Monday, January 31, 2011

နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)



၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။

နအဖ စစ်အုပ်စုမှ ယနေ့ နေပြည်တော် ကျပ်ပြေးတွင် ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားကို တိုကျိုရှိ နအဖ စစ်အခွန်ရုံ (သံရုံး)ရှေ့တွင် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက် (ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ပြီး နအဖ အတုအယောင် ပါလီမန်လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို လုံးဝ အသိအမှတ် မပြုကြောင်းနှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်တွန်းတောင်းဆိုသည့် ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို စစ်အခွန်ရုံ(သံရုံး)ကနေတဆင့် ပေးပို့ခဲ့ပါသည်။

ဆက်လက်ပြီး ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ကုလသမဂ္ဂ အပါဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်မပြုရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ( ၁ရက် မှ ၄ ရက်နေ့  )အထိ ဂျပန်ရှိ UN ရုံးရှေ့၌ ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

ယနေ့ ဆန္ဒပြပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum/ U Than Win

Sunday, January 30, 2011

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် စစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုနေသည့် နည်းတူ ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများမှ အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်၏ အလွန်အေးချမ်းသည့် ရာသီဥတုကို အန်တု၍ ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၀၀ကျော် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။nldlajb.blogspot.com
သတင်းဓါတ်ပုံ။ Lian Khan Sum

(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပြုလုပ်။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် ကရင်အမျိုးသား အစည်းအရုံးကြီး (၆၄)နှစ်ပြည့် တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan ကိုယ်စားလှယ်မှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ၊ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဂုဏ်ပြု ဗီဒီယို မှတ်တမ်းဖြစ် ရှင်းလင်း တင်ပြသွားပြီး တက်ရောက်ခဲ့ကြသည် အဖွဲ့အစည်းအသီးတို့မှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် အခမ်းအနားကို ညနေ ၈း၃၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

AUN-Japan နှင့် JAR တို့မှကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား(တိုကျို)။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။


Japan Association for Refugees နှင့် Association of United Nationalitirs in Japan တို့၏ ၂၀၁၁ ခုနှစ် အတွက် ပူးပေါင်းဆောင်ရွက်မှု အစီစဉ်တခုဖြစ်သော Leadership Workshop on Business Manner နှင့်Leadership Workshop on the Mass Media တို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ဇန္န၀ါရီ(၃၀)ရက်နေ့ တိုကျို Shinjuku-ku, Okubo,Okubo Chiiki Center 3F တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ှယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။ သင်းတန်းဆရာများအဖြစ် အဆိုပါ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ပညာရှင်များမှ ဦးဆောင်သင်တန်း ပို့ချပြီး အနာဂတ် ခေါင်းဆောင်များ လက်တွေ့ကျင့်သုံးရမည့် နည်းနာများနှင့် သတင်းမီဒီယာအတွက် လိုအပ်ချက်များတို့ကိုပါ လက်တွေ့ သင်တန်းပို့ချခဲ့ပါသည်။

ဆက်လက်ပြီး AUN-Japan နှင့် JAR တို့မှ မြန်မာနိုင်ငံသားများအတွက် လက်တွေ့အကျိုးပြုမည့် သင်တန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက်(ဂျပန်)၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ ဇန္န၀ါရီလ(၃၀)ရက် နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဇန္န၀ါရီလ ၃၁ ရက်နေ့တွင် နအဖ မှ လွတ်တော် ခေါ်ယူကျင်းပပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနားနှင့် ဇန္န၀ါရီလ( ၁ရက် မှ ၄ ရက် )နေ့အထိ ဂျပန်နိုင်ငံရှိ UN ရုံးရှေ့၌ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရကိုလည်း ကုလသမဂ္ဂ မှ အသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုသွားမည်  ဖြစ်ကြောင်း သိရှိရပါသည်။


သတင်း မှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

Saturday, January 29, 2011

နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး

၂၀၁၁ ဇန်န၀ါရီလ ၂၉ရက်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ် လ်အေ) တပ်ရင်း(၂၁)တို့ ယနေ့မနက်တွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအ၀င် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။

“ဖြစ်တာက ဒီမနက် ၆နာရီ ၀၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးနဲ့ ရှမ်းရွာသစ်ကြားက မဲ့တော်ဒေး နေရာမှာ မိနစ် ၂၀ လောက် ကြာတယ်။ နအဖ ရဲဘော်တွေလည်း တိုက်ပွဲဖြစ်တာနဲ့ ကစဥ့်ကလျားကို ထွက်ပြေးကြတယ်။ ကျနော်တို့ လူတွေက ၁၅ ယောက်ပဲ။ သူတို့ဘက်က အယောက် ၃၀လောက်ရှိတာ။ ဒီတိုက်ပွဲမှာ နအဖဘက်က တပ်ကြပ် ၁ဦးနဲ့ တပ်သား ၂ဦးကျတယ်။ ဒဏ်ရာရသူကတော့ ကျနော်တို့ ယူလို့မရဘူး။”ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ တပ်မှူးတဦးက ပြောသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲတွင် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်မှုမရှိဘဲ နအဖတပ်ဖွဲ့၏ ၆၀-မမ ၁လက်၊ အမ်အေ-ဖိုး ၁ လက်၊ အမ်အေ-၀မ်း ၁လက်နှင့် ကျည်ဆံ အတော်များများကို သိမ်းဆည်း နိုင်ခဲ့သည်ဟု သိရသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)သည် တပ်မဟာ(၇) လက်အောက် ခံတပ်ရင်းဖြစ်ပြီး ခမရ(၃၄၃)မှာ နအဖ စစ်ကွပ်ကဲရေး ဌာနချုပ်(၁၉)၏ လက်အောက်ခံ တပ်ရင်းဖြစ်သည်။

သတင်းရင်းမြစ် _ (ကေအိုင်စီ)

နိုဘဲလ် ဆုရှင် ဦးဆောင်မှု ဖြင့် အီဂျစ် တော်လှန် ရေး အောင်မြင်မှု ဆီလှမ်း

အီဂျစ် အာဏာရပါတီ ဌာနချုပ် ကို ဆန္ဒပြ သူ များ မီးတင်ရှို့ ထားစဉ် Photo - AP


Copy from ,You Tube video _ RussiaToday

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ တိုင်းပြည် သို့ ပြန်လာပြီး ဦးဆောင်မှု ဖြင့် အီဂျစ် ပြည်သူများ သည် စိတ်အားတက်ကြွကာ မူဘာရက် ဆန့် ကျင်ရေး ဆန္ဒပြ ပွဲ များကို ဆက်လက် ပြုလုပ်သဖြင့် အီဂျစ် တော်လှန်ရေး မှာ လျှင်မြန်စွာ ခရီးရောက်သည့် အီဂျစ်ဆန္ဒပြသူများ ၏ Facebook စာမျက် နှာ ဖြစ်သည့် Day of Revolt တွင် ဖော်ပြထားသည်။

အီဂျစ် အစိုးရ ၏ ညမထွက်ရ အမိန့် ကို တစ်နိုင်ငံလုံး က အန်တုဆန္ဒပြမှု များ ဖြစ်ပေါ်ပြီး နောက် အီဂျစ် သမ္မတ မူဘာရက်ခ် က အစိုးရ အဖွဲ့ ကို ဖျက်သိမ်းပေး မည် ဟု တိုင်းပြည် သို့ ရုပ်သံမှကြေငြာခဲ့သည်။ယမန့်နေ့ညက ကာဖျူး အမိန့်ကို ဆန့်ကျင်ပြီး မြို့တော် ကိုင်ရိုနှင့် နိုင်ငံတ၀ှမ်းဉ် ဆန္ဒပြကြရာတွင် ပြည်သူများ က အာဏာရ ပါတီ ဌာနချုပ် (National Democratic Party) ဌာနချုပ် နှင့် မြို့ တော် ကိုင်ရို၊ဆူအက်(ဇ) နှင့် အလက်ဇန္ဒြီးယား ရှိ အခြား ပါတီ ဌာန ချုပ် များ ကို မီးတင် ရှို့ ခဲ့ကြသည်။

နိုင်ငံတကာ အဏုမြူ စွမ်းရည် ဧဂျင်စီ ဥက္ကဌ ဟောင်း အရပ်ဝတ် ရဲတပ် ဖွဲ့ ဝင် အချို့ က ဆန္ဒပြမှု အတွင်း ဖမ်းဆီးရန် ကြိုးစားသော် လည်း မအောင်မြင် ဟု သိရသည်။အယ်(လ)ဘရာဒီ သည် ဆန္ဒပြမှု ကို ဦးဆောင် သဖြင့် မီးသတ် ပိုက် နှင့် ထိုးခြင်း၊အီးနံ (မစင်နံ့ ) ထွက်သည့် ဗုံးများ ဖြင့် ပြစ်ပေါက် ခြင်း ခံရသည်။

ဆန္ဒပြမှု များ အတွင်း အီဂျစ် နိုင်ငံ ၏ အကြီး ဆုံးသော အတိုက်အခံ နိုင်ငံရေး အဖွဲ့ အစည်းများကလည်း ပြည်သူ ကို ဦးဆောင်မှု ပေးခဲ့သည်။

ယနေ့ တွင် သမ္မတ ရာထူးမှား နှုတ်မထွက် ချင်သည့် မူဘာရက် ကလည်း အစိုးရ အဖွဲ့ သစ်နာမည် စာရင်း ကို ကြေငြာမည် ဟု ဆိုသော် လည်း ပြည်သူများက ဆက်လက် ဆန္ဒပြကြ အုံးမည် ဟု သတင်းရရှိသည်။အသက် ၈၃ နှစ် အရွယ်ရှိပြီ ဖြစ်သည့် မူဘာရက်သည် နိုင်ငံအာဏာကိုနှစ် ၃၀ ကျော်ချုပ် ကိုင်ထားသည်။

Copy from _ freedomnewsgroup.com

ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း

28 ဇန်နဝါရီ 2011,

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင် ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သဘာဝ သယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ရင်းနှီးမြှုပ်နှံ ကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ လိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။

ပင်လုံစိတ်ဓာတ် တည်တံ့ရေး CRPP တိုက်တွန်း

ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ်။

ပင်လုံစိတ်ဓာတ် တည်တံ့နိုင်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ယနေ့ တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ မျှော်မျန်းခဲ့သည့် ပြည်ထောင်စု တိုင်းပြည်မျိုးကို ပြန်လည်ဖော်ဆောင်ရန် ပင်လုံစိတ်ဓာတ် လိုအပ်နေသောကြောင့် ယခုကဲ့သို့ တိုက်တွန်းရကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အခြေခံဥပဒေကလည်း သူ့လမ်းညွှန်ချက်တွေအတိုင်း ဖြစ်ပေါ်မလာဘဲ အစိုးရအဆက်ဆက်က မကျင့်သုံးခဲ့ဘူး။ ယနေ့ခေတ် အာဏာပိုင်များက ပင်လုံစိတ်ဓာတ်ကို ခေါင်းထဲကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် ယခုအခါ ပင်လုံစိတ်ဓာတ် ကွယ်လုနီးပါးရှိနေတယ်’’ ဟု CRPP အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ကျနော်တို့ အနေနဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်နေတဲ့အတွက် ဒုပင်လုံညီလာခံကို ပြန်လည်ခေါ်ယူပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ပြန်လည် တူးဆွပေးတဲ့ သဘောပါ” ဟု ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပွဲကို နေ့လည် ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ရာ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်အကြောင်း ပြောဆိုခဲ့သည်။

ပင်လုံစိတ်ဓာတ်နှင့် ပတ်သက်၍ ပူးကျင်ရှင်းထန်က ’’ဟိုတုန်းက နေမဝင်သော အင်ပါယာ အုပ်ချုပ်သော တိုင်းပြည်ဟာ ကျနော်တို့နဲ့ လက်နက်အားဖြင့် အများကြီး ကွာတယ်။ ဒါပေမဲ့ ကျနော်တို့ လက်နက်မဟုတ်ဘဲနဲ့ နှလုံးရည်အားဖြင့် ပင်လုံစာချုပ်ရတဲ့ သဘာတူညီချက်အရ ကျနော်တို့ ညီညီညာညာ လွတ်လပ်ရေး တောင်းတဲ့အခါမှာ လွတ်လပ်ရေး ရတယ်။ အဲဒါ ပင်လုံ ညီညွတ်ရေး စိတ်ဓာတ်ပဲ’’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ဟောပြောပွဲတွင် သဘာပတိ အဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ကာ၊ CRPP အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်ကလည်း ပင်လုံညီလာခံအကြောင်း ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ မွန်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ် ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

နအဖ စစ်ခေါင်းဆောင်များအား ICC တွင် တရားစွဲနိုင်ရေး WLB ကြိုးပမ်း သွားမည်

၂၀၁၁ ဇန်န၀ါရီလ ၂၈ရက်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခွင့် ပြုနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာ တရားခုံရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် ဆက် လက် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

WLB အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက “ဒီနအဖ စစ်အစိုးရက တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေအပေါ် ရာဇ ၀တ်မှု ကျူးလွန်ခွင့် ပေးနေတာကို ကျမတို့ လက်မခံနိုင်ဘူး။ ဒါတွေကို ကျမတို့က နိုင်ငံတကာ ခရီးစဉ်တိုင်းမှာ ပြောသွားမယ်။ ICC ကိစ္စကို လုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း လုပ်ခဲ့တာတွေ ရှိတယ်။ နိုင်ငံတော်တော်များများကလည်း ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုလာတာ တွေ့ရတယ်။ စစ်အုပ်စု မပြိုကွဲသရွေ့ အမျိုးသမီးတွေဟာ ဒီလိုပဲ ခံစားနေရမှာပဲ လေ။ ဒါဟာ ရေရှည်လုပ်ရမဲ့ လုပ်ငန်းစဉ်မို့လို့ ကျမတို့အနေနဲ့ တဆင့်ချင်းလုပ်ဆောင်သွားမယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဒီကေဘီအေနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တွေ့ဆုံ


Copy from _DVB

(တတိယ)နေ့ ဂျပန်လွှတ်တော်ရှေ့တွင် မြန်မာ့အရေးအား တိုက်တွန်း တောင်းဆို


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၈)ရက်။

မြန်မာနိုင်ငံတွင် အသစ် ပေါ်ပေါက်လာမည့် အစိုးရကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်အစိုရ မှလည်း အသိအမှတ်မပြုရန် တိုက်တွန်း တောင်းဆိုဆန္ဒပြပွဲကို နောက်ဆုံး တတိယနေ့ တွင် ရာသီဥတု အလွန်ချမ်းအေးသည့် ဂျပန် ဆောင်းရာသီနှင့်အတူ အင်တိုက် အားတိုက် ဆက်လက်ပြီး ဆန္ဒပြ ခဲ့ကြကြောင်း သိရှိရပါသည်။

PNS-Japan

Friday, January 28, 2011

ချောင့်ခက်အနီးက ၂၆ ရက်နေ့ တိုက်ပွဲ

January 26, 2011,

ဒီကေဘီအေ ကလိုထူးဘောစစ်ဗျူဟာမှ နေရာယူတပ်စွဲထားတဲ့ ချောင့်ခက်အနီးက ဘောပူကျိုးနေရာကို ဒီမနက်မှာ နအဖတပ်တွေ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီမနက်မှာ လက်နက်ကြီး အလုံရေ ၁၀၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မိုးချုပ်ခါနီးအထိ တိုက်နေ တုန်းဖြစ်တယ်။ ပထမပိုင်း လက်နက်ကြီးတွေနဲ့ ဖိပစ်ပြီး မြေပြင်က သူတို့တပ်တွေတက်လာကြတယ်။ နအဖ ဘက်က စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ တပ်ရင်းတွေပေါင်းပြီး လာတိုက်ကြတာ ဖြစ်တယ်။ ခု ညနေပိုင်း ကျနော်တို့ ကြာသိရသလောက်တော့ နအဖ ဘက်က ၂၀ ဦးခန့် ဒါဏ်ရာရပြီး ၁၀ ဦးလောက် သေတယ်လို့ ကြားသိရတယ် လို့ ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။


ဒီနေ့ မနက် ဝေါ်လေနားက မော်ခီးဘက်မှာလည်း ဒီကေဘီအေနဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲမှာ တော့ နအဖ ဘက်က ၂ ဦး သေဆုံးပါတယ်။ ဒီကေဘီအေ ဘက်က ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်ဆန်းအောင် က တဆက်တည်း ပြောပြပါတယ်။

နှစ်ဘက်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဝေါ်လေနဲ့ ကျောက်ခက်အနီးဝန်းကျင်က ဒေသခံရွာသားတွေဟာ ဘေလွတ်ရာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရပါတယ်။ နအဖ ဘက်က ထိုးစစ်မှာ အသုံးပြုဖို့ခေါ်လာတဲ့ မြန်မာနိုင်ငံအနှံ့ထောင်တွေက အကျဉ်းသားပေါ်တာတွေဟာလည်း နအဖ စစ်ကြောင်းတွေဆီကနေ အဆက်မပြတ် ထွက်ပြေးပြီး နီးစပ်ရာ ထိုင်းနိုင်ငံရဲ့ တောတောင်တွေထဲမှာ ပြန့်နှံ့ရောက်ရှိနေကြပါတယ်။

Copy from _ naytthit.net/

မွန်အမျိုးသားနေ့မှာ မွန်အမျိုးသားအလံနှင့်အတူ နိုင်ငံတော်အလံပါ တင်ရန် အာဏာပိုင်တွေက ပြော

ဇန်နဝါရီလ 26 ရက် 2011 ခုနှစ်။

၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာ စိုက်ထူရာမှာ နိုင်ငံတော်အလံပါစိုက်ထူရမည်ဖြစ်ပြီး နိုင်ငံတော်အလံကို မစိုက်ထူပါက မွန်အမျိုးသားတို့၏အလံကိုလည်း မစိုက်ထူရန် သံဖြူဇရပ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့မှ တားမြစ်ထားသည်။

မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ ဒေါက်တာမင်းစိုးလင်းက “ကျနော်တို့ ကော်မတီကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သူတို့ရဲ့ နိုင်ငံတော်အလံမပါပဲနဲ့ ကျနော်တို့ မွန်အမျိုးသားအလံကို မစိုက်ထူဖို့ ပြောလာတယ်” ဟု သူက ပြောသည်။

“ကျနော်တို့ ကော်မတီဝင်တွေ မြို့ပေါ်မှာ ပိုစတာတွေ စိုက်ထူထားပြီးပြီ၊ ဒါပေမယ့် ကျနော်တို့ မွန်အမျိုးသားအလံကို မစိုက်ထူထားဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံတော်အလံကို မတင်ချင်လို့ပဲ ဖြစ်တယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

27 ဇန်နဝါရီ 2011

ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က လမ်းကြောင်းဖွင့်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် အခြေအနေအရ မကြာခင် အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ ပေါ်လာတဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ သူမဘက်က အဆင်သင့်ရှိတဲ့ အကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယနေ့ ဂျပန်လွှတ်တော်ရှေ့တွင် မြန်မာ့အရေးအား တိုက်တွန်း တောင်းဆို


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၇)ရက်။

မြန်မာနိုင်ငံတွင် အသစ် ပေါ်ပေါက်လာမည့် အစိုးရကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်အစိုရ မှလည်း အသိအမှတ်မပြုရန် တိုက်တွန်း တောင်းဆိုဆန္ဒပြပွဲကို ဒုတိယနေ့ တွင်လည်း အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ။ ဦးသန်းဝင်း

Thursday, January 27, 2011

နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်

DKBA ဗိုလ်မှူးကြီး ကျော်သက်နှင့် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - ဧရာဝတီ)
26 January 2011,

ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နအဖ တပ်ဖွဲ့ဝင် တချို့ထိုင်းနယ်မြေဘက်မှ ၀င်ရောက် တိုက်ခိုက်မှု ပြုလုပ်သည်ဟု DKBA ကလိုထူးဘော ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က ဧရာဝတီ သို့ ပြောသည်။

၎င်းက"ဒီမနက် ၇ နာရီ ကစပြီး ကျနော်တို့ ချောင့်ခက် စခန်းရှိတဲ့ နယ်မြေကို နအဖ တပ်တွေက ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး ၁၀၀ ကျော်သွားပြီ၊ အခုမွန်းလွှဲ ၃ နာရီ ခွဲ ရှိပြီ၊ တိုက်ပွဲက မပြီးသေးဘူး၊ တိုက်ပွဲက ထိပ်တိုက် ရင် ဆိုင် တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့ စခန်းကို နအဖ တပ်တွေက အနောက် ကနေ၀င်တိုက်ဖို့ ထိုင်းဘက်ခြမ်း ချောင့်ခက်ရွာကနေ အရပ်ဝတ်တွေနဲ့ ၀င်ပြီး တိုက်တာတွေ ရှိတယ်၊ တိုက်ပွဲကတော့ တိုက်နေတုန်းပဲ၊ စခန်းကိုတော့ထိန်းထားနိုင်ပါတယ်" ဟု ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး ကျော်သက်က ဆက်လက်ပြောကြားသည်။

တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇ တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။

မြန်မာ့ဒီမိုကရေစီ ကွန်ယက် (Net work for Democracy in Burma ) လှုပ်ရှားမှု အစီအစဉ်များ

နေ့စွဲ - ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်။

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ မြန်မာနိုင်ငံသား လုပ်သားပြည်သူများ အနေဖြင့်နအဖ စစ်အုပ်စု၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသော်၎င်း၊
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဂီရိရွေးကောက်ပွဲကိုသော်၎င်း၊ အသိအမှတ်မပြု ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

နအဖစစ်အုပ်စုမှ လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအ ဝေးသည် အတုအယောင် ဖွဲ့စည်းပုံအခြေံဥပဒေနှင့် အတု
အယောင်ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ လုပ်ရပ်များ ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူလူထု၏ သဘောထား ဆန္ဒနှင့် ဆန့်ကျင်လျှက်ရှိနေပါသည်။

မြန်မာ့ဒီမိုကရေစီကွန်ယက် ( NDB )အနေဖြင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက် သက်သက်ဖြစ်သော ဟန်ပြ အတုအယောင်လွှတ်တော်အား
ကန့်ကွက်သည့်နိုင်ငံတကာလှုပ်ရှားမှုများကို အောက်ပါ အစီအစဉ်အတိုင်းဆက် လက်ပြုလုပ်သွားမည်ဖြစ်ပါ၍ ပူးပေါင်းပါဝင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။


အစီအစဉ် (၁)။

နေ့ရက်၊ ။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၂၄ ၊ ၂၅ ရက်။ (တနလာၤ၊ အဂၤါ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦးရှေ့ ။

အစီအစဉ် (၂)

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၆၊ ၂၇၊ ၂၈ ။(ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ ဂျပန် လွှတ်တော်အဆောက်အဦးရှေ့ ။

အစီအစဉ် (၃)။

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၃၁ ရက်(တနင်္လာနေ့)။
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီခွဲအထိ။
နေရာ။ ။ နအဖ ဆက်ကြေးကောက် အခွန်ရုံး။

အစီအစဉ် (၄)။

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်။ ဖေဖေါ်ဝါရီလ ၁၊ ၂၊ ၃၊ ၄ ရက်နေ့။ (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့။ ( Shibuya)



ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက်

ဂျပန်လွှတ်တော်ရှေ့တွင်မြန်မာနိုင်ငံလွှတ်တော်အရေးဆန္ဒပြတောင်းဆို





Video_ maungwto
ယနေ့ ၂၀၁၁ခု၊ ဇန်နဝါရီလ၊(၂၆)ရက် နေ့တွင် ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ  နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန့်လွှတ်တော်ရှေ့၌ မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုတောင်းဆိုပွဲသို့ ဂျပန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ(DJP)၏ အထက်လွှတ်တော် အမတ်လည်း ဖြစ်သော၊ အလုပ်သမားရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သော၊ ဂျပန်နိုင်ငံ သံမဏိနှင့် စက်ရုံ အလုပ်သမားများ အဖွဲ့၏(JAM)၏ ဥက္ကဋ္ဌ လည်းဖြစ်သော မစ္စတာ TSUTA YATTARO၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ)  Mr.Azuma KONNOနှင့် ဂျပန်နိုင်ငံရှိ မြန်မာ့အရေးကို ထောက်ခံ အားပေးကြသော အဖွဲ့အစည်းအချို့မှ ဂျပန်လူမျိုးများလည်း လာရောက် အားပေး ထောက်ခံခဲ့ကြပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေ အင်အားစုများမှ စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့  ဂျပန်ဘာသာဖြင့်လွှတ်တော်ရှေ့ တွင် ကြွေးကြော် တောင်းဆိုခဲ့ကြပါသည်။

ဆန္ဒပြပွဲကို ၂၆ ရက်၊ ၂၇ ရက်၊၂၈ရက်နေ့များအထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo၊Aye Nandar Aung
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

Wednesday, January 26, 2011

ထိုင်းနိုင်ငံနည်းပညာဌာန ကီလိုမီတာ 180 ပစ် လက်နက် ထိုင်းစစ်တပ်ထံပေးအပ်DTI1 ဒုံး

DTI.1 အမျိုးအစား ဒုံးလက်နက်အပ်နှင်းပွဲ အခမ်းအနားမှ ဓါတ်ပုံများ
26 January 2011။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ထိုင်းနိုင်ငံကာကွယ်ရေးအတွက် နည်းပညာဌာန က DTI1 အမျိုးအစား ဒုံးလက်နက်အောင်မြင်စွာထုပ်လုပ်ပြီး ထိုင်းဘုရင့်တပ်မတော်ထံ မနေ့က လွှဲအပ် လိုက်ပါတယ်။

ဂျန္နဝါရီ ၂၄ ရက် လုဖ်ပူရီခရိုင် ထိုင်းအမြောက်တပ်မှာ ကျင်းပတဲ့ DTI.1 အမျိုးအစား ဒုံးလက်နက် အပ်နှင်းပွဲ အခမ်း အနားကို ထိုင်းပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီး ပရဝစ် ဝုန်းဆုဝန်း က သဘာပတိ အဖြစ်ဆောင်ရွက်ပါတယ်။ ထိုင်း ဘုရင့်လေတပ် ဗိုလ်ချုပ်ကြီး ထရေ့တ် ပွန်ဆရီ က DTI.1 ဒုံးလက်နက်ကားတွေကို ထိုင်းဘုရင့်ကြည်းတပ်မတော် ဗိုလ်ချုပ်ကြီး ပရယုဒ် ကျန်အိုချား ထံအပ်နှင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကာကွယ်ရေး နည်းပညာဌာနက ထုတ်လုပ်တဲ့ DTI1 အမျိုးအစား ဒုံးလက်နက်ဟာ ကီလိုမီတာ ၁၈၀ အထိ ပစ်လွှတ်နိုင်ပြီး ကျရောက်ပေါက်ကွဲမယ့်ဗုံးတလုံးဟာ ဘော်လုံးကွင်းတကွင်းစာ ပျက်စီးသွားနိုင်တယ်။ အသံထက် ၅ ဆမြန်တယ်လို့ အခမ်းအနား သဘာပတိဖြစ်တဲ့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ပရဝစ်ဝုန်းဆုဝန်းက မိန့်ခွန်း ထဲမှာထည့်ပြောသွားပါတယ်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ (ဒုတိယနေ့) တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား သတင်းဓါတ်ပုံ။


သတင်းမှတ်တမ်း။ ဇော်ဇော်လှိုင်(ဒီဗီဘီ,သတင်း)
သတင်းဓါတ်ပုံ။ Ko pour

၂၀၁၀- ခုနှစ်ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ် လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေ ရေးရာ သုံးသပ်ချက် စာတမ်း

Legal Analysis Paper From HR Aspect on 2010 Elections of BNHR_Burmese

Tuesday, January 25, 2011

KIO နှင့် KNO သဘောထားပြန်ညှိပြီး

KIO နှင့် KNO အဖွဲ့ သဘောတူ စာချုပ်
ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်။

ကချင် အမျိုးသားအခွင့်အရေး ရရှိရေးအတွက် ပြည်တွင်းမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ပအခြေစိုက် KNO အဖွဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

၁၂ နှစ်ကြာ နိုင်ငံရေး လှုပ်ရှားမှုများတွင် အပြိုင်အဆိုင် သဘောလုပ်ဆောင်မှုများ ရှိခဲ့ပြီး ကချင် လူထုအကြား မတူညီသည့် သဘောကွဲလွဲမှုများ မရှိစေရန် ထိပ်ပိုင်း ခေါင်းဆောင်များ ယခုလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် တွေ့ဆုံကာ သဘောတူ လက်မှတ် ထိုးရကြောင်း ဒုဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်းက ပြောသည်။

“အရင်ကတော့ မတူညီတဲ့အချို့အပိုင်းတွေ ရှိတယ်ခင်ဗျ၊ နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးလုပ်တဲ့ အနေအထားမျိုး ဖြစ်လို့ရှိရင် မတူညီတဲ့ သဘောမျိုးလို သူများအမြင်မှာ မရှင်းသလိုဖြစ်ခဲ့တာတွေ ရှိတယ်။ ဒီလိုမဖြစ်အောင် အမျိုးသားအရေးမှာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ သဘောထား ပြန်ညှိနှိုင်းတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

Monday, January 24, 2011

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား သတင်းဓါတ်ပုံ။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၄)ရက်။

နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။

ဆန္ဒပြပွဲကို ၂၄ ရက်၊ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မနက်ဖြန် ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပြီ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

အော်ရီဂွန် ရံပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို အမှာစကားပို့ 


January 23, 2011

အမေရိကန် နိုင်ငံ အော်ရီဂွန် မြို့ ရောက် မြန်မာ နှင့် တိုင်းရင်းသား လူမျိုးများ စုပေါင်းပြီး မြန်မာ နိုင်ငံတွင်းရှိ HIV ၊ AIDS နှင့် နေထိုင်သူများ အတွက် ကူညီ ထောက်ပံ့မည့် အစီအစဉ်အတွက် ရံပုံငွေ ရှာဈေးရောင်း ပွဲတော် အား ပို့ လန်း တွင် ကျင်းပခဲ့သည် ဟု သတင်းရရှိသည်။ ထိုပွဲတော် သို့ အော်ရီဂွန် ပြည်နယ်တွင်းရှိ မြန်မာ လူမျိုးများ နှင့် နိုင်ငံခြားသားများ ပါတက်ရောက်ကြသည် ဟု သတင်း ပွဲကျင်းပရေး ကော်မတီ အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုထွန်းထွန်းက Freedom News Group သို့ ပြောသည်။

ရံပုံငွေဈေးရောင်းပွဲတော် နှင့် အမေရိကန် ရောက် မြန်မာ မိသားစုများ အတွက် ဒေါ်အောင်ဆန်း စုကြည် က လည်း န့တ်ဆက် အမှားစကား ပြောကြားသည့် ဗီဒီယို အမှာစကားပေးပို့ သည်။ အော်ရီဂွှန် ပြည်နယ် တွင် မြန်မာ လူမျိုး နှစ် သောင်း ကျော်ရှိပြီး အများစု မှာ မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည် စခန်းများ မှ ရွှေ့ပြောင်းအခြေစိုက် သူများ ဖြစ်သည်။

Copy from _ freedomnewsgroup.com

Sunday, January 23, 2011

AUN-Japan နှင့် NLD-LA(JB) တွေ့ ဆုံညှိနှိုင်းခြင်း အခမ်းအနား။



၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်နေ့ ။

တိုကျိုမြို့  Takadanobaba ရှိ AUN-Japan ရုံးခန်းတွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်) ၏  ၂၀၁၁ ခုနှစ် ယာယီ ကော်မတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဗဟိုအလုပ် အမူဆောင်ကော်မတီများ တို့ တွေ့ ဆုံ ညှိနှိုင်းသည့် အခမ်းအနားတရပ်ကို ယနေ့ ညနေ ၅း၀၀ နရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲ အခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီတို့၏ လုပ်ငန်းစဉ်များထဲမှ ပြည်ပတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များတို့ကို ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်း မှတ်တမ်း ဓါတ်ပုံ။ Lan Khan Sum

၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်သော နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနား



ယနေ့ ၂၀၁၁.ဇန်နဝါရီလ.၂၃ရက်တွင် မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှ ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး တာဝန်ယူ ကျင်းပ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား အင်အားစုများ၏ ၂၁ရာစု ပင်လုံ ညီလာခံနှင့် ပတ်သက်သော နိုင်ငံရေး စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊TKADANOBABA RECYCLE CENTER တွင်ကျင်းပ ခဲ့ပါသည်။ အခမ်းအနားကို မနက်(၉)နာရီခွဲမှ နေ့လည်(၁၂)နာရီ အထိတကြိမ်၊ နေ့လည်(၁)နာရီမှ ညနေ(၅)နာ၇ီ အထိတကြိမ် (၂)ကြိမ်ခွဲ၍ ကျင်းပခဲ့ပါသည်။

မနက်ပိုင်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ မိမိတို့အဖွဲ့အစည်းများအား ကိုယ်စားပြုသော (၂၁)ရာစုပင်လုံညီလာခံနှင့် ပတ်သက်သော ဆွေးနွေးအကြံပြုချက်များကို  တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ တို့မှ အမြင်အမျိုးမျိုး ရှုဒေါင့် အမျိုးမျိုးတို့နဲ့ တက်ရောက် ဆွေးနွေး သွားခဲ့ကြပါသည်။

စာတမ်း ဖတ်ပွဲနဲ့  ဆွေးနွေးမှု ရုပ်သံ အစီအစဉ်ကို http://www.ustream.tv/channel/mgbiruma ဆိုက်မှ ထုတ်လွှင့် သွားခဲ့ပါတယ်။
ထို့နောက် နေ့လည်(၁၂)နာရီတွင် အခမ်းအနားကို ခေတ္တခဏရပ်နား၍ နေ့လည်(၁၂)နာရီခွဲတွင် ပြန်လည်စတင်ခဲ့ပါသည်။ ဒုတိယပိုင်းတွင် စာတမ်းဖတ်ကြားသွားကြသော ဆွေးနွေးချက်များနှင့် ပတ်သက်၍ တက်ရောက်လာကြသော ပရိတ်သတ်များမှ မိမိတို့ဆွေးနွေး၊မေးမြန်းလိုသောအချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ(၅)နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ဆွေးနွေးချက်များကို အခြေခံပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအပေါ် ရပ်တည်ချက် သဘောထားကို မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းမှတ်တမ်း ။ Mai Kyaw Oo, Aye Nandar Aung
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

အနာခံရဲကြသူများ

မဖြူဖြူသင်းနှင့် NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များ စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း ဒဂုန်မြို့သစ်(တောင် ပိုင်း)ရှိ HIV ဝေဒနာရှင်များကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုအားပေးစဉ်။ စောင့်ရှောက်ထားသည့် ဝေဒနာရှင် ၈၀ ကျော်ရှိသည်။ (ဓာတ်ပုံ - AP)
22 January 2011 .

လူသား အကျိုးပြုလုပ်ငန်း လုပ်နေသူတွေ အားလုံးပဲ အနည်းနဲ့အများ ဆိုသလို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံရတာချည်းပါပဲ။ ကျမတို့ လူငယ်တွေ အားလုံး ဒီနေ့ဒီချိန်အထိ ငွေကြေး တပြားတချပ်မှ မရဘဲ လုပ်နေကြတာပါ။ ဒါကြောင့် အနည်းဆုံး မိသား စု ငြိုငြင်တာတော့ ခံရတာပါပဲ။

မိသားစုနဲ့ ပဋိပက္ခ

ကျမ ကိုယ်တိုင်သည်လည်းပဲ ဒီ ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး လုပ်ငန်း စတင်စဉ်ကတည်းက အိမ်အလုပ်တောင် မလုပ်နိုင် တော့ပါဘူး။ ဒါပေမယ့် ကျမမိသားစုက အပြည့်အ၀နားလည်မှုပေးပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးနေတာကြောင့် တော် သေးတယ်လို့ ပြောရမှာပါ။

တချို့တွေဆိုရင် လင်မယား စကားများ ရန်ဖြစ်တာ၊ မိဘတွေက အိမ်က နှင်ချတာတွေ မကြာခဏ ကြားနေရတော့ ကျမအနေ နဲ့ အရမ်းပဲ စိတ်ထိခိုက်ရပါတယ်။ ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။ အခုချိန်အထိလည်း ဘယ်လိုမျိုး ဖြေရှင်းပေးရမယ် ဆိုတာ ကို မသိသေးပါဘူး။

အခက်အခဲတချို့

ကိုယ်ကျိုးစွန့် လုပ်ကြရာမှာ လုပ်ငန်း ပျက်ယွင်းတဲ့အထိ ဖြစ်သွားတဲ့လူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ဖမ်းဆီးခံရ တဲ့အထိ ဖြစ်တာလည်း ရှိပါတယ်။ ထင်ထင်ရှားရှားဆိုရင် နယ်မှာပညာပြန်ပေးဖို့

AP က တင်ထားတဲ့ လူပြပွဲ အဲ - ကားပြပွဲ

စနေနေ့က ရန်ကုန်မှာ လုပ်တဲ့ ကားပြပွဲ မြင်ကွင်း တဲ့။
ပုံထဲမှာ ပါသူက ကားရောင်းသူ၊ ကားမောင်းသူ ဖြစ်မယ် မထင်။
 ကားတွေကို စိတ်ဝင်စားအောင် လူနဲ့ အလှဆင်တာဖြစ်မယ်။

AP သတင်းဌာနကတော့ အင်္ဂလိပ်လို အခုလို ရေးထားတယ် - CORRECTS YEAR - A Myanmar model poses next to a Rammar vehicle during the Myanmar Auto and Auto Parts Expo in Yangon, Myanmar, Saturday, Jan. 22, 2011.
Copy from _ irrawaddyblog.com/

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုးတက်

22 ဇန်နဝါရီ 2011

ဒဏ်ခတ် အရေးယူထားတာတွေကို အမေရိကန်က လောလောဆယ်ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိသေးဘူး ဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်သေးတာက အဓိက အကြောင်းပြချက်တခုဖြစ်ပါတယ်။ အဲဒီအချက်ကို သက်သေပြု ထောက်ခံတဲ့ အစီရင်ခံစာတစောင် မကြာသေးခင်ကပဲ ထွက်လာတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းဟာ ၁၆၃ မှာရှိနေတာကို တွေ့ရပါ တယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို သုတေသန ပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ တာကတော့ The Economist မဂ္ဂဇင်းရဲ့ သုတေသနအဖွဲ့ခွဲတခုဖြစ်တဲ့ The Economist Intelligence Unit (EIU) ဖြစ်ပါတယ်။

နိုင်ငံ ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို အမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားတာမှာ ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့နိုင်ငံတွေ၊ အပြစ်အနာအဆာ ရှိတဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ တပါတီ ဒါမှမဟုတ် အာဏာရှင်စနစ် ရောထွေး ကျင့်သုံးတဲ့နိုင်ငံတွေ၊ အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီး အတန်းအစားလေးခုနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို တော့ အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်းထားပါတယ်။

Saturday, January 22, 2011

စစ်အစိုးရကို ဒဏ်ခတ်မှု အမေရိကန် ရုပ်သိမ်းမှာမဟုတ်

21 , ဇန်နဝါရီ 2011 ။

မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်း ပေးရေးအတွက် အာဆီယံနိုင်ငံတွေကရော၊ ပြည်တွင်းက နိုင်ငံရေး ပါတီတွေကပါ တောင်းဆိုသံတွေ ဆူဆူညံညံ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ရှိနေပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာ တွေကိုလည်း မျက်ခြေမပျက် အကဲခတ် သုံးသပ်နေတဲ့ အကြောင်းကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးသတ္တုတွင်း၏ အကျိုးဆက်များ (အဆိပ်သင့်တိမ်များ အစီရင်ခံစာ)


Copy from _ taunggyitime.blogspot.com

စစ်တပ် ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီ မဖေါ်ဆောင်နိုင်

21 ဇန်နဝါရီ 2011

မြန်မာစစ်အစိုးရက စိတ်ကြိုက် ရွေးချယ်ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို မနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်တွေဟာ စစ်တပ်ကလာတဲ့ သူတွေ ဖြစ်တဲ့အတွက် စစ်တပ်ထဲကအတိုင်းပဲ အထက်ကညွန်ကြားတဲ့အတိုင်း လိုက်လုပ်ကြမယ့် ကိုယ်စားလှယ်တွေဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပတော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေအတွက် စစ်တပ်က ရွေးချယ် ခန့်အပ်ဖို့ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ကိုယ်စားလှယ် ၃၈၈ ယောက်ရဲ့ အမည်စာရင်းကို စစ်အစိုးရက မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီမိုကရေစီစံနစ်ဖော်ဆောင်ရေးအတွက် လမ်းပြမြေပုံ ၇ ချက်ချမှတ်ပြီး အကောင်အထည်ဖော်နေတဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ လွှတ်တော်ခေါ်ရေးအဆင့်ကို ရောက်လာနေပြီးဖြစ်ပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစံနစ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အထက်က ညွန်ကြားချက်ကိုပဲ နာခံကြရမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ပြောပါတယ်။

Burma's ethnic cleansing vs Karenni Army


BBC သတင်းဋ္ဌာနမှဖေါ်ပြပါသည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၁)ရက်။

နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဇန္န၀ါရီလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

နအဖ စစ်အုပ်စုက လာမည့် ဒီဇင်ဘာ(၃၁)ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကို တရားဝင် ကျင့်သုံးဖို့ လွှတ်တော် ခေါ်ယူကျင်းပသွားမည် ဖြစ်ပါသည် လွှတ်တော်ခေါ်တိုင်း ဒီမိုကရေစီအစစ် ပေါ်လာမည်မဟုတ် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ယခုလို တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများ ကျင်းပပြုလုပ်ရကြောင်းကို ကျင်းပရေးတာဝန်ခံ ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

နအဖ တပ်သားများ နှင့် အရာရှိများ နေ့စဉ်တပ်ပြေးနေ

နအဖစစ်သား

“ဗမာ စစ်တပ်မှာ ကြီးနိုင် ငယ်ညှင်းအကျင့်။ နောက်တခု အထက်အရာရှိတွေက ဝါးကြောအရမ်း ကောင်းတယ်။ လက်အောက် ငယ်သားတွေက ဘာခံစားခွင့်မှ မရှိဘူး။ ဆင်းရဲငတ်ပြတ်ကြတယ်။ အဲဒီကြားထဲ လစာက ဟိုဖြတ် ဖြတ်ဒီ ဖြတ် ဆိုတော့ လကုန် ရင်ဘာမှ မကျန်ဘူး၊ ကိုယ့်လုပ်အားနဲ့ ရတဲ့လစာ မိဘကိုကန်တော့ဖို့ စီစဉ်ထား တာလဲ တခါမှမပို့ဖြစ်ဘူး လို့ အရာရှိငယ်တဦး  ပြောပြဖူးတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က ပြောပြ ပါသည်။ 

သျှမ်းပြည်၊ ကရင်ပြည် ရှေ့တန်းရောက် တပ်သားရဲဘော်များ မဆိုထားနှင့် တိုက်ရေးခိုက်ရေး လုံးဝ မရှိသည့် ရန်ကုန် အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၌ပင်နေ့စဉ်ရက်ဆက်တပ်မှ  ထွက်ပြေး နေကြောင်းလည်း ပြောပြပါသည်။

၂၀၁၀ အတွင်း အမှတ် ၅ လေတပ်စခန်း လစခ ၅  တခုတည်း  စစ်သည် အကြပ်  အယောက် ၂၀ ခန့်ထွက်ပြေးကြောင်း၊ ထိုအ ထဲတွင် ဗိုလ်အဆင့်လည်းပါဝင်ကြောင်း၊  အချို့ပြန်လည်အဖမ်းခံသော်လည်း၊  စစ်လက်နက်ပစ္စည်းအပြည့်အစုံဖြင့် ထွက်ပြေးသူ များလည်း ရှိကြောင်း တပ်မိသားစုနီးးစပ်သူ နောက်တဦးက အတည်ပြုပြောပြပါသည်။

“ဘာမှ မယူဘဲ ထွက်ပြေးရင်တော့ ထောင်ဒဏ်  ။ သေနတ်နဲ့ အတူ ထွက်ပြေးပြီး ပြန်ဖမ်းမိရင်တော့ မချောင်ဘူး။ သေဒဏ်အထိ၊ ထောင်ဒဏ်တသက်တကျွန်းဘဲ၊ နအဖ ပေါ်လစီက ဒီ ၂၀၁၀ - ၁၁ ထဲ မှာ စစ်သည် ၄ သိန်းပြည့်အောင် စုမယ် ဆိုပြီးသက်ဆိုင်ရာ တပ်သား သစ် စုဆောင်းရေးအရာရှိတွေကို အမိန့်ထုတ်ထားတယ်” -  ဟု ပထမ ပုဂ္ဂိုလ်က ပြောပြသည်။

လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကိုယ်တိုင် ၂၀၁၀ နှစ်လည်ပိုင်း က တပ်ပြေးနှင့် ဆိုင်သည့် အမိန့်တခုထုတ်ပြန်ခဲ့ သေးသည်ဟုဆို၏။

“ဒု ဗိုလ်ချုပ်ကြီးမြင့်လှိုင်က ဆိုင်ရာလေတပ် တပ်မှူးတွေအပေါ် - ဘယ်တပ်မဆို အရာရှိတွေနောက် ထပ်ထွက်ပြေးပြီး ဆန့်ကျင် ဘက်အုပ်စုတွေနဲ့ ပူးပေါင်းခဲ့ရင်အထက်အရာရှိတွေကို ကြီးလေးတဲ့ပြစ် ဒဏ်ပေးမယ်-  လို့ ပြောတယ်။ တပ်ကထုတ်ပစ်မယ်၊ ရာထူးဖြုတ်လိုက်မယ် စသဖြင့် ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေးအရာရှိတဦးကပြော ပါသည်။  

မည်သို့ပင်ဆိုစေ အသက် ၁၈ နှစ် ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်၍ လူထုကို အကြပ်ကိုင် သော်လည်း ၎င်းတို့ ရည်မှန်းထားသည့်အတိုင်း စစ်သည် အင်အားပြည့်မည်မဟုတ်ကြောင်း၊ နအဖ နိုင်ငံရေးပေါ်လစီမပြောင်းသရွေ့ တပ်ပြေးများ ဆက်လက်ရှိမည်ဖြစ်ကြောင်း ထိုင်းနယ်စပ်နေ စစ်ရေး လေ့စောင့်ကြည့်သူတဦးက ပြောပြသည်။
 
သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

Thursday, January 20, 2011

မြောက်ပိုင်း SSA တပ် နှင့် ပါတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်း

ဗိုလ်ချုပ်ပန်ဖှ (ဓါတ်ပုံ-S.H.A.N.)
20 January 2011 16:57

ဒီဇင်ဘာလကတည်းက စတင်သော သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်းဌာနချုပ်တပ်မဟာ ၁ ၏ အရေးပေါ် အစည်းအဝေး  ယခုလ ၁၅ ရက်နေ့က ပြီးဆုံးသွားကြောင်း တပ်မဟာ ၁ သတင်းရပ်ကွက်က ဆိုပါသည်။

“Special Force အထူးတပ်ဖွဲ့၊ Heavy Weapon Unit လက်နက် ကြီးတပ်၊ Military Police တပ်ထိန်းတို့ပါရှိတဲ့ စစ်ဖက် ဆိုင်ရာ ကော်မတီကနေတပ်မဟာ ၅  ခုဖွဲ့စည်းခဲ့တယ်။တပ်မဟာ ၁၊ တပ်မဟာ ၂၇ တပ်မဟာ ၇၂ တပ်မဟာ ၃၆ နဲ့တပ်မဟာ ၇၄။ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန စတဲ့ ဌာနတွေ အားလုံး ပြန်ဖွဲ့စည်းတယ်” ဟုဆို၏။

အဆိုပါအစည်းအဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းမှု အပြင် 1995 ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရဲဘော်သန်းလွင်(ခ) ရဲဘော်သော်ဇင် ကျဆုံးသည့်အပေါ် IFBNC အဖွဲ့ကြီးမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့၊ထုတ်ပြန်ခြင်း။

 

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု

19 ဇန်နဝါရီ 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့အကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်ကစလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

KNLA ၏ DKBA ကို ကြိုဆိုပွဲ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်ပြည်နယ် တောင်ပိုင်း ယော်ဖိုးကီး ကျေးရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ တပ်မဟာ ၆ က ခွဲထွက်လာသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များကို ကြိုဆိုပွဲ အခမ်းအနား

Copy from _ irrawaddyblog.com

တိုင်းရင်းသားဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုး

19 ဇန်နဝါရီ 2011

မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန် ခဲ့တဲ့အကြောင်း အစီရင်ခံခဲ့တာပါ။

ဒီအချက်အလက်တွေကိုတော့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့ ချင်းပြည်နယ် တကြောက မိသားစုပေါင်း ၆၂၀ ကျော်နဲ့ ပြီးခဲ့တဲ့နှစ်အတွင်း လပေါင်းအတော်ကြာကြာ မေးမြန်းမှုတွေကနေ သိရှိခဲ့ရတာလို့လည်း အစီရင်ခံစာက ဆိုပါတယ်။

စစ်အစိုးရ လက်အောက်က ဘ၀လို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲမှာတော့ မေးမြန်းမှုတွေ လုပ်ခဲ့သူတွေရဲ့ ၉၀% ကျော်ဟာ သူတို့မိသားစုဝင်တွေထဲက အနည်းဆုံး တယောက်ဟာ အခကြေးငွေ မရဘဲ အဓမ္မ လုပ်အားပေး စေခိုင်း ခံရဖူးတယ်လို့ ဖော်ပြခဲ့တာပါ။

၁၉၉၇ ခုနှစ်တုန်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ဖူးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေဟာ လူသားတွေအပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ တိုက်တွန်းနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ် _ ဗွီအိုအေ (မြန်မာဌာန)

ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ

နှင်းမုန်တိုင်းကြောင့် ပန်ဝါရှိ ကုန်သွယ်ရေးဂိတ် ပြိုကျ ပျက်စီးနေပုံ (ဓါတ်ပုံ-ကိုထက် ပန်ဝါ)
ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားသည်။

“ဒီလောက် နှင်းကျတာ တခါမှ မကြုံဖူးဘူး။ မိုးသည်းသည်းရွာသလို နှင်းတွေ ကျတော့ ။ ဒီဒဏ်ကို မခံနိုင်ဘဲ အဆောက် အအုံ က ပြိုသွားတာ။ ပန်ဝါမှာက လူနေအိမ်ခြေနည်းတော့ အိမ်ပြို၊ လူထိခိုက်တာ မရှိပေမယ့် သွားရေးလာရေး ၊ စားသောက် စရာ အ၀ယ်ထွက်ဖို့တောင် တော်တော်ခက်နေတယ်။ ပန်ဝါ ကနေ ၈ မိုင်လောက် ဝေးတဲ့ ခိုက်ပါဂျီး မှာ အခုထက်ထိ မိုးသီးတွေ ကျနေတုန်း”ဟု ပန်ဝါ ဒေသခံတဦးက ပြောသည်။
နှင်းမုန်တိုင်းကြောင့် ပန်ဝါရှိ ကုန်သွယ်ရေးဂိတ် ပြိုကျ ပျက်စီးနေပုံ (ဓါတ်ပုံ-ကိုထက် ပန်ဝါ)
ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား ၊ချီဖွေ၊ ဗန်းမော် ၊ လိုင်ဇာ နှင့် မိုးညှင်း တို့တွင် မိုးသီးများကြွေပြီး ယခင်နှစ်ကထက် အအေးပိုသည့် ဒဏ်ကို ဇန်န၀ါရီ လ ပထမပတ် အတွင်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်ဟု ဒေသခံများက ပြောပြသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့သည်ဟု ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

Wednesday, January 19, 2011

ဖိလစ်ပိုင်နိင်ငံ အကျဉ်း ထောင် အတွင်း အကျဉ်းသားများအား စာရိတ္တပြုပြင်ရေး အစီစဉ်


Copy from _ komoethee.blogspot.com

အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

18 January 2011

အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ရက်က ကမကထပြုဖွင့် လှစ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အဓိက ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖလူး နဲ့ ဝေါ်လေ စစ်ဒေသက ဒီကေဘီအေထံ ထွက်ပြေးလာတဲ့ နအဖ ကလေးစစ်သား ၀င်းရန်နိုင် နဲ့ အောင်ကိုလင်း တို့ကို တွေ့ဆုံမေးမြန်း






Copy from _ Yo Tube, yamounnar

ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော


January 17, 2011

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှ ယနေ့တိုက်ပွဲဝင်နေရတာဟာ ငြိမ်းချမ်းရေကို မြတ်နိုး လို့ တိုက်ပွဲ ၀င်နေရခြင်း ဖြစ် ကြောင်း FNGသို့ ပြောသည် ။ ငြိမ်းချမ်းရေး ကို နအဖ စစ်အစိုးရ ဆီက တောင်းဆိုလို့ မရနိုင်ကြောင်း၊ တောင်းဆို ခဲ့သည်မှာ နှစ်ပေါင်း ၁၀စုနှစ် ၃စုမက ရှိပြီဖြစ်ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေး စကားပြော   ကျန်တိုင်းရင်သား လက်နက်ကိုင်များလည်း တိုက်ပွဲဝင် ရမည့်အချိန် ကြရောက်ပြီ  ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

နအဖ စစ်တပ် သည်  ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကို အကြီးအကျယ် ထိုးစစ်ဆင်နေပြီး  နေ့စဉ် လက်နက်ကြီးများ ရာန့ချီ်ပြီး ပစ်ခတ် နေကြောင်း၊စစ်တပ် ရှေ့တွင် ထောင်ကျ အကျဉ်းသားများကို လူသားမိုင်းရှင်း  ကိရိယာအဖြစ် စစိသားများ၏ ရှေ့မှ လူသား ဒိုင်းသဖွယ် အသုံးပြု နေကြောင်းနှင့် လက်ရှိအခြေအနေများကို ရှင်းပြခဲ့သည်။

နအဖ၏ လူသား ဒိုင်းအဖြစ် အသုံးပြုခံရသည့်  ထောင်ကျ အကျဉ်းသား ပေါ်တာများလည်း နေ့စဉ် ထွက်ပြေး နေကြသည်။ ထိုသို့ ထွက်ပြေးလာသူများကို ယနေ့ အတူတိုက်ပွဲဝင် နေကြသောDKBA၊ KNLA နှင့် ABSDF ကျောင်းသား တပ်မတော်တို့မှ လူသားပီသစွာ လက္ခံ ကူညီပေးနေသည်။ ယမန်နေ့  က အကျဉ်းသား အများအပြား ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးကြရာ နအဖ စစ်တပ်မှ လိုက်လံ ပစ်သတ် သောကြောင့် အကျဉ်းသားပေါ်တဦး လက်ကို ထိမှန်သဖြင့် မဲဆောက်ဆေးရုံတွင် ကုသ နေရကြောင်း သတင်းရရှိသည်။

နအဖ စစ်တပ်မှာ ကလေးစစ်သား အများအပြားကို အသုံးပြု နေကြောင်းလည်း  သိရသည်။ နအဖ စစ်တပ်၏ အဓမ္မ စစ်သား ဆုဆောင်းမှုခံခဲ့ရသော ကလေးစစ်သား မောင်အောင်ကိုလင်း သည် နအဖ စစ်တပ် မှထွက်ပြေးလာပြီး KLNA မှ လက္ခံ စောင့်ရှောက်ထားသည်။ မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံးခွ ကျေးရွာ ဇာတိဖြစ်ပြီး ပဲခူးအခြေစိုက် တပ်မ ၆၆မှ အတင်း အဓမ္မစစ်သား အဖြစ် စုဆောင်း ခံရပြီး ရက်၂၀ စစ်လက်နက် ဖြုတ်တတ်ကိုသာ သင်တန်းပေးပြီး ဝေါ်လေ စစ်ဒေသရှေ့တန်းကို ပို့ဆောင်ခဲ့ပြီး တိုက်ပွဲ ၀င်စေခဲ့ကြောင်း ပြောသည်။ 

