Sunday, December 11, 2011

ရတဲ့ဘက်က ရသလောက်ကြိုးပမ်းရမှာက ဒို့တာဝန်ဖြစ်ပါသည်။

ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုရန် Face Bookပေါ်တွင် Free Min Ko Naing Now ဟူသော Group တခုကို 2011,October,21 ရက်နေ့တွင် စတင်ပြုလုပ် ခဲ့ပါသည်။ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွတ်မြောက် စေချင်ကြသော ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားတို့သည် ထိုGroupတွင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုကြသော စကားများ၊ ဆန္ဒများ၊ ဆောင်းပါးများ၊ ဓါတ်ပုံသတင်းများ စသည်တို့ကို ရေးသားကြပါသည်။ ထိုသို့ ရေးသားမှုများတွင် ယနေ့ အချိန်အထိ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နေ့စဉ်နေ့တိုင်း မပျက်မကွက် တောင်းဆို ကြသူများ၊ အခါအခွင့်သင့်တိုင်း  လာရောက် တောင်းဆို ကြသူများမှာ တနေ့တခြား တိုးပွား များလျက်ရှိပါသည်။

ထိုသူတို့သည် ယေဘုယျအားဖြင့် တဦးကို တဦး ပြင်ပတွင် မသိကြပါ။ မမြင်ဖူးကြပါ။ မိတ်ရင်းဆွေရင်းများ မဟုတ်သော်လည်း ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက် စေလိုသော စိတ်ဆန္ဒမှာ အားလုံးတွင် တသဘောတည်း ရှိနေသောကြောင့် မည်သူ တစ်ဦးတယောက်၏ အတင်းအကျပ် ဖိအားပေး တိုက်တွန်းမှုမပါဘဲ နေ့စဉ်နေ့တိုင်း Face Bookပေါ်မှ တောင်းဆိုကြရန် အလိုလို သဘောတူပြီးသား ဖြစ်သွားကြခြင်း ဖြစ်ပါသည်။ နေ့စဉ် ထို Gruopတွင် တောင်းဆိုမှုများကို စုစည်း၍ ကိုမင်းကိုနိုင်အတွက် ရည်ရွယ်၍ ဖန်တီးပေးထားသော
http://www.minkonaing88.com/ တွင်လည်း နေ့စဉ် ဖေါ်ပြလျက် ရှိပါသည်။ သင်သည်လည်း ဆန္ဒရှိပါက Free Min Ko Naing Now Group တွင် ဝင်ရောက် တောင်းဆို နိုင်ပါသည်။

တယောက်အားနှင့် ယူသော်မရ တသောင်းအားနှင့် ယူသော်ရ၏။

0 comments: