။ ဒါပေမယ့် သူတို့ အတွက်လည်း အဆင်ပြေမယ့် အစီစဉ် တစ်ခုခုကို လုပ်ပေးသွားမှာပါ။ ယူအန် ကဒ် ကိုင်ဆောင် သူတွေကိုလည်း ဖမ်းဆီး မိပေမယ့် UNHCR ရဲ့ စစ်ဆေး အတည်ပြုချက်နဲ့ ချက်ချင်းကို လွှတ်ပေး လိုက်တာပါပဲ။ Community တွေ အနေနဲ့လည်း သက်ဆိုင်ရာ member တွေကို မလေးရှားနိုင်ငံရဲ့ ဥပဒေ အတိုင်း စည်းကမ်းရှိရှိ နေထိုင် သွားလာဖို့နဲ့ ညအချိန်မတော် သောက်စား မူးယစ်ပြီး သောင်းကျန်းမှုတွေ မပြုလုပ်ကြဖို့နဲ့ ယူအန်ရုံးအပါအဝင် သံရုံးရှေ့တွေမှာ ဆန္ဒပြတောင်းဆိုမှု တွေ မလုပ်ကြဖို့ အကြံပြု ပါတယ်”

အခုလိုမျိုး တွေ့ဆုံမှုမှာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ လုံခြုံမှုကို အဓိကထားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီးမှာ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင်တွေနဲ့ မလေးရှား အထူး ရဲအရာရှိကြီးတွေဟာ အတူတကွ ညနေစာ စားသောက်ခဲ့ပြီးနောက် အမှတ်တရ လက်ဆောင် ပစ္စည်းတွေကိုလည်း ပေးအပ် ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
Copy from _aarnewsid.wordpress.com

မြန်မာစစ်တပ်၏ ဖမ်းဆီးစစ်ဆေးရိုက်နှက်မှုကြောင့် ရွာသားများသေဆုံး

ဧပြီလ 25 ရက် 2011 ခုနှစ်။

သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း .စစ်မြေပြင်မှ ဒေသခံရွာသားများ မြန်မာစစ်တပ်၏ ရိုက်နှက်စစ်ဆေးမှုဒဏ်ကြောင့် သေဆုံးကြကြောင်း သျှမ်းပြည် အလယ် ပိုင်းသတင်းရပ်ကွက်ကဆိုပါ သည်။

သျှမ်းပည်တပ်မတော် SSPP/SSA ၏ သျှမ်းဘာသာထုတ်ပြန်ကြေငြာချက်

ဧပြီလ ၁၃ ရက်၌ တိုက်ပွဲကာလတလပြည့်ပြီဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရစစ် တပ် ကြား တိုက်ပွဲ မပြီးဆုံးသေးဘဲ ယနေ့တိုင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွါး နေသေးကြောင်း တန့်ယန်း ဒေသခံတဦး က သျှမ်း သံတော်ဆင့် သို့ပြောပြသည်။

“၂၁ ရက်တုန်းက တန့်ယန်းမြို့အရှေ့တောင်ဖက် မိုင် ၃၀ ခန့်အကွာ တောင်ပေါ်ပလောင်ရွာမှာ တရက်ထဲ တိုက်ပွဲ ၃ နေရာဖြစ်တာ။ အစိုးရတပ်ဖက်က စစ်သား ၄ ယောက်သေတယ်။ ၈ ယောက်ဒဏ်ရာရတယ်” ဟု မိုင်းအောတ် ဒေသ ခံနှင့်အမျိုး တော်စပ်သည့် တန့်ယန်းသားတဦးကပြောသည်။

ထိုတိုက်ပွဲမှ ဗမာတပ်၏ ကျည် ၂၅ ဒေါင့်ပါ ကျည်ကပ်တခုနှင့် အသုံးအဆောင်ပစ္စည်းများ စားနပ်ရိပ်ခါများ ဖြစ်သည့် ဆန်ဆီဆားကုလားဘဲများ သျှမ်းတပ်မတော်ဖက်က သိမ်းဆည်းရမိကြောင်းသိရသည်။

“အစိုးရတပ်ကတန့်ယန်းက ခမရ ၅၁၃ လေ။ ကျနော်တို့ လှုပ်ရှားတဲ့နေရာကို ဗမာတပ်ကတက်တိုက်တာ ဆိုတော့ SSPP/SSA တပ်မဟာ ၃၆ က ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုင်းဆိုင် ဦးဆောင်တဲ့အဖွဲ့သူတို့ကိုပြန်လိုက်တိုက် တယ်။ မိုင်း အောတ်မြောက်ဖက်အထိ ရောက်သွားပြီး အဲ့မှာတိုက်ပွဲထပ်ဖြစ်တာ” ဟု သျှမ်းပြည်တပ်မတော် SSPP/SSA မှ အရာ ရှိတဦးကလည်း ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွါးသည့်ကာလ ရွာသားများအား မြန်မာစစ်တပ်က ဖမ်းဆီးကာ သျှမ်းသူပုန်များအကြောင်း စစ် ဆေးမေးမြန်းရိုက်နှက်သဖြင့် အသက်သေဆုံးကြရသည်အထိ ဖြစ်ကြကြောင်း မိုင်းရှူး ရောက်မိုင်းအောတ် ဒေသခံ များ ကလည်းပြောပြသည်။

Tuesday, April 26, 2011

လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ရန် ဆန္ဒပြ


၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက်။

နအဖ စစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှ မြန်မာနိုင်ငံတွင် အစိုးရ ပြောင်းလဲ သွားပြီဖြစ်၍ ဂျပန် စီးပွါးရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ ၀င်ရောက် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင် ဟောပြောပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။

ဟောပြောပွဲကို တိုကျို ကုန်သည်ကြီးများအသင်း အဆောက်အဦး-၇ ထပ်-အပြည်ပြည်ဆိုင်ရာကွန်ဖရင်၌ ယနေ့ နံနက် ၁၀း၀၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ပ ကုန်သွယ်ရေးအဖွဲ့မှ စီမံကိန်းဌာနခွဲ-မစ္စတာ ကိုဇိမ အဲတာရော နဲ့ မြန်မာသံအမတ်ကြီး ဦးမောင်တင် တို့မှဟောပြော သွားတယ်လို့ သိရပါသည်။ “ လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ပါနဲ့ ” ဂျပန်သာဘာဖြစ် ဟောပြောသည့် ခမ်းမရှေ့၌ ဆန္ဒပြ ကြွေးကျော်ခဲ့ကြပါသည်။
လက်ရှိ နအဖ အစိုးရအသစ်ဟာ စစ်ယူနီဖေါင်းလဲ ဟန်ပြ အရောင်ဆောင်ထားသော အစိုးရသာဖြစ်ပြီး မပြောင်းလဲ သေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအား ယနေ့ထိတိုင် အကျဉ်းထောင်များတွင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူအခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ရှိနေဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသတွေမှာလဲ ထိုးစစ်ဆင် တိုက်ခိုက်နေမှုဟာ ယနေ့ချိန်ထိ ပြုလုပ်နေဆဲ ဖြစ်ကြောင်းကို အင်္ဂလိပ် ဂျပန် နှစ်ဘာသာဖြစ် ဖြန့်ဝေခဲ့ပါတယ်။ မြန်မာပြည်ရဲ လက်ရှိပကတိ အနေအထားကို သိရှိစေရန်အတွက် ပြည်တွင်း NLD မှ ပညာရှင်များ သုံးသပ်ထားသည့် စီးပွါးရေး စစ်တမ်းကို ဆန္ဒပြပွဲတွင် ဖြန့်ဝေခဲ့ပါသည်။

MAi Kyaw Oo
Photo ( Aung Htoo Thein )

ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံစေချင်သူ

  
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။        ။ လူငယ်များအနေဖြင့် “ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ’’ ဆောင်ပုဒ်နှင့်အညီ လူမှုရေးလုပ်ငန်းများ၌ ပါဝင် လုပ်ကိုင် စေလိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက တိုက်တွန်းလိုက်သည်။

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အသင်းရုံးစိုက်ရာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်၊ စနေနေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ လူမှုကူညီရေး လုပ်ငန်းများအတွက် သူက အမေရိကန်ဒေါ်လာ တသောင်း ငါးထောင် လှူဒါန်းခဲ့သေးသည်။

Monday, April 25, 2011

မီးရှို့သတ်သေတဲ့ တိဘက်ရဟန်းငယ်ကို အာရပ် စတိုင် မတည်ငြိမ်မှု လုပ်သည်ဟု တရုတ်စွပ်စွဲ


စီချွမ်ပြည်နယ်မှ ခီရာတီ ခေါ် သမိုင်းဝင် တိဘက် ဘုန်းကြီးကျောင်းဝင်းတွင် ဧပြီ ၂၁ ရက်နေ့က တရုတ် ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် အသက် ၆၀ ကျော် တိဘက် နှစ်ဦး သေဆုံးခဲ့သည်။

၎င်းတို့နှစ်ဦးမှာ တိဘက် ဘုန်းကြီးများကို အကာအကွယ်ပေးရင်း အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ခရာတီ ကျောင်းမှ တိဘက် ဘုန်းကြီး ၂၅၀၀ နီးပါးက တိဘက် ဘာသာစကားဖြင့် ‘တရားဝင်ပညာ သင်ကြားခွင့်’ ကို တောင်းဆိုခဲ့ပြီး၊ အပါး ၃၀၀ ကျော် အဖမ်းခံခဲ့ရသည်။ ရဲနှင့် ထိပ်တိုက်ရင်ဆိုင်မှုများမှာ မတ်လ ၁၆ ရက်နေ့ အသက် ၁၆ နှစ်ကျော် ရဟန်းငယ် တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေခြင်းမှ စတင် ဖြစ်နေခဲ့သည်။ Ringzin Phuntsong အမည်ရှိ ကိုယ်တော်လေးက တိဘက်မြို့တော် လာဆာမှာ ဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး သွေးထွက်သံယိုမှု သုံးနှစ်မြောက် အထိမ်းအမှတ်အဖြစ် မိမိကိုယ်ကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် စီချွမ်ပြည်နယ်အပါအ၀င် တိဘက် လူမျိုးစုများ ရှိတဲ့ ပြည်နယ်များတွင် ‘တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ’ တောင်းဆို ခဲ့ခြင်း ကြောင့် တရုတ် အစိုးရမှ ရက်ရက်စက်စက် ဖြိုခွင်း သတ်ဖြတ်ခဲ့သည်။ နိုင်ငံရေးမှ အနားယူသွားပြီ ဖြစ်တဲ့ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားက ရဟန်းငယ်လေးမှာ  စွဲလောင်နေတဲ့ မီးတောက်များကို ရဲများက ငြိမ်းဖို့ မကြိုးစားဘဲ မသေသေအောင် လုပ်ခဲ့ကြသည်ဟု စွပ်စွဲသည်။ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရဲများက မီးတောက်များကို မီးသတ်ဘူးများနဲ့ ၀ိုင်းငြိမ်းပေမဲ့ မနိုင်ကြောင်း၊ မိမိကိုယ်ကို သတ်သေသူမှာ ရာဇ၀တ်ပြစ်မှုကို စနစ်တကျ စီစဉ် သူဖြစ်ပြီး၊ မတည်မငြိမ်မှုများ ဖြစ်လာအောင် လုပ်ဆောင် ကြောင်း ပြောဆိုခဲ့သည်။

ဂျပန်ရောက် တိုင်းရင်းသားများမှ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနား



၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်။

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဂျပန်ရောက် တိုင်းရင်းသား အင်အားစုများတို့သည် နအဖ စစ်အုပ်စုမှ ရေးဆွဲခဲ့သည့် ROAD MAP ၇ ချက် အဆင်ဆင့်ကို ကန့်ကွက်ခဲ့ပြီး ဖြစ်သလို ROAD MAP ၇ ချက် အရ ပေါ်ပေါက်လာသော လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ကြောင်းကို AUN-Japan အဖွဲ့ဝင် အဖွဲ့အစည်း အသီသီးမှ ကိုယ်စားလှယ်များတို့ တက်ရောက် ရှုတ်ချ ကန့်ကွက် ခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ခြင်း လွတ်ပေးရန်၊တိုင်းရင်းသား ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်ဆိုင်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးအား အမြန်ဆုံးဖေါ်ဆောင်ပေးရန်။ အမျိုးသား ပြန်လည် သင်မြတ်ရေးအတွက် တိုင်းရင်းသား အားလုံး ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးသွားနိုင်မည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အမြေန်ဆုံး ခေါ်ယူကျင်းပဖို့ ဂျပန်ရောက် တိုင်းရင်းသား အင်အားစု များတို့မှ တိုက်တွန်း တောင်းဆို သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် Miyagi Kan ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားသွားသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်။


၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားအလှူမှာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ယခုသွားရောက်မည့် ခရီးစဉ်ကို ဧပြီလ ၃၀ ရက်နေ့ည တွင် စတင်ထွက်ခွာပြီး Miyagi Kan, Ishinomaki Volunteer Center သို့ တရက်သာ သွားရောက် လုပ်အားပေးမည်ဖြစ်ပါသည်။

ဤခရီးစဉ်သည် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ် သန့်ရှင်းသော စေတနာ သက်သက် ခရီးစဉ် တခုဖြစ်ပါသည်။ သွားရောက်မည့် ခရီးစဉ်တွင် အစီအစဉ် (၁) မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများမှ စုပေါင်း လှူဒါန်းထားသော ငွေများကို ပေးအပ်ခြင်း၊ (၂) ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများ လူဦးရေ ၃၀၀ ကို နေ့လည်စာ ထမင်းတနပ် ချက်ပြုတ် ကျွေးမွေးခြင်းနှင့် (၃) လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်ခြင်းအစီအစဉ် ၃ ခု ပါဝင်ပါသည်။

ယနေ့ သွားရောက် လုပ်အားပေး နိုင်ရန်အတွက် မှတ်ပုံတင် စာရင်းသွင်းလုပ်ငန်းများ Takadanobaba အရပ်ရှိ SHiokatsu Center 5f, မှာ လက်ခံဆောင်ရွက်ပြီး လာရောက် စာရင်းပေသွင်းသူ စုစုပေါင်း(၉၀)ဦး ရှိကြောင်း သိရှိရပါသည်။ ၁၆ ဦးမှာ ချက်ပြုတ် ကျွေးမွေးရေးတွင် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန် ၇၄ ဦးမှာ လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ချက်ပြုတ် ကျွေးမွေးရန် ပစ္စည်းတင်ကား အပါအ၀င် ကား (၅)စီး စီစဉ်ထားပြီး တိုကျိုသို့ မေလ ၂ ရက်၊ တနင်္လာနေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ကြောင်းသိရပါသည်။

တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လက်ပါခြင်း မရှိသော်လည်းပဲ မိမိတတ်နိုင်သည့်ဘက်က အလှူငွေ ထည့်ဝင်ခြင်း၊ အစားအသောက် ပစ္စည်းများ ပေးပို့လှူဒန်းခြင်းများ ပြုလုပ်ကြပြီး နောက်ထပ်တကြိမ် လုပ်အားပေး ခရီးစဉ်အား စီစဉ် ဆောင်ရွက်ပေးပါရန် စသည့် တိုက်တွန်းသူများလဲ များစွာတွေ့ရကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ်သန့်ရှင်းသော စေတနာ နှင့် ဒုက္ခရောက်နေသူကို ကူညီတတ်သည့် မြန်မာများတို့၏ စိတ်ဓါတ်ကို အခုလို မြင်တွေ့လိုက်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း တင်ပြအပ်ပါသည်။

သတင်းမှတ်တမ်း။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Sunday, April 24, 2011

ဂျပန်ငလျင်နဲ့ဆူနာမီအတွက်လုပ်အားပေးလိုက်မည့်သူများသိစေရန်

 Volunteer Trip Principle

ဂျပန်နိုင်ငံတွင် ကြုံတွေ့နေခဲ့ရသည့် သဘာဝဘေးအန္တရာယ်ကြီးနှင့် နျူကလီယားပျံနှံ့မှု ဘေးအန္တရယ် ပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

၂၀၁၁ ဧပြီလ ၂၄ ရက်။

ဂျပန်နိုင်ငံတွင် ကြုံတွေ့နေခဲ့ရသည့် သဘာဝဘေး အန္တရာယ်ကြီးနှင့်တကွ နျူကလီယားပျံနှံ့မှုဘေး အန္တရယ်တို့နှင့် ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ပညာပေးဟောပြောပွဲ အခမ်းအနားကို IKEBURO KENKO PLAZA 7ထပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက် နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ယနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို နံနက်၉နာရီတွင် အခမ်းအနားမှူး ဦးသောင်းမြင့်ဦးမှ အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေး
ခဲ့ပါသည်။ ဖိတ်ကြားထားသော ဂျပန်နိုင်ငံသား ဆရာဝန် Mr.YAMAMURA က ငလျင်နှင့် ဆူနာမီဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော နူကလီးယား ရေဒီယိုသတ္တိကြွ ပျံနှံ့မှုကြောင့်  ဖြစ်ပေါ်လာမည့် ရောဂါများ (အဆုတ်ကင်ဆာ၊ လည်ပင်ကြီးရောဂါ၊ သွေးကင်ဆာ)ရောဂါများ ဖြစ်ပွား လာနိုင်ကြောင်းနှင့်  ဘယ်ဘက်လက် နာကျင် ကိုက်ခဲတာမျိုး ဖြစ်နိုင်ကြောင်း ဟောပြောခဲ့ပါတယ်။ ဆက်လက်၍ သိသင့်သိထိုက် သည်များ ဆောင်ရန်၊ရှောင်ရန် မှတ်သားဖွယ်ရာများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသားများအတွက် ၀မ်းနည်းကြေကွဲခြင်း  message ကို ၂၃-၄-၂၀၁၁ရက် နေ့ထုတ် MAINICHI သတင်းစာတွင် ဖော်ပြပါရှိရာ ဖတ်ရှု့ခဲ့ရသဖြင့်Mr.YAMAMURA က အထူးပင် ကြည်နူးမိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာကြသူများမှလည်း မိမိတို့ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

ထို့အပြင် ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ တာဝန်ရှိ သူများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလွှာ လက်မှတ်ထိုးခြင်း လှုပ်ရှားမှု(Sign Campaign)ကို လုပ်ဆောင်ခဲ့ပါသည်။ အခမ်အနားကို
နေ့လည် ၁၂နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

သတင်းရင်းမြစ် - nldlajb.blogspot.com

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ


ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ ၂၂ ရက်နေ့  ညနေ ၃ နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။

နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ် မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက်ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း  သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန်ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေဆုံးခဲ့တယ် လို့လည်း ကြားသိရပါတယ်။ မြိုင်ကြီးငူမှာ ဖြစ်တဲ့ အခြေအနေကို ရွှေကုက္ကို နယ်ခြားစောင့် တပ်စခန်းမှ အမည်မဖေါ်လိုတဲ့ (ယခင် ဒီကေဘီအေ ၉၉၉) တပ်မှူးတဦး ပြောပြတာက ….
“ဟုတ်တယ် မနေ့က ညနေဘက် မြိုင်ကြီးငူမှာဖြစ်တာ သုံးယောက် ကျတယ်ကြားတယ် ဘယ်ဘက်ကမှန်း မသိဘူး ကျနော်တို့ ကြားတာကတော့ အကုန် မီးရှို့သွားတယ်လို့တော့ ကြားတာပဲ။ လက်နက်တိုက်လဲ ပါသွားတယ်။ မြိုင်ကြီးငူ စခန်းက ကမမောင်းမြို့နဲ့ သံလွင်မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ မြိုင်ကြီးငူက အရှေ့ဘက် ကမ်းမှာ။ ကျနော်တို့ သိသလောက်တော့ နယ်ခြားစောင့် စလုပ်ကတည်းက  အချင်းချင်းကြားမှာ မကျေနပ် တာတွေ ရှိနေကြတာ အဲဒါတွေ ကြောင့်လို့တော့ ကြားတာပဲ” လို့  ပြောပြသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေအဖွဲ့ တည်ထောင်ပြီး နအဖ နှင့် အပစ်ရပ်ခဲ့စဉ် ကာလများက ဌာနချုပ် လုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ မြိုင်ကြီးငူ ဆရာတော်ဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကေအန်ယူနဲ့ ဒီကေဘီအေ အပစ်ရပ်ဖို့အတွက် ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ နအဖက ဖိအားပေးလာတဲ့ ဒီကေဘီအေကို နယ် ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကိစ္စမှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၀ သြဂုတ်လ ၁၉ ရက်နေ့ မတိုင်မီအထိ ဆရာတော်ဟာ ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်ခံခြင်းမရှိ ဘူးလို့ သိရှိခဲ့ရပါတယ်။

မနေ့က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ဆရာတော်ဟာ မြိုင်ကြီးငူဒေသမှာ သီတင်းသုံးနေခြင်း မရှိဘဲ။ ထိုင်းနိုင်ငံမှာ ကျန်မာရေးအရ ဆေးကုသမှုကို ခံယူပြီး ခေတ္တသီတင်းသုံးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်- နေ့သစ်

ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆူနာမီငလျင်ဘေး ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း အခမ်းအနားနှင့် နှစ်သစ်ဦးအလှူပွဲ အခမ်းအနား


ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာဂအီတဘရှိအရပ်တွင် တည်ရှိသော ထေရ၀ါဒ ပရိယတ္တိကျောင်းတော်ကြီး၏ မြန်မာနှစ်သစ်ဦး အလှူပွဲနှင့် ငလျင်၊ ဆူနာမ်ီဘေးဒဏ်ခံ ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း၊ အမျှပေးဝေခြင်း အခမ်းအနားကို မြန်မာနှစ်ဆန်း တစ်ရက်နေ့ (၁၇၊ ၄၊ ၂၀၁၁) ရက်၊ တနင်္ဂနွေနေ့က စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မနက်ပိုင်းတွင် ကျောင်းတော်ကြီး၏ တာဝန်ခံကျောင်းထိုင်ဆရာတော်ဘုရားအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို နေ့လည်စား ထမင်းဟင်းများဖြင့် တည်ခင်း ကျွေးမွေးဧည့်ခံပါသည်။ထို့နောက် မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားအစီအစဉ်ကို စတင်ပါသည်။

အစီအစဉ် (၁) အရ “နမောတဿ” သုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနား စတင်ဖွင့်လှစ်ပြီး အစီအစဉ် (၂) အရ သြကာသ ကန်တော့ကျိုးဖြင့် ဘုရားကန်တော့၍ ဆရာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပါသည်။ အစီအစဉ် (၃) အရ ဆရာတော်များ ရွတ်ဖတ် သရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များကို ရိုသေစွာနာယူကြည်ညိုကြပါသည်။

အစီအစဉ် (၄) အရ ဆူနာမီ ဒုက္ခသည်များအတွက် ကောက်ခံရရှိထားသော အလှုငွေများကို ကြွရောက်လာသော ဧည့်ပရိတ်သတ်များ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် မည်ကဲ့သို့ လှူဒါန်း သွားမည်ကို ရှင်းလင်း တင်ပြပါသည်။

အစီအစဉ် (၅) အရ ကျောင်းထိုင်ဆရာတော်ဘုရားထံမှ အနုမောဒနာတရား စုပေါင်းနာယူကြပါသည်။ အစီအစဉ် (၆) အရ အားလုံးသောသတ္တဝါများအတွက် ဆုတောင်း မေတ္တာပို့သကြပြီး အစီအစဉ် (၇) အရ ဆူနာမီဘေးဒဏ် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးရှာသော ပုဂ္ဂိုလ်အပေါင်းကို ရည်စူး၍ အမျှအတမ်း ပေးဝေကြပါသည်။

အခမ်းအနား အစီအစဉ် (၈) အရ “ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။
 
Copy from - demowaiyen.blogspot.com

တိုကျိုတွင် ကျင်ပပြုလုပ်သည့် ဂီရိမုန်တိုင်းသင့်သူနှင့် ဆင်ရဲ့သား ကျောင်းသားများအတွက် ကူညီထောက်ပံ့ရန် ရံပုံငွေ ဖျော်ဖြေတင်ဆက်ပွဲ



၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံတွင် တနာရီမိုင် ၁၂၀ ၀န်းကျင်နဲ့ တိုက်ခတ် သွားခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးဟာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ် ကမ်ရိုးတန်းဒေသကို ဖြတ်ကာ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် ဂီရိမုန်တိုင်း သင့်သူနှင့် ဆင်ရဲ့သား ကျောင်းသား များအတွက် ပညာရေး ကူညီထောက်ပံ့ရန် ရည်ရွယ်ပြီး ရံပုံငွေ ဖျော်ဖြေ တင်ဆက်ပွဲကို မတ်လ(၁၃)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံမှ ရုပ်ရှင်မင်းသား နေတိုးနှင့် အဆိုများဖြစ်သည့် ဟန်ထွန်း၊ ချောစုခင်၊ ရတနာမိုင်၊ ၀င်ကိုခိုင်၊ မိုင်၊ ကီးဘုတ်ပညာရှင် ဥက္ကာဦးသာ တို့ တင်ဆက်ကပြ ဖျော်ဖြေပြီး ဂျပန်နိုင်ငံ တိုကျို အီကဲဘူခူရိုမြို့ Toshina KOKAIDO Hall, မှာ ဖျော်ဖြေရေး အခမ်းအနားကို ရခိုင်လူမူရေးအသင်း(ဂျပန်)မှ ဦးစီးကျင်းပပြလုပ်ခဲ့ကြပါသည်။

လူဦးရေ ၂ သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ်ခဲ့တာ အခုဆိုရင် ၆ လ ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ သို့ပါသော်လည်း ယနေ့ချိန်အထိ ဒုက္ခသည် အများစုဟာ အမိုးအကာ မလုံလောက်မှု၊ စားဝတ်နေရေး ခက်ခဲမှု၊ အလုပ်အကိုင်မရှိမှု စတဲ့ ပြဿ နာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ပြည်တွင်းမှလာသည့် သတင်းအရ သိရပါသည်။

ဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် ဂျပန်နိုင်ငံတွင် ငလျင်ကြီးနဲ့ ဆူနာမိလှိုင်းကြီး တိုက်ခတ်သွားခဲ့ပြီးစ အချိန်နှင့် တိုက်ဆိုင် နေသည့် အတွက်ကြောင့် သတင်းတင်ပြမှု နောက်ကျရခြင်းကို နားလည်ပေးဖို့ တောင်းပန် အပ်ပါသည်။

Mai Kyaw Oo
Photo by/ Lian Khan Sum

ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ

၂၀၁၁ ဧပြီလ ၂၂ရက်။

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ၀ါ့မူ့ကျေးရွာအုပ်စုမှ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲဖြေပြီး ချိန်မှစ၍ ယခုအချိန်ထိ ထိုဒေသတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများကို ထမ်းပိုး ပေးနေရသည်ဟု ဒေသခံ ကျောင်းဆရာများက ပြောသည်။

ဝါ့မူ့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ၀ါ့မူ့၊ မယ်တိုးထာ၊ ကေကော်နှင့် မယ်ဝေစခန်းများတွင် အခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုးပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် စာမေးပွဲ ဖြေဆိုပြီးချိန်မှ ယနေ့အချိန်ထိ ယင်းသို့ ခေါ်ယူ ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ၀ါ့မူ့ကျေးရွာအုပ်စု မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာမေးပွဲဖြေတဲ့အချိန် ကတည်းကပါ။ စာမေးပွဲအချိန်ဆိုတော့ ဘယ်သူမှ မသွား ကြသေးဘူး။ စာမေးပွဲပြီးမှ ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသားတွေ အကုန်စုပေါင်းပြီးတော့ သွားထမ်းပို့ပေးကြတယ်။ နေ့တိုင်း မခိုင်းပေမယ့် တရက်ခြား နှစ်ရက်ခြားတခါ အခုထက်ထိ သွားနေရတုန်းပဲ။”ဟု ပြောသည်။

ယင်းသို့ တပ်ရိက္ခာအတွက် သွားထမ်းပိုးပေးရာတွင် တနေကုန် သွားလာရသည့်အပြင် လမ်းခရီး၌ စစ်တပ်မှ ထမင်းမကျွေးသ ဖြင့် မိမိတို့၏နေအိမ်မှ ထမင်းထုတ်များ သယ်ဆောင် သွားရသည်ဟု အဆိုပါ ကျောင်းဆရာက ပြောသည်။

ထို့အပြင် ရိက္ခာထမ်းပိုးရသည့် ၁၃နှစ်နှင့် ၁၄နှစ်အရွယ် ကျောင်းသူကျောင်းသားများမှာ သွားလာရင်း လမ်းခုလတ်တွင် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်စိတ်ဖြင့် လိုက်ပါနေရသည်ဟု သိရသည်။

Saturday, April 23, 2011

စစ်မြေပြင်က ပေါ်တာဆွဲခံရသည့် အမျိုးသမီး များ အသက်ကိုဖက်နှင့်ထုပ်နေရ

စစ်ပြေးဒုက္ခသည်များ
2 ရက် 2011 ခုနှစ်။

သျှမ်းပြည်တပ်မတော် SSPP/SSA မှ ချုံခို ပစ်ခတ်ပါက ပေါ်တာထမ်း အမျိုးသမီးများအား ပြုလိုရာပြု မိမိတို့ လက်ထဲတွင် ရှိသည်ဟုဗမာ စစ်ကြောင်းက ပြောကြောင်း တန့်ယန်းမြို့မှ လာသော သတင်းအရ သိရသည်။

“တန့်ယန်းကထွက်သွားတဲ့ ဗမာစစ်ကြောင်း လွယ်လန်းဖက်က သျှမ်းတပ်ကို သွားတိုက်ဖို့တဲ့။ ၁၁ ရက်က နားခါရွာနဲ့ ဝမ့်ပုံးရွာက ရွာသား ၁၉ ယောက် ကိုပေါ်တာ ဖမ်းလမ်းပြခိုင်းတယ်။ မိန်းမ ၁၂ ယောက်နဲ့ ယောကျာ်း ၇ ယောက်။ ပြီးတော့ အဲ့ဒီဗမာ စစ်ကြောင်းကပြောတယ် - သျှမ်းတပ်က ချုံခိုတိုက်ခိုက်ရင် ပေါ်တာထမ်းတွေကို သတ်ပစ်ချင် သလား မဟားတရား ပြုကျင့်ချင်သလားဆိုတာသူတို့လက်ထဲမှာဘဲရှိ တယ် တဲ့” ဟု တန့်ယန်း ရောက် ပေါ်တာအဆွဲခံ ရသူ၏ အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ပေါ်တာထမ်းရွာသားများလည်းကြောက်လန့်ကာ သျှမ်းတပ်ဖက်မှ ချုံခို ပစ်ခတ်တိုက်ခိုက်ခြင်းမခံရအောင် သျှမ်းတပ် ရှိမည်ထင်သည့်နေရာများ၌ အမျိုးမျိုးလျှို့ဝှက်အချက်ပြသတိပေး၍ ခရီးဆက်ကြရကြောင်း ပေါ်တာထမ်းများက ပြန်လည်ပြောပြ သည်ဟု ၎င်းကဆက်လက်ပြောပြသည်။

အတူတကွ ခေါ်ခဲ့ကြတဲ့ သာဓု


ကိုယ်ဖျောက်ဝိဇ္ဇာ
(၁)
မြန်မာသက္ကရာဇ် ၁၃ရ၃ ခုနှစ် တန်ခူးလဆန်း (၁၄)ရက် မင်္ဂလာရှိတဲ့ မြန်မာနှစ်ဆန်း (၁) ရက် (၁ရ - ၄ -၂၀၁၁) ရဲ့ ညနေခင်း အစောပိုင်း မှာပါခင်ဗျာ။ မဖြူဆီကို တယ်လီဖုန်း ၀င်လာပါတယ်။ မဖြူ ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုကော်မတီဝင် ဒေါ်ဖြူဖြူသင်း ပါခင်ဗျ။ ဒေါ်ဖြူဖြူသင်း ဆိုတဲ့နာမည်နဲ့ ဒေါ်ဖြူဖြူသင်းရဲ့ စိတ်ထားက လိုက်ဖက်ပါဘိ။

မဖြူ က တယ်လီဖုန်းကို နားစိုက်ထောင်ပြီး ရည်ရည်မွန်မွန် တရိုတသေပြန်ပြောလေရဲ့..။
“ဟုတ်ကဲ့ပါ `ဦး´။ မြန်မြန်ရောက်အောင် ခုချက်ချင်းပဲ တက္ကစီနဲ့ လာခဲ့ပါ့မယ်။”

(၂)
ဒီနေရာမှာ ဇာတ်ရည်လည်အောင် မဖြူ ရဲ့ အကြောင်း တစေ့တစောင်းကို ဖေါ်ပြဖို့ လိုလာပါတယ် ခင်ဗျာ။
မဖြူ ဟာ လူအတော်များများက အဖက်မလုပ်ပဲ ရှောင်ကွင်းကြတဲ့ HIV ဝေဒနာသည် များစွာအတွက် ဘ၀ကို မြှုပ်နှံထားသူပါ။ ဝေဒနာသည်တွေရဲ့ ကျန်မာရေး, စားဝတ်နေရေး, “ရေး(၄)ရေး” ကုသိုလ်ကောင်းမှုကို အစဉ်ပြုနေသူပါ။

ကမ္ဘာကို လှည့်ဖျားဘို့ ဟန်ပြ လုပ်ထားတဲ့ အတုအယောင် စစ်အစိုးရအား ရှုတ်ချကန့်ကွက်ကြဖို့ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်

နအဖစစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ သံအမှတ်ဆိုသိုသူ၏ ဂျပန်စီးပွားရေး လုပ်င်ငန်းရှင်များအား သွေးဆောင် ဖျားယောင်းပွဲကို သွားရောက်ဆန္ဒပြကြမယ်၊ နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ လူသတ်သမား အာဏာသိမ်း စစ်အုပ်စုက ကမ္ဘာကို လှည့်ဖျားဘို့ ဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်။

ရွေးကောက်ပွဲဝင်တဲ့ ကြံဖွတ်ပါတီဆိုတာ အာဏာရူး စစ်ခေါင်းဆောင်တွေ ယူနီဖောင်းချွတ်ပြီး လူယောင်ဆောင်ဖို့  ဟန်ပြ လုပ်ထားတဲ့ အကြမ်းဖက် ဒုစရိုက်ဂိုဏ်း သက်သက်ပဲဖြစ်တယ်။ အဲဒီကြံ့ဖွတ် အဖွဲ့ဟာ ၂၀၀၃ ခုနှစ်မှာတုန်းက ဒီပဲယင်းမှာ သွေးအေးအေးနဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ လူသတ် သမားအဖွဲ့ပဲ ဖြစ်တယ် ဒီကြံ့ဖွတ် အစိုးရဆိုတာ လူသတ်သမား အစိုးရပဲဖြစ်တယ်။ အာဏာရူး စစ်အုပ်စု အစိုးရပဲဖြစ်တယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံက အစိုးရ အသစ်ဆိုတာ အာဏာရူး နအဖစစ်အုပ်စုကို သနပ်ခါးလိမ်း ပန်းပန်ထား တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအကြောင်းတွေကို- ဂျပန် လုပ်ငန်းရှင်တွေ သိအောင်၊

ဂျပန် ပြည်သူတွေသိအောင် ဖော်ထုတ်ကြပါစို့။
လူလိမ်လူညာ စစ်အုပ်စုကို အလိမ်ဖော်ကြပါစို့။

နေ့ရက်။                     ။ ၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက် အင်္ဂါနေ့။
အချိနိန်။                     ။ နံနက် ၉ နာရီမှ နံနက် ၁၀နာရီခွဲအထိ။
နေရာ၊                       ။ ပူးတွဲပါမြေပုံကိုကြည့်ပါရန်။

Tokyo Chamber of Commerce Building 7F, "International Conference"
How to Get to TCCI Bldg;
ADDress; 3-2-2 Marunouchi, Chiyoda-ku Tokyo 100-0005
3-minute walk from Hibiya Station on subway Mita Line
2-minute walk from Nijubashimae Station on subway Chiyoda Line
3-Station on subway Yorakucho station on subway Yurakucho Line.

 (The above three stations are connected,please use exit B7
5 minute walk from Yurakucho station (JR Yamanote and Keihin-Tohoku Lines)
10 minutes walk from Marunouchi South Gate Of Tokyo Station.\
5minute walk from JR Keiyo Line exit Of Tokyo Station

ဆက်သွယ်ရန်။ ။ ၀၉၀ ၄၉၆၄ ၉၇၁၈၊ ၀၉၀ ၉၈၃၁ ၇၁၉၂၊ ၀၉၀ ၅၃၁၈ ၅၀၅၄။ ၀၈၀ ၄၀၀၅ ၇၀၉၈

သမိုင်းစစ်ကို ဖော်ထုတ်ခြင်း

 








by Kyaw Thu
Thursday, 21 April 2011

မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတိ၊ ရာဇ၀င် အမည်နာမများကို ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။ အများပြည်သူ (၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကို အခမဲ့ ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဟူသော လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူထောင် ခဲ့သော လူမှုရေး အာဇာနည်ကြီး တစ်ဦးဖြစ်သည့်အပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေ လောက နယ်ပယ်မှာပါ စိတ်ကော ကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူး ဂုဏ်ထူးပေါင်းများလည်း ပေးအပ် ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု (၆) ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင် ၀ါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ် ဆရာလောင်း မွမ်းမံ သင်တန်းတွေမှာလည်း စကားပြော ဟောနည်းပညာ၊ တရားဟောပြော နည်းပညာတွေကို သင်ကြားပို့ချခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏ သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့သည်။ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့ တရားတော်နဲ့ ပတ်သက်သည့် စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ထွက်ရှိလာခဲ့ပါတယ်။ ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမည့် စာအုပ်စာပေ အများအပြားကို ရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှာတော့ ရန်ကုန် တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို အပ်နှင်းပေးအပ်ခဲ့ပါတယ်။

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

ဧပြီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်း အတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။)

အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြား လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒိန်းမတ် ကျောင်းသားများ၊ ဆရာများနှင့် ဒီချုပ်ရုံးတွင် ဧပြီလတွင် ဓါတ်ပုံ အတူတကွ ရိုက်ကူးစဉ်။ ဓါတ်ပုံ - Laila Felicia Lautrop Pichot de Champfleury သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာ အမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက် မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆို သုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။

ကျမတို့ အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသား အဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေး ဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြုံးပိုင်ရှင်လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။

မောင်းသူမဲ့ လေယာဉ်များ ဖြင့် ကဒါဖီ ၏ တပ်များကို စတင် တိုက်ခိုက်

April 22, 2011

မောင်းသူမဲ့ ပရီဒေတာ ဒုန်းလေယာဉ်များ ဖြင့် ကဒါဖီ ၏ တပ်များ အားဖယ်ရှားရန် အမေရိကန် သမ္မတ အိုဘာမား က အတည်ပြုပေးလိုက်သည်။ အဆိုပါလေယာဉ်များ ကို ၁၉၉၄ ခုနှစ် တွင် စတင်ပျံသန်း ခဲ့ပြီး အီရတ်၊အာဖဂန် နစ္စတန်၊ ကိုဆိုဗိုစသည့် စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ ယခု လစ်ဗျား ပြည်သူများ ကို ကာကွယ်ရန် စေလွှတ်လိုက်သည့် လေယာဉ်တင် သင်္ဘော နှစ်စင်းတွင် ပရီဒေတာ လေယာဉ် ၁၈ စီးပါရှိပြီး ငရဲမီး ဒုံးကျဉ်များ တပ်ဆင်ထားသည်။

မောင်းသူမဲ့ ပရီဒေတာ ဒုန်းလေယာဉ်များ ဖြင့် ကဒါဖီ ၏ တပ်များ အားဖယ်ရှားရန် အမေရိကန် သမ္မတ အိုဘာမား က အတည်ပြုပေးလိုက်သည်။ အဆိုပါလေယာဉ်များ ကို ၁၉၉၄ ခုနှစ် တွင် စတင်ပျံသန်း ခဲ့ပြီး အီရတ်၊အာဖဂန် နစ္စတန်၊ ကိုဆိုဗိုစသည့် စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ ယခု လစ်ဗျား ပြည်သူများ ကို ကာကွယ်ရန် စေလွှတ်လိုက်သည့် လေယာဉ်တင် သင်္ဘော နှစ်စင်းတွင် ပရီဒေတာ လေယာဉ် ၁၈ စီးပါရှိပြီး ငရဲမီး ဒုံးကျဉ်များ တပ်ဆင်ထားသည်။

Copy from - freedomnewsgroup.com

Friday, April 22, 2011

UNFC မှ SSPP/SSA နုတ်ထွက်

SSPP/SSA ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ



ဧပြီလ 21 ရက် 2011 ခုနှစ်။

မွေခေါဝ် သတင်း - သျှမ်းသံတော်ဆင့်သတင်း .၂၀၁၁ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည့်ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် အဖြစ်မှသျှမ်းပြည် တိုးတက် ရေးပါတီ / သျှမ်းပြည်တပ်မတော် (SSPP/SSA) နုတ်ထွက်လိုက် ကြောင်း SSPP / SSA သတင်း များအရ သိရှိရပါသည်။

UNFC က အဖွဲ့အစည်း၊ လူမျိုး၊ ပြည်နယ် ဒီသုံးခုစလုံးပေါ်မှာ အခြေခံတယ်။ တိုင်းရင်းသားအဖွဲ့ ဖြစ်ရင် UNFC မှာ ၀င်ချင်ရင် ၀င်လို့ရတယ်။ သတ်မှတ်ထားတာ မရှိဘူး။ ပြည်နယ်ကို အခြေခံတဲ့မူကို ကျနော်တို့ လက်ခံတယ်။ ပြည်နယ် ကို အခြေခံရင် ကျနော်တို့ ၀င်မယ်။ အခုတော့ လေ့လာသူ အနေအဖြစ်ဘဲ ပါဝင်မယ်” ဟု SSPP/SSA မှ အရာရှိတစ်ဦးက ပြောပါသည်။

ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ထိုင်းနယ်စပ် တစ်နေရာ၌ ကျင်းပခဲ့သော UNFC အစည်းအဝေးတွင် SSPP/SSA က အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင်စာတင်လိုက်ခြင်း ဖြစ်သည်။

လောလောဆယ် UNFC အနေဖြင့် ဖေဖော်ဝါရီလ အတွင်းက သဘောတူ ရေးဆွဲထားသော အခြေခံမူများ ပြင်ဆင် ရေးဆွဲလျက်ရှိသည်။

UNFC စတင်ဖွဲ့စည်းစဉ်က သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် သျှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ RCSS က ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA က အမှန်တကယ် နုတ်ထွက်ပါက UNFC အတွင်း သျှမ်းတိုင်းရင်းသား အဖွဲ့ မရှိတော့သဖြင့် သျှမ်းပြည် အင်အားစု တစ်ခု အနေနှင့် RCSS ပါဝင်လာလျှင် ကောင်းမည်ဟု UNFC အဖွဲ့ဝင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု တဖွဲ့ချင်းလုပ်မည်မဟုတ်ကြောင်း UNFC ပြောဆို


2011-04-21
အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ဆွေးနွေးမှာ မဟုတ်ပဲ တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးဖို့ကိုသာ မူဝါဒချမှတ်ထားကြောင်း UNFC ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောဆိုပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ပြီးခဲ့တဲ့ နှစ်က စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ကြားခံစေ့စပ်သူတွေကတဆင့် တိုင်းရင်းသားအဖွဲ့တချို့နဲ့ အစိုးရသစ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ကို RFA က မေးမြန်းရာမှာ အတွင်းရေးမှူး နိုင်ဟံသာက အခုလိုဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့က သီးခြားတဖွဲ့ချင်းစီ ဆွေးနွေးနေရင် ဒါ ကြာတယ်၊ အလုပ်မဖြစ်ဖူး၊ အနှိမ်ခံရတယ်၊ အဲဒီလို ကျွန်တော်တို့ ခံစားမိတယ်လေ။ အဲဒီတော့ အကောင်းဆုံးကတော့ ကျွန်တော်တို့က ဆွေးနွေးစရာ ရှိရင် တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးမယ်။”

“လွန်လာတဲ့ အတွေ့အကြုံအရ ဆိုရင် စစ်အစိုးရက အပစ်အခတ် ရပ်စဲရေး လုပ်တယ်ဆိုပေမဲ့ နိုင်ငံရေးအရ တကယ် မဆွေးနွေးဘူးဗျ။ နည်းပရိယာယ်အရပဲ ကျွန်တော်တို့ကို ဖျက်ဆီးတယ်ဆိုတဲ့ သဘောမျိုးပဲ ကျွန်တော် ခံစားမိတယ်လေ။ အဲဒါကြောင့် တကယ် ဆွေးနွေးမယ်ဆိုရင်တော့ စုပေါင်းပြီး ဆွေးနွေးတာက ပိုပြီးတော့ မြန်ဆန်မှာပေါ့ဗျာ။ ပိုပြီးတော့ ထိရောက်မယ်၊ အဲဒါမျိုးကို ကျွန်တော်တို့က ဖြစ်စေချင်တာ။”

UNFC ချမှတ်ထားတဲ့ ဒီဆွေးနွေးရေးမူဟာ ပြည်တွင်းမှာ ပြောဆိုနေတဲ့ ဒုတိယအကြိမ် ပင်လုံ ညီလာခံ ကျင်းပရေးမူနဲ့ ထပ်တူဖြစ်တယ်လို့ နိုင်ဟံသာက ဆိုပါတယ်။ ပထမအကြိမ် ပင်လုံညီလာခံမှာ သဘောတူညီခဲ့တဲ့ အချက်တွေကို အခြေခံပြီး ဒီကနေ့ တိုင်းရင်းသားများ အရေးကို ထပ်ပြီး ဆွေးနွေးဖို့ လိုတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

ABMA ဂျာနယ် အတွဲ( ၂ )၊အမှတ်( ၈ )

ABMA Journal Volume 2 No 8

မြန်မာအစိုးရသစ် ကေအိုင်အိုကို တိုက်ရန်ဆုံးဖြတ်


ရှမ်းပြည်မြောက်ပိုင်း လွယ်ကန်အခြေစိုက် ကေအိုင်အေ တပ်မဟာ ၄ ဌာနချုပ်။
ဧပြီလ 21 ရက် 2011 ခုနှစ် ။

စစ်အစိုးရကျောထောက်နောက်ခံ မြန်မာစစ် အစိုးရသစ်ကကိုယ်ပိုင်ပြဌါန်းခွင့်တောင်းဆို နေသော ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အို ကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည် ဟု မြန်မာ နိုင်ငံမြို့တော် နေပြည်တော်ရှိ ခိုင်လုံသော သတင်းရင်းမြစ်က သိရသည်။

ပြီးခဲ့သည့်အပတ်က အစိုးရသစ်၏ အဓိက ပြည်တွင်းရန်သူအဖြစ် ကေအိုင်အိုအား သတ်မှတ်သည့် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့သည်ဟု ယင်းသတင်းရင်းမြစ်ကဆိုသည်။ မကြာမှီ စစ်ဖြစ်လာမည်ဟုလည်း ပြောသည်။

ခုအထိ ယင်းဆုံးဖြတ်ချက် ကို အသိအလင်း ကြေညာခဲ့ခြင်းမရှိသေးပါ။ ထို့အတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို နယ်မြေအနီး မြန်မာစစ်တပ်မှ စစ်ရေးပြင်ဆင်မှု မတွေ့ရသေးဟု ကေအိုင်အို သတင်းရင်းမြစ်က ပြောသည်။ ကေအိုင်အို၏ လက်နက်ကိုင် တပ်ဖွဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေကို မြန်မာအစိုးရ သတင်းစာက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၅ တွင် သောင်းကျန်းသူဟု ခေါ်ဝေါ်ခဲ့သည်။

ဂျပန် နျူကလီးယားဇုံထဲဝင်ရင် အရေးယူမည်

21 ဧပြီ 2011 ,

ဂျပန်နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့ ၁၂ မိုင်ခွဲ ပတ်လည်ကို လူတွေမလာနိုင်အောင် ဥပဒေအရ တားမြစ်ချက်ကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာနေထိုင်ကြတဲ့ ဒေသခံ ၇ သောင်းလောက်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀ နဲ့ညီမျှတဲ့ လျော်ကြေးပါဝင်တဲ့ တားဖြစ်ချက်ကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အိဒါးနို က ပြောပါတယ်။

ဖြတ်သန်းမသွားရလို့ သတ်မှတ်ထားတဲ့ နယ်မြေထဲမှာ နေထိုင်ကြသူအနေနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်နိုင်မှုတွေကို ပြန်ယူနိုင်ဖို့ အိမ်ထောင်စုတခုက မိသားစုဝင် ၁ ယောက်ကို အိမ်ကို ခဏပြန်နိုင်ရေး စီစဉ်ပေးမယ်လို့လည်း မစ္စတာအိဒါးနို က ပြောပါတယ်။ ဒါပေမဲ့ ဘေးကင်းရာမှာ ပြောင်းရွှေ့နေထိုင် နေကြသူတွေက အိမ်နဲ့ အဝေးမှာ ဆက်ပြီး မနေချင်ကြတော့ပါဘူး။ အန္တရာယ်ရှိတာမို့ အရင်ထဲက မသွားရလို့ အစိုးရက သတိပေးထားပေမဲ့ တချို့လဲ နေအိမ်တွေမှာ ပြန်နေကြတာရှိပါတယ်။

အခုတော့ အစိုးရက ဥပဒေနဲ့အညီ အရေးယူမယ်လို့ သတိပေး တားမြစ်ချက် ထုတ်လိုက်တာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် ကယ်ဆယ်ရေးစခန်းကို သွားရောက်စဉ်ကလည်း နျူကလီးယား ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့အတွက် ဒုက္ခသည်တွေက တောင်းဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ကတော့ အခြေအနေကို နားလည်ပေးဖို့ ပန်ကြားခဲ့သလို ခုလို ဘေးကင်းရာ ပြောင်းရွှေ့ နေနေကြရသူတွေရဲ့ လိုအပ်ချက်ကို သူ့အနေနဲ့ အချိန်ယူ စဉ်းစားပေးဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Copy from- voanews.com/

Thursday, April 21, 2011

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒန်း

日本・ミャンマー>在日ミャンマー人難民 陸前高田市の避難所で炊き出し

twitter.gif facebook.gif
ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များရှိရာ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း( ၉၂ )အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည့် သတင်းကို Asiapress သတင်းဌာနမှ ဂျပန်ဘာသာဖြစ် သတင်းဖြန့်ဝေခဲ့ပါသည်။



【在日ミャンマー(ビルマ)人難民らが9日、岩手県陸前高田市の被災者のためにミャンマー料理の炊き出しをおこなった。写真はたまごを煮込んだもの。同市の避難所のひとつ、下矢作コミュニティセンターで300人分の料理を準備した。彼らの多くは都内の飲食店で働いて生計を立てながら、母国の民主化のための活動を続けている。(4月9日 写真:マイチョーウー氏提供)】
日本に暮らすミャンマー(ビルマ)人難民が9日、岩手県陸前高田市の避難所を訪れ、ミャンマー料理の炊き出しをおこなった。
訪問したのは、東京で母国の民主化運動を続けるミャンマー人難民ら12人。水やプロパンガス、調理器具などすべて自前で用意し、トラックで10時間かけて陸前高田市矢作町の避難所を訪問した。ミャンマー風チキンカレーなどのミャンマー料理300人分を調理し、被災者に振る舞った。久しぶりの肉料理に喜び、お代わりする子どももいたという。
炊き出しグループのひとりマイチョーウーさん(44歳)は、「これまで日本人や日本政府に助けてもらってきた。地震発生直後から、被災した日本の人たちのために何か役に立ちたいと思っていた。今回温かい料理を食べてもらうことができて嬉しい」と語った。

【津波で破壊し尽くされた陸前高田市海岸部。(4月9日 写真:マイチョーウー氏提供)】
炊き出し訪問は、在日ミャンマー人難民を支援してきたNGOと陸前高田市の避難所でボランティアとして働く青年との縁で実現。当初、約40人のミャンマー人難民が訪問を希望したが、移動手段の制限から今回は12人が訪問することになった。
マイチョーウーさんたちは、避難所の被災者と交流した後、津波の被害を受けた同市海岸部を訪れた。破壊し尽くされた町の光景にがく然とし、言葉を失った。

【線路もねじまがり寸断されていた。(4月9日 写真:マイチョーウー氏提供)】
「テレビではたくましく頑張ろうとする被災者の姿ばかりが映し出されていたが、多くの人はつらそうで沈痛な面持ちだった。津波に家を流され、家族を流され、すべてを失った人たちの心の傷はとても深いと感じた」
帰京した10日には、在日ミャンマー人難民らによる震災犠牲者のための追悼集会が都内で開かれ、義援金約140万円が集まった。
4月下旬に再び現地を訪れ、炊き出しのほかにがれきの撤去や精神的な面での支援をおこなう予定だ。
一方で、先月母国ミャンマーで起きた地震の被災者支援も進められている。
タイ国境に近いシャン州東部で3月24日、マグニチュード6.8の地震が発生。75人以上が死亡し、約18,000人が被災した。現在、被災地ではトタン屋根と飲み水が特に不足しているとみられ、在日ミャンマー人難民たちは、義援金を呼びかけるなど、母国の被災地支援にも乗り出している。【赤津陽治】


【陸前高田市ボランティアセンター本部で(4月9日 写真:マイチョーウー氏提供)】

ဌာနေ ပြန်ရမည့် ရွှေ့ ပြောင်း ကရင် များ ကို အစိုးရသစ် လက်ခံမည်

April 20, 2011

ဟိန်းခိုင်ထွန်း၊ ၊အနောက် နိုင်ငံကြီးများ၏ အကူအညီ လျှော့ကျသွားခြင်းကြောင့် ထိုင်းအစိုးရ၏ မူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်ပြီး ၎င်းတို့၏ မြေပေါ်တွင် မရှိချင်တော့သည့် မြန်မာနိုင်ငံဘက်ခြမ်း ကရင်ဒေသမှ ကရင် ရွှေ့ပြောင်း ပြည်သူများ ဌာနေ ပြန်မည်ဆိုလျှင် မြန်မာအစိုးရသစ်က လက်ခံကြိုဆိုပြီး နေရာ ချထားပေးမည် ဖြစ်ကြောင်း နေပြည်တော်ရှိ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးဌာနနှင့် ပြန်လည် နေရာချထား ရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက FNG သို့ ပြောသည်။

ပြန်လည် လက်ခံမည့် အစီအစဉ်တွင် ထိုင်းအစိုးရ တာဝန်ရှိသူများ ၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တတိယ နိုင်ငံအချို့ မှ အကူအညီပေးရေး ဧဂျင်စီများနှင့် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြန်လည် ကြိုဆို လက်ခံခြင်း အစီနှင့် ပတ်သက်ပြီး ” ကျွန်တော်တို့ တိုင်း ရင်းသားတွေပဲဗျာ၊ ဘာလက်မခံ နိုင်စရာ အကြောင်း မရှိပဲ နေမလဲ ၊ တတိယနိုင်ငံတွေမှာ သူတို့ အဆင်မပြေကြဘူး၊ ဟို ရိုမေးနီးယား ရောက်သွားတဲ့ လူတွေဆို လမ်းပေါ်ရောက် သွားတာတို့ ၊ တစ်ချို့ နိုင်ငံတွေမှာ ဆိုလည်း ကိုးကွယ်တဲ့ ဘာသာ ပြောင်းမှအဆင်ပြေတာတို့  ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ သိပါတယ်။ အခု သူတို့ရဲ့ အခြေခံ လိုအပ်ချက်အပြင် ပညာရေး၊ ကျန်းမာရေး စတဲ့ စောင့်ရှောက်မှုတွေပါ လုပ်ပေးမှာပါ ၊ သူတို့ကို ဆက်ပြီး အကူအညီ ပေးချင် သပဆိုတဲ့ NGO တွေလဲ ပြည်တွင်းမှာ ဆက်ပေးလို့ ရပါတယ်”ဟု အဆိုပါ ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ပြောသည်။

Wednesday, April 20, 2011

တပ်မတော်သားများ၏ ကွန်ရက် ကိုကြိုဆို

မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက်ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ပြည်သူ အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူ လက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆို ရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့  ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။

“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချ နိုင်ခဲ့တယ်ခင်ဗျ။”“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော် အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

-----------အသံနားထောင်ရန်------------

သင်္ကြန်ကာလအတွင်း SSPP/SSA တိုက်ပွဲ ဗမာ့တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်သေ

19 ရက် 2011 ခုနှစ်။

သင်္ကြန်အတက်နေ့ နှင့် နှစ်သစ်ကူးနေ့တန့်ယန်းမြို့ နယ်အတွင်း ဖြစ်ပွားခဲ့သော ဗမာစစ်တပ် နှင့် သျှမ်း ပြည် တပ်မတော် SSPP/SSA အကြား တိုက်ပွဲတွင် တပ်ရင်းမှူးအပါဝင် ဗမာစစ်တပ်ဘက်မှ ၁၀ ယောက် ထက်မနည်းသေဆုံးကြောင်းဒေသခံ သတင်းရပ်ကွက် ကဆိုပါသည်။

ဧပြီ ၁၆ ရက် နှင့် ၁၇ ရက် တန့်ယန်းတောင်ဖက် မိုင် ၂၀ ကျော်ရှိတောင်ဟျိုးအုပ်စု တောင်ဟျိုးရွာတွင် ဖြစ်ပွါး သော သျှမ်းပြည် တပ် မတော်တပ်မဟာ ၃၆ နှင့် ဗမာစစ်တပ် ခမရ ၅၁၃ ခမရ ၅၄၂ တို့၏ တိုက်ပွဲများတွင် ဗမာစစ် တပ်ဖက်မှ ၁၀ ယောက် ကျကာ ၁၅ ယောက် ဒဏ်ရာရရှိကြောင်း အာဖီဂျီ လောင်ချာဗုံးသီး ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံးကို SSPP/ SSA ကသိမ်း ဆည်းရမိခဲ့ကြောင်း တန့်ယန်း ဒေသခံ ဝန်ထမ်းတဦး က သျှမ်းသံ တော်ဆင့်သို့ ဤကဲ့သို့ပြောပြပါသည်။

SSPP/SSA အား ဆွေးနွေးရန် ရမခ တိုင်းမှူး ဟန်ပြကမ်းလှမ်းချိန် တိုက်ပွဲများဆက်လက်ဖြစ်ပွါး

နယ်မြေလေ့လာနေသော သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ မှအရာရှိများ




ဧပြီလ 18 ရက် 2011 ခုနှစ်။

အပစ်ရပ်စဲရေးအတွက်စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်အား ရမခ တိုင်းမှူးစေလွှတ်ဆွေးနွေး ခိုင်းစဉ်တပ်အင်အားဖြည့်တင်းမှုမရပ်ဘဲသျှမ်းပြည် အလယ်ပိုင်း၊တောင်ပိုင်းတွင်တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေ သေးကြောင်း သျှမ်းပြည် တပ်မတော် SSPP/SSA သတင်းရပ်ကွက်က ဆိုပါသည်။

“၁၁ ရက်က မိန်းခေးမှာတွေ့ဆုံဖို့ စိန်ကျော့က ကမ်းလှမ်းလာတယ်။ ကျနော်တို့ဖက်က ဗိုလ်မှူးခေးမောဝ်း ဦးဆောင် တဲ့ အဖွဲ့သွားတွေ့တယ်။ စိန်ကျော့ဖက်က ဦးကိုင်ဖှနဲ့ ဦးလှမြင့်တို့ပေါ့။ မန္တလေး- လားရှိုးကားလမ်း အထက်ပိုင်း သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နမ့်ဆန် ဖက်မှာလှုပ်ရှားနေတဲ့ SSPP/SSA တပ်သားတွေ ဝမ့်ဟိုင်းဌာနချုပ်ကို ပြန်ဆုတ်ပေးရင် သီပေါ မြို့နယ် နမ့်မ မောက်တောင်း နဲ့ တန့်ယန်းမြို့နယ် နမ့်လောဝ်း ဒေသဘက်မှာ (လက်နက် မကိုင် ယူနီဖောင်းမဝတ်ဘဲ) ပုံမှန် ပြန်နေခွင့် အခြေချခွင့်ပြုမယ်။မဆုတ်ပေးရင် တော့ ဆက်လက်တိုက်ခိုက်သွား မယ်လို့ပြောလာတယ်။ ကျနော်တို့ ကတော့ ပြည်သူလူထုဆန္ဒကိုမေးမြန်း ကြည့်ရ ဦးမယ်လို့ဘဲ ပြန်ဖြေခဲ့တယ်” - ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။