ဒုတိယ ပင်လုံ ညီလာခံကို ကြိုဆို သွားမည်ဟု (CEFU) မှပြောဆို

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ
ဇန်နဝါရီလ 17 ရက် 2011 ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်သွားမည့် ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုသွားမည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာမှ ပြောပါသည်။

“ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ သူတို့တတ်နိုင်တဲ့ နည်းလမ်း လုပ်နိုင်တဲ့ နည်းလမ်းကနေပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကျွန်တော်တို့နိုင်ငံ အေးချမ်းသာယာရေး အတွက်ကို သူတို့ လုပ်ဆောင်နေတာ ဖြစ်တယ်။ သူတို့လုပ်နေတာနဲ့ ကျွန်တော်တို့ ဦးတည်ချက်ကနဲ့တော့ ရည်ရွယ်ချက်ခြင်း ကတော့ အတူတူပါဘဲ။ အဲဒီတော့ အခုသူတို့ လုပ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ အားပေးပါတယ်။”

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ၏ ဒုတိယအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ် တနေရာတွင် ကျင်းပခဲ့ပြီး ဇန္ဖာဝါရီ(၁၄)ရက်နေ့၌ အဖွဲ့၏ထုတ်ပြန် ကြေညာချက်ကို ဖြန့်ဝေခဲ့သည်။ အဆိုပါ ညီလာခံ၏ ထူးခြားချက် တခုမှာ အရင်က(SSA)မြောက်ပိုင်းခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)မှ တင်းပြည့် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်ဟု နိုင်ဟံသာမှပြောပါသည်။

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီကို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု များနှင့် တိုက်ပွဲဝင်နေဆဲ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (K.I.O)/ ကရင်အမျိုးသား အစည်းအရုံး (K.N.U)/ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (K.N.P.P)/ ချင်းအမျိုးသားတပ်ဦး(C.N.F)/ မွန်ပြည်သစ်ပါတီ(N.M.S.P) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့နှင့် ဖွဲ့စည်း ထားပါသည်။ အဖွဲ့၏ လုပ်ငန်းစဉ်မှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများသည် စစ်ရေးအရ အပြန်အလှန် အကူညီ ပေးသွားမည်ဟု ပြောရေးဆိုခွင့် ရှိသူ နိုင်ဟံသာက ယခုလိုပြောပါသည်။

လမ်းကင်းစစ်သား တားစီးလာသည့် လားဟူရွာသားကား ခြုံခိုပစ်ခတ်ခံရ

ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ

18 January 2011

မီးမဖွားနိုင်သော ကိုယ်ဝန်သည်အား မြို့ဆေးရုံသို့ပို့ဆောင်၍အပြန်လမ်း၌ တားစီးလာသော နအဖ လမ်းကင်း စစ်သားတင် လားဟူ ရွာသား၏ ပစ်ကပ်ကားကို အမည်မသိ လက်နက်ကိုင်တစုက ခြုံခိုပစ်ခတ်သဖြင့် ကားပေါ်ပါလူ ၅ ဦးထက်မနဲဒဏ်ရာ ရရှိကြောင်း နယ်စပ် သတင်းရပ်ကွက်က ကြားသိရသည်။

ယမန်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ပစ်ခတ်ခံရသည့် ပစ်ကပ်ဟိုင်းလက်ကားမှာ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင် မြို့နယ်ခွဲ နမ့်ဟူးခွန် ရွာသားတဦီးပိုင်ကားဖြစ်ပြီး ရွာမှမီးမဖွားနိုင်သည့် ကိုယ်ဝန်သည်အား မိုင်းတုံဆေးရုံ့သို့ပို့ဆောင်၍ အပြန် မဲကင်အုပ်စု အ၀င် ၂ မိုင်ခန့် အကွာ၌အခင်းအပစ်ခံရကြောင်း မဲကင်ေ ဒသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ဆေးရုံကအပြန် လမ်းမှာ မိုင်းတုံ ခလရ ၆၅ က လမ်းကင်း ၇ ယောက်က ကားတားပြီး တက်စီးလိုက်ပါလာတာ။ ကားပေါ်မှာ ပါလာတဲ့ သူနာပြုတယောက်အပါအ၀င် ဗမာစစ်သား ၃ ယောက်နဲ့ နမ့်ဟူးခွန်ရွာသား တယောက် ဒဏ်ရာရတယ်။ ဗမာဗိုလ် ကြီးတယောက် ဒဏ်ရာပြင်းတယ်လို့ကြားတယ်။ သေတာတော့ မကြားမိဘူး” - ဟု ၎င်းက ပြောပြသည်။

မိုင်းတုံမှနားကောင်းမူးကားလမ်းပေါ်ရှိ ဟိုပန်၊ ဟိုယွက်အသွား လမ်းခွဲအနီး မဲကင်အုပ်စုမတိုင်မီ ၂ မိုင်အကွာ၌ပစ်ခတ် ခံရခြင်း ဖြစ်ပြီး ခြုံခိုပစ်ခတ်သူမှာ သျှမ်းပြည်တပ်မတော်တောင်ပိုင်းဟုခန့်မှန်းရကြောင်း အဆိုပါလမ်းကင်းအဖွဲ့က ပြောသည်ဟုအမည် မဖော်လိုသည့် မဲကင်ဒေသခံက ပြော၏။

Monday, January 17, 2011

စစ်ခေါင်းဆောင်များအား ပစ်မှတ်ထား ပိတ်ဆို့မှု NLD ဆက်လက်ထောက်ခံ

ဦးဝင်းတင် (ဓာတ်ပုံ - အေပီ)
17 January 2011

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ဆောင်ရွက်ရန် ထောက်ခံသော်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့် တခြားပိတ်ဆို့မှုများ ရုပ်သိမ်း ရေးအတွက် တောင်းဆိုရန် ပြန်လည် စဉ်းစားနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပြောသည်။

“ကျနော်တို့ NLD အနေနဲ့လည်း စုံစမ်းဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူတွေကို တကယ် ထိခိုက်တာတွေရှိရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ကိစ္စကို ကျနော်တို့လည်းပဲ တောင်းဆိုရမယ်” ဟု NLD ခေါင်းဆောင်တ ဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့၏ တောင်းဆို မှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ လိုက်ပြီးတော့ တောင်းဆိုတာ သာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

နအဖ ဘီအီးတပ်ကား ၂ စင်း ကရင်ပြောက်ကျားများ တိုက်ခိုက်

Copy from _ DVB

Sunday, January 16, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB)Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၁၆)ရက်။


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေမည့် နိုင်ငံရေး စာတမ်း ဖတ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို လာမည့် ၂၃ ရက်နေ့Takadanobaba, Recycle Center 4F, ၌ နံနက် ၉း၃၀နာရီ မှ ညနေ ၁၆း၃၀နာရီ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဂျပန်ရောက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များတို့မှ တက်ရောက် ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဇန္န၀ါရီလ(၃၁)ရက်နေ့တွင် နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံရှိ နအဖ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ညနေ ၃း၀၀ နာရီမှ ၄း၃၀ အထိ NDB(Japan)မှ ဦးစီးကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရကိုလည်း ဂျပန်နိုင်ငံမှ အသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့် လှုပ်ရှားမှုများကို ဇန္န၀ါရီလ( ၂၄ရက်၊ ၂၅ ရက်) နေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့၌ လည်းကောင်း၊ ဇန္န၀ါရီလ( ၂၆ရက်၊ ၂၇ ရက်၊ ၂၈ ရက်) နေ့တွင် ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် လွတ်တော်ရှေ့ တွင်လည်းကောင်း ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ် ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုနေ့ အခမ်းအနား၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ချီတက် ဆန္ဒပြပွဲ အခမ်းအနား၊ ဖက်စစ် တော်လှန်ရေးနေ့ နိုင်ငံရေး ဟောပြောပွဲ အခမ်းအနားနှင့် ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှု ရံပုံငွေ ရေရှည်ပံ့ပိုး ကူညီသွားနိုင်မည့် လုပ်ငန်းစဉ် အစီအစဉ်များ တို့ကိုပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

မြိတ်မြို. မိဘမဲ့ကလေးများ ရံပုံငွေတေးဂီတနှင့်အငြိမ့်ဖျော်ဖြေပွဲ တိုကျို((၂၀-၉-၂၀၁၀)

တိုကျိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြိတ်မြို. မိဘမဲ့ ကလေးများ ရံပုံငွေ တေးဂီတနှင့် အငြိမ့်ဖျော်ဖြေပွဲမှာ အကယ်ဒမီ မေသန်းနု၊ ချောရတနာ၊ ကင်းကောင်၊ ကုသိုလ်၊ ဒိန်းဒေါင်တို့မှ ဖျော်ဖြေသွားခဲ့ကြသည့် ရုပ်သံ ဗီဒီယိုမှတ်တမ်း။

(parameshin anyeint)-1

(parameshin anyeint)-2

(parameshin anyeint)-3
Copy from _ You Tube video,maungwto

Saturday, January 15, 2011

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ခေါ်ဖို့ဆုံးဖြတ်

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
2011-01-14

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဇန်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ၄ ရက်ကြာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ပြီးဆုံးသွားပါပြီ။
 
တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေကတော့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးမှုအပေါ် လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ဒု ဗိုလ်မှူးကြီး ဦးပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့တဖွဲ့ဖြစ်တဲ့ SSDP ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တွေနဲ့အတူ စစ်အစိုးရနဲ့ အပစ်အခတ် မရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၆ ဖွဲ့ ဖြစ်ကြပါတယ်။ ဒီ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ သဘောတူ ဖွဲ့စည်း ခဲ့ကြပြီးနောက် တတိယအကြိမ် ထပ်မံတွေ့ဆုံ ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့်က သူတို့ ညီလာခံ ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား လူမျိုးများတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတခု အဲ့ဒါကို အမြန်ဆုံး ခေါ်ဖို့ပေါ့လေ။ ပြည်တွင်း အင်အားစုတွေလည်း တိုင်းရင်းသား ပါတီတွေရောလေ။ သူတို့ လာနိုင်တဲ့လူ ရှိတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်မှာပေါ့။ အဓိက တော့ တိုင်းရင်းသား အင်အားစုမှာ အစုအဖွဲ့တွေ ရှိနေတာတွေ ရှိတယ်။ ENC ရယ် ULD-LA ရယ်၊ နောက် ကျနော်တို့ CEFU ရယ် နောက်တော့ NDF ရယ် လေးဖွဲ့ ပေါင်းပြီးတော့ ခုန ပြောတဲ့ ညီလာခံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့မယ်။ ပြီးတော့မှ ဒီကော်မတီရဲ့ အစီအစဉ်နဲ့ အမြန်ဆုံး ညီလာခံတခုကို တိုင်းရင်းသား အင်အားစုတွေကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်ပေါ့လေ။”

ဒီလို တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ညီလာခံတရပ် အမြန်ဆုံး ခေါ်ယူကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြတာဟာလည်း စစ်အစိုးရကနေ ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလက အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ် ပြည်တောင်စု တည်ဆောက်ရေး မပေါ်ပေါက် လာနိုင်တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖွဲ့တွေ စုစည်းပြီး တောင်းဆိုမယ် ဆိုလို့ရှိရင် ပိုပြီး ထိရောက် နိုင်တယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်ပြီး အခုလို ည်ီလာခံခေါ်ဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် သူတို့ အင်အားစုတွေကို စစ်အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက် လာမယ်ဆိုရင်လည်း ဘယ်လို စုပေါင်းပြီး ခုခံကာကွယ်မလဲ ဆိုတာတွေကို ဆွေးနွေး ခဲ့ကြကြောင်း ဦးရွှေမျိုးသန့်က ပြောပါတယ်။ ဒီအစည်းအဝေးမှာ KNPP အဖွဲ့က အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ စစ်ဦးစီးချူပ် ဗိုလ်ချုပ် ဘီထူး။ KNU အဖွဲ့က ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဋ္ဌ နိုင်ထောမွန်၊ နိုင်ငံခြားရေးရာ တာဝန်ခံ နိုင်ဟံသာပွန်ခမ်နဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSDP) အဖွဲ့က ဒုဗိုလ်မှူးကြီး ဦးပန်ဖ အပါအဝင် စစ်ဦးစီးအရာရှိတွေနဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် ၃၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် _ rfa.org/

တူနီးရှား နိုင်ငံတွင် အရေး ပေါ်အခြေအနေ ကြေငြာ၊သမ္မတ ပြင်သစ် နိုင်ငံသို့ ထွက်ပြေး


အာဏာရှင် သမ္မတ ထွက်ပြေးသွားပြီးနောက် ပြည်သူများအောင်ပွဲ ခံနေစဉ်
 January 15, 2011
သမ္မတဟောင်း ဘင်အလီ စီးနင်းလိုက်ပါလာသည့်လေယာဉ် ဆော်ဒီအာရေးဗျ နိုင်ငံသို့ ဂျက်ဒါ သို့ရောက်ရှိ အစိုးရအဖွဲ့ ကို ဖျက်သိမ်းပြီး နောက် သမ္မတဟောင်း ဘင်အလီ ၏ ပိုင်ဆိုင်မှု များ နှင့် ၎င်း၏ ဆွေမျိုး သားချင်းများ ၏ လုပ်ငန်း အချို့ ကို သိမ်း၊ ထွက်ပြေးသည့် သမ္မတ စီးနင်းလိုက် ပါလာ သည့် လေယာဉ် မော်(လ)တာ တွင် ဆီဖြည့်ရန် ရပ်နားသည် ကို မော်တော် အစိုးရ က လက်မခံ ယာယီ သမ္မတ က အစိုးရ အဖွဲ့ ကို ဖျက်သိမ်းပြီး ရွေးကောက် ပွဲ ကို ခြောက်လ အတွင်း ပြုလုပ်ပေးရန် ကြေငြာ ၂၃ နှစ်ကြာ နိုင်ငံအာဏာကို သိမ်းပိုက် ထားသည့်အာဏာရှင် သမ္မတ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံမှထွက်ပြေး.....


မြို့ တော် တူနစ် တွေ မီးဟုန်းဟုန်း တောင်လောက်နေစဉ်

အာဏာရှင် သမ္မတ ဘင်အလီ က ၂၀၁၄ ခုနှစ် သမ္မတသက်တမ်း ကုန်ဆုံးရင် ရာထူးက နှုတ်ထွက် ပေးမယ်လို့ မနေ့က ကြေငြာခဲ့ပေမယ့် ချက်ခြင်း နှုတ်ထွက်တာ ကို လိုချင်တဲ့ တူနီးရှား ပြည်သူတွေ က ယမန်နေ့ညက စလို့မြို့တော် တူနစ်မှ ဆက်လက် အုံကြွခဲ့တာကြောင့် သမ္မတ က နိုင်ငံကို အရေးပေါ် အခြေအနေ ကြေငြာခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားတွေ ၊ အလုပ်သမား ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ မြို့တော် တူနစ်မှာ မရပ်မနား ဆန္ဒပြနေကြပြီး သမ္မတ ဇင်အယ် အဘီဒင် အလီ ရဲ့ ရုပ်တုတွေ ဓာတ်ပုံတွေ ကို ရိုက်ချိုးဖျက်ဆီး ခဲ့ကြပါတယ်။

လက်နက်ကိုင် အဖွဲ့ နဲ့ အစိုးရ အဖွဲ့ တွင်းမှာ လည်း ဘင်အလီကို ကျောထောက် နောက်ခံ မပြုတဲ့သူတွေ များလာတယ်လို့ ဂျာမန် သတင်းစာ ဒါစပီဂယ်မှာ ဖော်ပြထားပါတယ်။ ဘင်အလီ နဲ့ ဆက်ဆံရေး ကောင်းတဲ့ ပြင်သစ် နိုင်ငံက ဆန္ဒပြပွဲက ပြည်သူတွေဘက်ကနေ ရပ်တည်ပေးဖို့ နှုတ်ဆိတ်နေတယ်လို့ ဖေန် ခံရပါတယ်။

Updated
နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ သမ္မတ ဘင်အလီ ဟာ ပြင်သစ် နိုင်ငံမှ ခိုလှုံ ရောက်ရှိ နေပြီး နိုင်ငံအာဏာကို ၀န်ကြီးချုပ် မိုဟာမက် ဂါနုချီ ကလွှဲပြောင်း ရယူထားပါတယ်။ နိုင်ငံမှ ယနေ့ ထွက်ပြေးသွားတဲ့ သမ္မတ ဟာ ၁၉၈၇ ခုနှစ် ထဲက နိုင်ငံအာဏာကို ချုပ်ကိုင် ထားတာ ဖြစ်ပြီး သူ့ရဲ့အာဏာသက် ၂၃ နှစ် အတွင်း နိုင်ငံရေး သမားတွေ ၊အတိုက်အခံတွေ တတ်သိပညာရှင် တွေကို ဖမ်းဆီး ထောင်ချခြင်း၊ နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယမန်နေ့က နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် သက်တမ်း ကုန်လျှင် ရာထူးမှ နှုတ်ထွက်မယ်လို့ သမ္မတက ကြေငြာ ခဲ့ပေမယ့် ကြာသပတေးညနဲ့ သောကြောနေ့ မနက်မှ ပြည်သူတွေက သမ္မတ နှုတ်ထွက်ဖို့ဆက်လက်ပြီး ဆန္ဒပြရာမှ သမ္မတဖြစ်သူ နိုင်ငံမှ ထွက်ပြေးရခြင်း ဖြစ်သည်။ လက်ရှိ ကြားဖြတ် အစိုးရ အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန် ယူထားတဲ့ တူနီးရှား ၀န်ကြီးချုပ်မှ ခြောက်လ အတွင်း ရွေးကောက် ပွဲ ကျင်းပပေးမယ် ဟု ပြည်သူများ ကို ကတိ ပြုခဲ့သည်။

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း ၂(အင်တာနက် နှင့် ဒီမိုကရေစီ)  ကို ယနေ့ ည စောင့်မျှော် ဖတ်ရှုပါ။
ကြားဖြတ် အစိုးရ ခေါင်းဆောင် အဖြစ်တာဝန်ယူထားသည့် ၀န်ကြီးချုပ်
ကြားဖြတ် အစိုးရ ခေါင်းဆောင် အဖြစ်တာဝန်ယူထားသည့် ၀န်ကြီးချုပ်

Copy from _ freedomnewsgroup.com