Monday, December 19, 2011

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ ပူးပေါင်း ပါဝင်ကြပါရန် ဖိတ်ခေါ်ခြင်း။

ဦးသိန်းစိန် ကြံ့ဖွံအစိုးရအား ပြည်တွင်းစစ် ရပ်ဆိုင်းရေး၊ ထောင်ဒဏ် ၆၅နှစ်စီ မတရား ချမှတ် ခံထားရသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။
အမိမြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တတ်စွမ်းသရွေ့ကြိုးပမ်း ဆောင်ရွက်နေသူတွေ အားလုံးကို ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက်။ ။၂၁-၁၂-၂ဝ၁၁(ဗုဒ္ဓဟူးနေ့)
အချိန် ။ ။ ညနေ ၃းဝဝ နာရီ မှ ၄းဝဝ နာရီထိ
နေရာ ။ ။ မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်။

အကျဉ်းထောင်ထဲတွင် အသည်းကင်ဆာ ရောဂါကို အပြင်းအထန် ခံစားနေရပြီး၊သေရက်နီးကပ်လာသည့် အချိန်ကျမှ၊ ဦးသိန်းစိန် တည်ဆဲအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးပြီးနောက်၊ လူ့လောကတွင် ၁လနှင့်၁၈ရက်ခန့်သာ အသက်ရှင် နေထိုင်ရပြီး၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၃ဝရက်နေ့တွင် ကွယ်လွန် သွားခဲ့သည့်၊ ကိုဇော်လင်းထွန်း အပါအဝင် ဒီမိုကရေစီတိုက်ပွဲအတွင်း နိုင်ငံ့အတွက် ကိုယ်ကျိုးကို မငဲ့ကွက်ပဲ အသက်စွန့်သွားကြသော သူရဲကောင်းများအား အလေးပြု၊မေတ္တာပို့ အခမ်းအနားကို ပြုလုပ်ပါမယ်။
ဗကသ(နိုင်ငံခြားရေးရာကော်မတီ)

0 comments: