KIA တပ်ရင်း ၆ တပ်သားများ။
02 Dec 2011 ,
ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း မြန်မာ အစိုးရတပ် စစ်ကား သုံးစီးအား ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ၎င်း၏ အရပ်သား တပ်ဖွဲ့များ တိုက်ခိုက်ရာ အစိုးရ စစ်သား ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာ ရကြောင်း KIA ဆိုသည်။
ထိုသေဆုံးသူများထဲ ဗိုလ်ကြီးတဦး ပါဝင်ကာ လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊ MA-2 ၁ လက်၊ ပစ္စတို ၁ လက်) နှင့် MA-1 ကျည်ဆံ ၃၀၀၊ ဘဇူကာ ၁ လက်နှင့် ၎င်းကျည်ဖူး ၁ ခု သိမ်းဆည်း ရမိသည်ဟု ဆိုသည်။
သရီးဂရောင်း (၆ ဘီးယက်)စစ်ကား သုံးစီးဖြင့် နမ်ယာ ကျေးရွာမှ ဆင်းလာကြသော နမ်မား အခြေစိုက် ခမရ (၃၈၆) စစ်သားများအား KIA တပ်ရင်း (၆) တပ်ခွဲ (၁)နှင့် အရပ်သားတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက် လိုက်သည် ဟု သိရသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment