Thursday, March 31, 2011

ကော့ကရိတ်မြို့ရှိ နအဖ တပ်ရင်းအား ကရင်တပ်ဖွဲ့များ ၀င်ရောက် ပစ်ခတ်ရာ ၆ ဦး ထိခိုက်သေဆုံး

မတ်လ 30 ရက် 2011 ခုနှစ် ။

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့နယ်ရှိ နအဖ တပ်ရင်းအား ယမန်နေ့က ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ၀င်ရောက် ပစ်ခတ်ခဲ့ရာ အရပ် သားတဦး အပါအ၀င် ၆ဦး ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ကော့ကရိတ်-မြ၀တီ အထွက်ဂိတ် ချက်ပွိုင့်အနီးရှိ နအဖစစ်တပ် အရှေ့တောင်တိုင်း စစ်ဌာန(ရတခ)ချုပ် လက်အောက်ခံ ခလရ(၃၁၀)အား ယမန်နေ့ နေ့လည် ၁၂ခွဲအချိန်တွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁၈)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) တပ်မဟာ(၅) ပူးပေါင်းပြီး လက်နက်ကြီးငယ် များဖြင့် ၀င် ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း KNLA တပ်မှူးတဦးက အတည်ပြု ပြောဆိုသည်။

၎င်းက “ချက်ပွိုင့်နားမှာရှိတဲ့ ခလရ(၃၁၀)ကို ကျနော်တို့ လူတွေ အရင်သွားချောင်း ပစ်တယ်။ တဆက်တည်းမှာပဲ ၆၀-မမနဲ့ ထပ်ပစ်တယ်။ နအဖဘက်က ၄ယောက် ပွဲချင်းပြီး သေတယ်။ ၁ယောက် ဒဏ်ရာ ရသွားတယ်။ ဒါပေမဲ့ ချက်ပွိုင့် ဘေးနားမှာ ကွမ်းယာရောင်းတဲ့ ဈေးသည်တယောက် မှန်သွားတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နာရီဝက် နီးပါးလောက် အပြန်အ လှန် ပစ်ခတ်ကြပေမယ့် ကျနော်တို့ဘက်ကတော့ ထိတာမရှိဘူး။”ဟု ပြောသည်။

မြန်မာအစိုးရသစ်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တုံ့ပြန်

ဓာတ်ပုံ voa ,အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ။

30 မတ် 2011

မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရသစ် ဖွဲ့လိုက်ပြီ ဆိုပေမဲ့ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းတွေက ဆက်ပြီး အရေးကြီးတဲ့ နေရာတွေ ယူထားတာမို့ ကြီးကြီးမားမား အပြောင်းအလဲ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုဟာ အများ လက်ခံနိုင်တဲ့  အပြောင်းအလဲ တွေအတွက် အစပြုချက်တရပ် ဖြစ်လာဖို့တော့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံအာဏာကို နှစ်အတော်ကြာ ထိန်းထားခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခု အရပ်ဘက် အစိုးရသစ်ကို မနေ့က တရားဝင် အာဏာလွှဲပြောင်းလိုက်ပြီ ဆိုပေမဲ့ အစိုးရသစ်ရဲ့ အဓိက နေရာတွေ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် စစ်အုပ်စုရဲ့ သြဇာအာဏာ ဆက်ပြီး သက်ရောက်နေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။ နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိနေတာကြောင့် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

ဓာတ်ပုံ ဖြုတ်/ချိတ် ??

အီးမေးနဲ့ ဖြန့်တဲ့ စာတစောင်ကို ထပ်ဆင့်ဝေမျှလိုက်ပါတယ်။ မနေ့က "အရပ်သား"အစိုးရ တက်လာချိန် အကြောင်း၊ ချိတ်ရမယ့် ချိတ်နေတဲ့ ဓာတ်ပုံတွေ အကြောင်းလည်း ပါပါတယ်။ မင်းပြောင်းမင်းလွှဲ စိတ်ဝင် စားသူများ ဖတ်သင့်ပါတယ်။

ဒီနေ့ မနက်စောစော နိုးထဖြစ်တယ်။
မနက် ၇း၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တရုံးရှေ့ က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ်ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထား လိုက်တယ်လို့ ယူဆရပါတယ်။

ထို့ အတူပါဘဲ။ မြို့ နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ ရပါတယ်။ “ စမ်းချောင်းမြို့ နယ် မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး ” လို့  အမည်ရ ပါတယ်။ ခရိုင်တို့ တိုင်းတို့ လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။

ညနေပိုင်းက စပြီး သတင်းဌာနတွေရဲ့ အဆိုအရ “ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့  ဖွံ့ ဖြိုးရေးကောင်စီ ” ဆိုတာ နိဋ္ဌိတံခဲ့ပြီလို့ သိရပါတယ်။

ရပ်ကွက် ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ ညအထိ တွေ့ နေရပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့  မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြားအကြောင်းအရာ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့ တွေကို စောင့်ကြည့် ရပါဦးမယ်။

လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီး အင်္ဂလန် တွင် နိုင်ငံရေး ခိုလှုံ

ယနေ့ ထပ်မံ ပစ်လွှတ် တိုက် ခိုက် ခဲ့သည့် တိုမာဟောခ် ဒုံးကျဉ် များ ထရီပိုလီ မြို့  တွင် ကျရောက် ပေါက်ကွဲ စဉ်

ကဒါဖီ ၏ အစိုး ရ အဖွဲ့ တွင် ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် လစ်ဗျား နိုင်ငံခြား ရေးဝန်ကြီး မူဆာ ကူဆာ သည် လစ်ဗျား အစိုးရ အဖွဲ့  မှ နှုတ်ထွက်ကာ အင်္ဂလန် နိုင်ငံ နိုင်ငံ တွင် နိုင်ငံရေးခိုလှုံခွင့်  တောင်းခံသည် ဟု ဂါးဒီယန်း သတင်းစာ ၏ အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။

ယမန်နေ့ က မူဆာကူဆာ သည် ယမန်နေ့ က အိမ် နီး ချင်းတူ နီရှား နိုင်ငံ မှ နေ၍ အင်္ဂလန် နိုင်ငံ သို့ ယနေ့ မနက် တွင် ရောက် ရှိလာက နိုင်ငံ ရေး ခိုလှုံ ခွင့်တောင်း ခံခဲ့ခြင်း ဖြစ်သည်။ လစ်ဗျား အစိုးရက  မူဆာ ကူဆာသည် ကဒါဖီ ၏  သံတမန်ရေး တာဝန် များဖြင့် ရောက် ရှိ နေခြင်း ဖြစ်သည် ဟု ကာကွယ် ပြောကြား ခဲ့သော် လည်း နောက်ပိုင်းတွင် မူဆာ ကူဆာ ကိုယ်တိုင် လန်ဒန်တွင် သံတမန် များ နှင့် တွေ့ ဆုံ  ၍ သူ နိုင်ငံရေး ခိုလှုံ ခဲ့သည် ကို ပြောကြား ခဲ့သည်။

အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
2011-03-30,

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချထားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင်၊ အခြား အကျဉ်းကျရှမ်းခေါင်းဆောင်တွေကို တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်း ပေးအပ်တဲ့ပွဲကို ရန်ကုန်မြို့က ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ မတ်လ ၃၀ ရက် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

 ဒီပွဲကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ NLD အဖွဲ့ချုပ်ကလည်း တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“SNLD က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အင်အားစုများက နိုင်ငံရေး သူရဲကောင်းများအဖြစ် ဂုဏ်ပြုလွှာ ပေးအပ်တဲ့ အခမ်းအနားကို ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ဒီနေ့မနက် ကျင်းပပါတယ်။

နျူကလီးယား ဓါတ်ရောင်ခြည်နှင့် ပါတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်

ဂျပန်ငလျင်နှင့် ဖြစ်ပေါ်လာခဲ့သော နျူုးကလီးယား လောင်စါသုံး လျပ်စစ်ဓါတ်အားပေး စက်ရုံ ထိခိုက် ပျက်စီးပြီး ရေဒီယို သတ္တိကြွ ရောင်ခြည်များလွင့်ခြင်း ရေထဲတွင် ဓါတ်ရောင်ခြည်များ ပါဝင်ခဲ့ခြင်များနှင့် ပါတ်သက်၍ ရေဒီယီု သတ္တိကြွ ရောင်ခြည် ဆိုတာဘာလဲ စသဖြင့် အန္တရာယ်များ အကြောင်းကို support21 မှ တာဝန်ယူ ရှင်းပြမည် ဖြစ်ပါတယ်။

ကျနုပ်တို့ ဂျပန်လူမျိုးများသည်ပင် စိုးရိမ် ကြောင့်ကြမူများ ရှိနေပါသည်။ ဂျပန်နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံခြားသား များသည်လည်း အလားတူ စိုရိမ်မူများကြောင့် အန္တရာယ်ရှိသော ဂျပန်နိုင်ငံမှ ထွက်ခွာ နေကြပါသည်။ သို့သော် ဂျပန်ရှိ ဒုက္ခသည် အများစုမှာ သွာရေးလာရေး အခက်အခဲ အမျိုးမျိုးကြောင့် ဂျပန်လူမျိုးများထက် ပိုမိုသောကရောက် နေထိုင်နေရသော ဒုက္ခသည်များအတွက် ယ္ခင်ဂျပန် ကာကွယ်ရေးတပ်သားဟောင်း အိုကမီုတိုစန်မှ သိသင့်သိထိုက်သော ဓါတ်ရောင်ခြည်နှင့်ပါတ်သက်သော ရှောင်ရန်ဆောင်ရန် ကာကွယ်ရန် စသဖြင့်သော အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး  ဆရာဦးရွှေဘမှ မြန်မာဘာသာ ပြန်ပေးမည်၊ ထို့အပြင် ပြင်သစ်၊ အင်္ဂလိပ်ဘာသာ စသော  အခြားဘာသာပြန်များ လည်း စီစဉ်ထားပါသည်။

ကိုမြင့်ဆွေ

About サポート21http://www.support21.or.jp/

date: 2011 Apr 2(Sat)18:00~20:00

place: TKP Shibuya conference center Hall3A
http://www.shibuya-kaigishitsu.net/access.shtml


Fee: free but you need to apply

ထိုင်းနိုင်ငံဆိုင်ရာ US သံအမတ် နယ်စပ် ပညာရေး၊ ကျန်းမာရေး အခြေအနေ လာရောက်လေ့လာ

ထိုင်းနိုင်ငံဆိုင်ရာ ယူအက်သံအမတ် Mrs. Ksistie Kenney နှင့် ဒေါက်တာစင်သီယာမောင် (Photo-KIC)
မတ်လ ၃၀ရက်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု(US) အမျိုးသမီး သံအမတ်ဖြစ်သူ Ksistie Kenney က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်း အပါအ၀င် ရွှေ့ပြောင်း အလုပ်သမား ကျောင်းနှင့်  မယ်လ ဒုက္ခသည်သို့ ယနေ့ လာရောက် လေ့လာခဲ့သည်။

သံအမတ် Mrs. Ksistie Kenney သည် ယနေ့ မနက် ၁၀နာရီခန့်တွင် ဒေါက်တာစင်သီယာ၏  မယ်တော် ဆေးခန်းသို့ လာရောက် လေ့လာခဲ့ပြီး မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော် ဆေးခန်းသို့ လာရောက်ခဲ့ပြီးနောက် လူမှုရေး အဖွဲ့များမှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်း အချို့နှင့်  မယ်လ ဒုက္ခသည် စခန်းရှိ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို လေ့လာသွားခဲ့ခြင်း ဖြစ်သည်။

Wednesday, March 30, 2011

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းကျိန်ဆိုနေသည်ကို တွေ့ရစဉ် (AFP PHOTO/HO/MRTV )

မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်။

သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်း သစ္စာ ကျိန်ဆိုမှု ပြုရာတွင် လွဲချော်မှု ဖြစ်ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော် ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏အဖမ်းခံနေရ

ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရှေ့တန်းနယ်မြေတွင် ရောက်ရှိသော KIA တပ်သားများ။
30 March 2011 ,

မတ်လအတွင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာ စစ်အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက် အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူး အဆင့် ရှိသူများဖြစ်သည်ဟု KIO အရာရှိများပြောသည်။

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာ စစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။

TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့ အသံတွေထွက်လာ

ဓာတ်ပေါင်းဖို နံပတ် ၁ ။ ၂။ ၃ တို့၏အပူချိန်လျော့ကျရေးကို တာဝန်ရှိသူများအဓိကထား လုပ်ဆောင် နေကြပါတယ်။ TEPCO ရုံးချုပ်နှင့် ဖူကူရှီးမားရုံးခွဲတို့အကြား သတင်းထုတ်ပြန်မှုကွဲလွဲမှုများရှိနေတဲ့ အတွက် ပြစ်တင်ဝေဖန်မှုများတိုးတက်လာနေပါတယ်။ အစိုးရက ပြည်သူပိုင်လုပ်ရန်စဉ်းစားတဲ့အထိဖြစ် လာပါတယ်။ ညူကလီယားဘေးကင်းရေးဆိုင်ရာပညာရှင်များအဖွဲ့ဟာ အခြေအနေတွေကို ဘယ်လိုနည်း နဲ့အကောင်းဆုံးဖြစ်အောင်ကျော်လွှားဖြေရှင်းနိုင်မလဲဆိုတာ ဆွေးနွေးမှုတွေလည်းလုပ်နေပါတယ်။

အစိုးရက ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကနေ ရှောင်ရှားနိုင်ဖို့ ဓာတ်အားပေးစက်ရုံအနီးပတ်ဝန်းကျင်က နေပြောင်းရွှေ့ဖို့ တိုက်တွန်းလုပ်ဆောင်နေချိန်မှာ TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။

ဂျပန်အစိုးရက ကောင်းတဲ့သတင်းပဲဖြစ်ဖြစ် မကောင်းတဲ့သတင်းပဲဖြစ်ဖြစ် ပေးပို့အသိပေးရမယ် ဒါမှသာ ပြည်သူတွေကို အသိပေးနိုင်မှာဖြစ်ပြီး လိုအပ်တာတွေကိုဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

TEPCO က ဓာတ်ပေါင်းဖိုရဲ့အပူချိန်လျော့ကျလာနေတယ်လို့ ၂၉ ရက် ညနေ ၄ နာရီကျော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

ဒီအတောအတွင်း ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်ပါတဲ့ရေတွေ စိမ့်ထွက်မှုရှိနေတယ်လို့လည်း သိရပါတယ်။ အဲဒီလိုစိမ့်ထွက်တဲ့ရေတွေ ပင်လယ်ထဲကို မရောက်သွားစေဖို့ ကွန်ကရစ်တမံတွေကို အရေးပေါ်လုပ်နေ တယ်လို့လည်း သိရပါတယ်။

ပင်လယ်ထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ပမာဏအဆင့်မြင့်မားနေတယ်ဆိုတဲ့ တိုင်းထွာသိရှိရလို့ ငါးဈေး ကွက်တွေမှာလည်း အကျိုးသက်ရောက်မှုတွေရှိနေသလို တိုးဟိုးကုဒေသက ငါးဖမ်းလုပ်ငန်းတွေ ဆူနားမိ ဘေးကြောင့် အကြီးအကျယ်ထိခိုက်ခဲ့တာကြောင့်လည်း တိုကျိုက ဆုကိဂျိငါးဒိုင်မှာ ငါးအ၀င်နည်းပြီး ပုံမှန် ပမာဏရဲ့ သုံးပုံတပုံပဲရှိပါတယ်၊ ဒီလိုပုံမျိုးနဲ့ဆိုရင် နောက်ထပ် ၂ နှစ် ၃ နှစ်လောက်အထိ ရှေ့အလား အလာဘယ်လိုဖြစ်မလဲဆိုတာ မှန်းရခက်တဲ့အခြေအနေမျိုးလို့ ငါးရောင်းတဲ့သူတဦးက ပြောပါတယ်။

နိုင်ငံ့စီမံကိန်းဆိုင်ရာဝန်ကြီး ခိုးအိချိရို ဂဲန်းဘာ့ က TEPCO က အကျပ်အတည်းကို ကိုင်တွယ်ပုံကို သုံးသပ် ကြည့်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံပိုင်ပြုလုပ်ရေးဆိုတဲ့လမ်းကို ရွေးချယ်ဖို့ရာဖြစ်လာနိုင်တယ်လို့ပြောပါတယ် ဒါပေမဲ့လည်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နိုက သီးခြားပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတခုမှာ အခုလောလောဆယ်မှာ စဉ်းစားဖို့ရာမရှိဘူးလို့ ပြောပါတယ်။

အစားအစာတွေနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုအဆင့်စံနှုန်းသတ်မှတ်ချက်ကို အစိုးရအနေနဲ့ တနိုင်ငံလုံးကို တပြေးညီသတ်မှတ်ဖို့လိုတယ်လို့ ဖူကူရှီးမားခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဖူကူရှီးမားခရိုင်။ အီဘားရားကိခရိုင်တို့မှထွက်ရှိသော ဟင်းရွက်များတွင် ပါဝင်သော ရေဒီယိုဓာတ်သတ္တိကြွမှုပမာဏအဆင့် စံနှုန်းသတ်မှတ်ချက်များ မတူညီမှုကြောင့် ဒေသထွက်ကုန်များ အပေါ်တွင် အကျိုးသက်ရောက်မှုအမျိုးမျိုးဖြစ်နေသည့်အတွက် မျှတမှုမရှိလို့ ဆိုပါတယ်။ အဲဒီလို မတူညီ မှုတွေကြောင့် စားသုံးသူတွေမှာ ဝေခွဲမရဖြစ်ရပါတယ်။

တိုကျိုမှာဆိုရင်လည်း အီဘားရားကိခရိုင်နဲ့ ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကို ၀ယ်စားဖို့ လက်တွန့်နေကြပါတယ်။

ကျော်ကျော်စိုး
၂း၃၄ နာရီ
မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။
Photo: Shwe Gas Movement

2011-03-29

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

သျှမ်းတပ် မဟာမိတ် လမ်းကြောင်း ဖြတ်တောက်ရန် သံလွင်အရှေ့ခြမ်းသို့ နအဖတပ် အင်အားဖြည့်

နအဖစစ်သားများ
မတ်လ 29 ရက် 2011 ခုနှစ်။

သံလွင် အရှေ့ခြမ်းရှိ သျှမ်းပြည် တပ်မတော်နှင့် ကရင်တပ်ဖွဲ့ ရာချီစစ်အင်အား သံလွင်အနောက် ခြမ်း သို့ အင်အားဖြည့် မည့် နအဖသတင်းကြောင့် စစ်ယဉ်တန်း ၁၆ စီး သံလွင် အရှေ့ခြမ်းသို့ ရောက်ရှိ လာသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ အတွင်း သံလွင် အနောက်ခြမ်းမှ (မိုင်းပန်ဖက်မှ လာသော) နအဖ စစ်ယာဉ်တန်း ၁၆ စီး (တာ့ဆန်း တံတားကျော်ဖြတ်၍) မိုင်းတုံသို့ ရောက်ရှိကာ မိုင်းကျွတ် မိုင်းထားသို့ ထပ်မံ ပို့လွှတ်လိုက်သည်ဟု အမည်မဖော် လိုသည့် မိုင်းတုံဒေသခံ တဦးကပြောသည်။

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
Tuesday, 29 March 2011,

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေး ဂိတ်ကို ယနေ့ မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။ မြ၀တီမြို့ခံကုန်သည် တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ် အ၀င် အဖွဲ့စုံ စစ်ဆေးရေး  ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံ ကတော့ အကြီးအသေး အတိုင်းသား ကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Tuesday, March 29, 2011

ထိုင်းက ရေငုပ်သင်္ဘော ၆ စီး ဝယ်မည်

အန်ဒမန် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ကာကွယ်ဖို့ထိုင်းတော်ဝင် ရေတပ်အတွက် ပထမဆုံး အကြိမ်အဖြစ် ဘတ် ၇၇ ဘီလီယံ တန်ဖိုးရှိ တပတ်ရစ် ရေငုပ်သင်္ဘော ၆ စီးကို ဂျာမနီကနေဝယ်ဖို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက သဘောတူလိုက်ပါပြီ။

ရေငုပ် သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရေတပ် အရာရှိတွေကို အထူးသင်တန်း ပေးပြီး ထိုင်းတော်ဝင် ရေတပ်ရဲ့ ရေငုပ်သင်္ဘော တပ်ဖွဲ့သစ်ကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။

အလွန်မြင့်မားသော အပူချိန် လွင့်ထုတ်နိုင်သော ပလူတိုနီယမ်ကို ရှာဖွေတွေ့ရှိ

ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးဆုံးသော အကျပ်အတည်းနှင့် နပန်းလုံးနေရကြောင်း
ဂျပန်ဝန်ကြီးချုပ်က ပါလီမန်တွင် ပြောကြား
ယနေ့သတင်း

အနည်းငယ်သော အဆိပ်ပြင်း ပလူတိုနီယမ်များ ဖုကုရှီးမား အနုမြူဓါတ်အားပေး စက်ရုံးအတွင်း နေရာများ
စွာ စိမ့်ဝင် ပြန့်နှံ နေကြောင်း တွေ့ရ အနုမြူလုံခြုံရေး အရာရှိများက ပြောဆိုရာတွင် လူသားများအတွက် အန္တရယ် မဖြစ်နိုင်သော်လည်း  လောင်စာချောင်းများ ပျော်ဆင်းရာမှ ရေဒီယို ဓါတ်သင့်ပစ္စည်း ယိုစိမ့်မှုမှ စက်ရုံကို ထိန်းချုပ်နိုင်မည်လား ဆိုသော စိုးရိမ်မှုကို ဖြစ်ပေါ်စေသည်။

အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းကြောင်း ကက်ဗိနက် အတွင်းဝန် Edano မှပြော၊  ပျက်စီးမှုများကို အတတ်နိုင်ဆုံး ကြိုးစား ပြင်ဆင်နေကြောင်းပြော၊ ဓါတ်ပေါင်းဖို ၆ လုံးအနေက် ၃လုံးမှာ တစိတ်တပိုင်း ပျော်ဆင်းသည်ဟု ယုံကြည်ကြောင်း၊ စက်ရုံမှရေဒီယို ဓါတ်ကြွပစ္စည်းများ စိမ့်ထွက်မှုများက နို့၊ ဟင်းသီးဟင်းရွက်များနှင့် နောက်ဆုံး သောက်သုံးရေ များအထိ ၀င်ရောက်လာကြောင်း၊ အစိုးရမှ စက်ရုံနှင့် ၁၂မိုင် ပတ်လည်မှ လူများ ကို နေအီမ်များမှ စွန့်ခွါရန်နှင့် မစွန့်ခွါနိုင်ပါကလည်း  တံခါးပိတ်ပြီး နေကြရန် တိုက်တွန်းထား၊ ဆက်တိုက် မတော်တဆ ဖြစ်မှုများနှင့် မသေချာမှုများက အစိုးရနှင့်  တိုကျို လျှပ်စစ်အကြား မေးစရာမေးခွန်းများ ဖြစ်လာပြီး  စိတ်အနှောက်အယှက်များကို ဖြစ်စေသည်။ စက်ရုံကို အမြန်ဆုံး တည်ငြိမ် ထိန်းသိမ်းရေးသည် စိုးရိမ်မှုများနှင့် နောက်ပြန်ဆွဲလျှက် ရှိသည်။

ပြီးခဲ့သည် အပတ်က အလုပ်သမားများသည် လျှပ်စစ်ဓါတ်အား ဆက်သွယ်ပြီး အစိတ်အပိုင်းတချို့ကို ပြန် လည် တပ်ဆင်နိုင်ခဲ့သော်လည်း ဓါတ်ပေါင်းဖိုကို အအေးပေးရန် ရေစုပ်စက်များကို စတင်သောအခါ အ ဆောက်အဦ အောက်ခြေနှင့် ဓါတ်အားလိုင်းနှင့် ပိုက်များ သွားရာမြောင်းများတွင် နေရာတော်တော်များ၌
 ရေဒီယမ် ဓါတ်သင့်နေသော ရေများဝပ်နေသည်ကို တွေ့ရသည်။

ရေဒီယမ် ဓါတ်သင့်နေသော ရေများသည် လေထုအတွင်း ရေဒီယို ဓါတ်ကြွမှုများကို ဖြစ်စေပြီး၊ အလုပ်သမားများ အလုပ်ခွင်အတွက် သတ်မှတ်ထားသော အတိုင်းအတာထက်  ၄ဆ မျှ မြင့်မား သည်နေသည်ကို တွေ့ရပြီး ရေများကို စုပ်ထုတ်နိုင်မှသာ  ရေအေး လည်ပတ်မှု စနစ်ကို စတင်နိုင်မည် ဖြစ်သည်။ ယင်းအချက်များက တာဝန်ရှိသူများကို အချက်၂ချက်အပေါ် အသည်းအသန် စဉ်းစား စေရန်ဖြစ် လာပါသည်။ ရေများကို  ဓါတ်ပေါင်းဖို အတွင်းထပ် ထည့်သွင်းပြီး လောင်စာ ချောင်းများ အပူ လွန်ကဲမှုကို ထိန်းမည်လား နှင့် ရှိပြီးသား မသန့်သော ရေများကို စုပ်ထုပ်ပြီး ရေသန့်များဖြင့် အစားထိုး မည်လား ဆိုသော မဝေခွဲနိုင်သော အချက်များကို ဖြစ်စေသည်။


ဓါတ်အား သင့်နေသော ရေများကို ဖယ်ရှားရန်မှာ ယခုအရေးပေါ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း နှင့် ရေအေး စီဆင်းမှုကိုလည်း ချိန်ဆနိုင်ရမည် ဖြစ်ကြောင်း နူကလီးယား လုံခြုံရေးအရာရှိ Hidehiko Nishiyama ပြောဆိုသည်။ လောင်စာချောင်းများမှ အလွန်မြင့်မားသော အပူချိန် လွင့်ထုတ်နိုင်သော ပလူတိုနီယမ်ကို ရှာဖွေတွေ့ရှိခြင်းက ဆိုးဝါးသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေသည်ဟု Nishiyama ကဆက်လက် ပြောဆိုသည်။ ပလူတိုနီယမ်သည် အဆိပ်အပြင်းဆုံးသော ဓါတ်ပစ္စည်း တမျိုးဖြစ်ပြီး  လွင့်ပြယ်မှု နှေးကွေးကာ အန္တရယ်ရှိသော ရေဒီယို ဓါတ်ကြွမှုကို နှစ်ပေါင်း များစွာတိုင် တည်စေနိုင်သည်။ ယင်းဓါတ်ငွေ့ကို ရှူရှိုက်မိပါက ရာသက်ပန် မိမိကိုယ်ထဲတွင် ရှိနေမည်ဟု Alan Lockwood, a professor of Neurology and Nuclear Medicine at the University at Buffalo and a member of the board of directors of Physicians for Social Responsibility, an advocacy group ကပြောဆိုသည်။ နူကလီးယား အကျပ်အတည်းကို ထိန်းချုပ်မှုအပေါ် အမြင့်ဆုံး တပ်လှန့်မှုနှင့် ဂျပန် ကြုံတွေ့ခဲ့ရသည်အပေါ် ဂျပန်ဝန်ကြီးချုပ်က ယနေ့ ပါလီမန်တွင် ကာကွယ်ပြောကြားခဲ့သော်လည်း ရေဒီယို ဓါတ်ပြန့်နှံမှုက ကျွမ်းကျင်သူများ၏ ထိန်းချုပ်နိုင်မှု စွမ်းရည်ကို မေးစရာဖြစ်နေသည်။ ဂျပန်ဝန်ကြီးချုပ်က ပါလီမန်တွင် ပြောကြားရာတွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးဆုံးသော အကျပ်အတည်းနှင့် နပန်းလုံးနေရကြောင်း ပြောဆိုလိုက်သည်။

ဇော်မင်းခိုင်
၂၉-၃-၂၀၁၁(၂၁း၃၀နာရီ)

စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်

 28 မတ် 2011,

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးကြဖို့ မြန်မာနိုင်ငံတွင်း တိုက်တွန်းမှုတချို့ ရှိနေပေမဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ မတွေ့ရမချင်း မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ဒီမိုကရေစီပါတီအချို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး

28 March 2011,

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်အောက်ခံတပ် တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူးပေါင်းတပ်မှ ထပ်မံ ထိခိုက်သေဆုံးသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) က ပြောသည်။
မတ်လ ၂၆ရက်နေ့ ညနေ ၅နာရီခွဲတွင် ပိုင်ကျုံမြို့နယ်ရှိ မဲ့လာအားခီးနှင့် စေဖိုးခီးအကြားတွင် နအဖ ခမရ(၃၅၇)တပ်ရင်း၊ BGF တပ်ရင်း(၁၀၁၆) ပူးပေါင်းတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂)တို့ကြား ပစ်ခတ်မှုတကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ နအဖမှ ၅ဦးကျဆုံးပြီး ၂ဦး ထိခိုက်သလို BGF ၁ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က နအဖ စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၊ ခမရ(၃၅၇)တပ်ရင်းနှင့် BGF တပ်ရင်း (၁၀၁၆) ပူး ပေါင်းတပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်းတို့ ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ရင်းမှူး အပါအ ၀င် အခြားတပ်ဖွဲ့ဝင်များကို နောက်တန်းပြန်အပို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နအဖ တပ်ရင်းမှူးကို သယ်ဆောင်သွားသည့်ကားမှာ လွတ်သွားခဲ့ပြီး နောက်ထပ် စစ်ကားတစ်စီးကို ထိခိုက်ခဲ့သဖြင့် ထိုကားမှာ မဲ့လာအားဂွင်၌ ပျက်စီးသွားကြောင်း မြင်တွေ့ခဲ့သူများက ပြောသည်။

အမေရိကန်ရောက် မြန်မာများကို ရဲတပ်ဖွဲ့ဝင်ဖို့ ကမ်းလှမ်း

အမေရိကန် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။Photo: AFP
2011-03-28

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Rusty York နဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချနေထိုင်သူ ကျောင်းသား မိဘတွေ မတ်လ ၂၇ ရက် မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့ သိရ ပါတယ်။

ဒီဆွေးနွေးပွဲကို ဖို့ဝိန်းမြို့မှာ ရှိတဲ့ IPFW အင်ဒီးယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ IPFW တက္ကသိုလ်က အသစ်ရွှေ့ပြောင်း အခြေချ နေထိုင်သူများ စာတတ်မြောက်ရေး အစီအစဉ် ညွှန်ကြားရေးမှူး ဦးကျော်သိန်းစိုးက ပြောပါတယ်။

ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိ

ညူကလီးယား စွမ်းအင်သုံး ဖူကူရှီးမား လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖို ရှိရာ အဆောက်အဦရဲ့ အပြင်ဘက် တာဘိုင်စက် ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ  ဓာတ်ပေါင်းဖိုတွင်းက လောင်စာတောင့်တွေ တစိတ်တပိုင်း အရည်ပျော်သွားတာကြောင့် ဖြစ်နိုင်တယ်လို့  ဂျပန်အစိုးရရဲ့ ညူကလီယားနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းရေး အေဂျင်စီအကြီးအကဲ ဟာရုကိ မာဒါရာမဲ က မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဓာတ်အားပေး စက်ရုံအနီးက ပင်လယ်ပြင်ထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့ နေတဲ့ အဆင့် ပမာဏဟာ အင်မတန်မြင့်မားတယ်လို့ TEPCO က ပြောပါတယ်။

ဟာရုကိမာဒါရာမဲ က ဒီအခြေအနေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ အဲဒီရေတွေ ပြင်ပ မရောက်အောင် ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီအခြေအနေကြောင့် နောင်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတဲ့ စိုးရိမ် စိတ်တွေကို မြင့်တက် လာစေပါတယ်၊

အမြတ်အစွန်း မရှာတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ ညူကလီယား သတင်းအချက် အလက်ဆိုင်ရာ ပြည်သူများ အဖွဲ့ရဲ့တာဝန်ရှိသူ တဦးဖြစ်တဲ့ မိချိအာကိ ဖူရုကာဝါ့ က အဆိပ်သင့် နေတဲ့ရေတွေ၊ ပျက်စီးနေတဲ့ အအေး ပေးစနစ်၊ အကျပ်အတည်း တွေ့နေတဲ့ ဓာတ်အားပေး စက်ရုံရဲ့အခြေအနေတွေကို ကောင်းကောင်း ပြန်လည်  ကိုင်တွယ် ထိန်းချုပ် နိုင်ဖို့ဆိုတာ တလ လောက် အချိန်ယူရလိမ့်မယ်လို့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စက်ရုံကို ချာနိုဘိုင်းလိုမျိုး ကွန်ကရစ်နဲ့ မံပြီး အပြီးအပိုင် ပိတ်သိမ်းလိုက်ရလိမ့် မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျော်ကျော်စိုး
၆း၄၅ နာရီ
မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ်

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ

လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်
28 March 2011

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွာရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။
အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်း ဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံ ပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊

Monday, March 28, 2011

တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တော်လှန်ရေးအကြောင်း


copy frrom-naytthit.net

ငလျင်ဒဏ်သင့် ပြည်သူတွေကို NLD ကူညီမည်

2011-03-27

ရှမ်းပြည်နယ်တောင်ပိုင်း တာလေမြို့က ငလျင် ဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ် ရုံးတွေကို ဒီကနေ့ ညွှန်ကြားလိုက်တဲ့အတွက် NLD ရှမ်းပြည်နယ် က မတ်လ ၂၈ ရက်နေ့မှာ စပြီး အကောင်အထည် ဖော်တော့မယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ရှမ်းပြည်နယ် တာဝန်ခံ တဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးက RFA ကို အခုလို ပြောပါတယ်။

“ဒီနေ့နေ့လည် တနာရီကမှ တိုင်းနဲ့ပြည်နယ်တွေ အကုန်လုံးကို စာဖြန့်လိုက်ပါတယ်။ ရှမ်းပြည်နယ် အနေနဲ့လည်း တာလေမှာ ရှိတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးဖို့ လုပ်နေပြီ။ ဟိုကရှိတဲ့ လူတွေနဲ့လည်း ချိတ်ဆက် ထားပြီးပြီ။ ကွန်ယက်က လူတွေကလည်း အဲဒီအတွက် လှုံ့ဆော်နေကြပြီ”

ဒါ့အပြင် NLD အဖွဲ့ချုပ်က ဒီကနေ့ ကျင်းပတဲ့ ၆၆ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမှာ မြေငလျင်ဒဏ် ခံလိုက်ရတဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသား ညီအကို မောင်နှမတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ တမိနစ် ငြိမ်သက်ပြီး မေတ္တာပို့ ဆုတောင်းကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ကျိုင်းတုံမြို့ခံ လူမှုရေး အသင်းတွေကလည်း အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ တာလေမြို့ကို ဒီနေ့ သွားရောက် လှူဒါန်းနေတယ်လို့ သိရပါတယ်။

Copy from _ rfa.org/

ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏ တိကျ မှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို အတွင်းဝန်ချုပ်က ပြစ်တင်ဝေဖန်

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို
အကျပ်အတည်း တွေ့နေတဲ့ ညူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ အအေးပေး စနစ်အတွင်းရှိတဲ့ ပုံမှန်ပျံ့နှံ့မှု ပမာဏ ထက် အဆပေါင်း ၁၀ သန်း များပြားနေတယ်လို့ မတ်လ ၂၇ ရက်နေ့မှာ TEPCO ၀န်ထမ်းတဦးက မှတ်တမ်း တင်ခဲ့တာကို အများက သိရှိခဲ့ပြီးတဲ့နောက် အဲဒီကိန်းဂဏန်းဟာ မဟုတ်ဘူးလို့ TEPCO အရာရှိ တွေက နောက်ပိုင်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီလောက် သေရေးရှင်ရေး ဖြစ်လုမတတ် အခြေအနေမှာ မှားယွင်းတယ် ဆိုတာဟာ နားလည်မှုပေးဖို့ရာနဲ့ ခွင့်လွှတ်ဖို့ရာ ခက်ခဲလှပါတယ်။ ဒီဟာ မှတ်တမ်း ကောက်ယူမှုမှာ ပြန်လှန် စစ်ဆေးမှု မရှိဘူးဆိုတာကို ဖော်ပြ နေသလို TEPCO ရဲ့ အကျပ်အတည်း အခက်အခဲကို ကိုင်တွယ်မှု အင်မတန် ပေါ့လျော့တယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို က အခြေအနေတွေကို ပိုဆိုးမလာအောင် ထိန်းသိမ်းဖို့ ကြိုးစား  နေပေမဲ့လည်း အခက်အခဲ အကျပ်အတည်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ သတင်း အချက်အလက်တွေ ကို တိကျ မှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို ယုကိအိုအဲဒါ့နိုက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းမှာ ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီရဲ့ အရာရှိတဦးဖြစ်တဲ့ မီနိုးရု အိုဂိုတာ က ဓာတ်ပေါင်းဖိုတွေရဲ့ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ တန်ချိန် ရာနဲ့ချီ ရှိနေတယ်လို့ ပြောပါ တယ်။

ကျော်ကျော်စိုး
၁း၁၅ နာရီ
မတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ်

Sunday, March 27, 2011

မြန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလ လူ့အခွင့်အရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်နေစဉ်။ (UN Photo/Jean-Marc Ferré)
2011-03-27

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

ဒီ မူကြမ်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စနစ်တကျ ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ပေးဖို့ သက်တမ်းတိုး ခန့်အပ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မစ္စတာ ကင်းတားနားက- လူ့အခွင့်အရေးကောင်စီက လုပ်ငန်းတာဝန် သက်တမ်း တိုးပေးတဲ့အတွက် ဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေး တိုးတက် ခံစားရဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းကို အတည်ပြု လိုက်တာဟာ သတင်းကောင်းဖြစ်ကြောင်း အာအက်ဖ်အေကို ပြောကြားပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နိုင်ငံများ ကိုယ်စား ဟန်ဂေရီနိုင်ငံက အဆိုပြုခဲ့တာ ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ရုရှားနဲ့ ကျူးဘားနိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ ဒီဆုံးဖြတ်ချက် မူကြမ်းမှာ အပြုသဘော ဆောင်ရွက်ချက်တွေ မပါဝင်တာကို ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

Copy from - rfa.org/

AUN-japan ၏ သုံးလပတ် ညှိနှိုင်းစည်းဝေး


၂၀၁၀ ခုနှစ် မတ်လ(၂၇)ရက်။

ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး ကို ယနေ့ ညနေ ၆း၃၀ မှ ၈း၀၀နာရီ အထိ Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်း အစည်းအဝေးတွင် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး ၂၀၁၁ ခုနှစ်မှာ တိုင်းရင်းသား စုပေါင်းရုံးခန်း ရပ်တည် နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ် ထည့်ဝင်ငွေ များကိုလည်း ညှိနှိုင်းဆွေးနွေးပြီး အဖွဲ့ဝင် အဖွဲ့အစည်းများမှ ထည့်ဝင်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသား အင်အားစုများတို့မှ လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းများနှင့် ဂျပန် ငလျင် ဒေသအတွက် အလှူငွေများကို အဖွဲ့အစည်းအသီးသီးတို့မှ ထည့်ဝင်လှူဒန်းသွာရန် ဆုံဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo

တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ


Copy from ,You Tube video- AlJazeeraEnglish

ပေးဝေထားသော အစားအသောက်ထုပ်များနှင့် တွေ့ရသော ကိုရင်များနှင့် ကျောင်းသား (Photo - Getty Images)

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တာချီလိတ်မှာ မိုးရွာပြီး နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ၇ နာရီတို့မှာ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ပါတယ်။ ဒေသခံ တွေကတော့ ကျီးလန့်စာစား ဖြစ်နေပြီး မိုးကလည်း ရွာနေတော့ ကွင်းပြင်တွေမှာ ထွက်ပြီးနေရတဲ့ လူတွေ တော်တော် ဒုက္ခရောက်ပါတယ်။ နေစရာမရှိ ဖြစ်နေတယ်။

အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို မေးမြန်း ကြည့်ချက်အရ သေဆုံးသူ စုစုပေါင်း ၃၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသကို ရောက်ရှိနေတဲ့ မျက်မြင်များရဲ့ သတင်းပေးပို့ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကိုယ်တိုင် အဲဒီမှာ ရောက်ရှိနေပေမယ့် ဘာကယ်ဆယ်ရေး စခန်းမှ မယ်မယ်ရရ မရှိပါဘူးတဲ့။ အခြေအနေဆိုးတဲ့ တာလေမြို့နယ်ဘက်ကို အရပ်ဖက် အလှူရှင်များက လိုအပ်တာတွေ စုဆောင်း လှူဒါန်း နေတာမျိုးပဲ ရှိပါတယ်တဲ့။

(Photo - Reuters)
တာချီလိတ် ဆေးရုံကို သွားကြည့်တော့ လူနာတွေကို အဲဒီမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၃၁ နဲ့ ၃၅၉ တို့ဆီကို ရွှေ့သွားပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာသမားတွေ ရောက်ရှိလာတဲ့အတွက် အခြေအနေတွေကို မသိစေချင်လို့ အထက်က ညွှန်ကြားတာကြောင့် စစ်တပ်ထဲ ရွှေ့ပြောင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ကတော့ မြန်မာငလျင်အတွက် အလှူငွေ ဒေါ်လာ ၅ သိန်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အိန္ဒိယကတော့ အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ဖို့ အသင့်ပါလို့ အသီးသီး ပြောဆိုထားကြပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ ဘလော့ဂ်

ထရိပိုလီမြို့ သိမ်းတိုက်ပွဲအတွက် မဟာမိတ်တို့က ဒီမိုကရေစီ လိုလားသည့် လစ်ဗျားတို့ကို လက်နက် ထောက်ပံ့မည်

ရေနံတွင်းများ တည်ရှိသည့် ဘရီဂါ မြို့ ကို သိမ်းပိုက် နိုင် ရန် လစ်ဗျား သူပုန်များ ချီတက်နေစဉ် Photo:AP
March 26, 2011

ကဒါဖီ လိုလားသူများက အရပ်သားများကို သတ်ဖြတ် အိမ်မီးရှို့ပြီး ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပုံမျိုး ဖန်တီးထားသဖြင့် ထိုက်သင့်သော ပြစ်ဒဏ် ထပ်ပေးရမည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးက ပြောသည်။

လစ်ဗျားနိုင်ငံ ဘရီဂါ မြို့ကို သိမ်းပိုက် နိုင်ရန်အတွက် ပြင်ဆင်နေသည့် ဒီမိုကရေစီ လိုလားသည့် လစ်ဗျား လက်နက် ကိုင်များကို အမေရိကန်နှင့် နေတိုး အုပ်စုဝင် နိုင်ငံများက လက်နက် ထောက်ပံ့ ပေးမည်ဟု သတင်းရရှိသည်။ လစ်ဗျား လက်နက်ကိုင်များသည် အက်ဒါဘီယာမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ပြီး ဘရီဂါ မြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင်လျှက် ရှိသည်။

အာဏာရှင်တို့၏ ရက်စက် ယုတ်မာမှုအတွက် ဒီဗီဒီယိုကို ကြည့်ဖြစ်အောင် ကြည့်ပါ။ လစ်ဗျား နိုင်ငံတွင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ မိုင်းရိုင်း ယုတ်မာပုံမှာ ယခုထက် အဆပေါင်းများစွာ ဆိုးသည်။ ကဒါဖီ လိုလားသူ ၁၅ ဦး က လက်ထိတ် ခတ်ပြီး မုဒိမ်း ကျင့်ခံရသည့် အမျိုးသမီး၏ သတင်းစာရှင်း လင်း ပွဲကို လစ်ဗျား ကြံ့ဖွတ်က ဖျက်ဆီးပြီး အမျိုးသမီးအား ဖမ်းဆီးသွားသည့် နောက်ဆုံးရ ဗီဒီယို ဖြစ်သည်။





ဗီဒီယိုတွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ၏ တပ်မှ စစ်သား ၁၅ ဦးက လက်ထိပ်ခတ်ပြီး နှစ်ရက်တိုင်တိုင် မုဒိမ်း ကျင့်ခံရသည့် အမျိုးသမီး တစ်ဦး ထရီပိုလီတွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ရန် ပြင်ဆင် နေစဉ် လစ်ဗျား ကြံ့ဖွတ်များက ၀င်ရောက် ဖမ်းဆီး ထိန်းသိမ်း သွားသည်ကို တွေ့ရမည်။

Copy from _freedomnewsgroup.com

ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှု မြင့်မား ငါးလုပ်ငန်း တွေအတွက် စိုးရိမ်စရာ အဆင့်ကို ရောက်ရှိ

ညူကလီယား အကျပ်အတည်းတွေ့နေတဲ့ ဖူကူရှီးမား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာက မတ်လ ၂၆ ရက်မှာ ကြိုးစား လုပ်ဆောင်နေပေမဲ့လည်း ဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှု မြင့်မား နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ငါးလုပ်ငန်း တွေအတွက်  စိုးရိမ်စရာ အဆင့်ကို ရောက်နေပါတယ်။ အစိုးရတော့ စိုးရိမ်ဖွယ်ရာ မရှိလို့ဆိုပေမဲ့  ယုံကြည် လက်ခံတဲ့သူ နည်းပါတယ်။

ပြောက်ကျားတိုက်ခိုက်ကြောင့် နအဖ နှင့် BGF ၉ဦး ထိခိုက်သေဆုံး

မတ်လ ၂၆ရက်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) မော်ဖိုး ကလိုးရှိ KNLA လှုပ်ရှားတပ်ဖွဲ့သည် နအဖနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ယမန်နေ့က ပြောက်ကျား တိုက်စစ် ဖြင့် လျှပ်တပြက် ၀င်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ၉ဦး ထိခိုက် သေဆုံး ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကရင်အမျိုးသား လွတ်ရေးတပ်မတော်(KNLA)တပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံရသည့် တပ်ဖွဲ့မှာ နအဖ စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ဖြစ်ပြီး အဆိုပါ တိုက်ပွဲတွင် နအဖ က တပ်ရင်းမှူး အပါအ၀င် ဒဏ်ရာရသူ ၅ဦး၊ သေဆုံးသူ ၁ဦးနှင့် BGF က ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ (၇)မှူး ဗိုလ်မှူးချုပ် စောဂျော်နီက ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

“သူတို့(နအဖနှင့် BGF)ဘက်က ထိတာက အကုန်လုံး ၉ယောက်ပေါ့နော်။ ကျနော်တို့က သူတို့ကို ပြောက်ကျားနဲ့ အလစ် တိုက်ခိုက်တဲ့အတွက် ကျနော်တို့ဘက်က လူတယောက်မှ မထိပါဘူး။ ပစ်ပြီးတာနဲ့ ဆုတ်ပဲလေ။”ဟု သူက ပြောသည်။

Saturday, March 26, 2011

BURMA SOLDIER


BURMA SOLDIER - (in Burmese) JOIN THE CLANDESTINE RELEASE INTO BURMA from julie on Vimeo.

ပြည်သူကို ချစ်တဲ့ တပ်မတော်သားဟောင်း တယောက်ရဲ့ ပေးဆပ်ခဲ့ရ မှုတွေကို ဂုဏ်ပြုထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ပါ.. မတ်လ ၁၉-၂၀ , ၂၆-၂၇ မှာ DVB ကနေ ပြသပါတယ်.. (ရုပ်ရှင်အညွှန်း - ခြေတဖက် လက်နှစ်ဖက် ပေးဆပ်ခဲ့ရတဲ့ သားကိုတွေ့ တဲ့အချိန် သူ့ အမေရဲ့ အားပေး စကားတွေက ရင်ထဲကို ထိုးနှက် ရှိုက်ငိုခဲ့ရပါတယ်. သူများတွေ လက်၂ဖက်နဲ့ တခုခု လုပ်နေတာတွေ့ရင် သူလဲ လက်နှစ်ဖက် အသုံးပြုချင်စိတ်တွေ ဖြစ်တယ်ဆိုတဲ့ ကိုမျိုးမြင့်ရဲ့  စကားတွေက နှလုံးသားကို ကြေကွဲရပါတယ်)
Copy from -DVB

တာချီလိတ် တစ်ဝိုက် ငလျှင် ငယ်များ ထပ်လှုပ် ၊အမေရိကန် အစိုးရ က ငလျှင် ဒဏ်ခံရသူများ အတွက် ကူညီမည်


Video - DVB

ယနေ့ မနက် ငါးနာရီ အချိန်ခန့်တွင် တာချီလိတ် ခရိုင် တစ်ဝိုက်၌ အင်အား မပြင်းထန်သော ငလျှင် ငယ်များ ထပ်မံ လှုပ်ခြင်းကြောင့် မြို့နေ လူထုမှ လမ်းမများပေါ် ထွက်နေရသည်ဟု သတင်း ရရှိသည်။ငလျှင် ဒဏ်ကြောင့် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံ မြို့များတွင် ပျက်စီး ဆုံးရှုံးမှုများ ရှိသည်။ တာချီလိတ် ခရိုင်အတွင်းရှိ တာလေ တစ်မြို့ တည်းတွင်ပင် သေဆုံးသူ တစ်ရာ နီးပါး ရှိ ပြီး ၂၀ ကျော် ပျောက်ဆုံး နေသည်ဟု သတင်း ရရှိသည်။

မတ်လ ၂၄ ရက် နေ့ညက လှုပ်ခတ် သွားသည့် အင်အား ၇.၀ အဆင့်ရှိ ငလျှင်ကြောင့် ငလျှင် ဗဟို ချက် ဖြစ်သည့် လွယ်မွေ မြို့တွင်လည်း တစ်မြို့လုံး နီးပါး ပျက်စီးမှု ရှိသည်ဟု တာချီတ်မြို့ မှ အကူအညီ ပေးရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ငလျှင် သည် လွယ်မွေမြို့၏ မြေအောက် ၆ မိုင် အနက် နေရာကို ဗဟိုပြု၍ လှုပ်ခတ် သွားခြင်း ဖြစ်သည်။

ယနေ့မနက် ထပ်မံ လှုပ်ခတ်သွားသည့် ငလျှင်သည် ၅.၀ ရခ်ျတာ စကေး အဆင့်ရှိသည်။

အမေရိကန် အစိုးရ ပြောရေး ဆိုခွင့် ရရှိသူ တစ်ဦးက ငလျှင်ဒဏ် ခံရသူများ အတွက် ၀မ်းနည်း ကြောင်းထုတ်ဖော် ပြောကြား လိုက်ပြီး ငလျှင်ဒဏ် ခံရသည့် ဒေသမှ ပြည်သူများကို ကူညီရန် အသင့် ရှိသည် ဟု ထုတ်ဖော် ပြောကြားလိုက်သည်။
Myanmar Earthquake

Copy from - freedomnewsgroup.com

ဓါတ်ရောင်ခြည်ယိုစိမ့်မှု စောင့်ကြည့်ဖို့ ဂျပန်ဝန်ကြီးချုပ်သတိပေး

ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan)
25 မတ် 2011

ဂျပန်နိုင်ငံ ဖူကူရှီးမား ခရိုင်က အမှတ် (၁) လျှပ်စစ် ဓါတ်အားပေး စက်ရုံရဲ့ နံပါတ် (၃) အနုမြူဓါတ်ပေါင်းဖို အတွင်းပိုင်းဟာ လုံးဝပျက်စီးသွားဖွယ်ရှိတယ် ဆိုတဲ့သတင်းကြောင့် ဒီဓါတ်ပေါင်းဖိုရဲ့ အန္တရာယ်ရှိတဲ့ အနေအထားဟာ မြင့်မား နေဆဲဖြစ်တယ်လို့ ဒီကနေ့ ၀န်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားသွားခဲ့ပါတယ်။ ဒီကနေ့ ရေဒီယို သတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်မှုမြင့်တက်လာ နေတာကြောင့် ဂျပန်တနိုင်ငံလုံး သတိဝီရိယနဲ့ ရှိနေကြရမယ်လို့လည်း ၀န်ကြီးချုပ် ခန်က ပြောပါတယ်။

ဂျပန်အစိုးရ ၀န်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင် ပတ်လည်အတွင်း နေထိုင်ကြသူတွေ ရွှေ့ပြောင်း သွားကြဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့က ငလျင်နဲ့ဆူနာမီ ရေလှိုင်းကြီးတွေ ရိုက်ခတ်ခံခဲ့ရပြီးတဲ့နောက်ပိုင်း ၃ ရက်အကြာမှာ ဖူကူရှီးမားခရိုင် အမှတ် (၁) လျှပ်စစ် ဓါတ်အားပေးစက်ရုံက နံပါတ် (၃) အနုမြူ ဓါတ်ပေါင်းဖိုရဲ့ အတွင်းပိုင်းဟာ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လုံးဝပျက်စီးသွားဖွယ်ရှိတယ်လို့ ဂျပန် နျူကလီးယားနဲ့ စက်မှုလုပ်ငန်းများ လုံခြုံရေးအေဂျင်စီ ဒုတိယ ညွှန်ကြားရေးမှူး ဟိဒဲဟိကို နိရှိယာမ (Hidehiko Nishiyama) က ဒီကနေ့ သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဖူဂျီယန် ပြည်နယ် (Fujian Province) ဂျားမင်း (Xiamen) မြို့ သင်္ဘောဆိပ်ကို ရောက်ရှိလာတဲ့ ကမ္ဘာလှည့်သင်္ဘောကြီးပေါ်က ဂျပန်ခရီးသည် ၂ ဦးဟာ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေ အလွန်အမင်း ကျရောက်နေတာ တွေ့ရှိရပြီးတော့ သူတို့ကို အထူးဆေးရုံတရုံမှာ ဆေးစစ်မှုတွေ လုပ်နေတယ်လို့လည်း ဒီကနေ့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်ခရီးသည် ၂ ဦးရဲ့ ခရီးဆောင်သေတ္တာတွေနဲ့ ၀တ်ထားတဲ့အ၀တ်တွေပေါ်မှာ ကျရောက်နေတဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေရဲ့ အန္တရာယ်ရှိမှုအဆင့်ဟာ သိပ်မြင့် လွန်းတယ်လို့လည်း တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။

နိုင်ငံတကာက သင်္ဘောလိုင်းတချို့ကလည်း သူတို့ရဲ့ ကုန်သင်္ဘောတွေကို တိုကျိုပင်လယ်အော်ထဲက အဓိကအကျဆုံး ယိုကိုဟားမား (Yokohama) တို့ကို အ၀င်အထွက်မလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

Copy from _ voanews.com/

မြန်မာနိုင်ငံဆိုင်ရာပြဋ္ဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု

25 မတ် 2011

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ ဥရောပနိုင်ငံ အများစုပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မဲမခွဲဘဲ  ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့ မူကြမ်းထဲမှာ ပါဝင်တဲ့ အချက်တချို့ကို နှုတ်အားဖြင့် ဒီနေ့ ပြင်ဆင်ခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့အရေး လှုပ်ရှားနေသူတွေကတော့ ဒီတခါ ဆုံးဖြတ်ချက်မှာ ထူးခြားချက်တွေလည်း ရှိနေတယ်လို့ ပြောတော့ ဘာကြောင့်လဲ ဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာလုပ်တဲ့ လူ့အခွင့်အရေး ကောင်စီ စည်းဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဒီကနေ့ သောကြာနေ့မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံအများစုနဲ့  တခြားအဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင် ရေးသားခဲ့တဲ့ ဒီမူကြမ်းထဲမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့အချက်၊ မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး အဆင့်အတန်းနဲ့အညီ ပြင်ဆင်ဖို့ စတဲ့ အချက်တွေကိုတော့ ဆုံးဖြတ်ချက် မချခင်မှာ နှုတ်အားဖြင့် ပြင်ဆင်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

Photo by-Ap
မတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်လို့ အလုပ်သမား  ၃ ဦးအနက် ၂ ဦးဟာ ဓာတ်ရောင်ခြည် သင့်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆို သွားပါတယ်။ ဓာတ်ရောင်ခြည် သင့်ခံရတဲ့သူ ၂ ဦးဟာ လက်မောင်းနဲ့ ခြေထောက်တွေမှာ မီးလောင်ခံရသလို အရေပြားတွေ လန်ထွက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ ဓာတ်ပေါင်းဖိုရှိတဲ့ အဆောက်အအုံအနီးက တာဘိုင် အင်ဂျင်စက်ထားတဲ့ အဆောက်အဦတွင်းမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Photo-Reuter
ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ အကြောင်း ၂ ခုအရဖြစ်နိုင်တယ်လို့ တွက်ဆကြပါတယ်။ ပထမတချက်က အသုံးပြုပြီး ညူကလီယား လောင်စာတောင့်တွေ ထားရှိတဲ့ ရေလှောင်ကန်ကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ဒုတိယတချက်က ညူကလီယား ဓာတ်ပေါင်းဖို ပင်မအခန်းမှာ ရေလျော့နည်း ကျဆင်းပြီး အပူချိန်မြင့်တက် ကာ လောင်စာတောင့်တွေ အရည်ပျော်တာ melt down ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ဒီအတောအတွင်း တိုကျိုမြို့ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ အဲဒိုဂါဝါ့မြို့နယ်အတွင်းက သုတေသနလုပ်ဖို့အတွက်  စိုက်ပျိုးထားတဲ့ ကိုမတ်ဆုနာ့(မုံညင်းစိမ်းတမျိုး)မှာ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေပါဝင် နေတယ်ဆိုတာ စစ် ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နာအို့တိုခန်းက အခြေအနေတွေဟာ အင်မတန်မှကို ခန့်မှန်းလို့ မရတဲ့ အနေအထားလို့  သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။

ကျော်ကျော်စိုး
၁း၄၅ နာရီ
မတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ်

အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ရွေကြိဂံ ငလျင်ကြီး ဓါတ်ပုံ ရုပ်သံ


တာချီလိတ် ငလျှင် အပျက်အစီး ဓာတ်ပုံ နှင့် တာလေမြို့ ငလျှင် ဓာတ်ပုံများ
Photo Copy။ ,irrawaddy ,akm-kuntha.blogspot.com


့Copy from ,You tube video - irrawaddynews

ရွေကြိဂံငလျင်သေဆုံးသူ ၁၃၀ ရှိပြီ
 25 မတ် 2011

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံး ခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မနေ့ညက လှုပ်ခဲ့တဲ့ငလျင်ဟာ လွယ်မွေမြို့အနီးမှာ ဗဟိုပြု လုပ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက် အများဆုံး ဖြစ်ခဲ့တာကတော့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တာလေမြို့နဲ့ မိုင်းလင်း ကျေးရွာတွေမှာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက တာလေမြို့နဲ့ မိုင်းလင်း ကျေးရွာကို ရောက်ရှိခဲ့တဲ့ တာချီလိတ်မြို့ခံတယောက်က အသေအပျောက် အပျက်အစီး အခြေအနေကို အခုလို ပြောပါတယ်။

“တာလေ၊ မိုင်းလင်းတော့ တော်တော်သေတယ်။ အိမ်တွေလည်း အတော်ပြိုတယ်။ ခုနလေးတင် ကျနော် အဲဒီကို သွားလိုက်တယ်။ ကျနော်တို့ အမျိုး သေလို့လေ။ တာလေ၊ မိုင်းလင်းကို သွားတာ။ မိုင်းလင်းမှာက ၆၀ ကျော်သေတယ်။ တာလေမှာက ၅၀ ကျော်လောက် သေတယ်။ အားလုံးပေါင်း လို့ရှိရင် လောလောဆယ် ၁၁၁ ယောက်သေတယ်။ တာချီလိတ် ဆေးရုံကိုလည်း လူပေါင်း ၆၀ ကျော် ၇၀ ကျော်လောက် တက်လာတယ်။ အိမ်ခြေက တာလေမှာ ၉၀ ကျော်၊ မိုင်းလင်းမှာ ၁၀၀ ကျော် အားလုံး ၂၀၀ နီးပါးလောက်ပြိုတယ်။”

တာချီလိတ်မြို့ မြောက်ဖက် ၁၅ မိုင်အကွာလောက်မှာရှိတဲ့ ကျကူညီခေါ် လားဟူကျေးရွာမှာလည်း အနည်းဆုံး လူ ၂၀ လောက်ဟာ ဘုရားကျောင်း ပြိုကျခဲ့တာကြောင့် သေဆုံး ခဲ့တယ်လို့ ဒေသခံ လားဟူ အမျိုးသား တယောက်က ပြောပါတယ်။

“လောလောဆယ် ကြားတာက ၂၀ ကျော်လောက် သေသွားပြီ။ ၃၀ ကျော်လောက် ဒဏ်ရာရတယ်တဲ့။ မနေ့က သူတို့ အဲဒီမှာ နွေရာသီ လူငယ် သင်တန်းလုပ်ရင်းနဲ့ မနေ့က နောက်ဆုံးပိတ်ပွဲ၊ နုတ်ဆက်ပွဲ လုပ်နေတဲ့အချိန်မှာ အဲဒီမှာ ငလျင်လာတော့။ အလောင်းတွေက ဘုရားကျောင်း အပြိုအပျက်အောက်မှာ ထုတ်နေတုန်းပဲတဲ့။”

ဒေသခံတွေရဲ့အပြောအရ လောလောဆယ်မှာ သေဆုံးသူ ၁၃၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်သံဌာနကတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူ ၇၄ ယောက်ရှိပြီး ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံးအဆောက်အဦး ၉ လုံးပျက်ဆီးကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ တာလေမြို့ ဆေးရုံဟာ လုံးဝပြိုကျ ပျက်စီးသွားတယ်၊ မြို့အတွင်းက အပျက်အဆီးပုံတွေကိုလည်း ရှင်းလင်းလို့မပြီးဆုံးသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တာလေမြို့ဘက်မှာ အထိအခိုက် အပျက်အစီး များတဲ့နေရာတွေဟာ အစိုးရ စစ်တပ်တွေ  အခြေစိုက်တဲ့နေရာ ဖြစ်တာကြောင့် သေဆုံးသူဟာ အရပ်သားထက် စစ်သားတွေက ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ကျိုင်းတုံ-တာချီလိတ် ကားလမ်း တာလေမြို့အနီးက တံတား အစွန်းတဘက်ဟာ ၅ ပေလောက် နိမ့်ဆင်း သွားတာကြောင့် အခုအခါ ကားကြီးတွေ ဖြတ်သန်း သွားလာလို့ မရဖြစ်နေတယ်၊ ကားငယ်နဲ့ ဆိုင်ကယ် တွေလောက်ပဲ ဖြတ်ကူးနိုင်ပြီး တံတား ပြန်လည် ပြင်ဆင်တာကို အားချင်း လုပ်ဆောင်နေတယ် လို့လည်း အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ တာချီလိတ်မြို့ခံက ပြောပါတယ်။

မနေ့ည ၈ နာရီခွဲလောက်က ငလျင်ကြီး ၂ ကြိမ် လှုပ်ခတ် ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ငလျင် ငယ်လေးတွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းခြားပြီး ဆက်တိုက် ဆိုသလို လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေက ငလျင်ကြီး ထပ်မံ လှုပ်ခတ် နိုင်တာကြောင့် လူတွေကို အိမ်ထဲမှာ မနေဖို့ ဆော်သြ ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် မနေ့ည ၁၁ နာရီလောက် ကစတင်ပြီး ဒေသခံ အာဏာပိုင်တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ တာချီလိတ်မြို့ခံတွေဟာ ထမင်းထုပ်၊ သောက်ရေသန့်နဲ့ အ၀တ် အစားတွေကို ငလျင် ဒဏ်ခံရတဲ့ တာလေမြို့ဘက်ကို ပေးပို့နေပါတယ်။

သတင်းရင်းမြစ် _ ဗီအိုအေ

Friday, March 25, 2011

ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ

စစ်အစိုးရမီဒီယာများ၏ ယခုကြေညာသွားချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် ၆၃ ဦးသေ၊ ၁၀၆ ဦး ဒဏ်ရာရ၊ အိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံးတို့ ပျက်စီးကြောင်း သိရသည်။

သတင်းရင်းမြစ် - ဧရာဝတီ ဘလော့ဂ်ဟာ

ငလျှင် ကြောင့် ရှမ်းပြည်နယ် တွင် အနည်း ဆုံး လူ ၇၀ ကျော်သေဆုံး

ယမန်နေ့ ည ရှစ်နာရီ အချိန် ခန့်က ရှမ်းပြည်နယ် ကျိုင်းတုံ နှင့် တာချီလိတ် မြို့ ကြား နေရာကို ဗဟို ပြု၍
အင်အား မဂ္ဂနီ ကျု ၇.၀ အဆင့်ရှိ ငလျှင်ကြောင့် မိုင်းတုံ ၊ တာချီလိတ် နှင့် ကျိုင်းတုံ မြို့များတွင် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးကြောင်း ကျိုင်းတုံ ဒေသခံ တပ်ရင်တစ်ခုမှ အရာရှိ တစ်ဦးက Freedom News Group သို့ အတည်ပြု ပြောကြားသည်။ မိုင်းတုံ ၊ တာချီလိတ် နှင့် ကျိုင်းတုံမြို့ များတွင် တယ်လီဖုန်းလိုင်း နှင့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်နေပြီး နောက်ဆုံ ရရှိသည့် သတင်းများအရ မိုင်းဆတ် လေယာဉ်ကွင်း ပျက်စီးပြီး နှစ်ဦးသေဆုံးသည်။

ငလျှင်သည် တာချီမြို့၏ မြောက်ဘက် နေရာကို ဗဟိုပြု၍ လှုပ်ခတ် သွားခြင်း ဖြစ်ပြီး အင်အားကြီး ငလျှင်ကြီး လှုပ်ခတ်ပြီး နောက် အင်အား အသင့်အတင့်ရှိသော ငလျှင်များ တာချီလိတ် မြို့ အနီး တစ်ဝိုက် ကို ဗဟိုပြု၍ ည ၁၂ နာရီ အထိ လှုပ်ခတ် လျှက်ရှိသည်။

ငလျှင်ကြောင့် ရှမ်းပြည်နယ်ရှိ စစ်တပ်များတွင် အဆောက်အဦများ ပြိုကျပြီး မိုင်းဖြတ် မြို့ အနီးရှိ ခလရ
၃၃၁ ရှိ အဆောက်အဦးများလည်း ပြိုကျကာ စစ်သားများ သေဆုံးသည်။ တာချီလိတ် နှင့် ငလျှင်ဗဟို ချက် ဖြစ်သည့် လွယ်မွေတွင် အဆောက်အဦများ ပြိုကျမှု ရှိပြီး လွယ်မွေသည် ရှရုားနှင့် မြောက်ကိုရီးယား  အကူအညီ ဖြင့် တည်ဆောက် ထားသည့် မြန်မာ စစ်အစိုးရ ၏ ရေဒါ စခန်း တည်ရှိသည်။

နေပြည်တော် လေဆိပ် သစ် တည်ဆောက်မှု ပျက်စီး ဆောက်လုပ်ရေး လုပ်ငန်း ခွင် တွင် တစ်ဦး သေဆုံး

Updated :ယနေ့  မနက် ၁၁ နာရီ မိနစ် သုံးဆယ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ငလျှင် ကြောင့်
သေဆုံးသူ ခုနှစ်ဆယ်ကျော ရှိလာပြီး ရန်ကုန်တွင် ငလျှင် ထပ်မံ လှုပ်ခတ်မည်ကို စိုးရိမ်မှုများ ရှိနေသည်။

Copy from _ freedomnewsgroup.com

SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ

ဒုက္ခသည်လူထု

မတ်လ 24 ရက် 2011 ခုနှစ်။

ဖေဖော်ဝါရီ ၂၂ ရက် မိုင်းရှူးရတနာမြေ ဒေသခံများ ခရီးသွားလာမှု ကိုနအဖအာဏာပိုင်များတင်းကြပ် လိုက်ပြီး နောက်ပိုင်း မတ်ခ်ျ ၁၃ ရက်မှစ၍ သျှမ်းပြည် တပ်မတော် SSPP/SSA အား တပ်ရင်းပေါင်း ၁၉ရင်း ဖြင့် စစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် မိုင်းရှူးအပါအဝင် ကျေးသီး၊ တန့်ယန်း၊ လားရှိုး ၊ မိုင်းရယ်၊ မိုင်းနောင်မြို့ နယ် ကျေးလက်ပြည်သူ များ စစ်ဘေး စစ်ဒဏ်ရင်ဆိုင်ခဲ့ ကြရသည်။

တချိန်ထဲမှာပင် စစ်ပွဲမဖြစ်သော ဒေသခံ ကျေးရွာရွာသူ၊ သားများလည်း လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက် ခံနေရကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ၌ စခန်းချသည့် လင်းခေး အခြေစိုက်တပ် တတပ်မှ ဗိုလ်ကြီးမင်းမင်း လှိုင် ဦးဆောင်သည့် စစ်ကြောင်းတကြောင်းက ယခုလ ၉ ရက်နေ့က နမ့်ပုတ်းရွာသားပိုင် နွားမတစ်ကောင် (ကာလတန်ဖိုး ကျပ် ၅၀၀၀၀၀) ကို ထောင်ဖမ်းကာ အမဲပေါ်စားခဲ့သည်။ ၁၄ ရက်တွင်မူ ဖတ်နမ်ရွာသား တဦး၏ နွားထီး တကောင် (ကာလတန်ဖိုးကျပ် ၆၀၀၀၀၀) ကိုလည်း ၎င်းတပ်ကပင် အလားတူ ဖမ်းဆီး သတ်ဖြတ်စား သောက် သည်။

မတ်ခ်ျ ၁၅ ရက် အဆိုပါတပ်ဖွဲ့ပင် ဝမ့်ဝပ်ရွာသူကြီး လုံးစိုင်း (အသက် ၅၀ )အား ၎င်းတို့တပ်စခန်းသို့ လူလွှတ်ခေါ် ယူခဲ့၏။ လုံးစိုင်းရောက်လာသည်နှင့်စကားတခွန်းမျှမပြောဘဲ လုံးစိုင်းအား ရိုက်နှက် ကန်ကျောက်ပြီးနောက် “အချိန်မီ ရောက်မလာသဖြင့် ဒဏ်ခတ်သည်” ဟုဆို၏။ ထိုသို့ ရိုက်နှက်ပြီး နောက်ပိုင်း မင်းမင်းလှိုင်၏ တပည့်များက လုံးစိုင်းအိမ်သို့ သွားကာ မိသားစုအား “ ငါတို့ ဗိုလ်ကြီးက စိတ်မြန်လက်မြန် ဒေါသကြီးတယ် ။ စိတ်မရှိကြပါနဲ့” ဟု ပြောဆိုခဲ့သည်။

တန့်ယန်းမြို့နယ် မိုင်းကောင်ဝ်တိုက်နယ် နမ့်လောင်းရွာ

သျှမ်းပြည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွါးပြီး နမ့်လောင်ဝ်းအား နအဖ တပ်ဝင်ရောက် ထိန်းချုပ်ခဲ့  သည့်မတ်ခ်ျလ ၁၆ ရက် နောက်ပိုင်း နအဖတပ် ခလရ ၃၃ နှင့် ၂၉၁ တို့က နမ့်လောင်ဝ်းဒေသခံ ၁၀၀ ကျော် ဖမ်းဆီးကာ တပ်စခန်း အတွင်းချုပ်နှောင်ထားသည်ဟုသိရသည်။ အဖမ်းခံရသည့် ဒေသခံ အများစုမှာ ရှောင်ပြေး ရခက်သော အမျိုးသမီး၊ ကလေး ငယ်နှင့် သက်ကြီး ရွယ်အိုများသာ  ဖြစ်သည်ဟုဆိုသည်။ အလားတူ မိုင်းကောင်ဝ် လူငယ် ၂၀-၃၀ ယောက် အားလည်း အဆိုပါတပ် ၂ တပ်က ဖမ်းဆီးကာ နမ့်လောင်းဒေသခံတဦး၏ နေအိမ်၌ချုပ်ထား၏။ နအဖ စစ်တပ်၏ ဖမ်းဆီး ထိန်းချုပ်မှုကိုကြောက် သော ရွာသား ၆၀၀ ထက်မနဲ တောတောင်ထဲ အစာငတ်ပြတ်ခံ  ပုန်းခို နေကြရသည်။ အဆိုးဆုံးမှာ မိုင်းကောင် အုပ်စု စစ်ပြေး ဒုက္ခသည်များ၏ အိမ်သုံး ပစ္စည်းများ မွှေနှောက် ရှာဖွေ ယူငင်ကြသည့်အပြင် ဒေသခံများ၏ ဆိုင် ကယ်အစီး ၅၀ သိမ်းယူကာ တန့်ယန်းရှိ ၎င်းတို့၏ မိသားစုများ ထံ ပို့ပေးကြကြောင်း တန့်ယန်း တပ် မိသားစုထံမှ သိရသည်။

နအဖကို ကုလသမဂ္ဂ က စစ်ရေးအရယူဖို့  ၈၈ မျိုးဆက်တွေ ကြိုးပန်းနေပြီ ဒီမှာသင်လက်မှတ်ထိုးခြင်း ဖြင့်ကူညီပါ။


နအဖ ကို ကုလသမဂ္ဂက စစ်ရေးအရအရေးယူဆောင်ရွက်ဖို့  မြန်မာပြည်သား တသိန်း လက်မှတ်လိုနေပါတယ်။ ဒီမှာလက်မှတ်ထိုးပါ။ (ပုံကိုနှိပ်ပါ)


We Want Military Intervention on Burma

ဂျပန် နျူကလီးယား လုပ်သား ၂ ဦး ဆေးရုံတင်

24 မတ် 2011

ဂျပန်နိုင်ငံက ဓာတ်ရောင်ခြည် အန္တရာယ် ရှိနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တခုမှာ အရေးပေါ် အလုပ်သမား ၂ ယောက်ရဲ့ ခြေထောက်တွေ ဓာတ်ရောင်ခြည် ပမာဏ အမြောက်အမြားနဲ့ ထိတွေ့မိပြီး အရေပြားပေါ်မှာ အနာတွေ ဖြစ်သွားတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ ဂျပန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကူရှီးမား (Fukushima) နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက အန္တရာယ် အရှိဆုံးလို့ သတ်မှတ်ထားတဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုရဲ့ အအေးခံစက်ကို ပြင်ဆင်နေစဉ်မှာ အလုပ်သမား ၃ ယောက်ဟာ အန္တရာယ်များတဲ့ ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မိတယ်လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ်က ပြောပါတယ်။

ဓာတ်ပေါင်းဖို မြေအောက်ခန်းထဲမှာ သူတို့ ၃ ယောက်က ဓာတ်ကြိုးတွေကို သွယ်တန်းနေစဉ်မှာ ဓာတ်ရောင်ခြည် သင့်နေတဲ့ ရေတွေကို ၂ ယောက်က တက်နင်းမိပြီး သူတို့ခြေထောက်တွေကို ထိသွားခဲ့ကြတာ ဖြစ်တယ်လို့ အတွင်းဝန်ချုပ် ယူကီအို အီဒါနို (Yukio Edano) က ပြောပါတယ်။

စက်ရုံဝန်ထမ်း ၂ ယောက်ကို ဓာတ်ရောင်ခြည်သင့် လူနာတွေကို ကုသဖို့ လုပ်ထားတဲ့ ဆေးရုံဆီ ပို့လိုက်တယ်လို့ စက်ရုံ ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ် တွင် အင်အား ပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်

တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသည်
March 24, 2011

နေပြည်တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန်၌ အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့်ရှိ ငလျှင် နှစ်ခု ရှစ်မိနစ်ခြားစီ လှုပ်ခတ် သွားသည်။ နေ ပြည်တော်ရှိ အဆောက် အဦများ မှန်များကွဲ (Updated 9:12 PM) နေပြည်တော် ရှိ အထပ် မြင့် အဆောက် အဦ တစ် ချို့ တွင် ပျက် စီး မှု များ ရှိ

ရန်ကုန် တွင် ငလျှင် လန့် ကန်ထရိုက် တိုက် နေသူများ ချမ်းအေးသည့် ဒဏ် အံတုရင်း လမ်းပေါ် ထွက်နေ
(တာမွေ ၊ ကျောက်မြောင်း၊ စမ်းချောင်း ၊ရေကျော်)

လာရှိုးနှင့် သီပေါ မြို့  ကြား နေရာကို ဗဟိုပြု ပြီး အင်အားငယ် ငလျှင်များ ထပ်မံ လှုပ်ခတ် (Updated 9:15 PM)

ထိုင်းနိုင်ငံ ချင်းရိုင်မြို့ ၏ မြောက်ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟိုပြုပြီး လှုပ်ခတ် သွားသည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်းရိုင် မြို့ ကြားနေရာကို ဗဟိုပြုပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီးခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။

တာချီလိတ် မြိုနှင့် နယ်စပ် မယ်ဆိုင် မြို ကို ကူးသည့် တံတားအနီးရှိ ကမ်းနား နေအိမ် အချို့ ပြိုကျမှု ရှိပြီး တာံတား ရေလည်တိုင်များလည်း ပျက်စီးမှုရှိ၍ နယ်စပ် ဖြတ်ကျော် တံတားကို ပိတ်ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။

ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည်ဟု အကောက်ခွန် ၀န်ထမ်းတစ်ဦးက ပြောသည်။မယ်ဆိုင်မြို့၏ မြောက်ဘက် မိုင် ၂၀ ခန့် နေရာကို ဗဟိုပြုပြီး ထပ်မံ လှုပ်သည့် ငလျှင်ကြောင့် တာချီလိတ် တွင် ပျက်စီး ဆုံးရှုံးမှုများ ရှိသည်။

တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)

မြန်မာ ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ထိုင်းတယ်လီဖုန်းလိုင်း (မယ် ဆိုင်)(ချင်းမိုင်)ဖြင့် နောက်ဆုံး ရရှိသည့် သတင်းများကို ဆက် ဖော်ပြပေးသွားပါမည်။

မြန်မာ နိုင်ငံတွင်း မယ်ဆိုင်( ထိုင်း) ဖုန်းလိုင်အချို့လည်း ပြတ်တောက်နေသည်။ မယ်ဆိုင် ဘက်တွင် လည်း ပျက်စီး ဆုံးရှုံးမှု ရှိသည်။

တာချီလိတ် ၊ သီပေါ စုံစမ်း ဆဲ

တာချီလိတ် မြို့တွင် ငလျှင်ငယ်များ ထပ်လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ခံစကား ပြောရင်း ပြတ်တောက်သွား သည်။ အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။

ဒါပေမဲ့ လူတွေအားလုံးဟာ ဘယ်ကိုမှမသွားရဲတော့ သတင်းအချက်တွေ သိပ်မရ ဘူးဖြစ်နေတယ် ရတဲ့ ဘက်ကနေ ရအောင် လိုက်ပေးမယ်။

တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသည်။

Copy from -freedomnewsgroup.com

အီဂျစ်တော်လှန်ရေးသမား လုပ်နည်းကိုင်နည်း


၂၀၁၁ ခု ဇန်နဝါရီ ၁၄ ရက်မှာ ကျူနီးရှားတော်လှန်ရေး အောင်ပွဲခံပြီးနောက်မှာ အီဂျစ် ဒီမိုကရေစီ သမားတွေကလဲ အာ ဏာရှင် မူဘာရတ်ကို လူထု တော်လှန်ရေးနဲ့ ဖြုတ်ချဖို့ ပြင်ဆင် ခဲ့ကြပါတယ်။ ဒီလို ပြင်ဆင်ရာမှာ ဖေ့စ်ဘွတ်နဲ့ တွစ်တာ အင်တာနက် ကွန်ယက်တွေနဲ့ လှုပ်ရှားခဲ့ကြတယ်လို့ အခုအခါ  ယေဘုယျ သိထားကြပါတယ်။ ဒါပေမဲ့ အဲဒီကွန်ယက် နှစ်မျိုးကို မသုံးဘဲ အဓိကကျတဲ့ ပြင်ဆင်မှု တခုကို  လုပ်ခဲ့တာ ရှိပါသေးတယ်။ အဲဒါကတော့ “အီဂျစ် တော်လှန်ရေးလက်စွဲ” လို့ ခေါ်တဲ့ စာမျက်နှာ ၂၆  မျက်နှာပါ လူထု တိုက်ပွဲနည်းနာ အသေးစိတ် အစီအစဉ်တွေကို အီးမေးနဲ့လဲ ဖြန့်၊ ပုံနှိပ်ပြီး လူကိုယ်  တိုင်လဲ ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

Thursday, March 24, 2011

တိုကျိုမြို့တော် အုပ်ချုပ်ရေးမှ မွေးကင်းစ ခလေးများရှိသော အိမ်ထောင်စုများသို့ ရေ ပေးဝေ

ဂပျန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အတွင်းဝန် Edano မှ ပြည်သူလူထု အနေနှင့် မိမိတို့ လိုအပ်သည်ထက် ပို၍ ရေသန့်ဘူးများကို မ၀ယ် သင့်ကြောင်း ပြောဆို၊
ယနေ့သတင်း

Dr. Harold Swartz, a professor of radiology and medicine at Dartmouth Medical School in the U.S. က ပြောကြားရာတွင် ရေတွင် ပျော်ဝင်နေသော ရေဒီယို ဓါတ်ကြွမှု ပမာဏမှာ ပြောပလောက် အောင် မများကြောင်း၊ မွေးကင်းစ ခလေးများကို ရေနှင့်ရောစပ်သော အစာများ ကျွေးမွေးခြင်းနှင့်  မိခင်ကဘုံ ဘိုင်သောက်ပြီး ခလေးကို မိခင်နို့တိုက်သည့်တိုင် အန္တရယ်မရှိကြောင်း ပြောဆိုသည်။

ရေဒီယို ဓါတ်ကြွမှု အတိုင်းအတာမှာ သတ်မှတ်သည်ထက် ကျော်လွန်သည့်တိုင်၊ ဤပမာဏသည် ကျန်းမာ ရေးကို အလိုလို ထိခိုက်သည်ဟု မယူဆနိုင်ကြောင်း ပြောဆိုသည်။ ယနေ့ ကျွန်ပ်တို့ နေသော ကမ္ဘာမှာ မိမိတို့ ယနေ့ ပြောဆိုနေသော ရေဒီယို ဓါတ်ကြွမှု ပမာဏထက် များစွာ အတိုင်းအတာရှိသော သဘာဝ နောက်ခံရှိနေကြောင်း Swartz ကဆက်လက် ပြောဆိုလိုက်သည်။ ရေဒီယို ဓါတ်ကြွ အိုင်အိုဒင်းမှာ သက်တမ်းတိုပြီး ရှစ်ရက်သက်တမ်း၏ တ၀က်လောက်သာ ရှိမည်ဖြစ်ပြီး၊ ဒုက္ခ ပေးမှု ကင်းစွာ ပြိုကွဲ သွားမည်ဟု ဆိုသည်။
Photo , Rruters

တိုကျိုမြို့တော် အုပ်ချုပ်ရေးမှ မွေးကင်းစ ခလေးများရှိသော အိမ်ထောင်စုများသို့ ၅၅၀ မီလီ လီတာဝင် ရေသန့်ဘူး ၃ဘူးနှုန်းဖြင့် ၂၄၀,၀၀၀ ဘူး ဖြန့်ဖြူးသွားမည်ဆို၊ ယနေ့ တိုကျိုတွင် ရေပေးဝေမှု စနစ်တွင် ရေဒီယို ဓါတ်သင့်မှု လျော့နည်း သွားသော်လည်း၊ ချီးဘားနှင့် စိုင်းတမကန်တွင် မြင့်မားလာသည်။ 210 becquerels of iodine-131 per liter ရှိ၊ 100 becquerels မှာခလေး များအတွက် ဘေးကင်း 300-becquerel အောက်မှာ အရွယ်ရောက်သူများအတွက် ဘေးကင်းကြောင်းပြော။ နောက်ဆုံး သတင်းတွင် စိုင်းတမတွင် ယခင် အတိုင်းအတာထက် ကျဆင်းသွားကြောင်း ကြားသိရ၊

အစိုးရ အတွင်းဝန် Edano မှ သောက်သုံးရေ ပြတ်လပ်နေသော Miyagi ကို စဉ်းစားသင့်ကြောင်း၊ ယခုလို အနေအထားတွင် ပြည်သူလူထု အနေနှင့် မိမိတို့ လိုအပ်သည်ထက် ပို၍ ရေသန့်ဘူးများကို မ၀ယ် သင့်ကြောင်း ပြောဆို၊

Fukushima အနုမြူ ဓါတ်အားပေးစက်ရုံ၏ ရေအေး လည်ပတ်မှုစနစ်မှာ  ရေဒီယိုဓါတ်ကြွမှု မြှင့်တက်လာမှုနှင့် ဓါတ်ပေါင်းဖို အတွင်းနှင့် လောင်စာချောင်းများသို လှောင်ကန်အတွင်း  အပူရှိန် မြှင့်မားမှုတို့ကြောင့် လတ်တလော တိုးတက်မှုမရှိသေးပါ။

ဓါတ်ပေါင်းဖို ၆လုံးစလုံးသို့ ပြင်ပမှ ဓါတ်အား သွယ်တန်းမှုပြီးစီး၊ အလင်းပေးနိုင်ပြီးဖြစ်၍ ရေအေးလည်ပတ် မှု စနစ်ကိုစတင်ရန် နီးစပ်လာပြီး ဖြစ်သည်ဟုပြော။

သို့သော် ဓါတ်အား လွတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မီးပွါးများ အန္တရယ်ကို ထည့်သွင်းစဉ်းစား လျှက်ရှိ။  ဓါတ်ပေါင်းဖို ၃ ကို ယမန်နေ့က စမ်းသပ်ပြီး ဖြစ်သော်လည်း ရေပန့်များကို စတင်လည်ပတ်နိုင်/မ နိုင် သိပ်မသေချာသေး။ အစားအစာ အန္တရယ်ကင်းရေးကို မျှော်လင်းလျှက်ရှိ၊ ယခုအထိ ဓါတ်ပေါင်းဖိုနှင့် နီးရာဒေသများမှ ထွက်ရှိ နို့၊ broccoli, cauliflower and turnips အပါအ၀င် ဟင်းသီးဟင်းရွက် ၁၁မျိုးတို့တွင် ရေဒီယို ဓါတ်သင့်၊

IAEA အကြီးတန်း အကြံပေးအရာရှိက ခြုံငုံပြောရပါက ဖူကူရှိမ ဓါတ်အားပေး စက်ရုံမှာ  စိုးရိမ်ရမှု အဆင့်တွင် ရှိနေသေးကြောင်း၊ ဒေသ ၁၀ခုတွင်  ရေဒီယို အိုင်အိုဒင်းနှင့် စီစီတမ် ပမာဏမှာ တဖြည်းဖြည်းနှင့် အတက်ဖက် သို့ရှိနေကြောင်းပြောဆို၊

ဇော်မင်းခိုင်
၂၄-၃-၂၀၁၁ (၁၈း၀၀နာရီ)

အမှတ် (၁၉) နယ်ခြားစောင့် တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက် သိမ်းပိုက်ခံရ

ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူ စခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်အောင် ပြောပြတာက ..
“ဒီ သရက်ဖြူ စခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင် လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော် တခုပြောချင်တယ်၊ ကျနော်တို့တော်လှန်းရေး ညီအကိုတွေ အချင်းချင်း အမြန် ပူးပေါင်းဖို့ လိုပြီ စစ်အာဏာရှင်က  နယ်ခြားစောင့် တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေး ထားတာဖြစ်တယ်။ ဒီအတိုင်း  ဆက်သွားမယ် ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ကျနော်တို့လည်း ညီအကို အချင်းချင်း မတိုက်ချင်းပါဘူး၊

လေးဖြူဆိုတဲ့ ရာဇဝင်များရဲ့ သတို့သမီး


Posted by yokekhasoe at 11:39 AM 0 comments
Music, Youtube, ဂီတ
Copy from- irrawaddyblog

စစ်တွေတွင် ပင်လုံညီလာခံ ပိုစတာ ကပ်သူများကို ရဲက အပူတပြင်း လိုက်ရှာနေ

မတ်လ 23 ရက် 2011 ခုနှစ်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မတ်လ ၂၂ ရက်နေ့ နံနက်က ပင်လုံငြိမ်းချမ်း ပိုစတာ ကပ်သူများကို ရဲက အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သတင်း ရရှိသည်။

၂၁ ပင်လုံ ညီလာခံ စာတန်းပါ ငြိမ်းချမ်းရေး ပိုစတာများကို ယမန်နေ့ နံနက်က စစ်တွေ နာရီစင် အ၀ိုင်း၊ ဦးဥတ္တမ ပန်းခြံ၊ လမ်းမကြီးတလျှောက်ရှိ ဓါတ်မီးတိုင်များ၊ အစိုးရ ရုံးဆိုင်းဘုတ်များတွင် အမည် မသိသူများက ကျယ်ကျယ်ပြန့်ပြန့်ကပ်ထားခဲ့ပြီးနောက် ယခုကဲ့သို့ ရဲက စာကပ်သူများကို အပူတပြင်း လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။

စစ်တွေက အမျိုးသမီးငယ် တစ်ဦးက “ စာကပ်တာက အမျိုးသမီးတွေ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေတဲ့ အတွက် အမျိုးသမီးတွေကို သူတို့က အဓိကထားပြီး စစ်ဆေးတာတွေ လုပ်နေ တာပေါ့လေ။ ဒါပေမယ့် ဘယ်က အမျိုးသမီးတွေမှန်း မသိတော့ သူတို့လည်း ဖေါ်ထုတ်ရ ခက်ခဲနေပါတယ်” ဟု ပြောသည်။

ကချင် မျိုးနွယ်စုများ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး “ရိုးရာ” မနောပွဲတော် ကျင်းပ

ကချင်ပြည်နယ်အရှေ့ဘက် ဗန်းမော်ခရိုင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ် အင်ဘာပါတွင် ပထမဆုံး ကချင် မျိုးနွယ်စုများ၏ ရိုးရာမနောပွဲတော်အား ၃ ရက်ကြာ ကျင်းပခဲ့သည်။
မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

“၁၉၅၈ခုနှစ် အစောပိုင်းကတော့ ရိုးရာပွဲ လုပ်ခဲ့ကြတယ်၊ ပွဲကြီးတော့ မလုပ်ဖူးဘူး၊ ဒီလိုရိုးရိုး မနောပွဲပဲ လုပ်ခဲ့တာ၊ ဒီနှစ်ပွဲက အကြီးဆုံးလုပ်နိုင်ခဲ့တယ်။ ကချင်တိုင်းရင်းသား လူမျိုးစုများရဲ့ ရိုးရာ အကုန်ပါတဲ့ မနောပွဲတော်ကြီး တစ်ခုပါ” ဟု တရုတ်နိုင်ငံ ရွှေလီမြို့ ဂျိန်းဖော့(ကချင်) ရိုးရာယဉ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌ ဒူဝါဂေါင်ရီဂမ်မှ ပြောသည်။

ရဝမ်၊ လီဆူ၊ လချိတ်၊ လောင်ဝေါ်၊ ဂျိန်းဖော့၊ ဇိုင်ဝါး စသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏

Wednesday, March 23, 2011

တိုကျို ၂၃ မြို့နယ် ဧရိယာ မွေးကင်းစ ကလေးများကို ဘုံဘိုင်ရေ မတိုက်ရန် တိုက်တွန်း

တိုကျိုရှိ ၂၄ အရောင်းဆိုင် သောက်ရေသန့်ဗူး အများအပြား ၀ယ်ယူကြသဖြင့် ရေသန့်ဗူးများ ပြတ်လတ်
ယနေ့သတင်း

ဟင်းသီး ဟင်းရွက်များတွင် ရေဒီယို ဓါတ်သင့်ပြီး မကြာခင် အားလုံးကို အထိပ်တလန့် ဖြစ်စေသော နောက် ထပ် ပြဿနာ တရပ်မှာ တိုကျို ပိုက်လိုင်းများမှ ရေများတွင် ရေဒီယို ဓါတ်သင့် ခြင်းဖြစ်သည်။ သို့သော်လည်း ပမာဏမှာ သေးငယ်ပြီး အန္တရယ် မရှိကြောင်း ပြောဆိုသည်။ 210 becquerels per liter of iodine-131 ရှိ ပြီး မွေးကင်းစ ကလေးများအတွက် သတ်မှတ်ထားသော အဆင့်ထက် ၂ဆများသည်ဟုဆို၊ အရွယ်ရောက် သူများအတွက် အဆင့်မှာ 300 becquerels per litre ဖြစ်သည်။

မွေးကင်းစ ကလေးများမှာ ရေဒီယို အိုင်အိုဒင်းများ အလွယ်တကူ ၀င်ရောက်နိုင်ပြီး လည်ပင်ရှိ လူခန္ဒာကို ဖွံဖြိုး စေသော ဓါတ်ထုတ်လုပ်မှု (Thyroid) ကို ကင်ဆာ ဖြစ်စေနိုင်ဟု ဆိုသည်။ မိဘများ အနေနှင့်  မွေးကင်းစ ကလေးများကို ဘုံဘိုင်ရေ မတိုက်ရန် တိုက်တွန်း လိုက်သည်။ သို့သော်လည်း အနည်းအကျဉ်း တိုက်ပြီးသူများ အနေနှင့် စိုးရိမ်ရန် မရှိပါဟုဆိုသည်။

ယခု အတိုင်းအတာမှာ ခလေးများနှင့် အရွယ်ရောက်ပြီး သူများအတွက် လတ်တလော အန္တရယ်မရှိဟုဆို၊ အရွယ်ရောက် သူများအတွက် ဤရေကို တနှစ်တာ သောက်သုံးသည့်တိုင် အန္တရယ်မရှိဟုဆို၊ဤသတင်း ဆိုးကြောင့် လူများ အထိပ်တလန့် ဖြစ်ပြီး သောက်ရေသန့်ဘူးများ ဈေးကွက်တွင် ပြတ်လတ် သွားကြောင်း သိရသည်၊ ဓါတ်ပေါင်းဖိုများ အခြေအနေမှာ သိပ်ထူးခြားမှု မရှိသေးပါ။ Pump များ လည်ပတ်ရန် အသေးစိပ် စစ်ဆေးနေဆဲ ဖြစ်သည်။

မြန်မာသင်္ကြန်ပွဲတော်အား ယာယီရွှေ့ဆိုင်းလိုက်ကြောင်း အသိပေးအပ်ပါသည်

ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များခင်ဗျာ

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ကြီးနှင့် ဆူနားမိလှိုင်း တိုက်စားမှုကြီးနှင့်  နောက်ဆက်တွဲ အဖြစ်အပျက်များကြောင့် ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန်စီစဉ်ထားသော  သင်္ကြန်ပွဲတော်အား ၂၀၁၁ ခုနှစ် ဇွန်လအတွင်း ကျင်းပရန် ယာယီရွှေ့ဆိုင်း လိုက်ကြောင်းကို အသိပေး  အကြောင်း အပ်ပါသည်။ ရက် အတိအကျကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်းကိုလည်း  အသိပေး အပ်ပါသည်။


အလုပ်အမှုဆောင်အဖွဲ့ကိုယ်စား
ကျော်ကျော်စိုး
ဒု-ဥက္ကဌ
မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်

အသိလည်းရှိ သတိလည်းရှိ

ပင်လယ်ရေ၊ ပိုက်လိုင်းကလာတဲ့ရေ၊ ဟင်းသီးဟင်းရွက်တွေ၊ နွားနို့စိမ်းတွေမှာ ရေဒီယိုဓာတ်သတ္တိကြွ တဲ့အရာတွေပါဝင်နေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသလို အဲဒီအခြေအနေကို လည်း အစိုးရကလည်း အတည်ပြုတယ်။ အစိုးရရဲ့သတိပေးချက်တွေ ကြေညာချက်တွေမှာလည်း စားသောက်ခြင်းမပြုဖို့ ရောင်းချခြင်းမပြုဖို့ပါဝင်တယ်။ အဲဒါတွေကို စားသောက်ရင် ချက်ချင်းလက်ငင်း ကျန်းမာရေးထိခိုက်တာမျိုးတွေမဖြစ်ဘူးလို့ပြောတယ်။ ပညာရှင်တွေကတော့ အချက်အလက်နဲ့ ထောက်ပြပြီး အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုနေကြပါတယ်။

ညူကလီယားအကျပ်အတည်းဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း အခြေအနေတွေက တိုးတက်ကောင်းမွန်လာတဲ့ အရိပ်အယောင်တွေမြင်လာရတယ်၊ ဓာတ်ပေါင်းဖိုနားအထိကပ်ပြီး သက်ဆိုင် တဲ့ဝန်ထမ်းတွေ လုပ်စရာရှိတဲ့အလုပ်တွေလုပ်နေလို့ပဲဖြစ်တယ်။ အန္တရာယ်ကာကွယ်ဝတ်စုံကတော့ ၀တ် ထားတာပေါ့လေ။ အန္တရာယ်ရှိရှိ မရှိရှိ လုပ်စရာရှိတာတွေကို လုပ်ရမှာက အဲဒီဝန်ထမ်းတွေရဲ့တာဝန်ပါ။

ဓာတ်ပေါင်းဖိုတွင်းက စွန့်ပစ် လောင်စာတောင့်တွေ သိုလှောင်တဲ့ ရေကန်ထဲမှာ ရေပမာဏ လျော့ကျပြီး