(ထောင်ထဲမှ တော်လှန်ရေးရဲဘော်များသို့)
ဘာအထိမ်းအမှတ်ပွဲ
ညာအထိမ်းအမှတ်ပွဲ
ဟိုလူ့မွေးနေ့ပွဲ
ဒီလူ့မွေးနေ့ပွဲ
နွှဲလိုက်ကြ ပျော်လိုက်ကြ
လူ့လောက သဘာဝ။
တစ်ခုတော့သတိရ
အဓိက အမှောင်ကျ
ထောင်ထဲနေခဲ့ရတဲ့
နိုင်ငံရေးအကျဉ်းသား
အများနည်းတူ လူသားသဘာဝ
ဒီလိုပွဲမျိုးမှာပါဝင်နေကျ
ခုတော့ အခြေမလှ အနေမကျ
ဘာပြစ်မှုမှမကျူးလွန်ကြ
ထောင်ထဲမှာအလှောင်ပိတ်ခံရ
ကြက်ဘဲသမျှ ခြင်းထဲ
ညှဉ်းဆဲခံရ
မွေးနေ့လဲ စိတ်ထဲ
ကြိတ်ခဲပြီးကျင်းပ
လာမယ့်ခရစ္စမတ်ပွဲလဲ
စိတ်ထဲကတီးတိုးဆို
Merry Christmas
& Happy New Year
အဲလိုနဲ့ အသစ်အဖူး
တစ်နှစ်ကူးခဲ့ရပါပြီ။
ထောင်ထဲမှာ ရှောင်မလွဲသာအခင်းအပင်း
အချင်းချင်းသာအားပေးကြ
အများအရေးမို့ မာန်ဟုန်တင်း
တသားထဲတွေးလို့ ရန်စုံခွင်း။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
ဒီဇင်ဘာ ၂၃ ၂၀၁၁
0 comments:
Post a Comment